Saturday, November 22, 2008

မနက်ဖြန်ဆို ကျမအတွက် "နှစ်ဆန်းတစ်ရက်နေ့"

လူတိုင်းမှာ "မွေးဖွားခြင်း" ဆိုတဲ့ ကိုယ်ပိုင်ပြက္ခဒိန်တစ်ခုစီရှိကြပါတယ်။
မနက်ဖြန်ဆို ကျမအတွက် "နှစ်ဆန်းတစ်ရက်နေ့" :p


ဟိ ဟိ ၊ ကဗျာဆန်ဆန် ပြောကြည့်တာ။
ဒီနေ့၊ မွေးနေ့ ရောက်ပါပြီရှင့်။ :z ရေးချင်တာတွေများလို့ ထူးထူးထွေထွေ ရေးတော့ဘူးနော်။ :p ဟိ ဟိ။ သုံးဆောင်ကြပါနော်။ ;) အားမနာတမ်းပေါ့။ :) ပါဆယ်ထုပ်သွားလည်း စိတ်ဆိုးဘူးသိလား။ :z

ပုဇွန်ကို ခရမ်းချဉ်သီးနဲ့ ချက်ထားတာပါ။ :z
ဒါက ကြက်သားအားလူးချက် :z
甘エビ(Ama ebi)လို့ ခေါ်တဲ့ ပုဇွန်လေးတွေကို ဂဏန်းတွေနဲ့ ရောချက်ထားတဲ့ ဟင်း :z
ငါးကြော် :zကြိုက်နှစ်သက်ရာ ဟင်းလျာနဲ့ သုံးဆောင်နိုင်တဲ့ ထမင်းဖြူ :zထမင်းဖြူ မကြိုက်သောသူများအတွက် ဒံပေါက် :z(杏仁 豆腐)အန်းနင်းတိုဖူး {အချိုပွဲပါ။} :z
Crackers :z
ဆနွင်းမကင်း :z
ကျောက်ကျော :zသဘာဝ လိမ္မော်အချိုရည် :z
အစ်ကို အောင်ဦးကြီးကလေ အရက်မတိုက်ရဘူးတဲ့ သိလား။ တိုက်ရင် အရက်တိုက်ခြင်းရဲ့ အပြစ်တွေကို Comment အရှည်ကြီးလာရေးမှာတဲ့။ အဲဒါ၊ သူ့ကို ကြောက်လို့ အရက်တိုက်တော့ဘူးနော်။ :p စိတ်မဆိုးကြေး။ ;)

ဧည့်သည်တော်တွေ မပျင်းရလေအောင် ဂျပန်အဆိုတော်လေးတွေလည်း ငှားထားလိုက်သေးတယ်။ :z

ဟိ ဟိ၊ စကားမစပ်၊လက်ဆောင်ရပြီသိလား။ :z
ကိုပုလုကွေးကလေ comment တော့ရေးပဲနဲ့ Mail ထဲမှာ လက်ဆောင်တွေလာပို့ထားတယ်သိလား။ ဟိ ဟိ။ :z :z
ကိုမိုးသောက်က ကျမဂျီကျထားတဲ့အတိုင်း ကျမကြိုက်တဲ့အရုပ်တွေနဲ့ ကဗျာရအောင် စပ်ပေးရှာတယ်။ ဟိ ဟိ။ :z :z :z
မယ်ဂုနဲ့ သူ့ကမ္ဘာ

bambu လေးက ချစ်စရာ
မယ်ဂု အတွက်ပါ ...
minnie ကလေး အလွန်လှ
စာကျိုးစားရာ ပထမ ..

မယ်ဂုကလေး ကျောင်းသွားရင်
micky ကလေး သူလိုက်ချင် ...
ုkitty လေးက အိပ်ပုတ်လေး
ကျောင်းသွားချိန်တောင် မနိုးသေး ..

စောစောထကာ ချက်ပြုတ်ရှာ
panda လေးက အလိမ္မာ ..
u kat sii ကပ်စေးနှဲ
ကျောင်းမုန့်ဖိုးတောင် မသုံးရဲ ...

teddy bear လေးက ချစ်ဖွယ်ပါ
ကုတ်ရင် နာတတ်တာ ...
မယ်ဂု ကြောက်လို့ အလွန်ဖက်
tweety ပိစိညှက် ...

ဒါကို ကြည့်လို့ အဟတ် ဟတ်
pooh ရုပ်ကလေး သူရယ်တတ် ..
မယ်ဂုလေးနဲ့ သူ့ကမ္ဘာ
ပျော်ရွှင်ချမ်းမြေ့စရာ ..
အတ္တတွေ ဘေးဖယ်ထား
လူ့ဘ၀က ခဏလေးဗျား ..

ဆုတောင်းစကားတွေက နောက်မှ သီးသန့်ဖော်ပြပေးမယ်နော်။ စိတ်ဆိုးရဘူးနော်။ ;)

မွေးနေ့တူသူများpost တုန်းက "နိုဝင်ဘာ၂၂ တော့ဟုတ်လောက်ဘူးထင်တယ်နော်။"ဆိုပြီး comment လာရေးသွားတဲ့ ကိုအလှတရားက ကျမနဲ့ မွေးနေ့တူတူပဲသိလား။ဟိ ဟိ။ :z

ကိုနေလင်းကလည်း နိုဝင်ဘာ၂၂ မွေးတာပဲတဲ့။ ပျော်စရာကြီးနော်။ :z

53 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ံပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။

:P :P :P

ပျံသန်းခြင်းရပ်ဝန်း said...

HAPPY BIRTHDAY ပါ။သူများတကာပွဲတွေမှာနောက်ကျတတ်လွန်းလို့
ဒီပွဲကိုဦးအောင်လာခဲ့တယ်...စောများနေလားမသိဘူး..:P
တတ်နိုင်ဘူးလေ..ဦးဦးဖျားဖျားအ၀တုပ်လိုက်တယ်..
ဂျပန်စာတွေရော၊မြန်မာစာတွေရော...ကောင်းမှကောင်းဗျာ..

ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကိုနှစ်တိုင်းကျင်းပနိုင်ပါစေ..
.အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ကြည်နူးသောဘ၀တစ်ခုကိုပိုင်ဆိုင်ပါစေ...

နွေသူရ

Unknown said...

