Friday, September 19, 2008

ဂျပန်ကာကွယ်ရေးတပ်မတော်တေးဂီတပွဲတော်

(15.9.2008)နေ့က Shinjuku ဘူတာအရှေ့ဘက် ထွက်ပေါက်ရှေ့မှာ စစ်ဝတ်စုံနဲ့လူတွေ အများကြီးပဲ တွေ့လို့ "ဘာတွေလုပ်နေပါလဲ" လို့ သွားရောက်စပ်စုခဲ့ပါတယ်။ :z
အစကတော့ ကြောက်ကြောက်နဲ့ မသိမသာ သွားကြည့်တာ။ ကျမလိုလူတွေ အများကြီးလည်း တွေ့ရော ကြောက်တော့ဘူး။ :p လာရောက်ကြည့်ရှုတဲ့လူတွေက ပါလာတဲ့ ဖုန်းလေးတွေနဲ့ ဓာတ်ပုံရိုက်နေတာတွေ့တော့ ကျမလည်း ဖုန်းထုတ်ရတော့တာပေါ့နော်။ အဝေးကနေ Zoomဆွဲပြီး ဓာတ်ပုံရိုက်နေတုန်း ဘေးမှာ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက ရောက်လာပြီးစကားလာပြောတော့ လန့်သွားတာပေါ့။ :y {ဟိ ဟိ၊ ကျမကသာ လန့်တာ(ဘာလို့မှန်းတော့မသိ)။ အဲဒီလူကြီးက သဘောကောင်းတယ်ရှင့်။ }တကယ်တော့၊ ကျမက စစ်ဗိုလ်တယောက်ကို ဓာတ်ပုံခိုးရိုက်နေတာ(ပေါ်တင်ရိုက်လို့ရမှန်းမသိလို့)။ :p ကျမ ဓာတ်ပုံချောင်းရိုက်ဖို့ ရည်ရွယ်နေတဲ့စစ်ဗိုလ်ကလည်းလေ ဟိုလျှောက်သွား ၊ ဒီလျှောက်သွားနဲ့ ရိုက်လို့ကိုမရဘူး။ "ဘယ်လိုရိုက်ရပ"လို့ စဉ်းစားနေတုန်း အခုနက အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက ကျမဘေး ရောက်လာပြီး "ဓာတ်ပုံရိုက်ချင်လို့လား" လို့ မေးတယ်။ "ဟုတ်ကဲ့ "လို့ ပြောလိုက်တော့ ကျမ ဓာတ်ပုံရိုက်ဖို့ ချောင်းနေတဲ့ ဗိုလ်ကြီးကို လှမ်းခေါ်လိုက်ပြီး "ဒီကောင်မလေး ဓာတ်ပုံရိုက်ချင်လို့၊ အဲဒါ ~San(စန်) ၊ ဓာတ်ပုံအရိုက်ခံလိုက်ပါ"လို့ ပြောပေးပါတယ်။ ကျမစိတ်ထင် အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက စစ်ဗိုလ်ကြီးထက် ရာထူးကြီးပုံပဲ။ (ပိုင်တယ်နော်။) အဲဒီလူကြီးလည်း ပြောလိုက်ရော၊ ဟိုစစ်ဗိုလ်ကြီးက အောက်ပါပုံအတိုင်းဖြစ်သွားရတော့သည်။ :)

ပြုံးပြုံးကြီး ဓာတ်ပုံရိုက်ခံနေသော ဝတ်စုံပြည့်နဲ့ စစ်ဗိုလ်ကြီးဒီနေရာမှာ လုပ်တာလေ။ အဲဒီမှာ စစ်ဆိုင်ကယ်ရှိတယ်တွေ့လား။ အဲဒီစစ်ဆိုင်ကယ်ပေါ် တက်ပြီး ဓာတ်ပုံရိုက်လို့ရတယ်။ စစ်ဆိုင်ကယ်ပေါ်တက်ပြီး ဓာတ်ပုံရိုက်တဲ့ ပြည်သူတွေလည်း အများကြီးပဲ တွေ့ခဲ့တယ်သိလား။ တချို့က တယောက်တည်း၊ တချို့က ဘေးမှာ ရှိတဲ့ စစ်သားလေးနဲ့ တွဲပြီးပေါ့။ :p
စစ်ဗိုလ်မမ တွေလည်းရှိတယ်။ အားနာလို့ ဓာတ်ပုံရိုက်ခဲ့ဘူး။ ;)

