Saturday, October 25, 2008

QR Code

QR Code သည် (1994)နှစ်မှာ DENSO Corporation( Denso-Wave )က စတင်တီထွင်လိုက်တဲ့ Code တစ်မျိုးဖြစ်ပါတယ်။ QR ရဲ့အရှည်ကောက်ကတော့ "Quick Response" ဖြစ်ပြီး ဂျပန်မှာ အခုတလော အရမ်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာကို တွေ့ရပါသည်။ ကြေငြာစာရွက်မှာ၊ သတင်းစာမှာ၊ လက်ကိုင်ဖုန်းမှာ၊ လိပ်စာကဒ်ပြားမှာ၊ ပို့စကဒ်တွေမှာ၊ Phone Website တွေမှာ၊ လိပ်စာကို Mailပို့တဲ့နေရာမှာ၊ Blog Address နှင့် Website Address ကိုကြေငြာတဲ့အခါမှာ၊ DVDနှင့် CD Cover မှာ........စသဖြင့် အမျိုးမျိုးသော နေရာတွေမှာ QR Code က ထင်ထင်ရှားရှား နေရာယူလာတာကို တွေ့ရပါသည်။ Discount Coupon ကို QR Codeလုပ်ပြီး ဖြန့်ဝေတဲ့ ဆိုင်တွေလည်း ရှိပါသည်။

QR Codeက အရွယ်အစားသေးသေးလေးပေမယ့် လိုအပ်တဲ့အချက်အလက်ကို လျင်မြန်စွာ ရရှိနိုင်တာဖြစ်လို့ အသုံးပြုလာကြတာလို့ ထင်ပါသည်။ ကြည့်နည်းကလည်း လွယ်လွယ်လေးပါ။ Hand phoneမှာပါတဲ့ Bar Code Reader ကိုသွားပြီး Scan ဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ထဲမှာပါတဲ့ အချက်အလက်တွေကို အကုန်မြင်နိုင်ပါသည်။ Scanဖတ်လိုက်ရုံနဲ့ အဲဒီ QR Code ရဲ့ လိပ်စာကို ကြည့်လို့ရတာဖြစ်လို့ လိပ်စာမမှတ်မိခဲ့ရင်တောင်မှ တော်တော်အဆင်ပြေပါသည်။ ဒါကြောင့်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာလို့ ထင်ပါသည်။

QR Code ရဲ့ ထူးခြားချက်က အလကားအသုံးပြုလို့ရခြင်းပါ။ QR Code လုပ်တဲ့ Website မှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်း၊ စာသား၊ လိပ်စာတွေကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါသည်။ အရောင်လည်း ရွေးလို့ ရပါသေးသည်။ စိတ်ဝင်စားရင် လုပ်ကြည့်လို့ ရအောင် QR Code လုပ်တဲ့ Websiteတွေ တင်ပြပေးလိုက်ပါသည်။
http://qrcode.jp/
http://www.cman.jp/QRcode/
http://qr.popdom.jp/
http://qr.quel.jp/
ဂျပန်က တီထွင်ထားတာဖြစ်လို့ Search Engine မှာရှာတာ ဂျပန် Websiteတွေပဲ ထွက်လာပါတယ်။ English Websiteလည်း ရှိကောင်းရှိနိုင်ပါမယ်။ ကျမ ရှာတာ စာတွေပဲရှိပြီး အလွယ်တကူ QR Code လုပ်လို့ ရတဲ့ English Website မတွေ့ခဲ့ပါ။

http://qr.quel.jp/ ကနေ အစမ်းလုပ်ကြည့်ထားတဲ့ Profile ပါ။ စာက ဂျပန်လိုနဲ့ English လို နှစ်မျိုးရေးလို့ ရပါတယ်။ အနက်ရောင်ကတော့ ခန့်တာပေါ့နော်။ လှတပတလေးဖြစ်ချင်ရင်တော့ အရောင်လေးတွေပြောင်းကြည့်နော်။ အရွယ်အစား အကြီး၊ အသေးလည်း ရွေးလို့ရပါတယ်။

