Sunday, September 21, 2008

ဘယ်လိုအချစ်မျိုးကို ပြောချင်တာပါလိမ့်။

ယုယုယယ ချစ်တယ်။ :L

မြတ်မြတ်နိုးနိုး ချစ်တယ်။ :L

ကြင်ကြင်နာနာ ချစ်တယ်။ :L

ထွေးထွေးပွေ့ပွေ့ ချစ်တယ်။ :L

ကြည်ကြည်နူးနူး ချစ်တယ်။ :L

စွဲစွဲလန်းလန်း ချစ်တယ်။ :L

လောကကြီးမှာ အချစ်ကို အမျိုးမျိုးတင်စားပြီး ချစ်နေကြပါတယ်။ "ယုယုယယမြတ်မြတ်နိုးနိုး ကြင်ကြင်နာနာထွေးထွေးပွေ့ပွေ့ ကြည်ကြည်နူးနူး စွဲစွဲလန်းလန်း "ဆိုတဲ့ အချစ်ကို တင်စားတဲ့ စကားလုံးတွေ ကို နားလည်ပေမယ့် အောက်က စာလုံး နှစ်လုံးရဲ့ အဓိပ္ပာယ်ကိုတော့ နားမလည်ပါဘူး။ :d
ကြည့်ကြည့်ပါနော်။ ;)

ဖြူဖြူစင်စင် ချစ်တယ်။
:L

သန့်သန့်ရှင်းရှင်း ချစ်တယ်။ :L

အဲဒီ ဖြူဖြူစင်စင် နဲ့ သန့်သန့်ရှင်းရှင်း ဘာကို ပြောချင်တာပါလိမ့်။????? :d

ဘယ်လိုအချစ်မျိုးကို ပြောချင်တာပါလိမ့်။ :d

(1500)အချစ်လား????? :d

(528)အချစ်လား????? :d

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဖြူစင်စင် သန့်သန့်ရှင်းရှင်း ချစ်တယ်ဆိုတာ
1500 မှာပဲဖြစ်ဖြစ် 528 မှာပဲဖြစ်ဖြစ်
သူ့စည်း သူ့ဘောင်နဲ့ ချစ်ကြဖို့ကိုသာ ရွည်ရွယ်ပါသည်

မိုးပြေး said...

ကျွန်တော်ကတော့ ၁၅၀၀ တွေ ၅၂၈ တွေကို
ချစ်နေကြတဲ့ သူနှစ်ဦးစြေ်တဲ့ ကာယကံရှင်နှစ်ဦး
ကသာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်မယ်လို့ ထင်ပါတယ်။

စူး said...

သေချာတာကတော အမ နာမည်ကို ယူထားတာပဲ..။
ဖြူဖြူစင်စင်နဲ့သန့်သန့်ရှင်းရှင်းဆိုတာ အချစ်ကို မညာပဲ တကယ့်ကိုမင်းမှ မင်းပဲချစ်တာ လို့ပြောတာထင်တယ်။ ပီးတော့ လက်မထပ်ခင်အချိန်ထိ ဖြူစင်စွာ တန်ဖိုးထားတယ်လို့ထင်တာပဲ..။

Unknown said...

ကျနော်ကတော့... ၅၂၈ တွေ ၁၅၀၀ တွေ၊ ၂၀၂၈ တွေ ဆိုတာထက်၊
မေတ္တာတရားကို ရှေ့ရှုပြီးချစ်တာ ကောင်းမယ်ထင်တယ်။ မေတ္တာဆိုတာ ကိုယ့်အတွက်ရယူလိုချင်း မရှိပါဘူး။ ကိုယ်က ပေးဆပ်ဖို့ သက်သက်ပါ။ ရယူလိုတယ်ဆိုရင် မေတ္တာမစစ်တော့ဘူး။ အချစ်တခုရှိရင် ဆင်းရဲ တစ်ခု ရှိတယ်၊ အချစ်မရှိရင် ဆင်းရဲ မရှိပါဘူး။ ချစ်နေချိန်မှာတော့ ချမ်းသာတယ်ထင်ရပေမဲ့ တကယ်တော့ အဲဒါ ချမ်းသာ အစစ်လည်း မဟုတ်ပါဘူး။

ဝေလေး said...

ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဆိုတာ က မေတ္တာကိုပြောတာလားမသိ.. လူရွှင်တော်ဟုတ်ဘူးနော်... မေတ္တာစစ်ဆိုတာရှိတယ်.. ဘာကိုမှမမျှော်လင့်ဘဲနဲ့ သူ့အတွက်ပဲစဉ်းစားပေးတဲ့ အချစ်မျိုး......
အဟဲ.. အဲလိုထင်တာပဲ..... ဝင်ဖောတာမမ... ဘာရယ်ဟုတ်ဘူး.... :P :D :)

အညာသား said...

