Tuesday, September 16, 2008

အခုတလော၊ ကံကို မကောင်းပါ။

ဒီတပတ် တော်တော်ကံမကောင်းပါ။ ဟိုတနေ့ကလည်း အလုပ်ထဲအသွား၊ လမ်းတဝက်မှာ ကိုရွှေမိုးက ရွာချလေတော့ ထီးယူဖို့ အချိန်မရှိတာနဲ့ မိုးရေစိုကြီးနဲ့ အလုပ်လုပ်လိုက်တာ အိမ်လည်း ပြန်ရောက်ရော၊ ကိုယ်ထဲက ပူ၊ လက်ဖျား၊ခြေဖျားတွေကအေး ၊ ခေါင်းတွေက ကိုက်နဲ့ ဖျားပါလေရော။ Post ရေးဖို့နေနေသာသာ၊ ဖတ်တာတောင် စာတွေက ဝါးနေလောက်အောင် ခေါင်းကကိုက်လွန်းအားကြီးလွန်းလို့ မရရအောင် အိပ်ဖို့ ကြံရွယ်ပေမယ့် အိပ်လို့ကလည်းမပျော်။ ဒါနဲ့ပဲ နေမကောင်းဘူး၊ Postမရေးနိုင်ဘူး၊ ဆိုတဲ့ postလေးကို တင်ပြီး မျက်လုံးကို အတင်းမှိတ်ပြီး နေရတော့တယ်။ ရင်တွင်းက ပူလွန်းလို့ အိပ်လို့တော့ မပျော်ခဲ့ပါ။ နောက်နေ့ကျ အလုပ်နားတော့ တော်သေးတယ်။[နေမကောင်းပါ။}post မှာ လာအားပေးတဲ့ Blogger မောင်နှမတွေရဲ့ Commentsကို ကြည့်ပြီး ကိုယ့်ကို ကို အားပေးကာ ဆေးအတင်းတိုက်ရသေးသည်။(ကျမက ဆေးသောက်ရမှာကို သေမတတ်ကြောက်သည်။ ငယ်ငယ်တုန်းက ကျမနေမကောင်းမှာကို ကျမမေမေ အကြောက်ဆုံး။ ဆေးလည်း မသောက်၊ ဆေးခန်းလည်း မသွားဟု ဆိုတတ်လွန်းသောကြောင့်) :c ဒီရောက်တော့ ကိုယ့်ကိုကိုယ်(ဆေးတိုက်သောကျမနှင့် ဆေးမသောက်သော ကျမ) ရန်ဖြစ်ရင်းနဲ့ ဆေးသောက်ရတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ ကျမ၏ အဒေါ်ကော ၊ အကိုကော၊ ညီမကော ရောက်နေတာနဲ့ သူတို့က "ဟိုဆေးသောက်၊ ဒီဆေးသောက်" ဟု အကြံပေးကြတော့သည်။ ကျမလည်း ရှိစုမဲ့စု ဆေးလေး (3)ကြိမ် သောက်ပြီး အိပ်လိုက်တာ နောက်နေ့လည်း ကြရော နေကောင်းသွားပါလေရော။ (အဲဒီလို ထင်တာလေ။) :) "နေကောင်းသွားကြောင်း" Bloggerမောင်နှမတွေကို သတင်းပေးပြီး အလုပ်တောင် သွားလုပ်လိုက်သေး။ အလုပ်ထဲရောက်လို့မှ ဘယ်နှစ်နာရီမှ မကြာသေး၊ ခေါင်းတွေက ကိုက်လာပြီး မျက်နှာက နီရဲလာပါလေရော။ ပါးစပ်ကလည်း ဘာမှမစားပါပဲနဲ့ ခါးလိုက်တာ။ ရေသောက်တာတောင် ခါးတယ်သိလား။ အစကတော့ သည်းခံပြီး မရရအောင် အလုပ်လုပ်သေးပါတယ်။ နှစ်နာရီလောက်လည်း ကြာရော၊ လူက ဘယ်လိုမှ မနေနိုင်တော့ ။ ရပ်နေရင်းနဲ့တောင် မောလာတယ်။ နောက်ဆုံး မတတ်နိုင်တော့ပဲ မန်နေဂျာကို ခွင့်တောင်းပြီး ပြန်လာရတော့တယ်။ အိမ်ပြန်ရောက်တော့ မမောတော့ပြန်ဘူး။ နည်းနည်း နေသာထိုင်သာ ရှိသား။ ;) အစာအိမ်က "ဆာတယ် ဆာတယ်" :y နဲ့ အော်နေတာနဲ့ ထမင်းစားမယ်လည်းလုပ်ရော၊ ထမင်းကို မြင်တာနဲ့တင် ဗိုက်ပြည့်သွားသလို တစက်လေးတောင် စားချင်စိတ်မရှိ။ :( ဒါနဲ့ ဖက်ထုပ်ပြုတ်နဲ့ နှစ်ပါးသွားလိုက်တယ်။ ခေါင်းကလည်း ကိုက်တာနဲ့ ထိုးအိပ်လိုက်ချင်ပေမယ့် ရင်ပူလွန်းလို့ ဘယ်လိုမှ အိပ်လို့ မပျော်။ ဒါနဲ့ အိပ်မပျော်မယ့်အတူတူ အကျိုးရှိအောင် Postတစ်ခုတောင် ရေးတင်လိုက်သေးတယ်။ အဲလောက် Blog ကို သံယောဇဉ်ရှိတာလေ။ :p

