Monday, September 29, 2008

Blogလေးရဲ့ (4)လပြည့်မွေးနေ့



ဪ၊ ဘာလိုလိုနဲ့ Blogလေးတောင် (4)လပြည့်ခဲ့ပြီ။
အမျိုးမျိုးသော အကြောင်းအရာတွေကို ကြုံတွေ့ခဲ့ရဖူးပြီ။ :c
Blogကို ပိတ်ဖြစ်ဖို့၊ Blogလောကက ထွက်ခွာဖို့လည်း ကြံရွယ်ခဲ့ဖူးသည်။ :d
ဒါပေမယ့်၊ Blogလောကကို မပြတ်နိုင်၊ Bloggerမိတ်ဆွေများကို မဖြတ်နိုင်သဖြင့် အပြောနဲ့အလုပ်မညီစွာ ထွက်မယ်လုပ်လိုက်၊ ပြန်ဝင်လာလိုက် ဖြစ်နေရသည်။ :p
ဪ၊ သံယောဇဉ်၊ သံယောဇဉ် တော်တော်ကြောက်ဖို့ကောင်းပါတကား။ :y

ဒီတစ်ခါ ၊ Blog(4)လပြည့်တော့ အရင်မွေးနေ့တွေတုန်းကလို မရှိမဲ့၊ ရှိမဲ့ Internet ထဲမှ စားစရာများရှာပြီး မကျွေးတော့ပါ။ ;)
(ခဏခဏ မုန့်ကျွေးရသဖြင့် ပိုက်ပိုက်ကုန်သောကြောင့် မဟုတ်ပါ။ ခဏခဏမွေးနေ့လုပ်ရတာ ရှက်လာသောကြောင့် ဖြစ်ပါသည်။) :)
သို့သော်၊ မွေးနေ့လုပ်ရတာ ပျော်သောကျမသည် Blogလေး တစ်လပြည့်တိုင်း သူ့အတွက် မွေးနေ့လုပ်ပေးတတ်ပါသည်။
ယခုလည်း၊ လစဉ်လတိုင်း လုပ်ပေးနေကြဖြစ်သော Blogလေးအတွက် လပြည့်မွေးနေ့ပွဲလေးကို Blogလေး စိတ်ဆိုးမည်စိုး၍ ကျင်းပလိုက်ပါသည်။
Blogလေးရဲ့(4)လပြည့်မွေးနေ့ပွဲသို့ ကျမနှင့် Blogလေးတို့ နှစ်ယောက်က ရောက်ရှိပြီး ဖြစ်ပါသည်။ :z လာရောက်တက်ရောက်ချင်သူများအားလည်း ဖိတ်ခေါ်လိုက်ပါသည်။
မွေးနေ့လက်ဆောင်ယူလာလည်း စိတ်မဆိုးပါ။ :p

ကျမက Blogလေးအတွက် အရုပ်လေးတစ်ရုပ် လက်ဆောင်ပေးလိုက်ပါသည်။ :p
ချစ်စရာလေးနော်။ :p :p

မိုးပြေးဆီက လက်ဆောင်ပါ။ (ကြွားတာ) ;) :p

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

မမခင်ဦးမေက အရင်ဆုံးလက်ဆောင်လာပေးသွားပြီ။ {"ကျေးဇူးပါမမ။"} :p

မမဆောင်းက မွေးနေ့တူတူပဲတဲ့။ {"အဖော်လာညှိတာထင်တယ်နော်။"} ;)

ကိုရွာသားလေးဝိုင်တီယူက လေးလသမီးပေါ့တဲ့။ {ဘာကိုပြောချင်မှန်းတော့ မသိ။} :d

ကိုမိုးပြေး က ဆုတောင်းပေးတဲ့အပြင် သူ့Blogမှာ Postတစ်ခုအနေနဲ့ တင်ပေးလို့ သွားမလာတယ်သိလား။ :z

ကိုမောင်ငယ်က အစစ အရာရာ အဆင်ပြေပါစေဗျာတဲ့။(သူပြောနေကြစကားအတိုင်း) ;)

ကိုမိုးသောက် က မွေးနေ့လက်ဆောင်ကို ရှိတဲ့ သီချင်းတစ်ပုဒ်ပေးမလို့ဟာ html က ဘယ်လိုမှ save လို့ မရဘူးဖြစ်နေတယ် ဟူးးးးးး.... ယူနဲ့တော့နော် ............. တဲ့။ (ဟိ ဟိ ကိုမိုးသောက်က ကျမထက်အသက်ကြီးတယ်တော့။) :p

