Friday, September 26, 2008

သူတို့ နှစ်ယောက်

မနေ့တနေ့ကလိုပါပဲ။ အချိန်တွေက ကုန်မြန်လိုက်တာ။ ခဏလေးမှ တကယ့်ကို ခဏလေးလို့ပဲ မှတ်ယူနေကြတုန်းပဲ။ တကယ်တမ်းကြတော့၊ နှစ်နှစ်တောင် ပြည့်တော့မယ်။ သူတို့ နှစ်ယောက် တွေ့ခဲ့ ကြတာလေ။ စတွေ့ကြတုန်းက အဲလောက်ကြီး သံယောဇဉ်ဖြစ်သွားကြလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ နှစ်ယောက်စလုံးက မာနကလည်း ခပ်ကြီးကြီး၊ ဘဝင်ကလည်း ခပ်မြင့်မြင့်ဆိုတော့လေ။ ဒီ့အပြင်၊ စကားနှစ်ခွန်းမပြည့်ခင် ရန်ဖြစ်တတ်ကြလွန်းလို့။ "မတည့် အတူနေ"ဆိုတာ သူတို့အတွက် ထွက်ပေါ်လာခဲ့တဲ့ စကားပုံလားလို့ ပြောလို့ ရလောက်အောင် မတွေ့လိုက်နဲ့ ၊တွေ့လိုက်တာနဲ့ တစက်မှ မတည့်။ အဲ၊ "မတည့်ရင် ခွဲနေကြပေါ့ "လို့ ဘေးလူတွေက ပြောကြပြန်တော့လည်း ခွဲမနေနိုင်။ ဒီတော့၊ လာပြောတဲ့လူတွေရဲ့စကားကို မသိချင်ယောင်ဆောင် ၊ နှစ်ယောက်သား လျစ်လျုရှုလို့ပေါ့။

တခါတလေ ရယ်လည်းရယ်ရပ။ "ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့" ။ :p တယောက်က စိတ်ဆိုးရင် ချက်ချင်းပဲ ပြောတယ်။ "နင်နဲ့ငါပြတ်ပြီ။ ငါ့ကို ဘယ်တော့မှ လာမခေါ်နဲ့"လို့ ။ (စကားကြီး၊ စကားကျယ်တွေ သုံးပြီးတော့လေ။) ;)ပြောပြီးလို့ မတွေ့ကြတော့တာ နှစ်နာရီမကြာသေးဘူး၊ အဲဒီပြောတဲ့လူကပဲ မသိမသာနဲ့ သွားပြန်ခေါ်လေ့ရှိပါတယ်။ အဲလို ပြန်လာခေါ်ရင် အပြောခံရတဲ့လူကလည်း အခုနက ဖြစ်ခဲ့တဲ့ ပြဿနာကို မသိချင်ဟန်ဆောင်ပြီး နေပေးလိုက်တော့ ပြန်အဆင်ပြေသွားကြပြန်ရော။ :L ဘေးက ပြန်ဖြေပေးတဲ့လူသာရှိရင် သူတို့ နှစ်ယောက်ကို မြင်တိုင်း ဒီစကားပုံကို သတိရမှာ သေချာပါတယ်။ ("ကြားသုံးကြား မဝင်ကောင်း "ဆိုတဲ့ စကားပုံကိုလေ။ ) :)

တစ်ယောက်က ကြိုက်နှစ်သက်တဲ့ကိစ္စကို တခြားတစ်ယောက်က ဘယ်တော့မှ ကြိုက်လေ့မရှိ။ "အကြိုက်ချင်းတူမှ ချစ်သူဖြစ်ကြကြေး" ဆို သူတို့ နှစ်ယောက် ဘယ်တော့မှ ချစ်သူဖြစ်ကြမယ်မထင်။ အကြိုက်ချင်းမတူကြပေမယ့်၊ တစ်ယောက်မကြိုက်တဲ့ ကိစ္စကို နောက်တစ်ယောက်က အတင်းအကြပ် ပိတ်ပင်တာမျိုးလည်း မရှိ။ ကိုယ်မကြိုက်လို့ သူ့ကို ပါးစပ်ကသာ အပြစ်ပြောချင်ပြောနေတတ်ပေမယ့် စိတ်ထဲမှာတော့ သူ့ကို အားပေးနေတတ် ၊ သူပျော်သလို လိုက်ပျော်နေတတ်ကြပြန်ရော။ ဘယ်လို နားလည်ရမှန်းမသိတဲ့ နှစ်ယောက်ပါ။ :d