နောက်နေ့ကလည်း အလုပ်နားပေမယ့် ကျမမှာ မနားရပါ။ အိမ်သက်တမ်း မဖြစ်မနေ သွားတိုးရလို့ပေါ့။ ကျမမှာ ယိုကိုဟားမား ထိကို သွားရတာ။ အိမ်က ရှိပြီးသားစာချုပ်ကို သက်တမ်းတိုးတာဖြစ်လို့ (ပိုက်ဆံ(8)သောင်းလောက်တော့ ပေးလိုက်ရသည်။ ;) )မြန်တော့မြန်သား။ သွားရတာသာ (1)နာရီခွဲလောက် ကြာတာ စာချုပ်အသစ်ချုပ်တာက(15)မိနစ်တောင် မကြာ။ အဲဒီ အိမ်ငှားတဲ့အကြောင်းလည်း နောက်မှ ရေးပါအုန်းမယ် ။ စာချုပ်ကိစ္စပြီးတော့ "ဘာလုပ်ရရင် ကောင်းမလဲ" လို့ စဉ်းစားလိုက်တော့ တကူးတက ယိုကိုဟားမားတောင် ရောက်နေမှတော့ မထူးပါဘူးဆိုပြီး ယိုကိုဟားမားကို လျှောက်လည်ပစ်လိုက်တယ် သိလား။ :z တယောက်တည်း တွေ့တဲ့နေရာ၊ မြင်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ယိုကိုဟားမားရှုခင်းတွေကို အပီအပြင်ကို ရိုက်ခဲ့တာ။ အဲဒီခရီးသွားမှတ်တမ်းလည်း နောက်မှ ရေးပေးမယ်နော်။ (ဟိဟိ Post အကြွေးတွေ အများကြီး ။ ရေးတော့ ရေးမှာပါ ။ မကြာမှီ၊ လာမည်၊ မျှော် ပေါ့နော်။ )စိတ်ပေါက်ပေါက်နဲ့ လျှောက်လည်ပစ်လိုက်တာ အိမ်လည်းပြန်ရောက်ရော မိုးကို စုန်းစုန်းချုပ်ရောပဲ။ ဓာတ်ပုံတွေ ရိုက်တုန်းက ဘယ်ရောက်နေမှန်းမသိတဲ့ အဖျားက အိမ်လည်း ရောက်ရော ပြန်ပေါ်လာတော့တယ်သိလား။ စားလို့လည်း မဝင်၊ အိပ်လို့လည်း မပျော် ။ အဖျားတိုင်းကြည့်တော့လည်း မရှိ။ ခါးလိုက်တဲ့ ပါးစပ်။ ဘာရောဂါပါလိမ့်။ အသိ မမတွေ ပြောတာတော့ အပူရှပ်တာတဲ့။ စိတ်ညစ်ဖို့ ကောင်းလိုက်တာများ။ တော်တော်ကို နေရထိုင်ရခက်တာတော့ အမှန်။ :c

