Tuesday, September 30, 2008

မြန်မာတီထွင်ထားသော စက်ရုပ်

ဂျပန်မှာရှိတဲ့ "INSTITUTE OF TECHNOLOGY" တစ်ခုမှာ ပညာသင်ကြားနေတဲ့ မြန်မာအကိုကြီးတစ်ယောက် တီထွင်ထားတဲ့ စက်ရုပ်တွေပါ။ အဲ့ဒီအကိုကြီးက Websiteမှာ ရေးဖို့ အချိန်ယူနေဆဲပါ။ Videoတွေပါ တင်ချင်တဲ့အတွက် Blogspotနဲ့ ရေးဖို့ အဆင်မပြေဖြစ်ပြီး မရေးရသေးတာပါ။ စက်ရုပ် Websiteလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ မကြာမှီ၊ ပေါ်ထွက်လာတော့မှာ ဖြစ်သော သူ့၏ စက်ရုပ် Websiteအား ကြေငြာအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

မြန်မာတစ်ယောက်က စက်ရုပ်တီထွင်နိုင်တာကို ကျမတော့ ဂုဏ်ယူပါတယ်။ အားပေးပါတယ်။စက်ရုပ် Website မြန်မြန်ထွက်ပေါ်လာပါစေလို့ ဆုတောင်းပေးနေပါတယ်။ :y

စက်ရုပ်များကို အပေါ်စီးမှ မြင်ရပုံ

တိုက်ခိုက်ရေးစက်ရုပ်
တူညီတဲ့ စက်ရုပ်နှစ်ရုပ် ကို အတူတူထားရင် တိုက်ခိုက်ကြတာ။ ခုံပေါ်မှာ တင်ပြီး တိုက်ခိုင်းရင် ပြုတ်ကျတဲ့စက်ရုပ်က အရှုံးတဲ့။ Remote နဲ့ ထိန်းပြီး ကစားရပါတယ်။
ပင့်ကူ စက်ရုပ်(ဘေးတိုက်ကြည့်ရင်မြင်ရသော ပင့်ကူစက်ရုပ် )
ကလေးကစားစရာအနေနဲ့ တီထွင်ထားတာပါ။ ခုန်ဆွ ခုန်ဆွနဲ့ ဟိုပြေးဒီပြေး၊ သွားလို့ရပါတယ်။ ခြေထောက်(8)ချောင်း ပါပါတယ်။
တည့်တည့်ကြည့်ရင် မြင်ရသော ပင့်ကူစက်ရုပ်
Line Tracer (လိုင်းပေါ်မှာ ပတ်ပြေးနေသော စက်ရုပ်ကား ကလေး။) Sensor လေးလုံးပါပြီး အလယ်(3)လုံး၊ ဘေး(1)လုံးပါ။ ဘေး(1)လုံးက ရပ်တဲ့နေရာမှ အသုံးပြုပါတယ်။ အလယ်မှ Sensor များကလိုင်းဖတ်ပြီး ပြေးဖို့ပါ။

ဒါကတော့ Sensor (7)လုံးပါပြီး အဲ့ဒီမှာပါတဲ့ Mycom က Computer Processor နီးနီးလောက် အလုပ်လုပ်တယ်တဲ့။

အဖြူရောင်ပတ်လမ်းကိုပဲသိလို့ အဖြူရောင်မြင်ရင် ပြေးပါတယ်။ အနက်ရောင်ဆို သူနားမလည်ပါဘူး။ :d

ဒီစက်ရုပ်က ဂျပန်ယန်းငွေ(12)သောင်း၊ မြန်မာငွေ (12)သိန်းနီးပါး ရှိပါတယ်တဲ့ရှင်။ :y
Robot Club က ပိုင်တဲ့ စက်ရုပ်ပါတဲ့။
တီထွင်ထားတဲ့အထဲမှာ အဲ့ဒီအစ်ကိုကြီးလည်း ပါဝင်ခဲ့ပါတယ်။

စမ်းသပ်တီထွင်ထားဆဲမို့ လှတပတ အပေါ်ယံအခွံလေးတွေ မပါသေးပါဘူး။ :p
အမြင်ပန်းမလှခဲ့ရင် သည်းခံပြီး ကြည့်ပေးကြပါရှင်။ ;)

"Vending machines" တီထွင်တာ စက်ရုပ်တီထွင်တာလောက် မခက်ပါဘူးတဲ့။ ;)


9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Younggun said...

