Friday, October 24, 2008

ဘယ်ကံကို ကျူးလွန်ရမှာ အကြောက်ဆုံးလဲ။

(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ဂ) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အနက်။ ။(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက် တည်ပါ၏။

(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

(ဂ) ကာမေသုမိစ္ဆာစာရာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရမ ဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲ စွာဆောက်တည်ပါ၏။

(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

(င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ- မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ် စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

နေ့စဉ် ရှိခိုးနေကြ ဘုရားရှိခိုးထဲမှာ ငါးပါးသီလလည်း ပါဝင်ပါတယ်။ အဲဒီ ငါးပါးသီလ (ကံငါးပါး)ထဲမှာ ဘယ်ကံကို ကျူးလွန်ရမှာ အကြောက်ဆုံးလဲ။ :d ကျမကတော့ ကာမေသုမိစ္ဆာစာရကံကျူးလွန်ရမှာ အကြောက်ဆုံးပါ။ ဂျပန်မှာတော့ ထမင်းစား ရေသောက် သဘောမျိုးလောက်ကို ကာမေသုမိစ္ဆာစာရကံကျူးလွန်နေကြတာ တွေ့နေ၊ မြင်နေရပါတယ်။ အဲလိုလူတွေကို တွေ့တိုင်း၊ မြင်တိုင်း ကျမတော့ ကာမေသုမိစ္ဆာစာရကံကြီးကို အတွေးထဲမှာ ပေါ်လာမိတယ်။ သူတို့အစား ကျမတော့ ကြောက်လိုက်တာ။ ဒီမှာ ဖတ်ကြည့်လိုက်တော့ ပိုကြောက်သွားတယ်သိလား။ :y မကြောက်ပဲနေနိုင်တဲ့လူတွေကို အံ့ဩပါတယ်။ :d

ကာမေသုမိစ္ဆာစာရကံ
အကြောင်းကို နည်းနည်းကူးယူဖော်ပြလိုက်တယ်နော်။ အသေးစိပ်ကိုတော့ ကိုအောင်ဦးဆီမှာဖြစ်ဖြစ်၊ ကိုအောင်ဦးရဲ့ ခွင့်ပြုချက်အရ တင်ထားသော ဓမ္မဒါနမှာပဲဖြစ်ဖြစ် ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းကြောင့်ရရှိသောအပြစ်(၁၁) ချက်ရှိပါသည်။ ၎င်းတို့ ကတော့- (၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါ များခြင်း၊ (၂) မုန်းရုံမက ရန်သူလည်း များခြင်း၊ (၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊ (၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊ (၅) မိန်းမ ဖြစ်ရခြင်း၊ (၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊ (၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊ (၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊ (၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့ သေးသိမ်ခြင်း၊ (၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊ (၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။ လင်္ကာဖြင့်မှတ်ပါလေ- “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါး လာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောက်ကအပြန် အကျိုးတည်း။” ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။

မှတ်ချက်၊ " ဘယ်ကံကို ကျူးလွန်ရမှာအကြောက်ဆုံးလဲ။" ကို မေးတာနော်။ ကျန်တဲ့ကံတွေကို မကြောက်ရဘူးလို့ မဆိုလိုဘူးနော်။ တကယ်တမ်း ပြောရရင်တော့ ဘယ်ကံမှ မကျူးလွန်တာ အကောင်းဆုံးပါပဲ။

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
ငါးပါးသီလလုံခြုံရင်၊ လုံအောင်စောင့်ထိန်းနိုင်ရင် အကောင်းဆုံးပါပဲ။ ကံတိုင်း ကံတိုင်းကတော့ ကြောက်စရာကောင်းတဲ့ ပြစ်ဒဏ်တွေ ရှိတယ်ဆိုတာ သိပြီး ဖြစ်ပေမယ့်၊ မကြောက်မရွံ့နဲ့ ဆက်ပြီးမိုက်နေမယ်ဆိုရင်တော့ ပြစ်ဒဏ်ပိုကြီး ပါမယ်။ ဘာပဲဖြစ်ဖြစ် ကလေးအတွေးနဲ့တင် ကြောက်ပါပီလို့ အော်မိပါတယ်။
ခင်မင်လျက်
ဝင်းဇော်

မိုးပြေး said...