အကြိုက်ချင်းသာ မတူတယ်။ စိတ်ချင်းကြတော့ ဆက်နွယ်နေတတ်ပြန်တယ်။ စကားတစ်ခွန်းကို နှစ်ယောက်တူတူ တပြိုင်တည်းပြောမိတာမျိုး၊ တစ်ယောက်က နေမကောင်းရင် တခြားတစ်ယောက်ကလည်း နေမကောင်းဖြစ်နေတတ်တာမျိုး၊ တစ်ယောက်က ကိစ္စတစ်ခုကို လုပ်ဖို့ ကြံရွယ်ထားတယ်လို့ ပြောမလို့လုပ်ခါရှိသေး ကျန်တစ်ယောက်က အရင်ပြောလိုက်တာမျိုးတွေပေါ့။

သူတို့ နှစ်ယောက်က ချစ်သူပုံစံထက် သူငယ်ချင်းပုံစံနေကြတာ များပါတယ်။ ကိုတွေ၊ မောင်တွေ၊ အသဲတွေ၊ အသက်တွေလို့ ခေါ်မယ့်အစား နင်၊ ငါလို့ ပြောတတ်ကြလေ့ရှိပြန်ရော။ နာမ်စားအနေနဲ့ အဲဒီလို အနုအရွတွေ တစ်ဖက်လူကို ခေါ်ခဲ့ရင်တောင် ကိုယ့်ကိုကိုယ် နာမ်စားသုံးတာကြတော့ "ငါ" တဲ့။ ကြည့်ပါအုန်း၊ ဘယ်လောက်ကဗျာမဆန်တဲ့ စုံတွဲလဲလို့ ။ ;)

သူတို့ နှစ်ယောက်ရဲ့ ကောင်းကွက်လေးတစ်ခုက တစ်ယောက်က ပြောစရာမလိုပဲနဲ့ ကျန်တစ်ယောက်က လိုက်ဖြည့်ဆည်းပေးတတ်ကြခြင်းပါ။ သာတယ်၊ နာတယ်လည်း တွက်လေ့မရှိကြပါဘူး။ တစ်ယောက်က ဒုက္ခရောက်နေရင် ကျန်တစ်ယောက်က ကူညီလိုက်ပြန်ရော။ "ငါကတော့ မိန်းကလေး မလို့၊" "ငါကတော့ ယောင်္ကျားလေး မလို့" {ဒီကိစ္စဆို မလုပ်နိုင်ဘူး၊}{ ဟိုကိစ္စဆို မစဉ်းစားဘူး} ဆိုတဲ့ ယောင်္ကျား၊ မိန်းမခွဲခြားထားတဲ့ အယူအဆတွေလည်း သူတို့မှာ မတွေ့ရပြန်ပါဘူး။

ဘယ်လိုပဲ ရန်ဖြစ်နေ ၊ရန်ဖြစ်နေကြပါ။ သူတို့ နှစ်ယောက် မခွဲနိုင်ဘူး၊ အရမ်းချစ်ကြတယ် :L ဆိုတာတော့ သူတို့ထက် ဘေးလူတွေက ပိုသိပါတယ်။

သူတို့ နှစ်ယောက် နီးစပ်ဖို့ထက် ဝေးသွားနိုင်တဲ့ အကြောင်းအရာတွေ အများကြီး တွေ့နေရပေမယ့် ဖြစ်နိုင်ရင် သူတို့ နှစ်ယောက် ကို ပေါင်းစည်းစေချင်ပါတယ်။ :y

ဘယ်လို အခက်အခဲတွေပဲ ရှိပါစေ၊ ပြေလည်စွာ ဖြေရှင်းနိုင်စေချင်ပါတယ်။ :y

သူတို့ နှစ်ယောက် ဆုံဆည်းနိုင်ပါစေ။ :y

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

တစ်ကယ်တော့ သူတို့နှစ်ယောက်ဟာ ချစ်ကြလွန်းအားကြီးလို့
မတည့်ချင် ယောင်ဆောင်နေကြတာပါ
မယုံရင် ခွဲထားကြည့်ပါလား တစ်ရက်တာ ဝေးရတာကို
ရက်ခုနှစ်ရာ ဆွေးမပြေ တာထက် ဆိုးလိမ့်မယ်။
သူတို့နှစ်ယောက် ပေါင်းကြရပါစေနော်
ဆုတောင်းပေးပါတယ်။

ဝေလေး said...

