Sunday, January 18, 2009

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(4)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)

ဟိုတယ်ကနေ ထွက်လာခဲ့ပေမယ့် ဘယ်သွားလို့ သွားရမှန်းမသိပါဘူး။ ကားပေါ်မှာတုန်းက Guide က ပြောပြပေးခဲ့ပေမယ့် ခေါင်းမူးနေတဲ့အတွက် သေချာ နားမလည်လိုက်ပါဘူး။ :d နောက်ပြီး ကျမက မြေပုံကို မဖတ်တတ်ဘူး။ ပြလည်းမသိဘူး။ (အဲလောက်တော်တာလေ။ )ဒါနဲ့ သူငယ်ချင်းတွေနဲ့ တူတူသွားဖြစ်ပါတယ်။ ကိုရီးယားမ နှစ်ယောက်ရယ်၊ ထိုင်ဝမ်မတစ်ယောက်ရယ်၊ ကျမရယ် အားလုံးပေါင်း လေးယောက်ပေါ့။ နှစ်ယောက်က ဂျပန်စကားသိပ်မတတ်ဘူး။ တစ်ယောက်က တော်တော်ကျွမ်းတယ်ရှင်။ နားမလည် ၊ ပါးမလည် လေးယောက်သား လမ်းမှာ တွေ့တဲ့ လူတွေကို မေးရင်းနဲ့ နှင်းပွဲတော်ကို ချီတက်ခဲ့ကြပါတယ်။ ဟော့ကိုင်းဒိုးက လူတွေက တိုကျိုကလူတွေထက် စာရင် သဘောကောင်းပါတယ်။ သေသေချာချာ လမ်းညွှန်ပေးကြတယ်သိလား။

စစချင်းရောက်သွားတာက စုစုခိဆုံမှတ်(すすきの会場)ပါ။ အဲဒီမှာ ရေခဲနဲ့ လုပ်ထားတဲ့ရေခဲရုပ် တစ်ရာကျော်ကို လမ်းတစ်လျှောက်မှာ တန်းစီပြီး ထားထားပါတယ်။


ရွှေငါး
အခုမှ ထုနေတဲ့ ရေခဲရုပ်တွေလည်းရှိပါတယ်။ ရေခဲတုံးပေါ်မှာ ကိုယ်လိုချင်တဲ့ အရုပ်ပုံဆွဲပြီး လွှနဲ့ ဖြတ်တာပါ။

စိတ်ဝင်စားလို့ ဗီဒီယိုရိုက်ခဲ့ပါတယ်။ နည်းနည်းတော့ ဝါးနေတယ်။


နောက်တစ်လမ်းရောက်သွားပါပြီ။
ဆပိုးရိုးခေါက်ဆွဲပါ။ စားသွားပါဦး။ 

ဘုရင်နဲ့ ဘုရင်မ
ရေခဲအိမ်ထဲမှာ ငါးတွေရှိပါတယ်။ ထူးဆန်းတယ်နော်။ ဘယ်လိုများ ထည့်ထားလည်းမသိ။
ဒီပုံက ပိုစုံတယ်။ ရေသတ္တဝါမျိုးစုံပါတယ်။

အရက်ဆိုင်လို့ ထင်တာပဲ။ ရေခဲအရက်ဆိုတော့ ရေခဲလူသားတွေသောက်မှပဲ ရမယ်ထင်တယ်နော်။
ဒါကတော့ လူသောက်လို့ရတဲ့ အရက်ဆိုင်ပါ။ ရေခဲအိမ်ထဲမှာ ဖွင့်ထားတာလေ။ ချောင်းကြည့်လိုက်တာ သောက်နေတဲ့လူတွေအများကြီးပဲ။
ဆက်ရန်
မကြာမီ
လာမည်
မျှော်

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

နေ့အိပ်မက် said...

うれしいこと!!!行きたい。。:P

ရင်ခတ်နွယ် said...

ကိတ်မုန့်ဖဲ့စားသွားလို့ ဂျပန်ဝတ်စုံလေးပြန်ယူသွားတယ်...အပေါ်က ဂျပန်မလေးတွေ တော့ယူမသွားရဲ့ဘူး အဆော်ခံနေရမှာကြောက်လို့...။

ရင်ခတ်နွယ် said...

