Tuesday, November 25, 2008

Happy Birthday

 ပိုက်ဆံနဲ့ ပေးဝယ်လို့မရနိုင်ဘူး
ဒါကြောင့်မလို့
ခံစားချက်နဲ့ ဖော်ပြမယ့် အဖိုးတန်ရတနာ

မရှက်ပဲနဲ့ပေါ့
"ဂုဏ်ယူပါတယ်" ..........လို့
ပြောမယ်ကွာ
(12)နာရီ အတိမှာ

မွေးဖွားလာခဲ့တဲ့ ဖြစ်စဉ် Oh!
တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ် Oh!
လက်ရှိ ကိုယ့်နံဘေးမှာ ရှိနေတဲ့ ဖြစ်စဉ်
အရာအားလုံးကို ကျေးဇူးကွာ


မင်းလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့

တစ်နှစ်မှာ တစ်ကြိမ်
မျက်လှည့်ဆန်တဲ့ သီးသန့်နေ့လေး

ဒီနေ့က တစ်နှစ်မှာ တစ်ကြိမ်
တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံး

ကိုယ်တန်ဖိုးထားရတဲ့ မင်းလေးရဲ့ အမှတ်တရနေ့
နောက်ထပ် တစ်နှစ်ကို လှပစွာ

အသက် တစ်နှစ်ကြီးခြင်းဟာ
အမှတ်တရတွေ တိုးပွားလာခြင်းဖြစ်လို့
ပျော်စရာ၊ ဝမ်းသာစရာ စကား
မင်းလေးတစ်ယောက်တည်းအတွက် ပေးမယ်ကွာ

ထောင်ပေါင်း၊ သန်းပေါင်းများစွာသော လူဦးရေတွေထဲမှာ
မင်းလေးနဲ့ တွေ့ဆုံ၊ ကြုံတွေ့ခဲ့ရတဲ့ တာဟာ
အံ့ဩစရာ....... ပဲကွာ


ဒီလောက် အနီးမှာ ရှိနေလို့ ပျော်လိုက်တာ
မင်းလေးအတွက် သီချင်းဆိုမယ်ကွာ

※မွေးဖွားလာခဲ့တဲ့ ဖြစ်စဉ် Oh!
တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ် Oh!

လက်ရှိ ကိုယ့်နံဘေးမှာ ရှိနေတဲ့ ဖြစ်စဉ်

အရာအားလုံးကို ကျေးဇူးကွာ

မင်းလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့
တစ်နှစ်မှာ တစ်ကြိမ်
မျက်လှည့်ဆန်တဲ့ သီးသန့်နေ့လေး

မင်းရှိနေပေးလို့ ရယ်မောစွာနဲ့ နေနိုင်တာ
ဒီနေ့ကအရင်နေ့တွေထပ်ပိုပြီး အပြစ်ကင်းစွာ နေနိုင်ပြီ

တစ်ကမ္ဘာလုံးဆိုင်ရာ သာမန်နေ့
ဘယ်အရာမှ မပြောင်းလဲတဲ့ပုံပေါ်ပေမယ့်လည်း

ကိုယ့်အတွက်ကတော့
..........
လေရဲ့ အရသာတောင်မှ

ထူးခြား သီးသန့်ဆန်တဲ့ အရသာကွ


ပိုမိုထူးခြား သီးသန့်ဆန်တဲ့ အပြုံးမျက်နှာကို
မြင်တွေ့ချင်တယ်
စိတ်ညစ်၊ စိတ်ရှုပ်မှုတွေက

ကိုယ့်အချစ် အတွက်တော့ Bye-bye ပါ
မင်းလေးတစ်ယောက်တည်းအတွက် ပေးမယ်ကွာ

ကိုယ့်မှာ ရှိတဲ့ အားအင်တွေကို

အခုချိန်ထိ ဘယ်လောက်တောင်
ငိုခဲ့ရသလဲ???
အခုကစပြီး ရယ်မောနိုင်တဲ့ ပျော်ရွှင်မှုတွေရရှိစေခြင်းနဲ့အတူ

ဒီနေ့ရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့

မင်းလေးအတွက် သီချင်းဆိုမယ်ကွာ

တစ်ယောက်တည်း ဒီမှာ မနေနိုင်မှာ ကျိန်းသေ
နောက်နှစ်ကော၊ နောက်တစ်နှစ်ကော
တူညီတဲ့နေ့မှာ မင်းလေးနဲ့ တွေ့ဖို့ လာမှာပါ။

ဘုရားသခင်ကပေးတဲ့ လက်ဆောင်
မင်းလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့
"မင်းလေးရဲ့ အနာဂတ်မှာ ပျော်ရွှင်ပါစေကွာ"


