ကို
ကိုသည် ကျမအတွက်တော့ သူမတူအောင် ကောင်းလွန်းသည်။
ကိုသည် ကျမ၏ မောင်လေးဆိုလည်း ဟုတ်သည်။
အကိုဆိုလည်း ဟုတ်သည်။
ချစ်သူဆိုလည်း ဟုတ်သည်။
သူငယ်ချင်းဆိုလည်း ဟုတ်သည်။
အဘယ်ကြောင့်ဆိုသော်၊
တခါတရံ၊ ကိုသည် မောင်တစ်ယောက်လို ပူပန်ပေးတတ်သည်။
တခါတရံ၊ ကိုသည် အကိုတစ်ယောက်လို ဆုံးမပေးတတ်သည်။
တခါတရံ၊ ကိုသည် ချစ်သူတစ်ယောက်လို ကြင်နာပေးတတ်သည်။
တခါတရံ၊ ကိုသည် သူငယ်ချင်းတစ်ယောက်လို ဆွေးနွေးပေးတတ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ပြောနိုင်တာတစ်ခုက၊
ကျမ ဒုက္ခအခက်အခဲရှိနေချိန်တွင် ကူညီဖြေရှင်းတတ်ခြင်းပင်ဖြစ်သည်။
ဘယ်လို အခက်အခဲပဲရှိရှိ ကျမဆီ ရောက်အောင်လာတတ်သေးသည်။
ကျမ၏ အမှားများကို ဆုံးမရင်းနဲ့ တဖက်ကလည်း နှစ်သိမ့်ပေးတတ်သေးသည်။
သူ့အတွက်ထက် ကျမအတွက်ကို စိတ်ပူပန်ပေးတတ်သေးသည်။
ကျမမှလွဲလျှင် ကျန်တာအားလုံး ”ဖွဲ၊ စကွဲ” ဟုပြောကာ သစ္စာတည်ကြည်တတ်သေးသည်။ ;)
ကိုသည် အရမ်းလည်း သဝန်တိုတတ်သေးသည်။
မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်သည်လို့လည်း ပြောတတ်သေးသည်။ :p
ကျမအတွက်နဲ့ အရာအားလုံးကို ပေးဆပ်ပေးခဲ့ဖူးသည်။
ဤမျှလောက် ကောင်းလိမ့်မည်ဟု မထင်ခဲ့မိပါ ကိုရယ်။ :)
ကိုရဲ့ စစ်မှန်သောမေတ္တာများသည် ကျမအတွက်တော့
မမြင်ရပေမယ့် ဖြတ်လို့ မရနိုင်သော နှောင်ကြိုးများပဲ ဖြစ်တော့သည်။
နှောင်ကြိုးလေးတစ်မျှင်ပေါ့နော်။ ;)

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဟဟဟား..ညီမလေး ရေ..ကြိုက်သွားပြီဒီပို့စ်လေးကို. :D
ကို အရင်လာမမန့်ခင် မမ အရင်မန့်သွားပြီနော်။
ချစ်သောကို နဲ့ ထာဝရလက်တွဲပျော်ရွှင်နိုင်ပါစေလို့
မမ ဆုတောင်းပေးလိုက်ပါတယ် ညီမလေး ရေ..
ပျော်ရွှင်ပါစေ။
မယ်ကု
ပြောတဲ့ကိုက ကိုမဟုတ်တာသေချာတယ်....
သို့သော်လည်း တစ်ခုတော့ဖြစ်ချင်တယ်....
ကို နေရာမှာ မ လေးပေါ့...
လာလည်သွားတယ်...
ချစ်သောကို နဲ့ ထာဝရလက်တွဲပျော်ရွှင်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် ...
ကိုရယ်... ကိုချစ်သလောက်..
ကိုကြင်နာသလောက်..
ကျမလေ... ကို့ထက်မလျော့တဲ့
အချစ်တွေ အကြင်နာတွေ...
ပြန်ပေးမယ်နော် ကို........
ကို့ ကိုချစ်တယ် ကိုရယ်........
ဘာတွေလည်း ဟ ၊၊ ဟီး ..
ညွှန်းလှချည်းလားဝေ့။ ချစ်ရသော “ကို” နဲ့ တစ်သက်တာမခွဲတမ်းအမြဲပေါင်းရပါစေဗျာ။ ကျွန်တော်လိုတော့မဖြစ်ပါစေနဲ့။ ကျွန်တော်လဲကျွန်တော့်ကောင်မလေးကို မီဂုမိ ရဲ့ “ကို” လိုချစ်ခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်ကိုထားသွားတယ်ဗျာ...
မမဝါနှင့် ကိုဒီပါလေး၊ကိုညမီးအိမ်ရေ၊ ကျေးဇူးတင်ပါတယ်နော်။ :)
ကိုရှင်ရဲထွတ်ကြီးကတော့ လုပ်ပြီ။ ဟွန်း။ ;)
ကို Repulicကြီးက ဒါတွေ ဘယ်နားလည်မှာလဲ။ :p
လာလည်ပါတယ် ခင်ဗျာ အမြန်ဆုံး နေကောင်းပြီး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ...
c-box က ဘယ်လို ဖြစ်လည်း မသိပါဘူးဂျာ .. ရေးလို့လည်း မရဘူး
you have been banned တဲ့ ..
Post a Comment