မမ မီးလေးကလည်း အများကြီးဆုတောင်းပေးသွားတယ်။ ပျော်လိုက်တာ။ :z

ဝေလေးက မုန့်မကျွေးလို့ လက်ဆောင်လည်းရှိဘူးပြောပေမယ့်
Blogလေးအတွက် ဆုတောင်းပေးသွားတယ်။ :p

ကိုသီဟညိမ်းက အစစအရာရာ အဆင်ပြေပါစေကွယ် ၊ရွှင်လန်းချမ်းမြေ့ပါစေညီမလေးရေ .......တဲ့။
(ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

မွေးနေ့တိုင်းလာဆုတောင်းပေးနေကြ နှင်းလေးက ဒီတစ်ခါလည်း မပျက်မကွက်လာဆုတောင်းပေးပြန်တယ်သိလား။
ကျေးဇူးပါနော် ချစ်စရာကောင်မလေး (ခေါ်) နှင်းလေး။ ;)

ကိုသုခမိန်(E-Journal)ကြီးက နာမည်ကြီးဘလော့ဂါတစ်ယောက်လို့ ပြောလို့ မြောက်သွားပြီ။ ;)
(ပြန်ဆင်းလို့ မရတော့လို့ ခုန်ချရတော့မယ်။ :y ကြောက်လိုက်တာ။ :c )

ကိုBLACK DREAMကြီးက လေးလပြည့်လာစားတာ ဘာမှမရှိတာနဲ့ တဟင်းဟင်းနဲ့ ဆုတောင်းပေးသွားရှာသား။ :y (နောက်တစ်ခါဆို ကျွေးမယ်နော်။ စိတ်ဆိုးရဘူးနော်။) :p

ကိုရှင်ရဲထွတ် ကြီးက ဝတ်ကျေတန်းကျေ မပြောချင်ပြောချင်နဲ့ ဆုတောင်းပေးသွားတယ်။
(ဟွန်း၊ များပြီ ၊ အဲ့ဒီလူကြီး။) :(

ကိုနေလင်းက လေးလမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ဆင်နွှဲနိုင်ပါစေနော်....တဲ့။ :p (အခြေအနေပေးလာရင်တော့ ဆက်လက်ဆင်နွှဲချင်တာပေါ့နော်။)

မမထားက (၄)လပြည့်ဘလော့လေး ပျော်ရွှင်ချမ်းမြေ့ပါစေနော် ..တဲ့။ (ကျေးဇူးတင်ပါတယ်မမ။ :))

ကိုရင်နော်ခင်လေးငယ်က .မိသားစုလိုက် comment လာရေးတာ ရဖူးနော်..ဘာလို့..??တဲ့။
(သိဘူး၊ မီးမီးလည်း။ ) :d

ညီမလေး နှင်းယွန်းစစ်က Connectionမကောင်းလို့ Gtalk ထဲမှာဆုတောင်းပေးသွားတယ်သိလား။ (ချစ်ဖို့ကောင်းလိုက်တဲ့ ညီမလေး။) :p

ကိုလမင်းက ဘလောဂ့် နှစ်ပေါင်းများစွားတည့်တံ့ပါစေ ..................တဲ့။ (ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

ကိုတောင်ပေါ်သားက ၄ လပြည့် အထိမ်းအမှတ်မှ နောင်နှစ်ပေါင်းများစွာ တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်.. အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ... ........တဲ့။ (ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

sonata-cantata က အမှတ်တရ လက်ဆောင် လာပေးတာပါ........... တဲ့။ (ကိုယ်ပျောက်လက်ဆောင်ထင်တယ်၊ မြင်လည်းမြင်ရဘူး။) :d

ကိုဥာဏ်(စက်မှု)နော်၊ မွေးနေ့မှာ ဆုတောင်းပေးသလိုလိုနဲ့ လူကို ပြသနာရှာတဲ့လူလို့ ပြောသွားတယ်။ ဟင့် ဟင့် :c :c

မ၀ါဝါခိုင်မင်းကလည်း အများနည်းတူ နောင်နှစ်ပေါင်းများစွာ ဘလော့ဂင်ရင်းနဲ့ ပျော်ရွှင်နိုင်ပါစေ။ ........တဲ့။ :p