၎ ရက်ငယ်တဲ့ ညီမ။
ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေ။ တကယ့်တော့ နေ့တိုင်းမွေးနေ့ ပါပဲ။ မနက်လင်းပြီးဆိုတဲ့နဲ့ အဲ့ဒီနေ့အတွက် မွေးဖွားလိုက်တာပါ။ ဒီနေ့ငါ့ မွေးနေ့ပါလားလို့ နှလုံးသွင်းနိုင်ရင် ဒါနပြုဖြစ်မယ်၊ သီလစောင့်ဖြစ်မယ်။ ကောင်းမှုတွေနဲ့ ထုံးမွမ်းဖြစ်နေမယ်။ နောင်လည်း မွေးနေ့တွေပါလား ဆိုတဲ့ အသိလေးနဲ့ နေစဉ်၊ နေ့စဉ်မှာ ကောင်းမှုတွေ ပြုလုပ်သင့်တယ်။ ကောင်းမှုလုပ်တယ်ဆိုတာ ကိုယ့်အတွက်ကိုယ်လုပ်တာပါ။ အရင်လို ၀ိုင်တွေ၊ အရက်တွေ မတိုက်တာတော့ ၀မ်းသာပါတယ်။ စာရေးမှာ ကြောက်လို့ထင်တယ်။ တကယ်တော့ အဲလို အယူတွေက တော်တော်များတယ် ညီမ။ အပြင်မှာလဲ ယောင်္ကျားလေးတွေ မွေးနေ့တွေမှာ များသောအားဖြင့် အရက်၊ ဘီယာတိုက်ကြတယ်။ မွေးနေ့မှာ အချိန်ကုန်၊ ငွေကုန်ခံပြီး အကုသိုလ် လုပ်နေသလို ဖြစ်နေတာပေါ့။ ဘုရားက လူသားတွေအတွက် အခြေခံငါးပါး သီလကို ဟောခဲ့တာပဲ။ ဒီအခြေခံလောက်မှ မလိုက်နာနိုင်ရင် မသင့်တော်ဘူး။ ဒါကြောင့် မွေးနေ့ ( နေ့တိုင်းမွေးနေ့ လို့သဘောထားပါ ) မှာ ကုသိုလ် သက်သက်ပဲ လုပ်ဖို့ပြောတာပါ။

ယနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် သူတော်ကောင်း တရားများ ကျင့်ကြံပွားများက နိဗ္ဗာန်သို့တိုင်အောင် မျက်မှောက်ပြုနိုင်ပါစေ။
မင်္ဂလာရှိသော မွေးနေ့အခါတော်နေ့မှာ မင်္ဂလာရှိသော ဆုတောင်းပေးသံတွေနှင့်အတူ စိတ်ကြည်လင်ချမ်းမြေ့နိုင်ပါစေ ညီမ။

Unknown said...

မင်္ဂလာပါ သူငယ်ချင်း...မွေးနေမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ဒီနေ့ မှာကျရောက်တဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတွေနဲ့ အစဉ်ထာဝရ ပြည့်စုံပါစေကြောင်း ဆုတောင်ပေးပါတယ်။ ပျော်ရွှင်မှုတွေကိုသာ
အစဉ်ထာဝရ ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျာ.။

လူလ said...

မင်္ဂလာပါ မီဂိုမှီ

ငြိမ်းချမ်းမှုများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေ..

ဖိတ်ကြားတဲ့အတွက် လာရောက် စားသောက်သွား၏

ရွှင်လန်းချမ်းမြေ့ပါစေ...

Unknown said...

ကျွန်တော်အတွက်တော့တစ်ခါတစ်ခါမွေးနေ့ဆိုတာဘာမှန်းမသိဘူး။
ထားပါတော့။မွေးနေ့မှာပျော်ရွှင်စရာလေးတွေပဲတွေးနေပျော်နေတာကောင်းတာပေါ့နော်။
ကျွန်တော်ပြောတဲ့ကျွန်တော်ခပ်ဂေါက်ဂေါက်အတွေးတွေကြောင့်စိတ်ရှုပ်သွားပါအုံးမယ်။
ညီမလေးရေ....
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေကွာ။
မိဘကိုကျေးဇူးဆပ်နိုင်တဲ့သမီးအလိမ္မာလေးဖြစ်ပါစေ။
ဘ၀မှာမှန်ကန်တဲ့လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်လျောက်လှမ်းနိုင်ပါစေ။
အောင်မြင်တဲ့ဘ၀တစ်ခုကိုဖန်တီးနိုင်တဲ့မိန်းမကောင်းလေးတစ်ယောက်ဖြစ်ပါစေ။

mgngal said...

ပျော်ရွင်ဖွယ်မွေးနေလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ နောင်နှစ်ပေါင်း
မျာစွာတိုင်အောင် ကျန်းမာပျော်ရွင်စွာ မွေးနေပွဲများစွာကျင်းပနိုင်ပါစေလို့ လည်း
ထပ်လောင်း ဆုတောင်းပေးသွားပါတယ် ။ :)
မွေးနေ့ စားဖွယ်မျာကိုလည်း မွေးနေရှင် ကျေနပ်အောင် တ၀ကြီး စားသွားပါတယ် ။

Anonymous said...

မယ်ဂုနဲ့ သူ့ကမ္ဘာ

bambu လေးက ချစ်စရာ
မယ်ဂု အတွက်ပါ ...
minnie ကလေး အလွန်လှ
စာကျိုးစားရာ ပထမ ..

မယ်ဂုကလေး ကျောင်းသွားရင်
micky ကလေး သူလိုက်ချင် ...
ုkitty လေးက အိပ်ပုတ်လေး
ကျောင်းသွားချိန်တောင် မနိုးသေး ..

စောစောထကာ ချက်ပြုတ်ရှာ
panda လေးက အလိမ္မာ ..
u kat sii ကပ်စေးနှဲ
ကျောင်းမုန့်ဖိုးတောင် မသုံးရဲ ...

teddy bear လေးက ချစ်ဖွယ်ပါ
ကုတ်ရင် နာတတ်တာ ...
မယ်ဂု ကြောက်လို့ အလွန်ဖက်
tweety ပိစိညှက် ...

ဒါကို ကြည့်လို့ အဟတ် ဟတ်
pooh ရုပ်ကလေး သူရယ်တတ် ..
မယ်ဂုလေးနဲ့ သူ့ကမ္ဘာ
ပျော်ရွှင်ချမ်းမြေ့စရာ ..
အတ္တတွေ ဘေးဖယ်ထား
လူ့ဘ၀က ခဏလေးဗျား ..

သူငယ်ချင်း ဒီနေ့ မွေးနေ့လေးကနေစပြီး မနက်ဖြန်တိုင်းမှာ ပျော်ရွှင် ချမ်းမြေ့ပါစေ ... အေးမြတဲ့ ဘ၀ လေးကို ပိုင်ဆိုင်နိုင်ပါစေ ..

WWKM said...

ညီမလေး မယ်ဂုမိ ရေ..

မွေးနေ့မှာ မင်္ဂလာအပေါင်းနဲ့ပြီးပြည့်စုံပြီး ခင်မင်စရာကောင်းတဲ့
ဘလော့ဂါမောင်နှမတွေနဲ့ မွေးနေ့ကို ပျော်ရွှင်စွာကျင်းပနိုင်ပါစေ။

お誕生日おめでとございます。:D

uko said...