ဘယ်ကံပဲ ဖြစ်ဖြစ် ကျုးလွန်တာ မကောင်းဘူးပေါ့ဗျာ။ ကံငါးပါးကို အတက်နိုင်ဆုံး လုံအောင် စောင့်ထိန်းနိုင်တဲ့ သူတွေရှိသလို ၊ မစောင့်ထိန်းတဲ့ သူတွေကလည်း ထု နဲ့ ဒေးပေါ့။ ဘယ်ကံကို ကျုးလွန်ရင်တော့ ကောင်းမယ်၊ အပြစ်လျှော့မယ် ဆိုတာ မရှိဘူးလေ။ ဥပမာ သူများပစ္စည်းကို ခိုးပြီဆိုပါတော့ ကိုယ်ဆိုရင်ကော ကိုယ့်ပစ္စည်းကို ခိုးခံရရင် ဘယ်လိုနေမလည်း ၀င်ပြီးခဲစားကြည့်လိုက်ပါ။ လိမ်ညာပြီးပြောမယ် ဆိုရင်လည်း ကိုယ်သာဆိုရင် ဘယ်လိုနေမလည်း ၊အများကြီးပဲပေါ့ဗျာ သူများ သားမယားကို ပြစ်မှားတာကတော့ ပိုပြီးသူတစ်ပါးတွေ အတွက်နစ်နာပါလိမ့် မယ်လို့ ထင်ပါတယ်။ အပြစ်ကို ပြောခြင်းမဟုတ်ပါ။ ကံပေါ့လေဗျာ မတက်သာလို့ ပါဆိုပြီး ကံကို ပုံချခြင်တဲ့ သူတွေရှိပါတယ်။ ကံ မဟုတ်ပါဘူး အကျင့်စရိုက်ပေါ်မှာ မှုတည်ပါတယ်။ တစ်ချို့ လူများကတော့ မကောင်းတဲ့ စရိုက်တွေကို ပြုပြင်ဖို့ မကြိုးစားပဲ မနှစ်မြို့ ဖွယ် ဆိုးကျိုးတွေကိုသာ ခံစားရင်း မကောင်းတဲ့ စရိုက်တွေရဲ့ လွမ်းမိုးမှုအောက်မှာ ခေါင်းငုံ့ ခံကာ တစ်ဘ၀လုံးနေသွားကြတာတွေ ရှိတယ်လေ။ ကာမေသုမိစ္ဆာစာရကံ ဆိုတာကို ပိုပြီးကြောက်ပါတယ်။

Anonymous said...

ငါးပါးသီလကို ကျူးလွန်ဖောက်ဖျက်ရမှာ အကြောက်ဆုံးပါပဲကွယ် ...တကယ် ...။

Anonymous said...

ငါးပါးသီလကို ကျူးလွန်ဖောက်ဖျက်ရမှာ အကြောက်ဆုံးပါပဲကွယ်

Anonymous said...

နာ့ သယ်ရင်းက တော်လိုက်တာ ...
သယ်ရင်း ညွန်းတဲ့ ဆိုက်ဒ်က မူရင်း ပို့စ်ကိုလည်း သွားဖတ်ပြီးပါပြီ ..
အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပဲ ...
နာ ကတော့ ငါးပါးသီလ ထဲ မှာ မုသာဝါဒါကံ ကို အကြောက်ဆုံးနဲ့ သတိအထားဆုံးပဲ ..
ကျန်တဲ့ ကံတွေက မကျူးလွန်ဖြစ်ပါဘူး .. ဘီယာကတော့ တစ်ခါတစ်လေ လောက်ပဲ သောက်ဖြစ်တယ် .. ခက်တာက အဲ့ဒီ လိမ်တဲ့ အမှု ..
နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရတဲ့ လူမျိုးစုံ နေရာမျိုးစုံ စရိုက်မျိုးစုံ အခြေအနေ မျိုးစုံကြားမှာ တစ်ခုမဟုတ် တစ်ခု လိမ်ပြီး ပြောဖြစ်နေတာ များတယ် .. အမှန်အတိုင်း ပြောပြန်ရင်လည်း ရိုင်းရာ ကျမယ်လေ ..
အဲ့လိုနဲ့ အဆင်ပြေအောင် နေလာခဲ့တာ ပြန်စဉ်းစားမိတော့မှ တစ်နေ့ တစ်နေ့ ကျန်တဲ့ ကံ ၄ ပါးကို ထိန်းနိုင်တယ် .. အဲ့ဒီ လိမ်တာကို ရှောင်ဖို့ မလွယ်ပါလားလို့ တော်တော် ကြောက်မိတယ် .. အဲ့လိုနဲ့ ထိန်းရင်း ထိန်းရင်းနဲ့ စကားနည်းလာလိုက်တာ အခုဆို တစ်ကယ် ခင်တဲ့ သူငယ်ချင်းတွေနဲ့တောင်မှ လိုအပ်မှ စိတ်ပါမှပဲ ပြောဖြစ်တော့တယ် ..ဘလော့ပေါ်မှာတော့ စကားမနည်းဘူးနော် :P
ပို့စ်လေးအတွက် ကျေးဇူးနော် သယ်ရင်း
ပျော်ရွှင်ပါစေဗျာ :)

စိုင်းစိုင်းလားရှိုး said...