ကိုရန်းဂန်းက ဖြစ်ချင်ရာတွေ အကုန်ဖြစ်ပါစေလို့ နောက်ကျဆုတောင်းလေး လာပေးတယ်နော်။........တဲ့။ (မုန့်မကျွေးလို့ နောက်ကျလည်းကိစ္စမရှိပါ။ လာတာကိုပဲ ကျေးဇူးတင်ပါတယ်။ ) ;)

မရွှန်းမီ ကမွေးနေ့လက်ဆောင်လာပေးရင်း နောက်မွေးနေ့တွေဆို ချက်ပြုတ်နည်းတွေကို လင့်လုပ်ပေးလေ........တဲ့။ (အချွန်နဲ့ မတာလားမသိ၊ :d ချက်ပြုတ်နည်းတွေကို သိမှ မသိတာကို။ :p မမလုလုကို အကူအညီ သွားတောင်းရမယ့်ပုံပဲ။ :y)

ကိုအောင်မျိုးဟန်ကြီးက ပျော်ရွှင်ပါစေ.........တဲ့။ (မလာတာကြာပေမယ့် ကိုယ့်ညီမအတွက်တော့ လာဆုတောင်းပေးဖော်ရသား။ ) :p

မမသက်တန့် က လေးလမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေလို့... နော်... :) (တော်ပါသေးရဲ့။ :y မနေ့က မအား
လို့ကိုး။ စိတ်မကောင်းဖြစ်နေတာ ;) )

Dreamရယ်၊ လက်ဆောင်ပေးတာကို ကျေးဇူးတင်ပေမယ့် ဒါလေးတော့ ချမ်းသာပေးပါ။ :y အခုတောင် Dream လုပ်လို့ ပါးတွေ နီကုန်ပြီ။ ;)

မမဆောင်းရေ၊ မမြှောက်ပြောကြေးနော်။ ကိုသုခမိန်ကြီး ပြောသွားကတည်းက လေပေါ်ရောက်နေတာ။ ;) မမပါ ထပ်ပြောရင် မိုးပေါ်မှာပဲ နေရတော့မယ်။ ပြုတ်ကျမှာ ကြောက်လို့ မြှောက်နဲ့နော်။ :d

ကိုချစ်သူ့ခေါ်သံက ဘလော့မွေးနေ့လေးတွေမှာ ပျော်ရွှင်သလို အမြဲတမ်း ပျော်ရွှင်ပါစေဗျာ ။ နေ့တိုင်းလာလည်ပြီး နှစ်ရက်မြောက်နေ့မှ တစ်ရေးနိုးလာတယ်။ ဟွန်း၊ များပြီ။) ;)

ကျန်တဲ့လူတွေက မသိလို့လား၊ မုန့်မကျွေးလို့လားမသိ။ :d
လာလည်း လာဘူး။ :d

23 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ဟယ် ချစ်စရာလေးတော့..ရော.ဒီမှာ လက်ဆောင်
http://i204.photobucket.com/albums/bb64/daikingp/birthday/pic21.gif

ဆောင်း said...

My blog also 4months old now :-)

Anonymous said...

လေးလသမီးပေါ့

မိုးပြေး said...

သူငယ်ချင်းရေ
ဖြစ်လာသမျှကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြေရှင်း
ရှင်သန်တိုးပွား ရသများနဲ့  ငါ့တို့ တွေအတွက်
ပေးဆပ်ခဲ့တာ ၄လပြည့်ပြီနော်....
သူငယ်ချင်းရေ ပျော်ရွင်စွာ ဘလောဂ့်လေးနဲ့ အတူ
ရှေ့ ဆက်နိုင်ပါစေ.....

Anonymous said...

မမ megumiရ မမလို့ တပ်မခေါ်လိုက်မိတာ စိတ်မဆိုးပါနဲ့ဂျ ..
အသက်ရွယ်တူလောက်လို့ ထင်လို့ပါ :P
ကျနော်က 84 8 လပိုင်းမှာ မွေးတာပါ ..
မမ megumi ရော ဘယ်အချိန်မှာ မွေးတာရဲဟင် ;)
မွေးနေ့လက်ဆောင်ကို ရှိတဲ့ သီချင်းတစ်ပုဒ်ပေးမလို့ဟာ html က ဘယ်လိုမှ save လို့ မရဘူးဖြစ်နေတယ် ဟူးးးးးး.... ယူနဲ့တော့နော် :D

flowerworld said...