HAPPY BIRTHDAY MEGUMI !
မွေးနေ့လက်ဆောင်နေနဲ့ ကတော့ စကားတစ်ခွန်းပဲ ပါလာတယ် ဗျာ ။ " ပျော်ရွှင်ချမ်းမြေ့ပါစေ " ဆိုတဲ့ စကားတစ်ခွန်းပါပဲ ။

RePublic said...

HAPPY BIRTHDAY ပါ ညီမ မယ်ဂု ရေ ၊၊
အားလုံး အိုကေ စိုပြေပါစေဗျာ ၊၊

ဆုပေးပြီးလို့ ပုံတွေကြည့်ပီး ၀ါးတီးပေးသွားတယ် ၊၊

စိုင်းစိုင်းလားရှိုး said...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခညောင်းပါစေ။ 24 ကြိမ်မြောက် မွေးဖွားခြင်းနေ့ကို ပိုင်ဆိုင် ခဲ့ပြီးပြီနော်၊ ပထမဆုံးသော ရခဲလှတဲ့ လူ့ဘ၀ကြီးထဲကို ပြည့်စုံခြင်းနဲ့ အတူ မွေးဖွား သန့်စင်ပေးခဲ့တဲ့ မြတ်မိခင်ရဲ့ ဆပ်မကုန်နိုင်သော ကျေးဇူးကို ဆင်ခြင်နိုင်ပါစေ။ ရတနာ သုံးပါးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး သကာလ မိမိရဲ့ မွေးနေ့ရက်မွန် ဒီချိန် ဒီခါမှာ ပြုခဲ့ဖူးသော ဒါနကုသိုလ်၊ စောင့်ထိန်းခဲ့ ဖူးသော သီလကုသိုလ်၊ ကျင့်ကြံခဲ့ဖူးသော ဘာဝနာကုသိုလ် အဖို့ ဘာဂ အားလုံးကို ဝေနေယျ သတ္တ၀ါတွေ အားလုံးကို မေတ္တာပို့ အမျှဝေခြင်းဖြင့် မိမိရဲ့ မွေးနေ့မှာ ကုသိုလ်တရားတွေ စီးဖြန်းပြီး ကြည်လင်အေးမြတဲ့ ပျော်ရွှင်ခြင်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေ။ ငါ့ညီမလေး ရှေ့ဆက်ရမယ့် ခရီးတွေမှာ ပြည့်စုံကုံလုံခြင်း၊ တောင့်တမှုကင်းခြင်းနဲ့ ရေလိုအေးပြီး ပန်းလိုမွှေးပျံ့ ပါစေ။ နေမကောင်းတဲ့ ကြားထဲကနေ ဒီမွေးနေ့ ပွဲကို ရောက်အောင်လာခဲ့ပါတယ်၊ ဆရာဝန်က အမာစာတွေ မစားရသေးဘူးတဲ့၊ ဒါကြောင့် ဘာမှမစားပဲ လှည့်ပြန်သွားပါတယ်။

flowerworld said...

ညီမလေးမယ်ဂုမိလေးရေ.........happy birthday ပါနော်
၂၄နှစ်မှသည်နောင်နှစ်ပေါင်းများစွာပျော်ရွှင်ဖွယ်ကောင်းသော
နေ့လေးများပိုင်ဆိုင်ပြီး..........လိုအင်ဆန္ဒများပြည့်ဝပါစေနော်
ပုစွန်ဟင်းကိုအိမ်ပြန်သယ်သွားပြီးဗျို့

:P said...

Happy Birthday!

Anonymous said...

ပျော်ရွှင်စရာကောင်းသောမွေးနေ့ဖြစ်ပါစေဗျာ။ ထမင်းတွေဟင်းတွေက တကယ်
သာစားလို့ရရင် သိပ်ကောင်းမှာပဲ အခုတော့ ကြည့်ပြီးပဲ သရေကျသွားလေရဲ့

Sonata Cantata said...

မွေးနေ့ ဖိတ်ထားလို့ ရောက်အောင်လာခဲ့ပြီနော်
စားစရာတွေကလည်း အစုံအလင်
သီချင်းလေးကလည်း မြူးမြူးကြွကြွ

ချမ်းမြေ့တဲ့ ဘ၀မှာ
ကြည်နူးဖွယ် နေ့ရက်များ ကို ဖြတ်သန်းရင်း
ပျော်ရွှင်စရာ မွေးနေ့များ
နှစ်စဉ်နှစ်တိုင်း
ဆင်နွဲနိုင်ပါစေ

ညီအကိုများ said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ...


မိုးကြယ်

puluque said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ...ဂူးဂူးရေ...မွေးနေ့မှသည် နှစ်ပေါင်းများစွာ ချစ်သော သူများနဲ့ အတူပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ....

ဂူးဂူးရေ.. ဒါကျတော် ဒုတိယ အကြိမ် ကွန်မန့် ရေးလိုက်တာပါ။ နံနက် ၄နာရီ..မှာ ရမိန်ဒါ ပေးထားပြီး ထတော့ ၄နာရီ၃မိနစ်..ရှေ့မှာ ကိုအောင်ဦးအပါအဝင် ၃ယောက်ကွန်မန့်ရေးပြီးသွားပြီ။ ကျတော်ကလေးယောက်မြောက်ပေါ့..ရေးပြီး publish လုပ်လိုက်တော့ အယ်ရာတက်သွားတယ်..ဒါပေမဲ့ပေါ်မှာပဲဆိုပြီး ပြန်အိပ်လိုက်တာ အခုပြန်ဝင်တော့ ကျတော့ကွန်မန့် မပေါ်ဘူးကိုး..
ဘာပဲဖြစ်ဖြစ် ညီမလေး..မွေးနေ့မှာ ၇ွှင်လန်းပါစေ ဗျား...

မောင်ပိစိ said...

ဘုမသိ ဘမသိ
မိဂုကိုလဲ မသိ
မွေးနေ့တွေ့တယ်
မွေးလတူတယ်

ဆုတောင်းပေးမယ်
ပျော်ရွှင်စရာမွေးနေ့ဖစ်ပါစေ..

ိဟိ.. နာ့ကိုတော့ တိတ်တိတ်ကလေး အရက်မဟုတ်တောင်.. ဘီယာလောက်တော့ တိုက်ပါလား :D :D

Dream said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ...
ကျွေးတဲ့ဟာတွေ အကုန်လုံး စားသွားတယ်ဒ
ဟီးဟီး... လက်ဆောင်ပေးတာ နောက်ကျသွားတယ်။

HAPPY BIRTHDAY TO YOU

နေလင်း said...

ညီမလေး Megumi ရေ...

မထင်မှတ်ပဲ... ညီမလေးနဲ့ အစ်ကို့မွေးနေ့က တစ်ရက်တည်းဖြစ်နေပါလား.. ပျော်စရာကြီးနော်..

Wishing you all the best နော်...

ခင်တဲ့..

ကိုနေလင်း

ငှက်ငယ်လေး said...

