Friday, January 2, 2009

နှစ်ဟောင်းနဲ့ နှစ်သစ်ကြားမှ ကျမ

ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့ရောက်တိုင်း အပြင်လျှောက်လည်မယ်လို့ ရည်ရွယ်ပြီး အိမ်မှာပဲ "HAPPY NEW YEAR" လုပ်ဖြစ်တာ လေးနှစ်ရှိပြီသိလား။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ။ အိမ်ကို ဖုန်းဆက်၊ ဘုရားကို သုံးခါတောင် (မြန်မာနှစ်သစ်၊ ဂျပန်နှစ်သစ်၊ နောက်နိုင်ငံတစ်ခုရဲ့ နှစ်သစ်)ရှိခိုးပါတယ်။ ဂျပန် စံတော်ချိန် (12)နာရီအထိုးမှာ အွန်လိုင်းကသူငယ်ချင်းတွေနဲ့ နှစ်သစ်ဆုတောင်း (NEW YEAR WISH)လုပ်လိုက်သေးတယ်။ ပြီးတော့ ဂျပန်က သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်။ (12)နာရီကနေ (1)နာရီထိ တစ်နာရီခန့် (တစ်ချို့ဖုန်းကုမ္ပဏီတွေက နာရီဝက်ခန့်) ဖုန်းတွေကို ပြောလို့ မရအောင် လုပ်ထားတာသိလား။ "သုံးခါ ခေါ်မှ တစ်ခါလောက်ပဲ လိုင်းဝင်မှာပါ"......လို့ တီဗွီမှာကို တရားဝင် ကြေငြာတယ်လေ။ :( လူတိုင်း နှစ်သစ်ဆုတောင်း (NEW YEAR WISH)လုပ်တော့ ဖုန်းလိုင်းတွေ ကြပ်လို့ ဆိုပဲ။ ဟွန်း၊ ပြော မပြောချင်ဘူး။ (12)နာရီမှာ နှစ်သစ်ဆုတောင်း လုပ်ချင်ပါတယ်ဆို သူတို့(Phone company)က အဲလို လုပ်တယ်။ ဘယ်ရမလဲ။ :p ဖုန်းနှစ်လုံးရှိတာပဲဟာ။ တစ်လုံးမရ တစ်လုံးပေါ့။ ခက် ခက်တာမှတ်လို့။ ;) မရရအောင် ခေါ်ပြီး နှုတ်ဆက်ပစ်လိုက်တယ်။ :z

အဲဒီမှာ သူငယ်ချင်းကချင်တစ်ယောက်က လှမ်းခေါ်တယ်။ ငါတို့ဆီ လာခဲ့ပါလား...တဲ့။ (စကားချပ်၊ သူတို့က ခရစ်ယာန်တွေဆိုတော့ ဘုရားကျောင်းသွားတာလေ။ ဘုရားကျောင်းမှာ "HAPPY NEW YEAR" လုပ်တာ။ ကကြ ၊ဆိုကြ၊ ဆုတောင်းကြနဲ့ ပျော်စရာကြီးဆိုပဲ။ အခု ဘုရားကျောင်းကပြန်လာပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ ဟော့ပေါ့သွားချက်စားမလို့လေ။ လိုက်ခဲ့၊ လိုက်ခဲ့ဆိုပြီး လှမ်းခေါ်တာ။ ) ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့က ရထားလိုင်းတော်တော်များများက 24 Hours ဆွဲပေးတာသိလား။ ဒီတော့ အချိန်မရွေး သွားလို့ရတယ်။ :z ဟိ ဟိ၊ ဒါနဲ့ပဲ သူငယ်ချင်းက ခေါ်တော့ ဟန်ဆောင်ပန်ဆောင်တောင် မငြင်းဘဲ လိုက်သွားဖြစ်ခဲ့တယ်။ :z

ကချင်တွေက သဘောကောင်းတယ်သိလား။ အခုမှ စတွေ့ဖူးပေမယ့် ဖော်ရွေတယ်။ ခင်လည်း ခင်တတ်ကြတယ်။ နာရီဝက်တောင် မကြာပါဘူး။ ငယ်ပေါင်းကြီးဖော်တွေ ဖြစ်သွားတယ်။ ပျော်စရာကြီး။ :z အတူတကွ ဂိမ်းကစားကြတယ်။ ကျမပါတဲ့ အဖွဲ့က ဒုတိယရတယ်။ :p အေးလှတဲ့ ဆောင်းရာသီမှာ ဆုအနေနဲ့ ရေခဲမုန့်ရတယ်သိလား။ ကြိုက်မှ ကြိုက်ပဲ။ :p အရမ်းအေးတဲ့ အချိန်မှာ ရေခဲမုန့်စားရတာ အရသာတစ်ခုပဲလေနော်။ ;)