ညီမလေးမယ်ဂုမိရေ..ဘာဆုတောင်းပေးရမလဲသိဘူး.. ဟီးး အင်းရှေဆက်ပြီးဘလော့ခ်လေးနဲ့အတူပျော်ရွှင်စွာခရီးဆက်နိုင်ပါစေရှင်... အစစအရာရာလဲအဆင်ပြေပါစေ... ပြီးတော့..ပို့စ်တွေလဲများများရေးနိုင်ပါစေရှင်.. ဘလော့ခ်လေးရေမွေးနေ့မှာပျော်ရွှင်ပါစေကွယ်..

flowerworld said...

ညီမလေးမယ်ဂုမိရေ..ဘာဆုတောင်းပေးရမလဲသိဘူး.. ဟီးး အင်းရှေဆက်ပြီးဘလော့ခ်လေးနဲ့အတူပျော်ရွှင်စွာခရီးဆက်နိုင်ပါစေရှင်... အစစအရာရာလဲအဆင်ပြေပါစေ... ပြီးတော့..ပို့စ်တွေလဲများများရေးနိုင်ပါစေရှင်.. ဘလော့ခ်လေးရေမွေးနေ့မှာပျော်ရွှင်ပါစေကွယ်..

flowerworld said...

ညီမလေးမယ်ဂုမိရေ..ဘာဆုတောင်းပေးရမလဲသိဘူး.. ဟီးး အင်းရှေဆက်ပြီးဘလော့ခ်လေးနဲ့အတူပျော်ရွှင်စွာခရီးဆက်နိုင်ပါစေရှင်... အစစအရာရာလဲအဆင်ပြေပါစေ... ပြီးတော့..ပို့စ်တွေလဲများများရေးနိုင်ပါစေရှင်.. ဘလော့ခ်လေးရေမွေးနေ့မှာပျော်ရွှင်ပါစေကွယ်..

ဝေလေး said...

မမ.. ဝေလေးလာပြီနော်.... မမနဲ့ဝေလေး ဘလော့လုပ်တာ သိပ်မကွာဘူး..
...
နောက်လည်းဆက်လက်ဘလော့ဂင်းနိုင်ပါစေနော်..... :P
မုန့်လည်းရှိဘူး........ ဟီးး လက်ဆောင်တော့ပေးစရာမရှိလို့ ပေးတော့ဘူးနော်... ရတယ်ဟုတ်.....

thihanyein said...

ညီမလေးရေ အစစအရာရာ အဆင်ပြေပါစေကွယ်
ရွှင်လန်းချမ်းမြေ့ပါစေညီမလေးရေ

ဒီဇင်ဘာနှင်း said...

အခုမှလာရတာ စိတ်မဆိုးရဘူးနော် အခုတလော အလုပ်တွေရှုပ်နေလို့ပါကွယ် ဘလော့ဂ်လေး ၄ လ ပြည့်မှသည် ၄ နှစ် နောင်နှစ်ပေါင်း ၄၀ မက ရပ်တည်ပြီး ဂုမိချစ်တဲ့ မောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်

တားမြစ် ထားသော... said...

အာ..။
လေးလပဲလား။ ဒါပေမဲ့ နာမည်ကြီး ဘလော့ဂါတစ်ယောက်ပဲ။ အဆက်မဖြတ်ပါနဲ့ ဆက်လက်ချီတက်ပါအုံး။

သုခမိန်(E-Journal)

Unknown said...

လေးလပြည့် ဘာမှလည်းမကျွေးဘူး...။ :P ရှေ့ဆက်ပြီး ပျော်ရွှင်စွာ ဘလော့ဂင်းဟင်းဟင်းဟင်း နိုင်ပါစေဗျာ...။

စိုင်းစိုင်းလားရှိုး said...

မင်္ဂလာပါ......... လေးလသမီးလေး၊
လပေါင်းများစွာ မွေးနေ့ကျင်းပနိုင်ပါစေဗျာ။

တောင်ပေါ်သား said...

မကြီးရေ ၄ လပြည့် အထိမ်းအမှတ်မှ နောင်နှစ်ပေါင်းများစွာ တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်.. အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ... :)

Sonata Cantata said...

အမှတ်တရ လက်ဆောင် လာပေးတာပါ။

ရွှန်းမီ said...

