Monday, January 19, 2009

အားကျမိပါသည်။


အချစ်၊

တစ်ယောက်နဲ့တစ်ယောက်ချစ်ကြသည့် အချစ်တွေထဲမှာ သဘောအကျဆုံးအချစ်ကတော့ အဘိုးကြီးအဘွားကြီးအချစ်ပဲ ဖြစ်သည်။ အသက်အရွယ်ကြီးပြင်းလာပြီး အိုမင်းမစွမ်း ဖြစ်လာတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ချစ်နိုင်ကြတာ အင်မတန်ချီးကျူးဖို့ကောင်းပါသည်။

တစ်ယောက်ကို တစ်ယောက်က စောင့်ရှောက်ကာ၊
တစ်ယောက်လိုချင်တာ တစ်ယောက်က ဖြည့်ဆည်းပေးကာ၊
တစ်ယောက်ရဲ့ ကျန်းမာရေးကို တစ်ယောက်က ဂရုစိုက်စွာ၊
တစ်ယောက်ပျော်ရွှင်အောင် တစ်ယောက်ကလုပ်ဆောင်ကာ ၊
တစ်ယောက်စိတ်ဆင်းရဲရင် တစ်ယောက်က နှစ်သိမ့်ကာ.............................

ဘယ်လောက်များ စိတ်ချမ်းမြေ့စရာ ကောင်းလိုက်ပါလိမ့်။

လမ်းသွားရင်း အဘိုးကြီးအဘွားကြီး စုံတွဲတစ်တွဲကို တွေ့ဖူးသည်။ တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ လှေကားပေါ်ကို တက်လာနေကြသည်။

"အဆင်ပြေရဲ့လား။
မောနေလား။
ခဏ နားမလား။
အေးဆေးပေါ့ကွာ။" ......... စသဖြင့် အပြန်အလှန် ပြောဆိုနေကြသည်ကို ကြားမိတော့ ကြည်နူးမိသည်။ အကြင်နာတွေကို မြင်ရသည်။ မေတ္တာတွေကို တွေ့ရသည်။ သူတို့နဲ့ ထပ်တူ ဝမ်းမြောက်မိသည်။ ဒီအသက်အရွယ်ရောက်သည့်တိုင် အချစ်မပြယ်သော သူတို့ကို အားကျမိသည်။ ငယ်ရွယ်စဉ်မှ ချစ်တဲ့အချစ်ကို အခုအချိန်တိုင် ထိန်းသိမ်းထားနိုင်သော သူများကို လေးစားမိသည်။

အရွယ်ရောက်သောသူတိုင်း ချစ်တတ်ကြပါသည်။ သို့သော်၊ထိုအချစ်ကို ခိုင်မြဲအောင်လုပ်နိုင်ရန်မှာ မလွယ်ပါ။ အမျိုးမျိုးသော ကြုံတွေ့လာနိုင်တဲ့ လောကဒဏ်တွေကို နှစ်ဦးသား အပြုံးမပျက်ရင်ဆိုင်တွန်းလှန်နိုင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ ချစ်သူဘဝတွင် အင်မတန်ချစ်လှပါသည်ဆိုသော စုံတွဲများ ၊အိမ်ထောင်ကျပြီးသွားသောအခါ တစ်ယောက်မျက်နှာတစ်ယောက် မမြင်ချင်လောက်အောင် မုန်းသွားကာ အိမ်ထောင်ရေးလည်းအကွဲကွဲအပြဲပြဲဖြစ်ကြရသည့်အကြောင်းများလည်း မြင်ဖူးတွေ့ဖူးပါသည်။ ချစ်တော့ချစ်ခဲ့ကြသည်။ သို့သော်၊ ကြာရှည်မတည်မြဲခဲ့ပါ။

အသက်အရွယ်ကြီးမြင့်လာသည့်တိုင် ချစ်နိုင်ကြသောသူများမှာ သာမန်အချစ်(1500)တစ်ခုတည်းတော့ မဟုတ်ဘူးလို့ ထင်ပါသည်။ (528)ပါ ပါဝင်နေလို့သာ ကာလကြာရှည်စွာ ချစ်နိုင်ကြတာလို့ တွေးမိပါသည်။ မည်သို့ဆိုစေ၊ လူသားအချင်းချင်း အချိန်ကြာမြင့်စွာ ချစ်တတ်ကြစေချင်ပါသည်။ ထိုသို့ချစ်နိုင်သူများကိုလည်း အားကျမိပါသည်။


