Tuesday, January 20, 2009

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(5)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(4)

ပိန်ရှည်ရှည်လေးက တီဗွီတာဝါ(テレビ塔)လို့ ခေါ်ပါတယ်။ Sapporo မှာ ရှိတဲ့တစ်ခုတည်းသောတာဝါ ပေါ့။ ဟော့ကိုင်းဒိုးကလူတွေအတွက်တော့ တိုကျိုတာဝါလို့ ထင်ပါတယ်တဲ့။ တိုကျိုတာဝါတော့ သိတယ်ဟုတ်။ 

လမ်းတစ်လျှောက်မှာ နှင်းရုပ်ကြီးတွေအများကြီးရှိပါတယ်။ တစ်ချို့နှင်းရုပ်ကြီးတွေက မီးရောင်စုံတွေ ထိုးထားပါတယ်။ အဝါရောင် ဖြစ်နေတဲ့ပုံက မီးထိုးထားလို့ပါ။ အရောင်မျိုးစုံပြောင်းထိုးတာ လှမှလှ။


တစ်ချို့နှင်းရုပ်ကြီးတွေပေါ်မှာ စင်ရှိပါတယ်။ အဲဒီမှာ ကကြ၊ ဆိုကြတဲ့လူတွေလည်းရှိပါတယ်။ ဒီလိုမျိုးလေးပေါ့။ အရမ်းပျော်ဖို့ကောင်းတယ်သိလား။ တစ်ဖွဲ့ပြီးတစ်ဖွဲ့တက်လာပြီး ကကြတာ။ အရမ်းအေးတဲ့အချိန်မှာ အကျီလက်ပြက်ဝတ်ပြီး ကတဲ့လူတွေလည်း ရှိတယ်။ အားအင်ပါပြီး မြိုင်မြိုင်ဆိုင်ဆိုင်တီးလုံးနဲ့ဆိုတော့ ကြည့်နေရသူတွေပါ ဝင်ကချင်စိတ်ပေါက်လာတယ် အဟုတ်။
ဒါက လူလုပ်ထားတဲ့ နှင်းစကိတ်စီးတဲ့ နေရာပါ။ သဘာဝအတိုင်းဖြစ်နေတာမဟုတ်ပါဘူး။ သံတိုင်တွေနဲ့ စင်ဆောက်ပြီး အဲဒီစင်ပေါ်မှာ နှင်းတွေက ကျကျလာပါတယ်။ အဲလိုကျလာတဲ့ နှင်းတွေက တစ်နေ့တစ်ခြား စုပုံလာပြီး ဒီလိုအနေအထားမျိုးဖြစ်လာတာပါ။ လပေါင်းများစွာ စောင့်စားပြီးမှ ဖြစ်လာရတာပါ။


ကျန်တဲ့ အရုပ်ကြီးတွေလည်း အဲလိုပါပဲ။ သဘာဝအရကျလာတဲ့ နှင်းတွေကို လပေါင်းများစွာ စုပုံထားပြီး နောက်မှ ကိုယ်လိုချင်တဲ့ပုံကို ထုလုပ်ယူတာပါ။

အရုပ်သေးလေးတွေကတော့ လမ်းမှာ ကျနေတဲ့ နှင်းမှုံနှင်းမွှားတွေနဲ့ လုပ်ထားပုံပါပဲ။ နည်းနည်း ညစ်ပတ်တယ်။ ဖြူစွတ်စွတ်ဖြစ်မနေပါဘူး။

နှင်းနဲ့လုပ်ထားတဲ့ တစ်ချို့အရုပ်တွေပါ။ အမြဲတမ်း ဓာတ်ပုံတွေပဲ တင်ဖြစ်လို့ ဒီတစ်ခေါက်တော့ တမူထူးခြားအောင် ဆလိုက်ရှိုးလုပ်ပြီး တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင် ပြောပါရှင်။ ဓာတ်ပုံနဲ့ ပြန်တင်ပေးပါမယ်။


မှတ်ချက်၊ မနက်ခင်းမှာ ရိုက်ထားသော ဓာတ်ပုံများမှာ သူငယ်ချင်းတရုတ်မလေး၏ ဓာတ်ပုံများ ဖြစ်ပါသည်။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဂုဂုရေ ပုံလေးတွေက လှမှလှ လာလည်ချင်လိုက်တာ။ အေးစိမ့်နေမှာပဲနော်။

Dr Phyo Wai Kyaw said...

ပုံတွေက အမိုက်စားလေးတွေ.. လုသွားဦးမှပဲ။
ကိုယ်ပြောတော့ သာလွယ်လွယ်လေး
သူတို့တော်တော် လုပ်ထားရမှာ
ဘယ်သူတွေများလုပ်ပါလိမ့်နော်......

ဝက်ဝံက ငါ့ဟာ.. :P

ပျံသန်းခြင်းရပ်ဝန်း said...

ပုံလေးတွေအရမ်းလှတယ်...။ တောတော်စိတ်ရှည်လက်ရှည်တည်ဆောက်ထားရမှာပဲ...။ ပုံတွေကိုဖန်တီး
ပေးတဲ့သူတွေရော၊ ဓါတ်ပုံဆလိုက်ရှိုးတွေနဲ့ဝေေ၀ဆာဆာဖော်ပြပေးတဲ့ဂုမိကိုရော ကျေးဇူးအထူးပါ...။

Anonymous said...

လားပါတယ် မေရယ် ကြည့်လို့ မရတယ် ဒီကောင့် မျက်လုံးထဲဝယ် အဟီး
လှမှလှ တစ်ခါမှ ဒီလိုမျိုး မမြင်ဖူးဘူး ..
ကျေးဇူးကမ္ဘာနော် :P

မိုးပြေး said...

ဂျပန်မလေးရေ နင်ကနှင်းပွဲတော်ဆိုတာကလည်း တော်တော်လှတာပဲဟ ရေခဲနဲ့ လုပ်တဲ့အရုပ်တွေကို သွားကြည့်ဘူးတယ် ဒါပေမယ် ဟော့ကိုင်းဒိုး နှင်းပွဲက အရုပ်တွေလောက်တော့ မများတာသေချာတယ်။ တော်တော်စိတ်ဝင်စားဆို့ တော့ကောင်းတယ်နော် အရုပ်လုပ်ပုံတွေက လက်ရာလည်းမြောက်တယ်ဟ။ မသွားနိုင်တော့လည်း နင်တင်ပေးလိုက်တဲ့ ပုံလေးတွေကို ကြည့်ပြီးစိတ်ကူးယဉ်လိုက်တော့ မယ်ဟာ။ကျေးဇူးပဲ အခုလို ကြည့်ခွင့်ရအောင် ပုံတွေတင်ပေးလို့ ။

မြတ်သွယ် said...

ပုံလေးတွေကို လုပ်ထားတာ တကယ်လှတယ်နော်
အခုလို မြင်ခွင့်ရတဲ့အတွက် မမမယ်ဂုကို ကျေးဇူးကမ္ဘာပါ အာဝါးးးး ဟီးးး :)

ဟိန်းညီ said...

အီရှီကာရီ ၊ တိုကာချီ ဟော့ကိုင်းရိုးမှာတည်
တဲ့။
ငယ်ငယ်က ဆယ်တန်းတုန်းကပေါ့ ကျက်ခဲ့ဘူးတယ်။
ပထ၀ီမှာလေ။ ခုတော့ငါ့ညီမကျေးဇူးနဲ့
တွေ့ဖူးပြီ။

 

Design By:
SkinCorner