Tuesday, January 6, 2009

Bargain

ဂျပန်မှာ ရာသီတစ်ခုနဲ့ တစ်ခုကူးပြောင်းတိုင်း Bargain လုပ်လေ့ရှိပါတယ်။ 30% ၊ 50% ၊ 70% စသဖြင့် ဈေးချပြီးရောင်းတာပါ။ အရမ်းတန်ပါတယ်။ ဈေးဝယ်လို့အကောင်းဆုံးအချိန်ကာလတွေလို့ ပြောရင်လည်း မမှားဘူးပေါ့။ နေရာအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဒစ်စကောင့်ချပါတယ်။ Winter Bargain ကတော့ အစည်ကားဆုံးလို့ ကျမတော့ ထင်တာပဲသိလား။ နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်ဆိုတော့ မနှစ်က လက်ကျန် ပစ္စည်းတွေကို နောက်နှစ်အထိမကျန်ရအောင် ရောင်းတာဖြစ်လို့ တော်တော်ကို ဈေးတွေချရောင်းတာပါ။

Winter Bargain က ဈေးချရောင်းတဲ့အပြင် 福袋ဆိုပြီးတော့လည်း ရှိပါသေးတယ်။ 福袋ဆိုတာက ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး အဲဒီဈေးနှုန်းနဲ့ တန်ဖိုးတူမယ့် ပစ္စည်းတွေကို အစုံ ထည့်ထားတာပါ။ Lucky Bag လို့ ပြောလည်း ရပါတယ်။ ကိုယ့်ကံပေါ့နော်။ (အထဲမှာ ကိုယ်ကြိုက်တဲ့ပစ္စည်းတွေပါသလို ကိုယ်မကြိုက်နိုင်တဲ့ ပစ္စည်းတွေလည်း ပါနိုင်တာမလို့ ကျမကတော့ 福袋ကို ဝယ်လေ့ဝယ်ထမရှိပါဘူး။ )

ရထားထဲမှာ Bargain အတွက် ကြေငြာထားတာတွေ့လို့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ်။ :z



ဒါက ဖက်ရှင်အမျိုးမျိုးနဲ့ Bargain လာကြတဲ့ ဂျပန်လှပျိုဖြူလေးတွေ၊ ချစ်စရာလေးတွေနော်။ စတိုင်လေးတွေလည်း လန်းတယ်ဟုတ်။ :z

ဟုတ်လား၊ ဟုတ်လား၊ ကျမလည်း အခုနက အဲလိုတွေးနေမိတာ။ မနက်ဖြန်၊ မေမေနဲ့ အတူလာရအောင်နော်။ .............တဲ့။ (သားအမိချင်းလား။ သူငယ်ချင်းချင်းလားသိဘူး။ Bargain အကြောင်း ပြောတော့ ပြောနေကြတယ်။ ဟိ ဟိ။ )
ဟေ့ ဟေ့ ဆိုင်က တိုက်တွန်းတဲ့ ချစ်စရာ One piece လေးဝယ်ရင် ကောင်းမလား။

အင်း၊ ကောင်းသားပဲ၊ မနက်ဖြန် Live show မှာ အဲဒီ One pieceလေးဝတ်ရင် ထင်းပြီး ချစ်စရာကောင်းမှာ။.....တဲ့။  (အချင်းချင်းတိုင်ပင်နေလေရဲ့။ :p )
တစ်ယောက်တည်းကို နှစ်ထုပ်၊ သုံးထုပ်ကိုင်ထားတဲ့သူတွေလည်း ရှိသေး။ :z

20 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

အရုပ်လေးတွေ စတိုင်ကမိုက်တယ်
နှစ်ထုပ်ကိုင်ထားတာ နင်မလား ... ဂု...စ်
အောက်ဆုံးမှာလေ
:P :P

အောင်ဦး said...