ပုံကို http://mypersonaldoctor.org/old_couple_mask.jpg မှ ရယူသည်။

13 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

အကိုလည်း မြင်ဖူးတယ် ...
မနက်စောစော အဖိုးကြီးတစ်ယောက်နဲ့ အဖွားကြီးတစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ လမ်းလျှောက်လာကြကို နှင်းတွေကြားထဲမှာ မြင်ဖူးတယ် ... အဲမြင်ကွင်းကို မြင်မိတော့ စိတ်ထဲမှာ တအားကိုကြည်နူးတာပါပဲ၊ တကယ်လည်း အားကျနေမိတယ်၊ အဲလိုမျိုး အချစ်မျိုးဆုံဆည်းပါစေလို့လည်း ဆုတောင်းမိခဲ့တယ် ... ၁၅၀၀ ကန္တာရ အချစ်ချည်းပဲ မဟုတ်ပဲ ၅၂၈ အိုအေစစ်အချစ်လိုမျိုးမို့ နှစ်ပေါင်းများစွာတိုင် မယိုင်လဲတာလို့ ဆိုတဲ့ အချက်ကလေးကိုတော့ သဘောကျသွားခဲ့မိတယ် ညီမငယ်ရေ ... ။

ပျော်ရွှင်ပါစေ ... ။

ကြယ်စင်တာရာ said...

ဟုတ်ကဲ့ .. ကျွန်တော်လဲ အဲဒီလိုဖြစ်မယ်လို့ ထင်ပါတယ် ..ကျွန်တော်သုံးတာ လူအများသုံး Lan ပါ.. ရပါတယ် ခင်ဗျာ ... ကျွန်တော် လာလည်လို့ ရရင်ပဲ အဆင်ပြေပါတယ် ..ဆိုဒ်ကောင်းလေးတစ်ခုမို့ ကျွန်တော် ရောက်ဖြစ်ပါတယ် ... ကျွန်တော့်ကြောင့် အလုပ်ရှုပ်သွားရင် ဆော်တီးပဲနော် ..အခု ကော်မန့်မှာ လိုက်ရေးနေတာ မဆိုင်သလို ဖြစ်သွားပြီ .. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ဆီလာလည်ပြီး ပြောပေးသွားတဲ့ အတွက် ကျေးဇူးပါပဲ ... ဒီပို့စ်မှာ ကော်မန့်လာရေးတာ ပို့စ်လေးကိုလဲ ကြိုက်လို့ပါ .. အဲဒီလို ချစ်နေကြတာတွေကို မြင်ဘူးတယ်ဗျ ..ဒါပေမယ့် နည်းတော့ နည်းပါတယ် .. တွေ့လိုက်ရင်တော့ သိပ်ကိုကြည်နှုးဖို့ ကောင်းပါတယ် ... ပျော်ရွင်ပါစေ ခင်ဗျာ ..

ကိုဥာဏ်(စက်မှု) said...

သေသည့်တိုင်အောင် ခြစ်နေမယ် ဂတ်စ်မီးခြစ်လေးကိုကွယ် .. အဲလေ ချစ်နေမယ် ထိုအဘိုးအဘွားလိုကွယ်

ပီကေ said...

၁၅၀၀ ချည်း သက်သက်ဆို တဏှာတွေ ပါနေတော့ ပူလောင်နေမယ်ထင်တယ်။ အသက်ကြီးလာလေလေ တဏှာက လျော့လေလေဆိုတော့ ၅၂၈ သံယောဇဉ်ပဲ ကျန်တော့တာမို့ ဖြူစင်သထက် ဖြူစင်ပြီး အချစ်တွေကလည်း ကြည်လင်သထက် ကြည်လင်လာတာ ဖြစ်မယ်။ လူနှစ်ယောက်ဟာ ၁၅၀၀ အချစ်နဲ့ ချစ်ကြတယ်ဆိုပေမယ့် ၅၂၈ မေတ္တာလေး ပူးသပ်နိုင်မှ အေးချမ်းတဲ့ အချစ်မျိုး ပိုင်ဆိုင်နိုင်မယ် ထင်တယ်။

Dr Phyo Wai Kyaw said...

ဟုတ်တယ်.. မေတ္တာဖက်တဲ့ အချစ်ကမှ အေးချမ်းတာ။ တို့ ဖေတို့ မေတို့လည်း အဲလိုပဲ။
မောင်နှမလို ပဲ။

အဲလိုပုံလေးအတိုင်း တူတူနေရဖို့ခက်တယ်။ ငါ့သူငယ်ချင်း အဖိုးနဲ့အဖွားတုန်းကလည်း ၉၀လောက်ထိ တူတူနေသွားကြတာတဲ့။

(အဲလောက်နေရရင်တော့
နာနဲ့ နာ့ကောင်မလေးလဲအဲလိုဖစ်မှာပဲ

ညီမလေး။
အဲကျမှလာကြည့်
ငဲငဲ။ :P :P)

စိုင်းစိုင်းလားရှိုး said...