ဂိမ်းကစားပြီးတော့ ဂိမ်းကို ဦးဆောင်တဲ့လူကပဲ "ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ကို စာရွက်မှာ ရေးပေးကြပါ"လို့ ပြောလာတယ်။ အဲဒီဖြစ်ချင်တဲ့ အရာတွေ အကုန်လုံးကို ဂိမ်းခေါင်းဆောင်က ဖတ်ပြပြီ"ဖြစ်ချင်တဲ့အရာတွေ အမြန်ဆုံးပြည့်နိုင်အောင် လက်ချင်းတွဲပြီး ဆုတောင်းပေးကြရအောင်"လို့ ပြောလာပါတယ်။ (10)မိနစ်ခန့်ပေါ့။ အတူတကွ ဆုတောင်းပေးကြတယ်။ ကျမကတော့ တစ်ဦးတည်းသော မြန်မာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုတော့ သူတို့ဆုတောင်းသလိုတော့ ဆုတောင်းဘူးပေါ့လေ။ ဒါပေမယ့် သူတို့ရဲ့ ဆုတောင်းတဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို အာရုံပြုပြီး ရှိခိုးဆုတောင်းပေးလိုက်တယ်။ မတ်တပ်ရပ်၊ သူတပါးနဲ့ လက်ချင်းချိတ်ပြီး ဘုရားရှိခိုးတာ ပထမဆုံးအကြိမ်ပါ။

ဆုတောင်း ရှိခိုးပြီးတော့ ဟော့ပေါ့လည်း အကျက်သိလား။ လူအယောက် သုံးဆယ်စာကို နှစ်ယောက်တည်းချက်တာ။ ဟင်းချက်အရမ်းကောင်းတဲ့ လူတွေ ချက်လို့ ထင်ပါရဲ့။ အရမ်းစားကောင်းတယ်သိလား။ ဟင်းရည်ကတင် အရသာရှိနေပြီ။ အသားနဲ့ အရွက်ကတော့ ပြောမပြတတ်အောင် ကောင်းမှကောင်း။ :z

စားပြီးသောက်ပြီးတော့ နှုတ်ဆက်ပြန်ခဲ့ကြတာပေါ့နော်။ အချိန်ကို ကြည့်လိုက်တော့ မနက်ငါးနာရီ(ဇန်နဝါရီ တစ်ရက်) ရောက်နေပြီ။

ဘာပဲ ပြောပြော ဒီနှစ် နှစ်ကူးနှစ်ပြောင်းက ပျော်စရာကောင်းတယ်သိလား။ တစ်ပြိုင်နက်တည်း သူငယ်ချင်းအများကြီး ရရှိလိုက်လို့လေ။ :z

13 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

Гу!!!!!!!!!!!!!!!!!!!!!

明けまして おめでとうございます。
Happy New Year!
Поздравляю с Новым Годом!

မိုက်တယ်
မိုက်တယ် မိုက်တယ်
မိုက်တယ်မိုက်တယ် မိုက်တယ်
မိုက်တယ် မိုက်တယ် မိုက်တယ် မိုက်တယ်

ဟော့ပေါ့စားချင်တယ်.........
.............................ввдр

မိုးပြေး said...

့နင်ပျော်နေတယ်ဆိုတော့ ၀မ်းသာတာပေါ့ဟာ...အဆင်ပြေစွာနဲ့  ၂၀၀၉ ခုနှစ်ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...........

မောင်ပိစိ said...

စားချင်လာဘီ ဟော့ပေါ့ :D
ခရစ်ယာန်တွေနဲ့ နယူးရီးယား လုပ်တော့ ပျော်ဖို့ ပိုကောင်းမှာ
သူတို့ ဓလေ့က တမျိုးပဲ.. ရင်းရင်းနှီးနှီး ရှိသလိုပဲ
ပိပိ ဆီမှာလည်း ခရစ်ယာန်တွေပါတယ်.. ပျော်စရာကြီး..