ညီမလေး..
အကိုကိုယ်တိုင် ဂျပန်ကိုတော့ မရောက်ဖူးပါဘူး။ ညီမ နေတဲ့ ဂျပန်အကြောင်းတွေကို ဓာတ်ပုံတွေ၊ စာတွေနဲ့ တကူးတက ရေးပေး၊ မျှဝေပေးနေတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ဂျပန်စာကို တော်တော်ကျွမ်းကျင်မယ်ထင်တယ်။း)
ရာသီဥတုလဲ အေးနေပြီထင်တယ်။ ကျန်းမာရေး ဂရုစိုက်ပါ ညီမ။ နေမကောင်းဖြစ်ရင် မိဘနဲ့ ဝေးတဲ့ အချိန်ဆိုတော့ အားငယ်စိတ်ပါ ၀င်လာတတ်တယ်။

စိတ်ချမ်းသာပါစေ..

ပျံသန်းခြင်းရပ်ဝန်း said...

အကြွေးဆပ်ပြီးဖြစ်ကြောင်း
လာရောက်သတင်းကောင်းပါးလိုက်ပါတယ်။
ပျော်ရွှင်ပါစေ....

ခင်မင်လျက်
နွေသူရ

မြတ်သွယ် said...

အရုပ်ကလေးတွေက ချစ်စရာလေးတွေ
စတိုင်လ်တွေကလည်း လှပါ့နော်
Lucky Bag အကြောင်းလေးဖတ်သွားပါတယ် မမမယ်ဂု :)

Anonymous said...

အလည်ရောက်ပါတယ်ဗျာ ပျော်ရွှင်ပါစေဗျာ

Anonymous said...

ဈေးပေါတယ်ဆို နှစ်သစ်ကူး လက်ဆောင်လေး
ဝယ်ပေးပါလားဟင် တားလိုချင်တာက
ဆိုနီ ပလေးစတေရှင် ၃ လေးပါပဲဂျာ။ တကယ်ပြောတာနော် မနောက်ဘူး

Anonymous said...

လျော့ဈေး ဆိုတော့ စိတ်ဝင် စားတယ်.။ အစ်မရော ဘယ်လောက်များ ဝယ်ခဲ့သေးလဲ..။

megumi said...

ဟုတ်ဘူး ဘေဘီဒေါက်တာရဲ့၊ နာက အသားရောင်ကုတ်လေးနဲ့ အဆိုတော်လေ။ ဟိ ဟိ။

သိပ်မမြှောက်ပါနဲ့ လေးရက်ကြီးတဲ့အစ်ကိုကြီးကိုအောင်ဦးရေ။ စိတ်ပူပေးလို့ ကျေးဇူး။

ပျော်ရွှင်ပါစေ ကိုနွေသူရ။

အမြဲလာအားပေးလို့ ကျေးဇူးပါ ပုလဲလေး။

ဟုတ်ကဲ့၊ ပျော်ရွှင်ပါစေ ကိုအရူးလေးရှင်။

မီးမီးမှာလည်း ပိုက်ပိုက်ရှိဘူး ကိုအိမ်ကြီးရဲ့။ Credit card ပေးရင် ဝယ်ပေးမယ်လေ။ :p

ကျမလား၊ ယန်း (15000)တန်ကုတ်အကျီကို ယန်း (3000)နဲ့ရလို့ ဝယ်လာတယ် ကိုကျားလေးရဲ့။ :z

ဇင်ယော် said...

မယ်ဂုရော တစ်ယောက်တည်း ဘယ်နှစ်ထုပ် ၀ယ်လာခဲ့ လဲဟေ။ ကိုယ့်အတွက်ပဲ ၀ယ်လို့ အားမရသေးရင် နာ့အတွက်ပါ ၀ယ်ပို့ လိုက်၊ လုံးဝစိတ်မဆိုးဘူး ဟဲဟဲ။
အနည်းဆုံး ဆာကေးအကောင်းစားတစ်လုံးပို့  လိုက်လည်း ရပါတယ်လေ :P

ဂျူဝသန် said...

လက်စ သတ်တော့ အရုပ်တွေပါလားဟ... ဒါနဲ့ ဟိုကောင်မလေး နှစ်ယောက်က ဘာတွေ ပြောနေတာလဲဟင် ဘာသာပြန်ပေးလို့ ရမလား.....