နေမကောင်းလို့ အစထဲက စိတ်မကြည်ပါဘူးဆိုမှ ရိုက်လာခဲ့တဲ့ဓာတ်ပုံတွေကို ကွန်ပြူတာထဲ ထည့်၊ Blog လေးလည်း ကြည့်မယ်လုပ်ရော Internet Connectionကြီး က ပျက်သွားပါလေရော။ "မြတ်စွာဘုရား ၊ကယ်တော်မူပါအုန်း" လို့တောင် တလိုက်မိတယ် ။ ဘယ်လိုပဲ ကြိုးတွေကို ပြောင်းတပ်တပ် မရတော့ ၊ Wireless ပါရဲ့သားနဲ့ အပျင်းကြီးပြီး မချိတ်ထားမိတာကို အခုမှ နောင်တနည်းနည်းရတယ်။ :y "ကဲ ၊ မရတော့လည်း ဖုန်းဆက်မေးမယ်ကွာ" ဆိုပြီး Internet Company ကို ဖုန်းလည်း ဆက်ကော "ဘယ်လိုငွေချေပါမလဲ " ဆိုတဲ့ Serviceကလွဲလို့ ကျန်တဲ့ Servicesက အသုံးပြုလို့ မရပါဘူးတဲ့။ အလိုအလျောက်စက်က မိန်းကလေးက ပြောတယ်ရှင့်။ တော်တော်ကို Serviceညံ့တဲ့ Softbank BB ပဲ။ တကယ်ပါ။ Auတို့ ၊ NTTတို့ ဆို 24 Hours Service လေ။ ကြိုက်တဲ့အချိန် ထပြင်လို့ရတယ်။ ညသန်းခေါင်ယံပဲ ဖြစ်ဖြစ်။ နောက်ပြီး ဖုန်းဆက်ခကလည်း အလကား။ ဒီSoftbank BB များတော့ ဖုန်းခလည်း ပေးရသေး။ မနက်(10)မှ ည(7)နာရီ အတွင်းပဲ Service ပေးပါမည်တဲ့။ တော်တော်ကို များပြီသိလား။ :( အဲဒီလို အချိန်တွေက လူတိုင်း အလုပ်သွား၊ ရုံးသွားနဲ့ အိမ်မှာရှိတဲ့လူဆိုတာ တော်တော်ရှားပါးတဲ့ အချိန်တွေလေ။ အဲဒီ Softbank Company လူလည်ကြတဲ့ အကြောင်းလည်း Post ရေးအုန်းမှာသိလား။

