Monday, November 24, 2008

ကျေးဇူးတင်လွှာ

မွေးနေ့တုန်းက Kamakura ဘုရားသွားပါတယ်။ Kamakura အနီးအနား တစ်ဝိုက်က Momiji တွေလည်း သွားကြည့်ခဲ့ပါတယ်။ နောက်နေ့ကြတော့ Tokao San ကို သွားပြီး Momiji (Maple leaves)တွေ ထပ်သွားကြည့်ခဲ့ပါတယ်။ အရမ်းလှတာပဲသိလား။ :p နောက်နေ့မှ တင်ပေးမယ်နော်။ :z ဟိ ဟိ။

" ကျေးဇူးတင်ကြောင်း " ပြောမလို့ကို အလည်လွန်နေတာနဲ့ ဒီနေ့မှပဲ ရေးဖြစ်တော့တယ်သိလား။ ဒါကြောင့် Post အစမှာ "ဘာကြောင့် ကျမ ပျောက်နေကြောင်း"......ကို ရှင်းပြတောင်းပန်အယူခံဝင်တာပါ။ ဟိ ဟိ။ :z

ကျမ မွေးနေ့မှာ Comment မှတစ်ဆင့်၊ cbox မှတစ်ဆင့်၊ Mail မှတစ်ဆင့်လာရောက်ဆုတောင်းပေးကြတဲ့ အစ်ကိုများ၊ မောင်လေးများ၊ မမများ၊ ညီမလေးများကို အထူးကျေးဇူးတင်ပါတယ်နော်။ ဒီလောက်ထိ ကျမကို ချစ်ခင်တဲ့ မောင်နှမတွေ(အစ်ကိုများ၊ မောင်လေးများ၊ မမများ၊ ညီမလေးများကို ဆိုလိုသည်။) ရှိလိမ့်မယ်လို့ မထင်မိဘူးသိလား။ :p အခုတော့ ပျော်လိုက်တာ အရမ်းပဲ။ ;) ကျမကို ဝိုင်းဝန်းချစ်ခင်ပေးကြတဲ့ အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ :z ကျေးဇူးလည်း တင်ပါတယ်။ :y ဟိ ဟိ၊ ပြောချင်တာတွေ များပြီး ဘာဆက်ပြောရမှန်း သိတော့ဘူး။ :p

အခု၊ ခံစားရတဲ့ ခံစားချက်ကတော့ အရမ်း ပျော်နေပါတယ်။ :z

စကားမစပ်၊ မွေးနေ့လက်ဆောင်လေးတွေ ကျန်သေးလို့ ဖော်ပြပေးလိုက်ပါတယ်။ :p

မမမေအိခင်ပေးတဲ့ ပန်းတွေပါ။ :z
မမက ကြိုက်တဲ့ပန်းကို တင်လို့ ပြောတာ အကုန်ကြိုက်လို့ အကုန်တင်လိုက်တယ်။ ဟိ ဟိ။











မက်မက် ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။
:z

Truly A Friend

Someone to lean on when problems appear,
Someone on whom you'd depend,
Someone who'll lift you when you're down in the dumps,
That someone is truly a friend.

That's how I feel about you my dear friend;
You're so special just as you are.
Just to know that you're there provides comfort to spare;
A friendship like yours sets the bar.

*****HAPPY BIRTHDAY GU GU ******


မွေးနေ့မှာပျော်ရွှင်ပါစေ

ဝေလေး ပေးတဲ့ အရုပ်လေး။ ပါးစပ်လေးက လှုပ်နေတယ်။ ဟိ ဟိ။ ချစ်စရာလေး။ :z
မဗေဒါက ကျမတို့လျှောက်လည်တုန်းက ရိုက်ခဲ့တဲ့ပုံကို မဂ္ဂဇင်းမျက်နှာဖုံး ထုတ်လိုက်တယ်ဆိုပဲ။ မွေးနေ့လက်ဆောင် အဖြစ်ပေးတယ်သိလား။ လှမှလှ။ ဟိ ဟိ၊ Blog မှာ တင်မလားလို့ စဉ်းစားတာ စာဖတ်သူတွေ ညအိပ်မပျော်မှာစိုးလို့ တင်တော့ပါဘူးလေ။ :p :p :p


ကိုတေဇာနဲ့ Maimai ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ :z



Cbox မှတစ်ဆင့် ၊ Comment မှတစ်ဆင့် လာရောက်ပြီး မွေးနေ့ဆုတောင်းပေးတဲ့လူတွေ အများကြီးမလို့ တစ်ဦးချင်းစီ ကျေးဇူးတင်ကြောင်း မပြောတော့တာကို နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။ :y
(တစ်ယောက်တစ်လေများ ကျန်ခဲ့မှာ စိုးလို့ပါ။ )
မွေးနေ့ဖိတ်တုန်းကလည်း လောလောလောလောနဲ့ ဖိတ်လိုက်တာ ကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ အားနာလိုက်တာ။ အရမ်း။
ဒါကြောင့် အခု
တစ်ယောက်ချင်းစီရဲ့ နာမည်တွေကို ထည့်မရေးတော့ဘူးနော်။

14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
မွေးနေ့မှာ ပျော်ရွှင်ခဲ့တယ်ဆိုလို့၊
ကျွန်တော့်မှာလည်း
ပျော်ရွှင်မှုတွေ ကူးစက်သွားပါကြောင်း .. ..

http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

နားလည်ခွင့်လွှတ်ပါတယ်ဗျာ
ရောင်းရင်းပျော်တော့လည်း
အီဖေကိုယ်ပျော်သလိုပါပဲ
ဟိဟိ။

:P said...