စိုင်းစိုင်းလားရှိုး said...

ဂုရေ ဆာကေးရော ဒစ်စကောင့်မရဘူးလား? တစ်ဖာလောက်လိုချင်လို့? အကျီင်္တော့ နင်ပဲဝယ်တော့နော်

မောင်ပိစိ said...

စွတ်ဝယ်မနေနဲ့... ၀ယ်ချင်သပဆိုလည်း ငါ့အတွက်ပါ ၀ယ်ပို့ပေးလိုက် ဟိဟိ.. ၀မ်းမနည်းဘူး.. :P :P
အရုပ်ကလေးတွေ ပြောနေတာကို ဘာသာပြန်ထားတာလား.. အဲဒီ အရုပ်တွေထဲကလို ကောင်မလေး တစ်ယောက်လောက် ပါ ပို့လိုက်.. ဟီးး

ညီအကိုများ said...

ညီမရေ လာလည်တယ်။ တက်ကြွေးဆပ်ပြီးကြောင်းလာပြောတာ..

ပျော်ရွှင်အဆင်ပြေပါစေဗျာ..

မိုးကြယ်

Nge Naing said...

ညီမလေး လာလည်သွားပါတယ်။ ကွန်ပြူတာကို အိမ်က ကျေးဇူးရှင်လေးက အပိုင်သိမ်းပိုက်ထားလို့ အရောက်ကျဲသွားပါတယ်။
ဒီရာသီဆို ဆစ္ဒနီမှာလည်း ဒီလိုပဲ ၇၀% အထိ ကုန်တွေကို ဈေးလျှော့တာ ရှိတယ်။ ဈေးဝယ်လို့ အကောင်းဆုံးရာသီပဲ။ နောက်ထပ်ဈေးဝယ်လို့ အကောင်းဆုံးအချိန်တခုက မတ်လကုန်ပိုင်း ဒါမှမဟုတ် ဧပြီလဆန်းလောက်မှာ ကျတဲ့ အီစတာShow ပြတဲ့ ကာလဖြစ်တယ်။ ကျောင်းပြန်မဖွင့်ခင် အားလပ်ချိန်တွေကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

Unknown said...

ညီမလေးရေ
လည်လည်လာတယ်နော်
နှစ်သစ်မှာပျော်ရွှင်ပါစေ
လှပတဲ့တင်ဆက်မှုတွေအတွက်ကြည်နူးမိပါတယ်

Anonymous said...

လှပျိုဖြူလေးတွေဆိုလို့ မျှော်လင့်တကြီးနဲ့ loading လုပ်နေတဲ့ ပုံလေးတွေကို စောင့်ပြီး ငမ်းနေတာ ..
လက်စသတ်တော့ အရုပ်တွေ ဖြစ်နေတာကိုး.. ဆိုးပါ့ ဆိုးပါ့ ..
သက်ရှိ အရုပ်လေး တစ်ခု ငါ့ဆီ ပို့လိုက်ဟာ ..
အဟဲ တစ်ယောက်တည်း တရဲ ကြောက်လို့ :P

မီယာ said...

အရုပ်လေးတွေက လှလိုက်တာ။ ဈေးချတုန်းဆိုပြီး ၀ယ်ချင်တိုင်းသာ ၀ယ်ရရင်တော့ မလွယ်ဘူး ညီမရေ။ ပျော်ရွှင်ပါစေ။

ညီအကိုများ said...

မယ်ဂု ငြိမ်နေလို့လာချောင်းတာ..
မင်္ဂလာပါညီမရေ..ပျော်ရွှင်အဆင်ပြေပါစေဗျာ။

မိုးကြယ်

မသက်ဇင် said...

မယ်ဂု ကိုသတိရလို့ လာလည်တာ---
၂၀၀၉ နှစ်သစ်နှင့်အတူ ရွှင်လန်းချမ်းမြေ့ပါစေ---

Anonymous said...

အသစ်ရေးဦးလေဟာ ညစ်မနေနဲ့ ..

 

Design By:
SkinCorner