မွေးနေ့တုန်းက ဧည့်ခံခဲ့တဲ့ သီချင်းပါ။ :z [ NEWS ] ရဲ့ HAPPY BIRTHDAY တဲ့။ ဂျပန်မှာ အခုလက်ရှိ တော်တော် ခေတ်စားနေတဲ့ သီချင်းပါ။ :p မွေးနေ့ရောက်ခါနီးနေ့တွေကတည်းက iPod ထဲထည့်ပြီး လမ်းသွားတာတောင် နားထောင်မိတဲ့ သီချင်းလေ။ ;) အရမ်းကြိုက်တယ်။ ကျမကို လာပြောနေသလိုပဲ။ ဟိ ဟိ။ (နောက်တာပါ။) :p

သူ့ကောင်မလေးအပေါ်ထားတဲ့ အဆိုတော်လေးတွေရဲ့ သဘောထားက ရိုးရှင်းပေမယ့် ခံစားရတယ်သိလား။
"ကောင်လေးတိုင်း သူတို့လိုမျိုး ကိုယ့်ကောင်မလေး မွေးနေ့မှာ ကောင်မလေး နဲ့အတူ ပျော်ရွှင်စွာ ကုန်လွန်နိုင်ပါစေ".......လို့ ဒီသီချင်းလေးနားထောင်ရင်း ဆုတောင်းပေးလိုက်ပါတယ်။

သီချင်း ဒေါင်းလုတ်လိုချင်ရင် ဒီမှာ ယူပါနော်။ :z

{ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသ၍ သီချင်းစာသားနှင့် "၏ ၊ သည် မရွေး" မတူခဲ့ပါလျှင် ခွင့်လွှတ်ပါ။ ဟိ ဟိ။ :z}

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
မွေးနေ့သီချင်းလေးကို နားထောင်ဖြစ်ပေမယ့် ဒီလောက် အဓိပ္ပာယ် ပြည့်ဝလိမ့်မယ် မသိခဲ့ပါဘူး။ သီချင်းစာသားနဲ့ ပြန်ခံစားကြည့်တော့ ချစ်ရသူအတွက် လှပတဲ့ မွေးနေ့ ဆုတောင်းသီချင်းလေး ဖြစ်တာမို့ ပိုမို နှစ်သက်စေခဲ့ပါတယ်။ ခုလို ဘာသာပြန်ပေးလို့ ကျေးဇူးပါ...
သီချင်းလေး ဒေါင်းနိုင်အောင် လုပ်ပေးရင် ပိုအဆင်ပြေပါမယ်..
http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

ဟုတ်တယ် ဟုတ်တယ်
ဟီးး
သိလို့တော့
မဟုတ်ဘူး
သံယောင်လိုက်သွားတာ။
ဒါနဲ့ ည၁၀နာရီမွေးတာတော့
မဟုတ်လောက်ပါဘူးနော်။
:P :P :P

Anonymous said...

ဘုရားသခင်ကပေးတဲ့ လက်ဆောင် မင်းလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့

ဒီစာသားလေးနဲ့တင်ပဲ အဆိုတော်လေးရဲ့ လေးနက်မှုက
တော်တော်ကြီးကို ပေါ်လွင်နေပါပြီ ..
ချစ်သူကို အဲ့လို ချစ်တတ်အောင် လေ့ကျင့်ရဦးမယ် ..
ဘာသာပြန်ပေးတာ ကျေးဇူးနော် သူငယ်ချင်း

အရုပ်ကလေး said...

သီချင်းလေးကို မြန်မာလို
ဆီလျော်အောင် ပြန်ပေးထားလို့
ဖတ်ရသူအတွက် နားလည်သလို
သီချင်းစာသားတွေက အချစ်နဲ့
ပတ်သက်ပြီး အသုံးဝင် ခံယူထိုက်တာမို့
ပို့စ်ကောင်းလေး တစ်ခုပါပဲ
လန်းဆန်းခြင်းတွေနဲ့ ပြည့်ဝပါစေ

မောင်ပိစိ said...

ရေးရင်းတန်းလန်းကြီးဟာ.. ငါဆက်မတွေးတတ်တော့ဘူး..

Unknown said...

ဟာ............... သီချင်းစာသားလေးက ကောင်းလိုက်တာ.... ဂျပန်လိုဆိုသွားတာ
တော်တော်ကောင်းတာပဲ....... နားထောင်ရင်း စိတ်ထဲမှာ ကြည်နူးသွားတယ်...
နှောင်နှစ်မှာလည်း မင်းနဲ့ဆုံဖို့လာခဲ့ပါမယ်.......( အဟေး.... ဖောရှောတာ နားမလည်ဘူးနော်.... ဂျပန်လို....)

စိုင်းနောင့် said...

နားထောင်သွားတယ်ဗျ၊ ကောင်းသားပဲ။ အဓိပ္ပာယ်သိတော့ ပိုအဆင်ပြေတာပေါ့။

Anonymous said...

သီချင်းလေးကိုကူးယူသွားတယ်ဗျို့

 

Design By:
SkinCorner