ဟီးး မမရေ အသက်လာပြင်တာ :P

HAPPY 24 BIRTHDAY

နောက်တခေါက်လာ တော့ နောက်တခေါက် ထပ်သောက်တွားရယ် :P

ဂျူဝသန် said...

သူငယ်ချင်း မယ်ဂုမိဆိုတာ
နယ်နယ်ရရမဟုတ်ပါဘူး....
ဘာဆိုလား မယ်ဂုမိပါ။
ကဲသူငယ်ချင်းရေ.... ရိုးရိုးလေးပဲ ဆုတောင်းပေးပါတယ်။
ဟက်ပီးဘက်ဒေးနော်...။
လောကကြီးမှာ ရှိတဲ့ ပျော်ရွှင်မှုတွေအားလုံး..... သူငယ်ချင်း ဂုဂု အတွက်ဖြစ်စေ။
ခပ်ညံ့ညံ့ကောင်။

Anonymous said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ...
Happy Birthday ပါ မိဂုမိလေး ... ။
အခု မွေးနေ့ကစပြီး ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ကျန်းမာခြင်းအပေါင်းတို့နဲ့ ပြည့်ဝပြီး
ပျော်ရွှင်ချမ်းမြေ့ပါစေဗျား ... ။
မွေးနေ့ရှင်က သိပ်ရက်ရောလို့ အားပါးတရ သုံးဆောင်သွားကြောင်းပါ ... :) :) :) ... ။
Happy Birthday To You ...

အရုပ်ကလေး said...

လူ့ဘ၀တာမှာ အချိန်ကိုအသုံးချရင်း
တစ်နှစ်တစ်ရက် ရောက်ရှိလာတဲ့
မွေးနေ့မှာ ပျော်ရွှင်ခြင်း သုခတွေကို
ပိုင်ဆိုင်ပါစေလို့ ဆုတောင်းရင်း
မိဘကို အလုပ်အကျွေး
ပြုစုနိုင်တဲ့ သမီးကောင်း
တစ်ယောက်ဖြစ်ပါစေလို့
ထပ်မံဆုတောင်းလိုက်ပါတယ်
ချစ်ခင်သော မောင်နှမများနှင့်
ထာဝရ အဓွန့်ရှည်စွာ
လက်တွဲနိုင်ပါစေ

Unknown said...

မွေး နေ့ မင်္ဂလာ ပါ။ ယခု နှစ် ဆန်း တ ရက် မှ သည်။ နောင် သံ သ ရာ နှစ် ဆန်း ထိ စိတ် ရော ကိုယ် ပါ ချမ်း သာ ပါ စေ သော်။

ကိုဥာဏ်(စက်မှု) said...

ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေလို့ပဲ သူများတွေလို ဆုတောင်း ပေးလိုက်တော့မယ်နော ..

ဇင်ယော် said...

မယ်ဂုရေ
HAPPY BIRTHDAY ပါဗျား။ နှစ်စဉ်နှစ်တိုင်းမှာ အခုလို ပျော်ရွှင်စရာ မွေးနေ့ လေးတွေကို ပိုင်ဆိုင်နိုင်ပါစေဗျာ။ လိုရာရည်မှန်းချက် ပန်းတိုင်ကို ဇွဲရှိရှိနဲ့  မမောမပန်း အားမလျှော့တမ်း လျှောက်လှမ်းနိုင်ပါစေ။ စာပေပညာထူးချွန်ပြီး မိဘကို စိတ်ရောကိုယ်ပါ ချမ်းသာစေမယ့် သမီးအလိမ္မာလေးတစ်ယောက် ဖြစ်ပါစေဗျာ။

Unknown said...

~~~~~~~~-_-_-_-_-_ပျော်ရွှင်ပါစေ မယ်ဂုရေ-_-_-_-_-_~~~~~~~~
~~~~~~~~-_-_-_-_-_-_-_-_Happy B'day-_-_-_-_-_-_-_-_~~~~~~~~
~~~~~~~~-_-_-_-_-_-_-_-_Happy B'day-_-_-_-_-_-_-_-_~~~~~~~~
~~~~~~~~-_-_-_-_-_-_-_-_Happy B'day-_-_-_-_-_-_-_-_~~~~~~~~
~~~~~~~~-_-_-_-_-_-_-_-_Happy B'day-_-_-_-_-_-_-_-_~~~~~~~~
~~~~~~~~-_-_-_-_-_-_-_-_Happy B'day-_-_-_-_-_-_-_-_~~~~~~~~

ဝေလေး said...

မမရေ
နောက်တောင်ကျနေပြီထင်တယ်... ဆောတီးး..
အဝတီးသွားတယ်... ဒံပေါက်.. ဟဲဟဲ... ဆနွင်းမကင်းနဲ့
မမ မွေးနေ့မှာပျော်ရွှင်ပါစေနော်...
နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစု သူငယ်ချင်း ချစ်သောသူနှင့် ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေ.....
Happy Birthday!!!!!

khin oo may said...

happy birthday ပျော်ရွင်ပါစေ ချစ်ညီမငယ်

ကိုရင်နော်ခင်လေးငယ် said...

ညီမလေး ဂုဂု...
မွေးနေ့ကစပြီး ဆထက်တပိုး ပျော်ရွှင်စွာ
ဘလော့ဂင်နိုင်ပါစေသား...
(ဦးနော်)

ချစ်မီညလေး ဂုဂုကွေး :P
ချစ်သောသူငယ်ချင်းတွေနဲ့ မွေးနေ့မှတိုင် ထာဝရသို့....
(မခင်လေး)

မမဂုဂု...
မွေးနေ့ပေါင်းညားချွာကို ကျော်ဖြတ်တိုင်း အညဲတမ်း
လှလှလေးနဲ့ ပေါ်ချွင်ပါစေချင်...
ညီမလေး..(ကလေးလေး)

mabaydar said...

ငါမနက်ကရောက်သေးတယ်.. လက်ဆောင်ပေးပြီးမှ ကွန်မန့်ရေးမလို့.. ဒါပေမဲ့ ဒီနေ့ အလုပ်တွေရှုပ်ပြီး အပြင်သွားနေရတာ.. ခုတော်တော်တောင်နောက်ကျနေပြီ.. လက်ဆောင်ကို စဉ်းစားတာ.. ခုနင်နဲ့ငါရိုက်ထားတဲ့ ဓာတ်ပုံကို မဂ္ဂဇင်းတိုက်က ကြိုက်လို့ မဂ္ဂဇင်းထုတ်လိုက်ပြီ.. နင့်ကို အဲဒိမဂ္ဂဇင်းမျက်နှာဖုံးမေးလ်နဲ့ပို့လိုက်တယ်.. ကြည့်လိုက်.. ဟဲ..ဟဲ.. အမိုက်စားနော်..

JulyDream said...

ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာ ဖြစ်ပါစေဗျာ။

Unknown said...

