Wednesday, September 24, 2008

ဂျပန်ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ မွေးနေ့ပွဲ

(23.9.2008)
အရင်တုန်းက ကျေးဇူးရှိခဲ့ဖူးသော ဂျပန်ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ မွေးနေ့ပွဲကို သွားခဲ့ပါတယ်။ အဲဒီ ဂျပန်ပုဂ္ဂိုလ်ကြီး က မြန်မာတော်တော်များများအပေါ် ကျေးဇူးရှိခဲ့ဖူးတော့ မြန်မာတွေ အများကြီးပဲ လာခဲ့ကြပါတယ်။ ကျမရဲ့ စီနီယာ၊ ဂျုနီယာတွေ အများကြီးပဲ။ အရမ်းပျော်ဖို့ ကောင်းတယ်သိလား။ (မြန်မာတွေနဲ့ အပြင်မှာ မတွေ့ရတာ တော်တော်ကြာပြီလေ။ ကျောင်းကလည်း ဒီလကုန်မှ ဖွင့်မှာဆိုတော့။ )အခုမှ စသိတဲ့လူတွေလည်း အများကြီးပါပေမယ့် အကုန်လုံးက ဖော်ဖော်ရွေရွေပါပဲ။ တရင်းတနှီး နှုတ်ဆက်ကြ၊ စကြ၊ နောက်ကြနဲ့ တကယ့်ကို ငယ်ပေါင်းကြီးဖော်တွေ ကြနေတာပဲ။ (ဘယ်လောက်တောင် မြန်မာတွေနဲ့ တွေ့ချင်နေကြမှန်း မသိလောက်အောင်ပါပဲ။ :p ) ဂျပန်ပုဂ္ဂိုလ်ကြီးရဲ့ မွေးနေ့လို့သာ ပြောတယ်၊ ကျမတို့မြန်မာတွေ မိတ်ဆုံစားပွဲလုပ်တာကြနေတာပဲသိလား။

ဧည့်ခံရေးကလည်း ကျမတို့၊ ဧည့်သည်ကလည်း ကျမတို့ပါပဲ။ ဂျပန်ပုဂ္ဂိုလ်ကြီးရဲ့ မိတ်ဆွေ တခြားဂျပန်ပုဂ္ဂိုလ်ကြီး တွေ တက်ရောက်လို့ ဧည့်ကြိုတွေ ဘာတွေလုပ်ရပေမယ့် ကျန်တာက အားလုံး မြန်မာတွေကြီးပဲဆိုတော့ သူ့တာဝန်၊ ငါ့တာဝန် ခွဲမနေတော့ပဲ ကျရာတာဝန် လုပ်ဆောင်လိုက်ကြတာ အခမ်းအနားလေး တစ်ခုဖြစ်ဖို့ (1)နာရီလောက်ပဲကြာလိုက်ပါတယ်။ အားလုံးက အင်တိုက်အားတိုက်နဲ့ လုပ်လိုက်တော့ ရိုးရှင်းပေမယ့် လှတပတ ဧည့်ခံပွဲလည်း ရုပ်လုံးပေါ်လာရတာပေါ့။

ဆုတောင်းပန်းစည်းလှလှလေးလေး ပါတယ်။ (အရင်နှစ်ကတော့ မြန်မာ့စောင်းနဲ့ ဖျော်ဖြေပါတယ်။)
ဒီနှစ်တော့ စန္ဒရားသံ ငြိမ့်ငြိမ့်လေးနဲ့ပေါ့။ ဘာတွေ ဧည့်ခံလည်းဆိုတော့ ဒန်ပေါက်ရှင့်။ ဒန်ပေါက်အထဲမှာ ပါတဲ့ ကြက်သားလေးက နူးညံ့ပြီး အိနေတာပဲ။ ပြီးတော့ ငါးပိကြော်၊ အစိမ်းကြော်၊ ကြက်သားကြော်၊ အချဉ်သုတ်ပေါ့။ အချိုတည်းဖို့ကတော့ ကျောက်ကျော၊ ဆနွင်းမကင်း၊ ထောပတ်သီးယိုညှပ်ထားတဲ့ ခရက်ကာ၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ အအေးနဲ့ အရက်သောက်ချင်သူများအတွက် ထုံးစံအတိုင်း ဂျပန်အရက်ပေါ့ရှင်။

မစားရတာကြာတဲ့ မြန်မာဟင်းလျာတွေကို အပီအပြင် ကို ဝါးခဲ့ရတဲ့ နေ့လေး တနေ့ပေါ့။ :p

အရင်နှစ်တွေကတော့ မြန်မာသံရုံးကို ဖိတ်ကြားလို့ သံအမတ်ကြီးနဲ့ နောက်ပါနှစ်ဦးလောက် တက်ရောက်လေ့ရှိပေမယ့် ဒီနှစ်ကတော့ ဘာလို့လည်းမသိ၊ ကျမတို့နဲ့ ဂျပန်ပုဂ္ဂိုလ်ကြီး တို့လူလေး အနည်းအကျဉ်းနဲ့ပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်က တော်တော်ကို ပကာသန ကင်းစင်တဲ့ပွဲလေးပါ။ စားသောက်ပြီး ဂျပန်ပုဂ္ဂိုလ်ကြီး က မွေးနေ့ကိတ်ကို လှီး၊ ကျမတို့က မွေးနေ့ကိတ်ကို တစ်ယောက်နည်းနည်း ခွဲစားခဲ့ရသေးတယ်။ (အီလိုက်တာ၊ ဒန်ပေါက်စားပြီး မွေးနေ့ကိတ်ကြီးဆိုတော့ ;) )