ဒီနေရာ(http://www.cman.jp/QRcode/)က ပိုစုံပါတယ်။နာမည်လေးပါ ထည့်လို့ရပါတယ်။ ပုံလေးလည်း ထည့်ကြည့်လို့ ရလို့ လုပ်ကြည့်လိုက်တယ်။
ပန်းရောင်လေးက Blog Addressပါ။ English လို ရေးထားတာပါ။
အဝါရောင်လေးက နာမည်ကဒ်ပြားပါ။ ဂျပန်လို ရေးထားတာပါ။
ဘာရယ်မဟုတ်၊ Blog မှာ QR Code ထည့်တာ လူအထင်ကြီးလို ကြီးငြားပေါ့နော်။ ;) Japan Blog တော်တော်များများ မှာ QR Code ပါတော့ ကျမလည်း အားကျမခံပေါ့နော်။ :z တကယ်လို့ စိတ်ဝင်စားပြီး လုပ်ကြည့်ချင်တယ်ဆိုရင် ကျမကူညီပါ့မယ်ရှင်။ ရေးချင်တဲ့စာသားလေးတွေကို ပြောခဲ့ပါ။ အရောင်လည်း ပြောပေးခဲ့ပါနော်။ လှပတဲ့ QR Code လေးရရန် တာဝန်ယူပါတယ်ရှင်။
အရင်ဆုံး Comment လာရေးပေးတဲ့ ကိုရှင်ရဲထွတ်ကြီးကို Blog Address QR Code တစ်ခု လက်ဆောင် လုပ်ပေးလိုက်ပါတယ်။ :z


ကိုနေလင်းရေ၊ အစ်ကို့ Blog နဲ့အဆင်ပြေမယ်ထင်တဲ့ အရောင်လေး လုပ်ပေးလိုက်ပါတယ်။ မကြိုက်ရင် ပြန်ပြောပါနော်။ ဘယ်မှာ ပေးရမှန်းမသိလို့ ဒီမှာ ပေးလိုက်ပါတယ်။ :z

ကိုမိုးပြေးအတွက် လက်ဆောင်ပါ။ ;)

အရောင်စိုစိုလေးမှ ကြိုက်တယ်ဆိုသော တယ်ရင်း မိုးသောက်အတွက် :z

လာခြိမ်းခြောက်သွားတဲ့ ကိုချစ်သူ့ခေါ်သံအတွက် သူ့Blog နဲ့လိုက်မယ့်အရောင် လုပ်ပေးလိုက်ပါတယ်။ လန်း မလန်းတော့ မသိ။ :z


ဟိ ဟိ၊ QR Code မှာ Comment လာရေးပေးတဲ့လူတွေကို Blog Address QR Code လေးတွေ လက်ဆောင်ပေးနေတာ။ ;) ပျော်စရာကြီး။ :z
ဒါပေမယ့်၊ Blog နဲ့ လိုက်မယ့်အရောင်ကို စဉ်းစားပြီး Blog Address QR Code လုပ်ရတာ ခေါင်းမူးသွားပြီ။ :c
Blog Address ကိုလည်း မှားမှာစိုးလို့ သေချာသွားကြည့်ရသေးတယ်။ :z

Blog Address
QR Code လုပ်ချင်သောသူများရှင့်။
ကျေးဇူးပြု၍ အရောင်လေးရယ်၊ Blog Address ရယ်တော့ ပြောပေးကြပါရှင့်။ :y

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

အဆင်ပြေတာပေါ့နော်၊ စရိတ်သက်သာတာပေါ့နော်၊ ၀န်ကျဉ်းတာပေါ့နော်၊ တီထွင်ထားတဲ့လူကို ချီးကျူးပါတယ်၊
ဖော်ပြပေးတဲ့ မယ်ဂုမိကို ကျေးဇူးတင်ပါတယ်၊

နေလင်း said...

ညီမလေး Megumi ရေ...

အစ်ကို လဲ ဂျပန်က QR code လေးတွေကို အရမ်းစိတ်ဝင်စားတာပဲ...
အစ်ကို့ H.P. က ဒိတ်အောက်နေတော့ software သွင်းမရလို့ စိတ်ပိန်နေတာ.. ဟီးဟီး..

ခင်တဲ့... :)

ကိုနေလင်း

မိုးပြေး said...

ဒီဇိုင်းလေးတွေကတော့ စိတ်ဝင်စားစရာပဲ၊ကောင်းတယ်ဗျို့ ဘာပဲပြောပြော ဗဟုသုတရတာပေါ့ဗျာ။ အရောင်လေးတွေကတော့ အတော်လန်းတယ်ဗျ။ ကိုယ်မလုပ်နိုင်ပေမယ် သူများလုပ်ထားတာတွေရယ်၊ ဂျပန်မလေးရယ်ကို ကျေးဇူးဗျာ။

Anonymous said...