မနက်ဖြန်များစွာတိုင်းမှာ ဟိုးအဝေးကြီးမှာ ရှိတဲ့ မိုးကောင်းကင်ကြီးကို ကြည့်ပြီးတော့ သက်သေပြုနိုင်ပါစေ..လမင်းကြီးလို သာယာအေးချမ်းမှု့တွေနဲ့ ကြယ်ကလေးတွေလို တောက်ပထွန်းလင်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့.....။

s said...

မမ ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေ။ ပြီးတော့ နောက်နှစ်နောက်နှစ်တွေမှာလည်း ဒီလိုပဲ ဆုတောင်းပေးတဲ့သူတွေ အများကြီးနဲ့ မွေးနေ့ကို ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

မသက်ဇင် said...

မယ်ဂုလေး---မွေးနေ့မှစပြီး နှစ်ပေါင်း တစ်ရာတိုင် စိတ်၏ချမ်းသာခြ င်း--
ကိုယ်၏ကျန်းမာခြ င်းနှင့်ပြည့်စုံပြီး ဘ၀မှာ လိုအင်ဟူသမျှပြည့်စုံပါစေရှင်---

အလင်းစေတမန် said...

ကျွန်တော်က နိုဝင်ဘာ၂၀ ဗျ နှစ်ရက်စောတယ် ဘာရမလဲ။

GreenGirl said...

ညီမလေးရေ ဘလော့ခ်မလည်ဖြစ်လို့ မွေးနေ့ဆုတောင်း နောက်ကျနေတယ်။ စိတ်မဆိုးနဲ့နော်။

လိုရာအားလုံး ပြည့်စုံပါစေ...

thihanyein said...

ညီမလေးရေ ...
မွေးနေ့မှစပြီး သက်ဆုံးတိုင် ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေကွယ်...
လောကဓံတရားတွေကို အောင်မြင်စွာနဲ့ဖြေရှင်းပေးနိုင်တဲ့ ညီမလေး
ဖြစ်ပါစေကွယ်.....

စိုင်းနောင့် said...

အစ်မ
ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Heart Breaker said...

မွေးနေ့မှစပြီး နှစ်ပေါင်း တစ်ရာတိုင် စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ဘ၀မှာ လိုအင်ဟူသမျှပြည့်စုံ နိုင်ပါစေလို့ .. .. ..

Welcome said...

Happy Birthday ဖြစ်ပါစေ
မွေးနေ့ရက်မြတ်လေးမှာ
အရောင်တူ အဆင်းတူ သူငယ်ချင်းတွေနဲ့
ပျော်ရွှင်နိုင်ပါစေ
စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ
ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ
ကြောင့်ကျမှုကင်းပြီး လွတ်လပ်မှုရှိပါစေ
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ
ဘေးအန္တရာယ် အသွယ်သွယ်နဲ့ ကင်းဝေးနိုင်ပါစေ
ထူးချွန်တဲ့ ခေတ်ပညာတတ် အဖြစ် ရပ်တည်နိုင်ပါစေ
မရှိစကား မကြားရပါဘဲ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ .. ..
မင်္ဂလာရှိတဲ့ ဒီမွေးနေ့လေးကနေ
လာလတ္တံ့သောနောင်နှစ်များစွာ တိုင်အောင်
မချစ် မနှစ်သက်သော သူနဲ့ ကွေကွင်းနိုင်ပါစေ
ပြီးပြည့်စုံပြီး အပြစ်မြူမှုန်ကင်းတဲ့သူနဲ့ ပေါင်းဖက်နိုင်ပါစေ
ပျော်ရွှင် အေးချမ်းသော မိသားစုဘဝကို သက်ဆုံးတိုင် စံစားနိုင်ပါစေ
လိုရာပန်းတိုင်ကို အားထုတ်မှု မပြုရပါဘဲ အရောက်တက်လှမ်းနိုင်ပါစေ
ဆန္ဒရှိတဲ့အတိုင်း ဆန္ဒရှိသလို စိတ်ဆောင်သကဲ့သို့ ဖြစ်မြောက် အောင်မြင်နိုင်ပါစေ
လှပတဲ့ နေ့ရက်များနဲ့အတူ ဝါသနာပါရာအလုပ်ကို ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ပါစေ .. .. လို့
စစ်မှန်တဲ့ စိတ်ထားနဲ့ ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Anonymous said...

ညီမလေးမယ်ဂုမီရေ
မွေးနေ့ပွဲလေး လာတယ် နောက်ကျနေပီ။
နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစု သူငယ်ချင်း ချစ်သောသူနှင့် ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေ.....
Happy Birthday ပါနော် .. ..မမ
ဖြူဖြူလေး
http://phyuphyulay.blogspot.com/

Anonymous said...

“Happy Birthday”

အစ်မရေ ကျွန်တော် ရုံးပိတ်ရက်မို့ မွေးနေ့ ပွဲလေးကို မလာနိုင်ခဲ့တာ ဆောတီး အစ်မ။ ပျော်ရွှင်သော မွေးနေ့ ပွဲလေး ပိုင်ဆိုင်ခဲ့မယ် လို့ ထင်ပါတယ်.။ မွေးနေ့ မလာနိုင်တော့ အကျန် လေးတွေပဲ စားသွားတယ်နော်။

Anonymous said...

ဗိုက်တော်တော်ဆာနေတာနဲ့ “ဂလု ဂလု” မျိုချသွားပါတယ်။

မိုးပြေး said...

သူငယ်ချင်းရေ အစစအရာရာ အဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်။ သာယာပျော်ရွှင်သော အနာဂတ်ကို နှစ်ပေါင်းများစွာ ရရှိခံစားနိုင်ပါစေ။ သူငယ်ချင်းပြောတဲ့ ဘ၀ရဲ့  နှစ်ဆန်းတစ်ရက်မှာ အဆင်ပြေမှုတွေ ရရှိပါစေ။ ဘ၀မှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးလေ၊ ဒါပေမယ့် သူငယ်ချင်း အတွက် ဆုတောင်းပေးပါတယ်၊တောင်းတဲ့ဆုတွေနဲ့ ပြည်ဝသလို မတောင်းတဲ့ဆုတွေပါ ပြည့်ပါစေ။ ဆန္ဒနဲ့ ဘ၀ ထပ်တူကျနေတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေ။