စစ်ကားနဲ့ စစ်သမီးများ
စစ်သားလေးက စာရွက်တွေ ဝေနေလေရဲ့။
တကယ်တော့ စစ်ဗိုလ်ကြီးလည်း စာရွက်ဝေရတာပါပဲ။ မသိလို့ မေးရင် ရှင်းတောင် ရှင်းပြရသေး။

အခုနက ဓာတ်ပုံရိုက်ခံတဲ့ ဝတ်စုံပြည့်နဲ့ စစ်ဗိုလ်ကြီး၊ အခုတော့ စာရွက်တွေ ဝေနေတယ်ရှင့်။
ဒီစစ်ဗိုလ်ကြီးက ဘာကို ကြည့်နေတာလည်း မသိပါဘူး။ ;)အဲ၊ ဘာစာရွက်တွေ ဝေနေတာလဲ သိချင်လား???????????
(21.11.2008)နဲ့ (22.11.2008)မှာ ကျင်းပမယ့် ဂျပန်ကာကွယ်ရေးတပ်မတော်တေးဂီတပွဲတော်အကြောင်း Pamphlet ပါရှင်။
ပွဲတော်နေ့မှာ ပြည်သူတွေလာရောက်ကြည့်ရှုလို့ ရအောင် ကြေငြာတဲ့သဘောနဲ့ လုပ်တယ်လို့ ထင်တာပါပဲ။

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ဝေလေး said...

မမဂုဂုကတော့ စစ်ဗိုလ်ကြီးလဲမနေရဘူးး ပြုံးလို့ပါလားး.. အဟဲ.. :P

Dream said...

တီတီဂုရုဂျီး..လက်မှတ်ဝယ်ချင်လို့ပါ။
(21.11.2008)နဲ့ (22.11.2008)မှာ ကျင်းပမယ့် ဂျပန်ကာကွယ်ရေးတပ်မတော်တေးဂီတပွဲလက်မှတ်3စောင်လောက်
ချန်ထားလိုက်နော်။မက်မက်လာကြည့်မလို့။ ဟိးဟိး..

စိုင်းစိုင်းလားရှိုး said...

လက်မှတ်ချန်ထားပါဗျို့

WWKM said...

ဟာ..ဟုတ်လားညီမလေး..
မမ မသိဘူး..
တူတူသွားကြည့်ရအောင်လေ ။း)

စူး said...

ဒီမှာက တနှစ်ကို ၃ခါလုပ်တယ် ရာသီပြောင်းတဲ့အချိန်တွေပေါ့..တနှစ်မှ မကြုံခဲ့ဘူး။ အမြဲပီးကာနီးမှ ရောက်လို့ သူတို့စစ်တပ်ထဲကို အဲ့အချိန်ကျမှ ဝင်ရတာ

Anonymous said...

စစ်ဗိုလ်မမ ပုံလေးတွေ ပိုရိုက်ခဲ့ရမှာ
ဘာကြောင့်ရယ် မသိ ယောက်ကျားလေးချင်းဆို ကြည့်ကို မကြည့်ချင်တာ :P :P

megumi said...