ဖြူဖြူစင်စင် ဆိုတာ
မည်းမည်းညစ်ညစ် မဟုတ်တာပေါ့ :P
(တော်လိုက်တဲ့ငါ)

Anonymous said...

ဖြူဖြူစင်စင် ဆိုရင်တော့ ဖူဂျီ ဆောင်ထားပေါ့ ...
သန့်ရှင်းချင်ရင်တော့ ရေချိုး အရမ်းမဆော့နဲ့ ဟီး :P
( နောက်တာနော် စိတ်မဆိုးကြေး :P )

Welcome said...

ဂျပန်မလေး
ကျွန်တော့်အထင် ကောင်လေးရဲ့ရင်ထဲမှာ သူကြိုက်နေတဲ့ ကောင်မလေးကို တစ်ကယ့်ကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ချစ်နေတာ အပြင် တစ်ကယ့်ကိုလည်း ဖြူစင်တယ်လို့ ထင်ပါတယ်။ အခြေအနေတစ်ရပ်ကြောင့်သာ မျိုသိပ်ထားတဲ့ပုံနဲ့ ပွင့်ထွက် မသွားတာလို့ ထင်ပါတယ်။
ဝင်းဇော်

Unknown said...

ယုယုယယ၊မြတ်မြတ်နိုးနိုး၊ကြင်ကြင်နာနာ၊ထွေးထွေးပွေ့ပွေ့၊ကြည်ကြည်နူးနူး၊စွဲစွဲလန်းလန်း ဆိုတာ အချစ်ကို တင်စားတာဆိုရင် ဖြူဖြူစင်စင် နဲ့ သန့်သန့်ရှင်းရှင်း ကတော့ အချစ်ကို အထူးပြုတာ ဖြစ်မှာ။ကျွန်တော် အမှတ်မမှားဘူးဆိုရင် တာရာမင်းဝေ က ရှင်းရှင်းသန့်သန့် ဆိုတဲ့ စကားလုံးကို အချစ်မှာ ဝိသေသ ပြုသွားခဲ့ဖူးတယ်။ ရှင်းရှင်းသန့်သန့် ချစ်တာက သန့်သန့်ရှင်းရှင်း ချစ်တာနဲ့ အနက် တူလိမ့်မယ် မထင်ဘူး။

Welcome said...

ဂျပန်မလေး
အပေါ်က ကိုမိုးပြေးနဲ့ မြတ်နိုးတို့နှစ်ယောက်ရဲ့ ကွန်မင့်ကို ထောက်ခံတယ်။ အဲလိုလည်းဖြစ်နိုင်ပါတယ်။ ထပ်တူထပ်မျှ မဟုတ်တောင် ကွတ်တိကျနေမယ် ထင်ပါတယ်...
ဝင်းဇော်

တားမြစ် ထားသော... said...

ဖြူဖြူစင်စင်ချစ်တယ်။
သန့်သန့်ရှင်းရှင်းချစ်တယ်။
၁၅၀၀ လား၊ ၅၂၈ လား။

အချစ်ဆိုတာ စိတ်ခံစားမှုဗျ။ တစ်ယောက်နဲ့တစ်ယောက် ပုံဖော်တာ တူချင်မှလည်း တူမယ်။ ထပ်တူကျချင်လည်းကျနေမယ်။ ကိုယ်နားမလည်တဲ့ စိတ်ခံစားမှုဆိုတာ ကိုယ့်မှာမှတ်မှတ်ရရ မပေါ်ပေါက်လို့၊ ဒါမှမဟုတ်လည်း ကိုယ့်မှာရှိနေရက်နဲ့ သတိမထားမိလို့ နားမလည်တာလည်းဖြစ်မယ်။ အကောင်းဆုံးကတော့ လွတ်လပ်စွာကွဲလွဲကြတာပေါ့။

၅၂၈မှာက အဲဒီနှစ်ခုပါပြီးသား။
၁၅၀၀မှာက ပြောရခက်တယ်။
(ထင်တာတွေ ပြောပါတယ်။ ကိုယ်တိုင်ကတော့ ခုထိ ချစ်သူမရှိသေးတဲ့ လူပျိုကြီး။ ဟဲဟဲ။ ကြေငြာလိုက်ပြီကွ။)

သုခမိန်(E-Journal)

 

Design By:
SkinCorner