သူတို့နှစ်ယောက် ဘယ်တော့မှမခွဲဘဲ နားလည်မှုအပြည့်နဲ့ ဆုံဆည်းနိုင်ကြပါစေနော်......
ဒါနဲ သူတို့ကဘယ်သူတွေလည်းဟင်... ဟီးး စပ်စုတာ.. :P

Anonymous said...

ကြွေဆင်း ခွေခေါက်သွားစဖွယ် ဇာတ်လမ်းလေး ဖြစ်ပါ၏ မယ်ဂုမိ။ လင်မယားဖြစ်လာရင်လည်း တကျက်ကျက်နဲ့ ပျော်စရာကြီး ဖြစ်လာမည်ဟု မျှော်လင့်ရပါ၏။ ပေါင်းကြရပါစေဟု ( ငါးသလောက်မဟုတ် ) ဆုတောင်းပေးပါ၏ ဂျပန်မလေး မယ်ဂုမိ ……

thihanyein said...

သူတို့လေးတွေ ပေါင်းစည်းနိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ်ညီမလေးရေ

အောင်မျိုးဟန် said...

မတည့်အတူနေ ဆိုတဲ့ အတိုင်းပေါ့။ အသက်လုံးမတည့်အတူနေနိုင်ကြပါစေဗျာ။

flowerworld said...

မတည့်အတူနေတွေပေါ့..........
သူတို့တွေကဒီလိုပဲ ခွဲထားတော့လဲမနေနိုင်ဘူး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့ အမြ့တမ်းချစ်နေမယ်ဆိုတော့လဲငြီးငွေ့စရားကြီးပါ အမြ့တမ်းရန်ဖြစ်ပြီး တစ်သက်လုံးအတူတူနေနိုင်ကြပါစေရှင်

မြရွက်ဝေ said...

သူတို့က ဘယ်သူတွေလဲ သိဘူး။ ဒီကလေး အခုတလော အဂျစ်အကြောင်းတွေ ရေးလာတယ်။ မရိုးတော့ဘူးထင်တယ်။ ;) ကြိုပြောနော။ လက်ဖွဲ့လေး ဘာလေး ကြိုရှာရအောင်လို့။

ဒါနဲ့ ကြားသုံးကြားက ဘာလဲသိဘူး?

Dream said...

ဟင့်..ဟင့်... ပထမဆုံးလာပြီးကွန်မန့်ပေးတာပဲ။
ကွန်နက်ရှင်နဲ့ကွန်ပြူတာနဲ့ကတော်တော်ကိုနုံချာနေလို့
ဲ့အခုတော့ပထမဆုံးကွန့်မန့်ကနေ
၈ယောက်မြောက်ရောက်မှရေးလို့ရသွားတယ်။

Dream said...

သူတို့ နှစ်ယောက် အမြန်ဆုံး ဆုံဆည်းနိုင်ပါစေ။
လို့ဆန္ဒမွန်နဲ့ ဆုတောင်းပေးပါတယ်။

Anonymous said...

ထပ်ေ၇ာက်လာခဲ့ပြီ တော်တော်လေးကို ရေးထားတယ်...ရင်းနှီးတဲ့သူထဲက ဖြစ်မယ်...အခုသူတို့ နားလည်မှုလွဲနေလို့လား....
သူတို့ နှစ်ယောက် အမြန်ဆုံး ဆုံဆည်းနိုင်ပါစေ
လို့ဆန္ဒမွန်နဲ့ ဆုတောင်းပေးပါတယ်။......
-------------------------------------------
Report*
cbox ကရေးလို့မရဘူး...း(

Anonymous said...

ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ တစ်လျှောက်လုံး
မတဲ့ အတူနေနိုင်ပါစေလို့ :P

ညမီးအိမ် said...

ဖတ်လို့အရမ်းကောင်းတယ်ဗျ။ ဖတ်ရင်းနဲ့ကြည်နှုးမူ့ကိုခံစားရပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာရေးထားတာလေးက သူတို့၂ယောက်က ဝေးရဖို့များတယ်လား။ ကိုယ်ချစ်ရတဲ့သူနဲ့ဝေးရတဲ့ဒဏ်ကိုကျွန်တော်ကောင်းကောင်းခံစာဖူးတယ်ဗျာ။ တကယ်ချစ်ကြတဲ့သူတွေကိုမဝေးစေချင်ဘူး။ ချစ်ရတဲ့ချစ်သူ၂ယောက် ပေါင်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။

 

Design By:
SkinCorner