ဒီလိုပဲလေ ဝေလေးရေ။ :p
Dreamရေ၊ "Megumi" နဲ့ "ဂုရုဂျီး "ဆိုတာကြီးကို ဘယ်လိုပဲ ဆက်စပ်ပြီး စဉ်းစား၊ စဉ်းစား စဉ်းစား :d လို့ မရလို့ "ဂုရုဂျီး "လို့တော့မခေါ်ပါနဲ့လားဟယ်။ ကျမနာမည်လှလှလေး Dream လုပ်မှ။ :c
ကိုရင်ရဲထွက်ကြီးနဲ့မမဝါရေ၊ လက်မှတ်က ဝယ်ရတာဟုတ်ဘူးရှင့်။ လျှောက်ရတာ ။ အခုInternet ထဲမှာ "ကြည့်ချင်ပါတယ်"လို့ Form ဖြည့်ပြီးလျှောက်လိုက်ပြီ။ မဲနှိုက်ပြီး ရွေးမှာ။ ရွေးလို့ ပေါက်ရင် သွားကြည့်ကြတာပေါ့နော်။ :z နှစ်ယောက်သွားလို့ရတယ်သိလား။ လိုက်ချင်သူများ စာရင်းလာပေးပါ။ ;)
မမဝါကတော့ မမမောင်နဲ့ သွားချင်တာမလား။ :p
အခုလုပ်မယ့် ပွဲတော်က 日本武道館(にっぽんぶどうかん、Nippon Budōkan)မှာပါ။ စစ်တပ်ထဲမှာ ဟုတ်ပါဘူး မမမြတ်နိုးရေ။ ;)
ကိုမိုးသောက်ရေ၊ Blog လောက က အကိုတွေအကြောင်းသိလို့ တမင် မရိုက်လာတာ။ ဂျပန်မ စစ်ဗိုလ်မမလေး ထိုင်ငိုမှာစိုးလို့။ :)
အခုနကတောင် ကိုဉာဏ်ကြီးက "Megumi တော်တော်ဆိုးနေတယ်နော်"လို့ လာပြောသွားတယ်သိလား။ (မမစစ်ဗိုလ်တွေပုံ မရိုက်လာလို့တဲ့။) :p

မင်းကျန်စစ်။ said...

ဗိုလ်ကြီးကိုကျ ချောင်းရိုက်လိုက် ပေါ်တင်ရိုက်လိုက်နဲ့ ဗိုလ်မလေးတွေကျ ရှိရက်နဲ့ ရိုက်မလာဘူး။
စာကိုမစာနာဘူးနော်....
ကြည့်ချင်တဲ့သူတွေ ဘယ့်နှယ့်လုပ်ရပ။ :P

megumi said...

ချောင်းရိုက်ရတာက အဖမ်းခံရမှာစိုးလို့လေ၊ စစ်ဗိုလ်ကြီးဆိုတော့ မီးမီးကြောက်ကြောက်။ :y ပေါ်တင်ရိုက်တာက သူတို့က ရိုက်ခွင့်ပြုလို့လေ။ စစ်ဗိုလ်မမတွေက သီးသန့် ဓာတ်ပုံအရိုက်မခံဘူးရှင့်။ :p ခိုးရိုက်လို့တော့ ရပေမယ့် မိန်းကလေးချင်းကိုယ်ချင်းစာလို့ရယ်၊ ကြောက်လို့ရယ် မရိုက်ဖြစ်တာပါ။ ;)
ခွင့်လွှတ်ပါ ကိုမင်းကျန်စစ်ကြီးရယ်။ :p
အဓိက ရည်ရွယ်ချက်က ဂျပန်စစ်ဗိုလ်တွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ စစ်သား၊စစ်သမီး ၊ စစ်ကား၊ စစ်ဆိုင်ကယ် တွေကို မြင်ဖူးစေချင်တာပါ။ ဘေးတစောင်း စစ်ဗိုလ်မမပုံလေးလည်း ပါပါတယ်နော်။ (သေချာကြည့်မယ်ဆိုရင်။ ) ;)

Unknown said...

ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ဗိုလ်ကြီးနဲ့ မိတ်ဆက်ခဲ့သေးလားဟင်..လန်းတယ်နော် ဓာတ်ပုံတွေက..:D

 

Design By:
SkinCorner