အားလုံးစားသောက်ပြီးတော့ သိမ်းဆည်းပွဲကြီးလုပ်ရတော့တာပေါ့နော်။ ဟိ ဟိ၊ ဒန်ပေါက်တွေက အများကြီးပဲ ကျန်နေတယ်သိလား။ အဲဒါနဲ့ တစ်ယောက် တစ်ထုပ်နှုန်း ပါဆယ်ပါ ရခဲ့တာပေါ့။ (နောက်နေ့အတွက် ရိက္ခာလေ။ ) :)

သိမ်းဆည်းပွဲကြီးပြီးတော့ အပေါ်ထပ်ကို သွားပြီး ဂျပန်ပုဂ္ဂိုလ်ကြီး ကို ကန်တော့ပွဲလုပ်ပါတယ်။ (ဪ ......ပြောဖို့ မေ့နေတယ်။ :p )ဂျပန်ပုဂ္ဂိုလ်ကြီး က ပုဆိုးနဲ့ တိုက်ပုံကို ဝတ်ထားတာသိလား။ တကယ့် မြန်မာအဘိုးကြီးကြနေတာပဲ။ မြန်မာ့ရိုးရာဝတ်စုံနဲ့ ခန့်ခန့်ကြီး။ ;)

ကန်တော့ပွဲက နည်းနည်းတော့ ရယ်စရာဖြစ်ခဲ့တယ်ရှင့်။ ဂျပန်ပုဂ္ဂိုလ်ကြီးက မြန်မာလိုမှ နားမလည်တာ၊ ဒီတော့ ကျမတို့မှာ ကန်တော့နည်းကို ဂျပန်ဘာသာနဲ့ ဘာသာပြန်ပြီး ရှိခိုးခဲ့ရတယ်။ ရိုရိုသေသေကို လက်အုပ်ချီပြီး ကျုံ့ကျုံ့ထိုင် ရှိခိုးခဲ့ကြတာပါ။ သီတင်းကျွတ်မှာ မြန်မာပြည်မပြန်နိုင်သေးပေမယ့် ဂျပန်မှာ အခုလို လူကြီးသူမကို ရှိခိုးခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ ဂျပန်ပုဂ္ဂိုလ်ကြီးကလည်း မြန်မာစကားသာ နားမလည်တာ မြန်မာတွေနဲ့ နေတာကြတော့ မြန်မာအကြောင်း ကောင်းကောင်းသိနေပါပြီ။ ကျမတို့ ရှိခိုးလည်းပြီးရော ၊ ဆုတွေပေးပါတော့တယ်။ အများကြီးပဲ။ ဆုံးမစကားတွေလည်း ပြောကြားခဲ့ပါသေးတယ်။

ကြုံတုန်း ကြွားလိုက်အုန်းမယ်နော်။ ကျမကလည်း မြန်မာရိုးရာဝတ်စုံ လှတပတလေးနဲ့ရှင့်။ ;)

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Unknown said...

အင်း ကျွန်တော်လည်း အဖိုးကြီးဖြစ်နေပြီ...သီတင်းကျွတ်ရောက်မှပဲဖြစ်တာ..ကြော်ငြာ
တာ :D

Unknown said...

ဘာလူမျိုးကြီးပဲ ဖြစ်နေပါစေ..။ ကိုယ့်ထက် အသက်အရွယ် ကြီးမြင့်တဲ့ သူတစ်ယောက်ကို ဂါရ၀ထားကြတာ ကြည်နူးဖို့ ကောင်းပြီး မင်္ဂလာတရားနဲ့ ပြည့်စုံပါတယ်ဗျာ..။ :)

Welcome said...

ဂျပန်မလေး
ကောင်းမှုကုသိုလ်အစုစုအတွက်က သာဓုခေါ်ပါတယ်။
ကိုယ့်ကိုယ်ကို လှတပတ လို့တော့ ပြောပေမယ့် မမြင်လိုက်ရ တော့ မသိနိုင်ပါဘူး။ ဒါပေမယ့် ပြောတဲ့အတိုင်း ဖြစ်မှာပါ။
ဝင်းဇော်

ဝေလေး said...

မမဂုဂု.... စားစရာတွေပုံမရိုက်လာဘူးလား ဟီးး ငတ်တာ :P ဒံပေါက်တောင်စားချင်လာပြီ.....
ကောင်းတယ်မမရယ်.. ပျော်စရာကြီးနေမှာနော်...

တားမြစ် ထားသော... said...

မြင်ယောင်ကြည့်တယ်။ မြန်မာဝတ်စုံ လှတပတလေးနဲ့ ဒန်ပေါက်တွေ အားရပါးရ တီးနေပုံလေးကို။
းဝ)

သုခမိန်(E-journal)

 

Design By:
SkinCorner