Anonymous said...

~~~Baby's First Birthday~~~

It's your first birthday, baby,
One candle on your cake;
Proud parents stare in wonder
At each new move you make.

We join in celebration,
As this special date arrives,
For baby has brought pleasure
Into all our lives.

We look forward now to seeing
How you progress and grow,
From the cute and tiny infant
You were one year ago.

So dig into your icing;
Enjoy your presents, too.
The reason for this day
Is a special person--you!

တက်လူငယ် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွား ဆက်လက်ပြီး ပျော်ရွှင်စွား ဘဝမှာ ဆက်လက်လျှောက်လှမ်းသွားနိုင်ပါစေဗျာ။

megumi said...

ဟိ ဟိ၊ Cbox ကမွေးနေ့ဆုတောင်းလေးတွေ ပျောက်သွားမှာစိုးလို့ သိမ်းလိုက်တာပါ။ :p :p

21 Nov 08, 02:08
မောင်ငယ်:ံakyo Happy Birthday par !! :)
21 Nov 08, 03:05
ခပ်ညံ့ညံ့ကောင်: အော အခုတော့ ၂၂ နှစ်ရက်နေ့အကြောင်းကိုသိသွားပီ... တော်တော်များသွားပီနော်။
21 Nov 08, 03:06
ခပ်ညံ့ညံ့ကောင်: ငါ့နှယ် မှတ်ထားလိုက်ရတာ ၂၂ရက်နေ့ကို မေ့မှာစိုးလို့။ အိ အိ ပါပေတယ်...အိ အိ ပါပေတယ်။
21 Nov 08, 09:05
mabaydar: Happy Birthday.... 19 hours more?? so ur birthday is today??

21 Nov 08, 11:13
ပုလုကွေး: ဂူဂူးရေ.. မောနင်းပါ..alarm ပေးထားတယ်..မွေးနေ့ပွဲလာ၇အောင်လို့ ..သူများမွေးနေတွေ ဆို လိုက်စားရတာ ဝါသနာ
21 Nov 08, 11:31
မေ: ရောက်ခဲ့တယ်နော်
21 Nov 08, 11:46
megumi: မွေးနေ့ရောက်သေးဘူးနော်။ ဟိ ဟိ။
21 Nov 08, 15:58
စပယ်ဖြူ: မင်္ဂလာပါရှင်..... အလည်လာပါတယ်.. ဘာမုန့်မှမကြွေးလို့ ပြန်သွားပါပီရှင်...


21 Nov 08, 23:32
ုပတေ: I'm as same as your birthday.My birthday is 22.11.1960.Realy.I'm work with laminkhin.HAPPY birthday
21 Nov 08, 23:36
ုပတေ: to you.Amazing?Tomorrow my family will make moathingha.Come to me,i invite you and others fri.
22 Nov 08, 00:52
မေအိခင်: အဲ ညီမလေး မွေးနေ့ က မင်္ဂလာဇနီးမောင်နှံ နေ့ဖြစ်နေပါလား Happy Birthday နော် ညီမငယ်လက်ဆောင်တွေ ပို့ မယ်
22 Nov 08, 01:21
မေအိခင်: ညီမလေး မယ်ဂု ကွန်မန့် ရေးတာလည်း မ၀င် နဲ့ တော်တော် တော် တဲ့ မမ ပဲ မနက်တော့ကြိုးစားရေးဦးမယ်နော့
22 Nov 08, 01:23
မေအိခင်: ဒါပေမဲ့ ၂၂ နိုဝင်ဘာဘွန်း မမ အသိ အလုပ် ထဲ မှာမ၇ှိဘူးထင်တယ်မမစဉ်းစားလို့ ကိုမရတာ -၂၂ရောင်းရင်းရေ who

22 Nov 08, 04:32
ကိုအောင်: အသက်ရာကျော်ရှည်ပါစေ ထီမထိုးဘဲနဲ့ ပေါက်ပါစေ
22 Nov 08, 05:08
ပုလုကွေး: Happy birthday ..Megumi
22 Nov 08, 05:09
ပုလုကွေး: ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ
22 Nov 08, 05:21
လမင်း: မွေးနေ့ လာလဲမဖိတ်ဘူး ... ဘာပဲဖြစ်ြ့ဖစ်ရောက်လာတယ်
22 Nov 08, 05:21
လမင်း: အစားအသောက်အရင်စားမယ်လက်ဆောင်နေက်နေ့ မှပေးမယ်
22 Nov 08, 05:21
လမင်း: မွေးနေ့ မှ သည် နှစ်ပေါင်း ၁၂၀တိုင်ဘ၀ ကိုပျော်ရွှင် ချမ်းမြေ့စွာဖြတ်သန်းအောင်မြင်ပါစေ

22 Nov 08, 05:51
loyallove: မွေးနေ့ပွဲတက်ရောက်ပါတယ် အားလုံးစားသွားတယ်နော် ပျော်ရွှင်ပါစေဗျာ မွေးနေ့မှာ
22 Nov 08, 05:53
အလှတရား: မွေးနေ့ပွဲတော့ မလုပ်ပါဘူး ဒါပေမဲ့ လာဖိတ်ပါတယ်နော်
22 Nov 08, 06:15
ဆောင်း: မယ်ဂုမိချက်တာလား ဒီလောက်အများကြီး ကုန်အောင်မနဲစားရမယ်နော် ဘော်ဒါတွေကိုစားဖို့ခေါ်ထားသေးလား
22 Nov 08, 06:29
အဖြူရောင်မေတ္တာ: >>ဤ ၂၄-နှစ်မြောက် မွေးနေ့ မင်္ဂလာမှသည် နောင် ၀ိဥာဏ်ချုပ်သည့် တိုင်အောင် တရားနှလုံးသွင်းပြီး အေးမြငြိမ်
22 Nov 08, 06:31
အဖြူရောင်မေတ္တာ: အေးမြငြိမ်းချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေကြောင်း၊ ခန္ဓာ့ဝန်၊ သာသနာ့ဝန်ကိုလည်း ကိုလည်း
22 Nov 08, 06:31
အဖြူရောင်မေတ္တာ: လွယ်လွယ် ကူကူ ဆောင်ရွက်နိုင်စေကြောင်း အဖြူရောင်မေတ္တာတွေနဲ့ ဆုတောင်းရင်း
22 Nov 08, 06:32
အဖြူရောင်မေတ္တာ: မေတ္တာပို့သလိုက်ပါတယ်…။
22 Nov 08, 06:33
အဖြူရောင်မေတ္တာ: ***လေးစားစွာဖြင့်***ပြည့်စုံအောင် http://sonesiyar.blogspot.com/
22 Nov 08, 06:36
