Wednesday, October 1, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ

(20.6.2008)က ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းကို သွားရောက်ခဲ့ပါတယ်။ :z တစ်နေ့တာ အလယ်တန်းပြဆရာမအဖြစ်နဲ့ပေါ့။ ကျမတို့ကျောင်းနဲ့ ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းနဲ့ ပူးပေါင်းပြီး ယဉ်ကျေးမှုဖလှယ်ပွဲလုပ်တာပါ။ ကျမတို့ကျောင်းက ဒီနှစ်အတွက် မြန်မာကျောင်းသားတွေနဲ့ ယဉ်ကျေးမှုဖလှယ်ပွဲသွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (အရင်နှစ်က တစ်ခြားနိုင်ငံက ကျောင်းသားတွေနဲ့ သွားရောက်ခဲ့တာပါ။) ဒီတော့ ၊ ဆရာက မြန်မာကျောင်းသားတွေကို အကူအညီတောင်းရတော့တာပေါ့။ ပရဟိတဆိုတော့ ကူညီချင်တဲ့လူကိုပဲ အဓိကထားပြီး ပြောကြားခဲ့ပုံရပါတယ်။ အထူးသဖြင့် ၊ နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများအသင်းမှ အသင်းဝင်ခေါင်းဆောင်တွေကိုပေါ့။ {ဟိဟိ ကြွားတာဟုတ်ဘူးနော်။ ကျမ က အသင်းဝင်ခေါင်းဆောင်တစ်ယောက်ရှင့်။ ;) }

ကျမအပါအဝင် အဲဒီအသင်းမှာ အသင်းဝင်ခေါင်းဆောင် မြန်မာ(4)ယောက် ရှိတာ ၊ ယဉ်ကျေးမှုဖလှယ်ပွဲကို (3)ယောက် သွားရောက်ခဲ့ပါတယ်။ ဆရာ(1)ယောက်လည်း တာဝန်ခံအနေနဲ့ ပါပါတယ်။ ကျမတို့ (3)ယောက်က ရယ်လည်းရယ်ရတယ်။ "ဟိုရောက်ရင် ဘာတွေပြောမယ်၊ ကလေးတွေကို ဘာတွေသင်မယ်၊ ဘာတွေကို ပြသမယ်" စသဖြင့်ကို စည်းဝါးတိုက်ဖို့လုပ်တိုင်း တစ်ယောက်အားရင် တစ်ယောက်မအားနဲ့ လူချင်းမတွေ့ဖြစ်ကြတာနဲ့ သုံးယောက်ဆိုင် ဖုန်းပြောကြရတယ်။ ကိုယ့်ဆီသူဆက်၊ သူက တစ်ခြားတစ်ယောက်ကို ဆက်၊ တစ်ခြားတစ်ယောက်က ကိုယ့်ကိုဆက် အဲလို သုံးပွင့်ဆိုင် ဖုန်းဆက်ရင်း တိုင်ပင်ခဲ့ကြပါတယ်။ ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းကို မသွားခင် ဆရာဆီ အကြမ်းဖျဉ်း အစီအစဉ် ပြောတော့လည်း မတွေ့ဖြစ်ကြလို့ တစ်ဦးစီရဲ့ လုပ်ဆောင်နိုင်တဲ့ အချက်တွေကိုပဲ သတင်းပို့ စာတင်ရပါတယ်။ (ပရဟိတသာဖြစ်တာ Report လည်း ရေးရသေးတယ်ရှင့်။ ) :p

ရောက်ပါပြီရှင်၊ ကျောင်းတော်ကြီးကို ။ :z
ကျမတို့ကျောင်းထဲကို ဝင်သွားတယ်ဆိုရင်ပဲ၊ ကျောင်းက တာဝန်ရှိတဲ့လူတွေက ပျာပျာသလဲကြိုဆိုကြပါတယ်။ ကိုယ့်နာမည်ကို ပြောပြီး မိတ်ဆက်ပြီး သူတို့ပေးတဲ့ နာမည်ကဒ်ပြားလေးတွေ လည်ပင်းမှာ ဆွဲရတော့တာပေါ့။ စာသင်ခန်းတွေဆီကို မသွားခင် နားနေခန်းလို လုပ်ပေးထားတဲ့အခန်းရောက်မှ ကျမတို့သုံးယောက်မှာ အသည်းအသန် တိုင်ပင်ရတော့တယ်။ (ဆရာကတော့ ရယ်လို့။ :p )

ကျမတို့ကသာ အုပ်စုတောင့်တာ၊ ကျန်တဲ့ အဖွဲ့အစည်းကလာတဲ့လူတွေကဖြင့် တစ်ဖွဲ့မှာ တစ်ယောက်တည်း။ အတန်းတစ်တန်းကို တစ်ဖွဲ့နှုန်း ခွဲဝေပြီး သွားရောက်စာသင်ရတာပါ။ ကျမတို့ရယ်၊ သီရိလင်္ကာက တစ်ယောက်ရယ်၊ မလေးရှားက တစ်ယောက်ရယ်၊ ကမ္ဘောဒီးယားက တစ်ယောက်ရယ်က နိုင်ငံခြားသားတွေပေါ့။ ဂျပန်လူမျိုးတွေလည်း ပါတယ်ရှင့်။ ဂျပန်လူမျိုးတွေက တစ်ခြားနိုင်ငံတွေအကြောင်းကို ပြောပြပေးပြီး ကျမတို့ နိုင်ငံခြားသားတွေကတော့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ရှင်းပြရတာပေါ့နော်။

ဆက်ရန်။
မကြာမီလာမည်။
မျှော်

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

မျှော်နေမည်။

Anonymous said...

မမ megumi က ဆရာမလား ...:P :P
ပရဟိတ အတွေ့အကြုံလေးတွေ သိရတော့မှာပေါ့ ...
စောင့်မျှော်နေပါမယ် ခင်ဗျ :P :P

မိုးပြေး said...

ဆရာမလေးရေ....မင်္ဂလာပါလို့ အရင်ပြောထားမယ်နော်
ကိုယ့်နိုင်ငံရဲ့ အကြောင်းကို မသိသေးတဲ့သူတွေကို
ပြောပြပေးတာကျေးဇူးပါ။ အခုလိုအလယ်တန်း ကျောင်းကို
သွားပြောရတော့လည်း ကောင်းတာပဲ။ဘာလို့ လည်းဆို
တော့ သူတို့ လေးတွေ အလယ်တန်းလောက်တည်းက
မြန်မာဆိုတာ ဘယ်လိုရှိတယ်၊ယဉ်ကျေးမှုက ဘယ်လိုဆိုတာကို သိသွားကြပြီလေ။

khin nyein chan said...

အတွေ့အကြုံ တွေ အများကြီး ယူသွားပါတယ်။ ဆက်ဆက်မျှော်နေပါမည်။

RePublic said...

ဟုတ်ကဲ့ ၊၊ မျှော်ပါ့မယ် ၊၊ မယ်ဂုကြီးရေ ....

ဇင်ယော် said...

ကဲ ဆရာမလေးရေ အတွေ့ အကြုံလေးတွေ မျှော်နေမယ်ဗျ။

 

Design By:
SkinCorner