သြော်.. လေးလတောင် ပြည့်ပြီကိုး =)
စောစောစီးစီး လာဖိတ်မှာ လာလည်လို့ ရမှာပေါ့ မမယ်ဂုမိရယ်..
(လူက အိပ်ငိုက်နေပြီ။) နောက်မွေးနေ့တွေဆို ချက်ပြုတ်နည်းတွေကို လင့်လုပ်ပေးလေ.. တကယ်စားလို့ရတာပေါ့ ..
ရော့ .. မွေးနေ့လက်ဆောင် (_)? (_)? ကော်ဖီခွက်လေး နှစ်ခွက်.. ;-)

အောင်မျိုးဟန် said...

ကောင်မလေးရေ
၎ လတောင်ပြည့်ပြီလား။ ပျော်ရွှင်ပါစေကွယ်

သက်တန့် said...

ဂုလေး...
မနေ့တုန်းက မမရောက်တယ်...
မွေးနေ့မှာ ဆုမတောင်းသွားဖြစ်တာက အချိန်မရလို့ ညလေးရေ...
ဒါနဲ့ အောက်မှာ ၀င်ဖောပြီး ပြန်သွားတာ... ချိတ်ချိုးရ၀ူးနော်...
ကိုမိုးပြေးရဲ့ လက်ဆောင်လေးကိုတော့ ငမ်းသွားပါရဲ့... :P
လေးလမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေလို့... နော်... :)

Dream said...

မွေးနေ့ကိုအသိနောက်ကျလို့ဆော်ရီးနော်..ဂုဂု..
မွေးနေ့4လပြည့်မှသည်နှစ်400သို့တိုင်.....
ဟိဟိ.... ပိုသွားပြီ... ဟီးဟိး...

နော်... လက်ဆောင်ယူလာတယ်။
ရော့... လေးလပြည့်မွေးနေ့မှာ
အာဝါးးးးးးး အမြှောက်တစ်သိန်း.... နော်။

ဆောင်း said...

အဖော်မညှိဘူး ကြုံရင် ဘလော့မွေးနေ့ လုပ်ရင် မမဘလော့ကို ပါ ထဲ့လုပ်ပေးလိုက် ... ဟင်းဟင်း စတာပါ။ ဒါနဲ့ ကိုသုခမိန်(E-Journal)ကြီးက နာမည်ကြီးဘလော့ဂါတစ်ယောက်လို့ ပြောလို့ မြောက်သွားပြီ ဆိုတော့ ငယ်ငယ်က သူငယ်ချင်းပြောတာ သတိရမိတယ် မန်တလာသူ စကားတတ်တာသူပေါ့။ သူက မြှောက်ပြောတယ်။ အမြှောက်ခံရသူက သဘောကျလို့  ပြုံးသွားရင်.. သိပ်မြောက်မသွားနဲ့  သိကြားမင်း ..င်ထဲစွပ်ဝင်သွားပြီး သိကြားမင်း အီးပေါက်ချမှ ပြန်ကျလာမယ်ဆိုပြီး ထပ်ခွပ်တာ.. ရယ်လည်း ရယ်စရာကောင်း စိတ်လည်း ဆိုးစရာကောင်းလောက် အောင် စကားကြွယ်တာ လေး ပြန်သတိရမိတယ်။ မမကတော့ ဘလော့မွေးနေ့ မေ့တာ များပြီ...
နံမည်ကြီးဘလော့ပိုင်ရှင်မလေး ချမ်းမြေ့ပါစေ အောင်မြင်ပါစေနော်
(Word Verification)ကို ဖြုတ်လိုက်ပါနော် မြန်မာလိုရေးရင်း အင်္ဂလိပ်ကို ပြောင်းပြောင်းနေရတာ ရှုပ်လွန်းလို့ 

Unknown said...

ဟတ်ပလီး ဟတ်ပလီး ဦးဘဒေးပါ ..ဘလော့မွေးနေ့လေးတွေမှာ ပျော်ရွှင်သလို အမြဲတမ်းပျော်ရွှင်ပါစေဗျာ

Welcome said...

ဂျပန်မလေး
Happy blog birthday ဖြစ်ပါစေ ...
နောက်ဆုံးမှ ရောက်လာပေမယ့် ...
နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုတာမျိုးပဲ
ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေလို့ .....
ဝင်းဇော်

 

Design By:
SkinCorner