ငယ်ရွယ်စဉ်အခါမှာတော့အသွေးအသားဆန္ဒနဲ့ပူလောင်စွာချစ်ခဲ့ကြတယ်။ မာန်မာနပါတယ်။ သားသမီးဆိုတဲ့ သံယောဇဉ်နဲ့ အချိန်တွေကြာလာပြန်တယ်။ အိုမင်းမစွမ်းလာတော့ အထီးကျန်မှုကို ကြောက်လာကြပြန်တယ်။ ဘေးနားမှာရှိနေတဲ့ လက်တွဲဖော်ကို ပိုမို အားကိုးလာကြတယ်။ တစ်ဦးကို တစ်ဦး အပြီးတိုင် မခွဲကြသေးခင်အထိပေါ့။ အဓိကတော့ အိုမင်းမစွမ်းလာရင် အားကိုးသမှု ဟာ ရင်ထဲကနေ တောင့်တနေမှာပဲ။

layaung said...

Hi Missy,
This post touched my heart.

mabaydar said...

ဟုတ်တယ်ဟာ.. ငါတော့ အဲလိုအချစ်မျိုး ဒီတစ်သက်တွေ့ပါ့မလားမသိဘူး.. အပျိုကြီးဖြစ်ဖို့က များနေလို့.. အဟီး...

Anonymous said...

အဖိုးကြီး အဖွားကြီးဟာ မီးစာကုန် ဆီခန်း ပါးရေ နားရေတွေ တွန့်လာတဲ့ အချိန်မှာ အရမ်း အားငယ် ကြောက်ရွံ့တတ်ကြတယ် ...တစ်ယောက် နဲ့ တစ်ယောက်လည်း တောင်ဝှေး တစ်ချောင်းလိုပဲ ဖေးမ စာနာ နားလည်ပေးကြတယ် ..
ငယ်ရွယ်စဉ်မှာ ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ .. ကြီးမှပဲ တွေ့တွေ့ အဲ့အရွယ်ရောက်ရင်တော့ တစ်ယောက်တည်းသော အဖော် အဖြစ် .. အိုဖော် အိုဖက် အဖြစ် သတ်မှတ်တတ်ကြတယ် ...တဲ့
အဲ့လို ဆိုက်ကို စာအုပ်ထဲမှာ ဖတ်ဖူးတယ် ..
ငါပြောတာ မဟုတ်ဘူး :P
ဘာပဲ ပြောပြော အဲ့လိုလေး ယှဉ်တွဲပြီး သွားနေတာလေး တွေ့လိုက်ရတော့ တစ်ကယ် အေးချမ်းပါတယ် ...

ပျံသန်းခြင်းရပ်ဝန်း said...

လာရောက်ဖတ်ရှုခံစားသွားပါတယ်ညီမရေ....

အောင်ဦး said...

စာလာဖတ်ပါတယ် ညီမ..
အချစ်အကြောင်းလေး ရေးထားတာကောင်းပါတယ်။

ထားဝရပျော်နိုင်ပါစေ..

မောင်ပိစိ said...

"ကံ" ပါလို့ ချစ်ကြတာ ဟုတ်ဘူးလား.. :) ကြည့်ရတာ သူ အားကျနေဘီထင်တယ် ဟိဟိ.. ပြောပြထားပေါ့ကွယ်... အဲဒီလို ချစ်ကြမယ်လို့ :D နောင် နှစ် ၅၀ လောက် ကြာရင် ငါ့ ဆီ လာလည်ချည်... ဘယ်လောက် ချစ်ကြလဲ သိရအောင်လို့ ... :P hehe

Anonymous said...

ဟုတ်တယ်မယ်ဘုရေ ဒီဘက်မှာတော့ အဲလို
မျိုး အတော်များများ တွေ့ရတယ်ဗျ တယောက်
နဲ့တယောက်လဲ အတော်ကို ကြင်နာကြတယ်
အားကျစရာပါပဲဗျာ ဒီမှာတော့ သူတို့ရဲ့နေ၀င်ချိန်
ဘ၀လေးတွေကို တူနှစ်ကိုယ် ဘုရားကျောင်းတက်ရင်း၊ လမ်းအတူလျှောက်ရင်း
အိမ်မှာ နှစ်ယောက်ထဲအေးချမ်းစွာနေရင်း၊
ဘ၀ကိုအဆုံးသတ်သွားကြတာဗျ

 

Design By:
SkinCorner