ဖုန်းကတော့ မပြောပါနဲ့တော့... ဘယ်နိုင်ငံမှာမှ မရဘူး.. :(
ဟက်ပီးနယူး ရီယားနော်.. ဂုဂုလေး.. လိမ်လိမ်မာမာနေ.. ငါ့ကို မစနဲ့ ဒါပဲ.. :D

အမလေးဟယ်... ဂူးဂယ်analystics ရယ်.. loading ပီးအောင် မနဲစောင့်ပီး မန့်ရတယ်.. :(

Anonymous said...

အဟဲ နာလည်း ကချင်ပဲကွ ..
ဘာမှတော့ မဆိုင်ဘူး ..
ဟော့ပေါ့ စားချင်လိုက်တာ ရွှလွှတ် ...
နှစ်သစ်မှာ တစ်ခုခု လုပ်ရင် တစ်နှစ်လုံး အဲ့ဒါပဲ လုပ်နေရတတ်တယ်တဲ့ ..
နင်က နှစ်စမှာ ဟော့ပေါ့စားရတော့ တစ်နှစ်လုံး အဲ့ဒါတွေပဲ စားနေရမှာ မြင်ယောင်သေးတယ် :P ( နာမစားရလို့ ပြောတာကွ အဟီး )

စိုင်းစိုင်းလားရှိုး said...

နောင်နှစ်တွေမှာလည်း ဒီထက်ပျော်စရာကောင်းပြီး ဒီထက် သူငယ်ချင်းများများရပါစေ။ ဆုတောင်းပေးပါတယ်။

ညီအကိုများ said...

ပျော်ရွှင်စရာလေးပါဗျာ... နှစ်တစ်နှစ်ကိုပျော်ရွှင်စရာတွေနဲ့စတင်ပြီးကြိုဆိုရတာ မင်္ဂလာပါ..

တက်ပိုစ့် ရေးဖို့လုပ်နေပါတယ်..မကြာမီလာမီမျှော်.. :)

မိုးကြယ်

Anonymous said...

စူများတွေများ ပျော်စရာကြီးဗျာ စူငယ်ချင်းတွေနဲ့ နော့မှာတော့
အဖော်မရှိတကိုယ်ထဲ ရေးရင်းနဲ့ နိုတောင်နိုချင်ရာပီ

Anonymous said...

မင်္ဂလာ နှစ်သစ်ပါ ဗျာ။ ( ဆောင့်ကြီး အောင့်ကြီး ဆုတောင်းသံ )
နာ့ကိုညား ပြောရက်လိုက်တာ ဟွင့် ။ အလှ ၁၀၀ ကတော့ ဖော်ကောင်လုပ်သွားတယ်နော် ။ လာခဲ့ တုတ်ကောက်ပြီး ...။

khin oo may said...

happy new year

မြတ်သွယ် said...

မမမယ်ဂုရဲ့ နှစ်သစ်ဖြတ်သန်းပုံလေးကို လာအားပေးပါတယ်
ဟော့ပေါ့စားခဲ့ရတယ်ပေါ့
အဟင့် .. စားချင်လာပြီ :)
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့တဲ့အတွက် ထပ်တူဝမ်းသာမိပါတယ်
နောင်များလဲ ပျော်ရွှင်ပါစေ

Unknown said...

ညီမလေး..
ပျော်ရွင်ဖွယ်နှစ်သစ်လေး ဖြစ်ပါစေ။ ဘ၀တလျောက်လုံးလဲ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

ပျံသန်းခြင်းရပ်ဝန်း said...

ကွန့်လို့လဲမရဘူး...။
အေးအေးဆေးဆေးမှပဲတက်ဂ်ကြွေးဆပ်တော့မယ်..
သတိရနေပါတယ်ဗျာ....။

ခင်မင်လျက်
နွေသူရ

ဇင်ယော် said...

အရမ်းအေးတဲ့အချိန် ရေခဲမုန့် စားရတဲ့ အရသာ ရေလည်မိုက်တယ်ကွ။ နာလည်းကြိုက်တယ်ဟေ.။ နှစ်သစ်ကူးမှာ ဟော့ပေါ့စားရတယ်ဆိုတော့ မယ်ဂုတော့ တစ်နှစ်လုံး ခဏခဏ ရေခဲမုန့် စားရတော့မယ် ဟေဟေ့ မိုက်တယ်ကွာ။ ၂၀၀၉နှစ်သစ်မှာ ရည်မှန်းထားတဲ့လမ်းကို မျှော်လင့်ခြင်းအားမာန်တွေနဲ့  ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေဗျာ။

 

Design By:
SkinCorner