အဖြူရောင်မေတ္တာ: မွေးနေ့လက်ဆောင် ကဗျာလေးကိုတော့ အလှတရား မှာ ၀င်ဖတ်လိုက်ပါ နော်..မမ။ ရေးနေရင်းနဲ့တောင် သွားရည်ယိုလာပြီ
22 Nov 08, 06:44
အဖြူရောင်မေတ္တာ: ရှလွတ်..
22 Nov 08, 07:10
မောင်ငယ်: happy birthday to u !!! :)

22 Nov 08, 07:39
အလှတရား: :) :) :) :) :) happy birthday to u :) :)
22 Nov 08, 08:02
အလှတရားရဲ့ သယ်ရင်း၁ယောက်: မွေးနေ့မှာပျော်ရွှင်ပါစေ ၊ သိသိမသိသိ ဝင် မွေးနေ့ဆုတောင်းတတ်တဲ့megumi အတွက်ပါ၊
22 Nov 08, 08:39
သန့်ယဉ်ကို: Happy birthday MEGUMI
22 Nov 08, 11:09
မီးလေးဇာ: ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ် ပါစေနော်
22 Nov 08, 11:45
အိမ်: ဆုတောင်းပေးခဲ့သဗျ

>
22 Nov 08, 11:59
ကိုဂစ်တာ: happy birthday ပါ။ ပျော်ရွှင်ချမ်းမြေ့မှု့အပေါင်းနဲ့ ပြည့်စုံပါစေ။
22 Nov 08, 12:15
အလွမ်းပြေ: Happy birthday !!! :)
22 Nov 08, 12:37
htike22: happy birthday
22 Nov 08, 12:50
မိုးကြယ်: မွေးနေ့မင်္ဂလာပါ...
22 Nov 08, 13:13
ဧဏီမင်း: အိုင်က သက်သက်လွတ်ဆိုတော့ ဘာမှ စားမသွားတော့ပါဘူး..ဘီယာလည်း မပါဘူးဆိုတော့လေ..လိမ္မော်ရည်က ကောင်းလောက်ပေ
22 Nov 08, 13:14
ဧဏီမင်း: မဲ့ ချောင်းဆိုးနေလို့ မသောက်ရတော့ဘူး..ဒို့က အဲလို ကံကောင်းတာ..ဘာမှ စားဘူးဆိုတော့ လက်ဆောင်ကိုလည်း ပြန
22 Nov 08, 13:14
ဧဏီမင်း: ပြန်သယ်သွားတယ် ..ဟဲဟဲ :P
22 Nov 08, 13:20
ရဲရင့်နီ: စိန်စီသောမွေးနေ့ ဖြစ်ပါစေ... မိဘကျေးဇူးဆပ်နိုင်သော သမီးကောင်းရတနာဖြစ်ပါစေ..
22 Nov 08, 13:34
ပိစိ: မိဂုရယ်.. စောစောစီးစီး yumyum စားရင်းနဲ့ ဘလော့ဂင်းနေပါတယ်ဆိုမှ.. ;(
22 Nov 08, 14:49
မေအိခင်: အာပါးဗိုက်ကားအောင်စားသွားပြီ ညနေကီလိုချိန်လိုက်ဦးမယ်ဟာဟမမပိုဝလာတော့မယ်ညီမလေးမွေးနေ့ ကိုဂုဏ်ပြုပါတယ်
22 Nov 08, 15:15
TTZ: Happy birthday !
22 Nov 08, 15:21
drwinthein: ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်ပိုင်ဆိုင်နိုင်ပါစေ Megumi ရေ..
22 Nov 08, 15:22
drwinthein: မုန့်တွေ စားသွားပါတယ်.. ညနေမှာတစ်ခေါက်လာစားအုံးမယ်..ချန်ထားပါအုံး..
22 Nov 08, 15:39
Dream: မွေးနေ့လက်ဆောင်ပေးတာ နောက်ကျသွားတယ်
22 Nov 08, 15:39
Dream: အလာနောက်ကျပေမယ့် ဟင်းတွေ ကျနသေးလို့တော်သေးတယ်
22 Nov 08, 15:39
Dream: ဟီးဟီး
22 Nov 08, 15:40
Dream: အကုန်စားသွားတယ်
22 Nov 08, 15:45
kha: အခုမှ ရောက်လာတာပါ။ မွေးနေ့နဲ့တိုးနေတော့ ပုံတွေ တ၀တဗြဲကြည့်ပြီး စားချင်နေပါသည်။
22 Nov 08, 17:18
ngwethazin: HAPPY BIRTHDAY
22 Nov 08, 17:30
ဖိုးမောင်(happycloud): အားပါး... စားစရာပဲလား... သောက်စရာလေးများမပါဘူးလားညီမလေးရ... လာသွားတယ်ညီမလေးရေ...
22 Nov 08, 17:50
အလှတရား: မင်္ဂလာပါ ဂုဂု ပိစ်နော် ဟီးး
22 Nov 08, 17:51
အလှတရား: လာလည်တယ်ဗျာ
22 Nov 08, 17:52
idulize: မွေးနေ့ကို ရောက်တာ နောက်ကျသွား၏ .. ပွဲသိမ်းအကုန်ယူသွား၏
22 Nov 08, 17:53
အိမ်မက်ရှင်: မွေးနေ့ပွဲလာတက်တယ်နော် ညီမလေး
22 Nov 08, 17:53
အိမ်မက်ရှင်: ပါဆယ်လည်း ထုပ်သွားတယ်
22 Nov 08, 17:59
ခပ်ညံ့ညံ့ကောင်: ဂုဂု နင် ရိုဇန်ရဲ့ မွေးနေ့သွားခဲ့တုန်းကလေ...
22 Nov 08, 17:59
ခပ်ညံ့ညံ့ကောင်: http://www.fileden.com/files/2008/4/27/1886240/GU%20GU.wmv
22 Nov 08, 18:01
တာကီမို: မွေးနေ့ မှာပျော်ရွင်ပါစေနော် လာလည်သွားတယ်နော်
22 Nov 08, 18:25
4everlove: အရက် မတိုက်လည်း ဘီယာလေးတော့ လုပ်သင့်တာပေါ့။ ။:P
22 Nov 08, 18:25
4everlove: ပျော်ရွင်ဖွယ် နေ့သစ်များကို ပိုင်ဆိုင်ပါစေဗျာ။ ။
22 Nov 08, 19:13
မေအိခင်: ညီမလေးရေ မွေးနေ့ တူသူကိုမိပြီ သူက ကဗျာဆရာ မောင်နီမော် ပေါ့ မမ မေ့ နေလို့ နော့ (လက်ဆောင်ပို့ ထားပြ)ီ
22 Nov 08, 20:20
ဇင်ယော်: မယ်ဂုရေ အပြေးလာခဲ့တာပဲ။ နောက်ကျနေလို့  ၀ါးတီးတွေ ကျန်မှကျန်သေးရဲ့လားမသိဘူး။
22 Nov 08, 20:21
ဇင်ယော်: တတ်နိုင်ဘူး ရှိသလောက် အကုန်စားပြီး မစားနိုင်တာ ပါဆယ်ထုပ်သွားပြီဟေ.။
22 Nov 08, 21:36
synchro305: HAPPY BIRTHDAY GUMI!!!!!
22 Nov 08, 22:15
နွေဆူးလင်္ကာ: ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေဗျာ။
23 Nov 08, 00:25
ဝေလေး: မမရေ ပျော်ရွင်သောမွေးနေ့လေး ဖြစ်ပါစေ
