Tuesday, September 23, 2008

ကျမ အေးအေးဆေးဆေးနေပါရစေ။


ကျမမှာ Postလေးတခုကို ကိုယ့်အယူအဆနဲ့ကိုယ်ကြိုက်လို့ ရေးမိပါတယ်။ "နင် ပြောချင်တာပြောတယ်၊ နင် ရေးချင်တာရေးတာ" လို့ ပြောခံရမှာစိုးလို့ ကိုယ်သိသလောက်၊ တတ်သလောက်၊ လက်လှမ်းမှီသလောက် အချက်အလက်၊ အထောက်အထားတွေနဲ့ ရေးခဲ့ပါတယ်။
ကျမမှာ ကိုယ်ပိုင်ယူဆချက် မရှိရတော့ဘူးလားရှင်။
ကိုယ့် Blog မှာ ကိုယ်ရေးချင်တဲ့Postကို အချက်အလက်၊ အထောက်အထားတွေနဲ့ ရေးခွင့်တောင် မရှိတော့ဘူးလား။
"မကူညီချင်နေကြပါ။ မနှောင့်ယှက်ပါနဲ့လားရှင်။"
"ကျမ အေးအေးဆေးဆေးနေပါရစေ။"
(ကိုယ်မကြိုက်တာ Comment လာရေးရင် ပြန်မငြင်းပဲ ဖျက်ပစ်ကြတာတွေကို တွေ့ဖူးပေမယ့် ကျမဆီလာရေးတဲ့ Comment တွေကို ကောင်းသည်ပဲ ဖြစ်စေ၊ ဆိုးသည်ပဲ ဖြစ်စေ မဖြတ်ခဲ့ပဲ ပြန်လည် ဖြေရှင်းခဲ့တာဟာ Comment ရေးတဲ့လူအပေါ် လေးစားခဲ့လို့ပါ။
Post ကို မဖတ်ဘဲ ကိုယ့်ထင်တာ ကိုယ်ပြောချင်တာ ပြောဖို့မဟုတ်ခဲ့ပါ။)
လွတ်လပ်စွာရေးသားတာကို ..လွတ်လပ်စွာ ဝေဖန်လို့ ရပေမယ့် လွတ်လပ်စွာ တိုက်ခိုက်တာကတော့?????????
အခုကစပြီး စီနီယာထုံး နှလုံးမူပါတော့မည်။

ဒီလို ပြောလို့ မခေါ်ကြတော့ဘူးဆိုလည်း ကျမ မတတ်နိုင်ပါဘူး။
ကျမရဲ့ Blogမှာ ရေးချင်တာရေးခွင့်လေးတော့ ကျမကို ပေးကြပါ။
ကျမကို ချစ်တဲ့ မောင်နှမတွေကို ကျမချစ်ပေမယ့် ဒီတိုင်းဆို........................................ :c :c :c

4 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ကိုယ့်ယုံကြည်ချက်အတိုင်း ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေလို့ ပြောချင်ပါတယ်။
ဝင်းဇော်

တားမြစ် ထားသော... said...

ဖြစ်တတ်တယ်။ ဘလော့ဂ်လောကမှာ သိပ်ပြီးလည်း စိတ်ထဲထားမနေပါနဲ့လားဗျ။ ပျော်ပျော်နေသေခဲ၊ မော်တော်နေရေထဲဆိုပေမဲ့ Mr.Bond ဆို မော်တော်ကို ကုန်းပေါ်ထိမောင်းတာပဲ။

အပြတ်တော့ မဖြတ်ပါနဲ့။ စာပေနဲ့နေတာဟာ အေးချမ်းသတဲ့။ ကိုယ်ရေးကိုယ်တာတွေကို နောက်နားထားသင့်ရင်လည်း ထားရမှာပေါ့ဗျာ။ ဘလော့ဂ်လေးတော့ ဆက်ရေးပါအုံး။
ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

ကိုဥာဏ်(စက်မှု) said...

ညီငယ် ကိုရင်ညိမ်း၏ လက်ကိုင်ဆောင်ပုဒ်ကို မီဂူမီ သုံးသင့်ပြီထင်သည်။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည် ဟူလို။ မောင်နှမသဖွယ် သဘောထားလျှက် အကြံပေးရလျှင် ဝေဖန်မှုကို ကြံ့ကြံ့ခံ စေလိုသည်။ ဝေဖန်မှု ဆိုသည်မှာ ဘောင်ခတ်ထားခြင်း မဟုတ်လေရကား “ အားလုံးကောင်းပါသည် မီဂူမီ ” ဟူသော ဝေဖန်မှုမျိုးကို သာ မသာယာမိဖို့လိုသည် ထင်သည်။ အာရှ၏ နံပါတ်တစ်နိုင်ငံတွင် နေထိုင်သူ မီဂူမီအနေဖြင့် ဆိုရှယ်လစ် ခေတ်က အတွေးအခေါ်ဟောင်းများ စွန့်လိုလှသည်။ သင့်အား နည်းမျိုးစုံဖြင့် ဝေဖန်တိုက်ခိုက်ကြခြင်းသည် သင့်အား မည်မျှ တန်ဖိုးထား လေးစားကြကြောင်း ပြသခြင်းသာ ဖြစ်သည်ဟု ဆိုချင်သည်။

Anonymous said...

အစ်မရေ ဘာတွေ ဖြစ်မှန်းတောင် မသိလိုက်ပါဘူး ..
ဘာပဲဖြစ်ဖြစ် မောင်ဘချစ် အဲ့လေ စိတ်မညစ်ပါနဲ့ဗျာ ..
ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နေကြတာ လူ့ဘ၀ပဲလေ ..
အဲ့ဒီတော့ ဂွတ်တယ်ထင်ရင် ဒူးသာဒူး ဘာမှ တွေးမနေနဲ့ ..
နေ့ရက်တိုင်းဟာ 親切な 昼間 ဖြစ်ပါစေဗျာ :P ( ကူးချထားတာ မှန်ရဲ့လားတောင် မသိဘူး :D )

 

Design By:
SkinCorner