ရင်ပူပူနဲ့ပဲ မရရအောင် အိပ်လိုက်ရတော့တယ် ။ PC လေးလည်း သုံးလို့မရမယ့်အတူတူလေ။ ဒါပေမယ့်၊ စိတ်က မဖြောင့်တော့ ည(4)နာရီလောက်ကြီး လန့်နိုးလာတယ်သိလား။ အိပ်ချင်မူးတူးနဲ့ Internetချိတ်ကြည့်လိုက်တာ ရနေတာနဲ့ ဝမ်းသာအားရ Postတစ်ခု တင်ပြီး အိပ်ပစ်လိုက်တယ်။ မနက်အလုပ်သွားရမှာလေ ။ အလုပ်ထဲရောက်တော့ ထုံးစံအတိုင်းပေါ့ ၊အဖျားကပြန်တတ်လာပြန်ရော။ အရင်နေ့တွေကတော့ မကြောက်ပေမယ့် အလုပ်ထဲက သူငယ်ချင်းက ပြောမှ ကြောက်သွားတော့တယ်။ "ဘာရောဂါမှန်းမှ မသိတာ။ ဆေးခန်းသွားပြတဲ့။ "အဲဒါနဲ့ အလုပ်ပြီးပြီးချင်း ဆေးရုံမှာပဲ သွားပြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ (ကြောက်ကြောက်နဲ့။ :y ) ဆေးရုံလည်းရောက်ရော၊ "လူနာလာတွေ့သည့်လူများမှ အပ မဝင်ရ။" တဲ့။ စနေကော တနင်္ဂနွေကော မဖွင့်တဲ့အပြင် ဒီနေ့က AUTUMNAL EQUINOX DAY(နေ့ထူးနေ့မြတ်)ဖြစ်လို့ မဖွင့်ပါဘူးတဲ့ရှင်။ "အရေးပေါ်လူနာမှာအပ ကုသမပေးပါတဲ့။" ဘယ်တတ်နိုင်မလဲ။ တပ်ခေါက်ပြီး ပြန်ခဲ့ရတော့တာပေါ့။ ရှိတဲ့ဆေးလေး သောက်ပြီးနေလိုက်ရတော့တာပေါ့။ အခုလည်း ရင်ပူပူ ၊ ခေါင်းကိုက်ကိုက်နဲ့ မရရအောင် Postရေးနေပါသေးသည်။ :p

အခုတလော၊ ကံကို မကောင်းပါ။ :c :c

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ကံဆိုတာကိုလည်း မကောင်းဘူးလို့ တထစ်ချ
မယုံပါနဲ့ ဗျာ..ကံကောင်းခြင်းဆိုတာ ကတော့
ရောက်လာဦးမှာပါ။ ကံကောင်းခြင်း တွေအမြဲတမ်း
ရရှိပါစေဗျာ။ကျန်းမာရေးကိုတော့ ဂရုစိုက်နော်။

စူး said...

အမက ကံကောင်းခြင်းတွေ သယ်လာပီနော်..

ရော့...ယူလိုက်..ညလေး

WWKM said...

နေကောင်းဘူးလား ညလေး ရေ...း(
စိတ်ကောင်းဘူး..
အမြန်ဆုံး ကျန်းမာပျော်ရွှင် စိတ်ကြည်လင်ပါစေ ညီမလေး။

တားမြစ် ထားသော... said...

အော်.. အော်။ ဆိုးပ။ ကျန်းမာရေးကို ဂရုစိုက်ဗျ။ သူမကောင်းရင် ဘာမှကို လုပ်လို့ကောင်းတော့ဘူးလေ။ နော။
ကျန်းမာပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း။
သုခမိန်(E-Journal)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကံ ဆိုတာ ကိုယ်ပြုသမျှ ဆိုပေမယ့် ကံက ကံ ကိုယ်က ကိုယ် ပါပဲ ။ အဆင်ပြေအောင်တော့ လှည့်တွေးပေါ့ဗျာ။ ကျန်းမာရေးတော့ အထူး ဂရုစိုက်ဗျို့။ အထူးသဖြင့် အမေနဲ့ဝေးချိန်မှာ မကျန်းမာတာ က တကယ့် ကို မလွယ်တာပါပဲ ။ ကျန်း မာ ပျော်ရွှင်၊ အဆင်ပြေပါစေခင်ဗျာ ။

စိုင်းစိုင်းလားရှိုး said...

ကံကောင်းခြင်းကိုလိုချင်ရင် ရေကန်ပေါင်း ၈၄၀၀၀ လှူဗျာ
ကံကောင်းလာစေရမယ်

သက်တန့် said...

နေမြန်မြန်ကောင်းပါစေသော်...
ကံလည်းကောင်းပါစေသော်...
အကုန်ကောင်းပါစေသော်... :D

 

Design By:
SkinCorner