23 Nov 08, 00:54
မေအိခင်: ညီမလေး မယ်ဂု ပျော်နေတာ တွေ့ တယ်နော်
23 Nov 08, 01:26
4everlove: VERY HAPPY BIRTHDAY TO YOU MA MA GUMI! မွေးနေ့ရက်မြတ်မှသည် နောင်နှစ်များစွာပျော်ရွှင်ချမ်းမြေ့ပါစေရင်
23 Nov 08, 01:28
4everlove: birthday meals is very delicious ma ma! :)
23 Nov 08, 01:49
4everlove:
23 Nov 08, 01:50
4everlove: http://images01.imikimi.com/image/images_full/139471401.jpg
23 Nov 08, 01:58
အလှတရား: :)
23 Nov 08, 03:20
ချစ်သူ့ခေါ်သံ: မင်္ဂလာပါခင်ဗျာ
23 Nov 08, 03:21
ချစ်သူ့ခေါ်သံ: မွေးနေ့လေးမှာ လာရောက်အားပေးသွားပါတယ်
23 Nov 08, 03:21
ချစ်သူ့ခေါ်သံ: ပျော်ရွင်ပါစေဗျာ
23 Nov 08, 06:23
ချစ်သူ့ခေါ်သံ: ဟက်ပီး ဘက်ဒေး ဂလုတု ပါ :lol: :D
23 Nov 08, 06:39
ဆု: လာလည်သွားတယ်မမရေ၊မွေးနေ့ကစပြီး နောက်လာမယ့်နေ့တွေမှာ ဖြစ်ချင်တဲ့၊ဆန္ဒတွေပြည့်ဝပါစေလို့ဆုတောင်းပေးပါတယ်
23 Nov 08, 06:40
ဆု: ပာင်းတွေကအများကြီးပဲနော်၊ရှယ်ပဲ။ ပိာပိာ ဒန်ပေါက်စားသွားတယ် :P :P
23 Nov 08, 08:30
မသက်ဇင်: လာလည်ပါတယ်မယ်ဂုရေ---ဆုတောင်းပေးခဲ့တယ်နော်---

23 Nov 08, 16:16
ဟန်လင်းထွန်း: ရင်နာသါားတယ်။ ပုဇွန်တွေကိ မြင်ပြီး မစားရလို့

23 Nov 08, 20:32
yamin: happy birthday for sis ညီမလေးရေ လိုချင်တာတွေ ပြည့်စုံပါစေနော်။
23 Nov 08, 20:35
yamin: happy birthday for sis ညီမလေးရေ လိုချင်တာတွေ ပြည့်စုံပါစေနော်။
23 Nov 08, 20:39
yamin: happy birthday for sis ညီမလေးရေ လိုချင်တာတွေ ပြည့်စုံပါစေနော်။
23 Nov 08, 21:27
kmaungnyein: happy birthday par, a tat yar kyaw shay par say byar :)
23 Nov 08, 21:28
kmaungnyein: arr par ta yar ta yay yo twar par kyaung(mar lote) sar twar par kyaung :P
23 Nov 08, 22:41
တာတူး: နောက်ကျသွားတယ်ဗျို့။ မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ လိုအင်ဆန္ဒတွေ တလုံးတ၀ထဲ ပြည့်စုံပါစေ။
24 Nov 08, 00:29
မီးလေး: Happy Birthday Megumi!!!! ညီမရေ မီးလေးနဲ့ မွေးရက်တူတယ်ကွ... လိုရာဆန္ဒပြည့်ဝပြီး ပျော်ရွှင်သော ဘဝ
24 Nov 08, 00:30
မီးလေး: ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။
24 Nov 08, 01:49
မေအိခင်: ညီမလေးမယ်ဂုရေ Happy New Year --To --You
24 Nov 08, 02:40
goldbull: happy bd.. :)

24 Nov 08, 10:03
စိုင်းနောင့်: မင်္ဂလာပါ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ

24 Nov 08, 11:33
ကျားလေး: မွေးနေ့ ပွဲလေး မလာနိုင်ခဲ့တာ ဆောတီးပါဗျာ...။ :(
24 Nov 08, 11:43

24 Nov 08, 11:50
နှင်းဇော်: ပျော်ရွှင်ပါစေ ညီမလေးရေ ... မွေးနေ့ ပွဲလေးကို ရောက်ပါတယ်နော်
24 Nov 08, 14:53
winzaw: play
24 Nov 08, 14:53
အလှတရား: ရောင်းရင်းရေ လာလည်တယ်ဝေ့ရ် ပုဇွန်ဟင်းလေးကို မျက်စပစ်သွားတယ် ဟိုနေ့ကမစားလိုက်ရလို့ အဟင့်

25 Nov 08, 13:52
စပယ်ဖြူ: မွေးနေ့မှာအရမ်းပျော်နေတာ သိသာတယ်နော်..
25 Nov 08, 13:55
စပယ်ဖြူ: ဂုဂုပျော်နေတာကိုသိပြီး စပယ်တို့လည်းဂုဂုနဲ့ထပ်တူ ပျော်ပေးပါတယ်.. နောင်နှစ်နောင်နှစ်တွေလည်း

25 Nov 08, 13:56
စပယ်ဖြူ: ဂုဂုပျော်နေတာကိုသိပြီး စပယ်တို့လည်းဂုဂုနဲ့ထပ်တူ ပျော်ပေးပါတယ်.. နောင်နှစ်နောင်နှစ်တွေလည်း
25 Nov 08, 13:56
စပယ်ဖြူ: ဂုဂုပျော်နေတာကိုသိပြီး စပယ်တို့လည်းဂုဂုနဲ့ထပ်တူ ပျော်ပေးပါတယ်.. နောင်နှစ်နောင်နှစ်တွေလည်း
25 Nov 08, 13:57
စပယ်ဖြူ: ဂုဂုပျော်နေတာကိုသိပြီး စပယ်တို့လည်းဂုဂုနဲ့ထပ်တူ ပျော်ပေးပါတယ်.. နောင်နှစ်နောင်နှစ်တွေလည်း
25 Nov 08, 14:00
စပယ်ဖြူ: ဂုဂုပျော်နေတာကိုသိပြီး စပယ်တို့လည်းဂုဂုနဲ့ထပ်တူ ပျော်ပေးပါတယ်.. နောင်နှစ်နောင်နှစ်တွေလည်း
25 Nov 08, 14:07
စပယ်ဖြူ: ပျော်စရာကောင်းတဲ့မွေးနေ့လေး ဖြစ်ပါစေနော်

megumi said...

မမမြရွက်ရဲ့ မွေးနေ့ဆုတောင်းပါ။

☆•.¸ ¸.•☆•.¸ ¸.•☆お誕生日おめでとう☆•.¸ ¸.•☆•.¸ ¸.•☆

တက်လူငယ် said...

မမယ်ဂုမိ တစ်ယောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

ခင်မင်လျက်
တက်လူငယ်...

Anonymous said...

ဟေးးးးးး မွေးနေ့က ခုမှသိတယ် နောက်ပိတ်ဆုံးဖြစ်မလားပဲ ဘေးအပေါင်းကင်းဝေပါစေ :p :p

 

Design By:
SkinCorner