ဂုဂုလေး ရေခဲအရက်ဆိုင်ကိုတော့ သဘောအရမ်းကျတယ် ရေခဲ အိမ်သာရောမရှိဘူးလား?

Dr Phyo Wai Kyaw said...

ဂွတ်လှချည်လား။

khin oo may said...

အထူးအဆန်းလေးတွေမြင်ရလို့ကျေးဇူး

စိုင်းစိုင်းလားရှိုး said...

မိုက်တယ် ရေတွေခဲနေလိုက်ကျတာ ရောက်ချင်ပါသေးတယ် ဂုဂု ပျော်နေမှာနော အဲဒီတုန်းက :)

Anonymous said...

ဓါတ်ပုံတွေ အကုန်လုံး ကူးသွားတယ်ဟေ့ ..
တစ်ကယ့် စိတ်ဝင်စားစရာပဲ တစ်ခါမှ မတွေ့ဖူးဘူး ..
ကျေးဇူးပဲဟာ :)

Anonymous said...

C-box မှာ ရေးလို့ မရဘူး .. ဘန်းထားတယ်ပြောနေတယ်ဗျ .. ကျွန်တော်က အခုမှ စပြီးလာလည်တာ ..ဘန်းထားတယ်လို့ ပြောနေလို့ ..ဘယ်လိုဖြစ်လို့လဲ သိချင်တာနဲ့ Comment မှာလာရေးလိုက်တာပါ .. ။

ရွင်လန်းချမ်းမြေ့ပါစေ ( မနောသား )
http://mnawthar.blogspot.com/

megumi said...

ကိုမနောသားရှင့်။

ပတ်ပတ်စက်စက်လာရောက်ဆဲဆို၊ ရမ်းကားတဲ့လူများမှ လွဲရင် တစ်ခြားဘယ်သူ့ကိုမှ မဘန်းထားပါဘူးရှင်။ ကိုမနောသားကို ဘန်းထားတာမဟုတ်ပါဘူး။ ကျမစိတ်ထင် ကိုမနောသားက လူအများကြီးနဲ့ သုံးနေတဲ့ LAN ကို အသုံးပြုပါသလား။ အဲဒါဆို တစ်ယောက်ကို ဘန်းလိုက်ရင် အဲဒီ IP ADDRESS နဲ့ သုံးနေတဲ့ တစ်ခြားလူတွေကိုပါ ဘန်းသလိုဖြစ်သွားပါတယ်။ ဟိုတစ်ခါ သူငယ်ချင်းတစ်ယောက် ကိုလည်း အဲလိုနည်းနဲ့ ဘန်းသလို ဖြစ်ခဲ့ဘူးလို့ပါ။ တောင်းပန်ပါတယ်။ သီးသန့်တော့ ဘယ်သူ့ကိုမှ မဘန်းထားပါဘူးရှင်။
ရွင်လန်းချမ်းမြေ့ပါစေရှင်။

megumi said...

လာခဲ့လေ နေ့အိပ်မက်လေး။ နှစ်တိုင်းရှိတယ်သိလား။

ကိုရင်ခတ်နွယ်ကြီးက ရေခဲအိမ်သာကို တက်ရဲလို့လား။ အေးက အေးနဲ့။ :p

အေး၊ ဂွတ်ဂွတ်ပဲ baby dr. ;)

ဟုတ်ကဲ့။ လာကြည့်ပေးလို့ ကျေးဇူးပါ မမ။

ပျော်သလားတော့ မမေးနဲ့။ ရေခဲအရက်ကို ကိုရှင်ရဲထွတ်ကြီးအစား လက်အိတ်နဲ့ သွားကိုင်ကြည့်သေးတယ်။ :z

အေးအေး ရှိသေးတယ် သယ်ရင်းရဲ့။ နင်လိုချင်ရင် ဓာတ်ပုံတွေ ပို့ပေးမယ်။ :z

ပျံသန်းခြင်းရပ်ဝန်း said...

ပုံတွေအရမ်းမိုက်တယ်မယ်ဂုမိရေ..
တကူးတကရိုက်ပေးတာကျေးဇူးအများကြီးတင်ပါတယ်...

Anonymous said...

လှလိုက်တာဗျာ လာည်ချင်တယ် အလည်ခေါ်
မလား

 

Design By:
SkinCorner