ကံတိုင်းကို ကြောက်တယ်၊ မကျုးလွန်ချင်ပါ မကျုးရဲပါ၊ အပ္ပမာဒေန သမ္မဒေထ တဲ့၊ အဲလိုပဲနေတတ်တယ်၊ံ

ဂျူနို said...

မလိမ်မိဖို့ ပါ။ နေ့ တိုင်းအိပ်ယာဝင်လို့ ပြန်စဉ်းစားရင် လွတ်တဲ့နေ့ က နည်းတယ်။ နေကောင်းလားမေးလာရင်တောင် မကောင်းပဲနဲ့ ကောင်းတယ် ဖြေလိုက်တာက အစပဲ။ တစ်ယောက်ထဲဖြစ်လားမေးလာရင် အားနာတာနဲ့ မဖြစ်တာ ကို လိမ်ပြီး ဖြစ်ပါတယ်ဆိုတာမျိုးပေါ့။

mgngal said...

ပို့ စ်ကောင်း တစ်ပုဒ် အတွက် အထူးကျေးဇူးတင်ပါတယ် ။ ငါးပါးသီလတော့
အတတ်နိုင်ဆုံးကြိုးစားစောင့်ထိန်းပါတယ် ။ :) လူမှုရေးအရ လိမ်မိတာမျိုးတော့
ရှိတာပေါ့ ။ သူတစ်ပါးကို မထိစေတဲ့ အခါမျိုးမှပါ ။ :D

Anonymous said...

အိမ်ကတော့ တပါးကိုပဲကြောက်တယ်။
ဘဘဆရာကြီးဦးသုခရိုက်သွားတဲ့ တပါးသီလ ကိုကြည့်ဖူးကထဲကဆိုပါတော့ဗျာ။
အရက်သေရည်သောက်ပြီးရင် ကျန်တဲ့ ၄ပါးကကြူးလွန်ဖို့
လွယ်သွားပြီလေ။
သောက်ပြီးရင် သွေးကြွတော့ ဘာမဆိုလုပ်ရဲကိုင်ရဲလာတယ်။

ညီအကိုများ said...

ကံငါးပါးစလုံးကျူးလွန်ရမှာကိုအကြောက်ဆဆုံးပေါ့။

မိုးကြယ်

ဆောင်း said...

တပါးသီလကိုတော့ မမြဲဘူး။ ခြင်တို့ အဆိပ်ရှိတဲ့ အကောင်တို့ ဗိုင်းရပ်စ်တို့ဆိုရင် လက်တွေ့ကျကျ ရှင်းပစ်လိုက်တယ်။ ညီမလိုဘဲ ကာမေသုမိစ္ဆာစာရကံ ကိုတော့ ကြောက်လှပါတယ်။ ကျန်၃ပါးကိုတော့ တခါတလေ ကျူးလွန်တယ်။ စိတ်ထဲကတော့ ပိုင်ရှင်ကို တောင်းပြီးမှ ကာယကံမြောက် ပန်းရနံ့လေး ခိုးရှိုက်တာတို့ ခိုးခူးတာတို့ ဟင်းဟင်း။ တခါတလေ အမှန်မပြောဘူး ဥပမာ မနက်ဖြန် ၀ိတ်လျော့မယ်ဆိုတာ မနက်ဖြန် ဘယ်တော့မှ မရောက်ဘူး။ နေမကောင်းတော့ သုရာမေရယ ရှောင်ဖို့ခဲယဉ်းသား ဆေးတွေမှာ အနာသက်သာ အောင် ဘိန်းတို့အရက်တို့စတဲ့ မူးယစ်စေတဲ့ အရာတွေထည့်ဖေါ်ရတာဘဲမဟုတ်လား။

ဆောင်း said...

ပါဏာတိပါတာ-ကိုကြောက်ပြီး ဂျပိုးမသတ်တာ လုံးဝ မကောင်းဘူး။ မကောင်းတဲ့အရာကို အားပေးရာ ရောက်တယ်လို့မြင်တယ်။ အဲဒါကို ပါဏာတိပါတာ ကျူးလွန်တယ် မခေါ်ဘူး။ ရောဂါပိုးပြန့်မှာ ကာကွယ်တာလို့ ဆိုချင်တယ်

 

Design By:
SkinCorner