ရေးတဲ့ စာကိုဖတ်လိုက်တော့ အရမ်းပျော်နေတာသိသာတယ်....
ပျော်ရွှင်ပါစေ.. မဗေဒါနဲ့ ပုံကိုတင်ပေးလေ..

Anonymous said...

ပျော်ရွှင်မှုတွေ မွေးနေ့ရှင်နဲ့အတူ ထာဝရတည်နေပါစေ...။

စိုင်းနောင့် said...

Blog ၀န်းကျင်ရဲ့ ပျော်စရာဓလေ့လေးကို အတု ယူသွားပါတယ်။ ပျော်ရွှင်နိုင်ပါစေခင်ဗျာ

mabaydar said...

ငါလဲ နင့်မွေးနေ့မှာ အတူတူရှိရင်ကောင်းမယ်.. ငါလဲ ကမကုရဘုရား နင်နဲ့တူတူလိုက်ဖြစ်မှာ.. မေပယ်ပင်တွေက ငါလာတုန်းက သိပ်မဝါသေးဘူး.. နဲနဲပဲဝါတော့ ဓာတ်ပုံတောင်သိပ်ရိုက်လို့မကောင်းဘူး.. ခုဆိုတော်တော်လှနေလောက်ပင်.. ပြန်လာချင်အောင်လုပ်တယ်.. အဟင့်....

khin oo may said...

ဝမ်းသာတယ်ဆိုရွေ့ ဝမ်းမြောက်ပါကြောင်း.။
ဆက်လက် ပျော်ရွင်ပါစေရန်..


မဗေဒါ နဲ့ပုံက အစ် မသွားကြည့်ပြီ. ချစ်ခင်နေပါသည်.

Dream said...

ကြည့်စမ်းကြည့်စမ်းးအပျော်လွန်နေတယ်ပေါ့လေ... နောက်ကျရင်
ကမာကုရ ဘုရားသွားဖူးတဲ့ပုံတွေ ပို့ပေး... ဒါပဲ..ဟတ်ဟတ်...
ပျော်စရာကြီးနော်။

Anonymous said...

မွေးနေ့လက်ဆောင်ဘာပေးရမှန်းမသိတော့ စကားလက်ဆောင်ပဲပေးလိုက်ပါ
တယ်။ အိမ်တို့ကသူများတွေလို ပေးဖို့ကမ်းဖို့ ပိုက်ပိုက်ကမရှိဘူး။ကိုယ်သုံးဖို့တောင် မရှိတာဆိုတော့ စကားပဲ လက်ဆောင်“
ပေးလိုက်ပါတယ် ကျေနပ်ပါနော်
ယနေ့မှစနှစ်၁၀၀၀၀၀၀၀၀၀ တိုင်အောင်မွေးနေ့ပေါင်း များစွာကို ဖြတ်သန်းနိုင်
ပါစေဗျာ

Anonymous said...

မွေးနေ့မှသည် နောင်နှစ်များစွာတိုင်အောင် လန်းနိုင်ဖြန်းနိုင်ပါစေသောဝ်..
နောက်ကျဆုတောင်းလေးပါ။ အားတုန်းလေး ရောက်လာတာမို့ နောက်ကျသွားရင် မျိုးကျော့မြိုင်ကြီးလို ဆောရီးဗျာ..လို့ပဲ တောင်းပန်လိုက်ပါရစေ။ အေးဆေးနော်။

မောင်ပိစိ said...

それを聞いてうれしく思う。 。
:D :D ရမ်းမှုတ်တာ.. မှန်တယ်ထင်တာပဲ..
မွေးနေ့ ဖိတ်တုန်းကတော့ မပါဘူး..
ဗိုက်ဆာနေလို့ ၀င်ကစ်သွားတာ
ဟိဟိ

mabaydar said...

မခင်ဦးမေရေ.. မဗေဒါပိုစ့်မှာတင်ထားတာ ကျမငယ်သူငယ်ချင်းပုံပါ.. မယ်ဂုမီပုံမဟုတ်ပါ.. ပိုစ့်ကို သေချာဖတ်လျှင် သိနိုင်ပါသည်..

ဝေလေး said...

မမ မဗေဒါနဲ့ ပုံတင်လေ... :P

စိုင်းစိုင်းလားရှိုး said...

အင်း မယ်ဂုမိ ပျော်နေတော့ အားလုံးလည်း ပျော်ကြမယ် ထင်ပါတယ်နော်.... အဟေး.... အမြဲတမ်းပျော်ရွှင်ပါစေနော်။

 

Design By:
SkinCorner