ဒီလို လူတော်တွေ အများကြီး ကျနော်တို့လိုအပ်ပါတယ်။ အဲဒီနောင်တော်ကြီး ဒီထက်ပိုအောင်မြင်ထူးချွန်ပါစေလို့ ကျနော် ညီငယ်ရန်းဂန်းက ဆုတောင်းလိုက်ပါတယ်။ တကယ်အံ့သြတယ်ဗျာ။ အားရစရာပါပဲ။ အစ်မလေးကိုလည်း ကျေးဇူးတင်ပါတယ် ဒီလိုအသိပေးတဲ့အတွက်လေ။

Anonymous said...

မင်္ဂလာပါ မမ megumi ခင်ဗျာ :P
အဲ့ဒီ အစ်ကိုကြီး ရည်မှန်းချက်တွေ အားလုံး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် ..
မွေးနေ့မှာလည်း ဆုတောင်းပေးထားတယ်နော် ..
မိတ်ဖြစ်ဆွေဖြစ် အဲ့ဒီ ၁၂ သိန်းတန် စက်ရုပ်လေး လက်ချောင်ပြန်ပေးပါလား :D

စိုင်းစိုင်းလားရှိုး said...

အားရတယ်ဗျာ
ဒီလိုလူတော်တွေ အများကြီးလိုအပ်တယ်
ကျုပ်တို့တိုင်းပြည်မှာ

Unknown said...

တကယ်ကို ၀မ်းသာစရာကောင်းတဲ့ ပို့လေးပါ။ ရေးသားဖော်ပြပေးတဲ့ ညီမငယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်လူမျိုးတစ်ဦးက ဒီလိုလုပ်နိုင်တာဆိုတာ ၀မ်းသာစရာပါ။
ဆက်ရေးပါ ညီမ.. အားပေးတယ်။

တောင်ပေါ်သား said...

မင်္ဂလာပါအမရေ.. ဒီပိုစ့်လေးကို ဖတ်လိုက်ပြီး မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူပါတယ်.. ကျနော်တို့ မြန်မာတွေဟာ မညံ့ကြပါဘူးနော့်

ဆောင်း said...

ကျုပ်တို့ တိုင်းပြည်မှာ လူတော်တွေ ရှိပြီးသားပါ ခက်တာက အရည်ချင်းတော်တဲ့သူတွေက မြေကြီး ထဲရောက်ပြီး ဆွေမျိုးတော်သူတွေဘဲ စင်ပေါ်မှာ ရှိနေတာ ကြာလှပေါ့။ ဒါ့ကြောင့် လူတော်တွေ တော်ရာမှာ နေရတော့တာဘဲ ကိုရှင်ရဲထွတ်ရေ

ဟိန်းညီ said...

စိတ်ဝင်စားတယ်ဗျို့။အားလည်းပေးပါတယ်။
website လုပ်ပြီးရင်တော့ပြောပါအုံးနော်။

ဇင်ယော် said...

ကိုယ့်မြန်မာလူမျိုးတစ်ယောက် တီထွင်ဖန်တီးနိုင်တာကို ဂုဏ်ယူမိတယ်ဗျာ။ Website ပြီးသွားရင်လည်း အော်လိုက်ပါဦး။ စက်ရုပ်ကိုဝါသနာပါတယ်ဗျ။ မတီထွင်တတ်တော့ သူများလုပ်ပြီးသား remote control စက်ရုပ်ကို မကြီးမငယ်နဲ့  ၀ယ်ဆော့ရတယ်။ ကလေးတွေကို ၀ိုင်းလို့ ။ ဟေဟေ. ပျော်စရာကြီး။

Unknown said...

ကောင်လေးနဲ့ ကောင်မလေး တွေ့တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်းစားစကား ပြောတတ်တဲ့ စက်ရုပ်လေးပါ တီထွင်ပေးပါလို့ :D

 

Design By:
SkinCorner