0ါး နောက်ကျသွားပြီကွာ :P
သယ်ရင်း နာ့ကိုလည်း တစ်ခု လုပ်ပေး ..
ပြီးတော့ အဲ့ဒါကို ဘလော့မှာ ဘယ်လို သုံးရမယ် ဆိုတာပါ ပြောပြဦး ...
ညက တစ်ခေါက်လာသေးတယ် ဘယ်လိုသုံးရမှန်း မသိတာနဲ့ ပြန်သွားတာ အဟီး ..

Anonymous said...

တယ်ရင်း စိတ်မဆိုးပါဘူး .. ဘာလို့ ဆိုးရမှာလဲ ..
နာ့ ကို မြန်မာလို ရေးလို့ ရရင် မိုးသောက် လို့ ရေးပေးနော် ..
မရဘူးဆိုရင် moethout ပဲ :P
အရောင်ကတော့ တယ်ရင်း ကြိုက်တဲ့ အရောင်ပဲ ထည့်လိုက်ပါ ...အရောင်စိုစိုလေးတွေ ပိုကြိုက်တယ်.. :P
ကျေးဇူးနော် သယ်ရင်း ကော်ကော်တိုက်မယ် မုန့်ပါကျွေးပါ့မယ် :P :P

Unknown said...

ဒို့လည်း လိုက်မယ် ချန်မထားနဲ့..လန်းတာလေးနော်..လန်းလေကြိုက်
လေပဲနော်...:D

ဂျူနို said...

ဖတ်ပြီး နားမလည်ဘူး မယ်ဂုမိရယ်။
တော်တော်တုန်းတယ် ထင်လိုက်တော့။

HAPPY CLOUD said...

နည်းပညာ ဗဟုသုတနဲ့ ပက်သက်လို့ မျှဝေတဲ့ အတွက်... ကျေးဇူးပဲ ညီမရေ...။

ခင်မင်လျက်...
(မိုးမောင်)

RePublic said...

ဟုတ်ကဲ့ ၊၊ မျှဝေတာကျေးဇူးပါ ဗျာ ၊၊ မယ်ဂုကြီး ဆော့ဖို့တစ်ချို့ ထားခဲ့ပါတယ် ၊၊ သိလို့တတ်လို့ မဟုတ်ပါဗျာ ၊၊ ဟီး

http://www.widgetbox.com/widget/winksiteqrcode
http://qrcode.kaywa.com/
http://invx.com/
http://mobilecodes.nokia.com/

ဟိန်းညီ said...

ငါ့ညီမကသူများတွေကိုပေးနေရတော့ပျော်မှာပဲနော်။
အစ်ကိုလည်းပျော်ချင်တာနဲ့ ဂျပန်လိုရေးထားတဲ့ဆိုဒ်ထဲကိုဝင်
စမ်းတ၀ါးဝါးနဲ့လျောက်စမ်းပြီးငါ့ညီမအတွက်လက်ဆောင်တစ်ခုလုပ်ပေးလိုက်
ပါတယ်။ကို့ ဘလော့အရောင်လေးနဲ့။လှတော့မလှဘူး။အမှတ်တရပေါ့။
မနေ့ကတည်းက အဲဒါလေးလုပ်ပြီးတော့ ပုံလေးပေါ်အောင်တင်ချင်တာ
ဒီမှာ html က accepted မဖြစ်လို့။
http://www.AceLayouts.com/uploads/images/2008-10-25/dMLVb3Lk4D.png

ပျော်ရွှင်ချမ်းမြေ့ပါစေ။

စိုင်းနောင့် said...

စိတ်ဝင်စားစရာ အထွေထွေကြောင့် ကျေးဇူးတင်ရှိပါတယ်...လာလည်ရကြိုးနပ် ပါတယ်ခင်ဗျာ

Welcome said...

ဂျပန်မလေး
ဘလောဂ့်မှာထားဖို့ အဆောင်လေးတွေ တစ်ချို့အိမ်တွေမှာတွေ့ဖူးတယ်၊
ဂျပန်မလေးပဲ လုပ်ပေးထားသလားလို့ပါ။ hit များများတက်မယ့်အဆောင် ဆိုရင်တော့ တစ်ခုလောက်တော့ မျှပေးပါအုန်း၊ နားမလည်လွန်းလို့ပါ .. ..
အလည်တည့်တည့်မှာ
Welcome ပေါ့၊ အရောင်ကတော့ မွဲခြောက်၂ မီးခိုးရောင်ပါ၊ လင့်ခ်ကတော့
http://winzaw-mdy.blogspot.com
ရပြီနော်...

 

Design By:
SkinCorner