Sunday, February 8, 2009

"အောင်မြင်ခြင်း"ပန်းတိုင်ဆီသို့

နောက်ဆုံးချိန်ထိ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်။

ကိုယ့်ကိုကိုယ် မယုံကြည်ရင် ဘယ်သူက ကိုယ့်ကို ယုံကြည်မှာလဲ။

ယုံကြည်မှုမရှိရင် ဘယ်အရာမှ မစတင်နိုင်ဘူး။


အဆုံးကို မတွေးထားရဘူး။

အဆုံးသတ်နံရံဆိုတာ ဘယ်မှာမှ မရှိဘူး။


နောက်ထပ် နောက်ထပ် ကြိုးစားနိုင်တယ်။

ဘဝင်မကိုင်ရ။

အားသွန်ခွန်စိုက် ကြိုးစားကြရအောင်။


လုပ်နိုင်လား၊ မလုပ်နိုင်လား စဉ်းစားစရာမလို။

လုပ်ကို လုပ်ရမယ်။


နောက်ကြောင်း ပြန်မကြည့်ရ။

တစ်စက္ကန့်၊ တစ်မိနစ်တောင်မှ ရှေ့သို့သာ

အခုမှ ဘဝစတာ။


တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်တယ်။


စိတ်မပျက်ရ။

ဇွဲမလျှော့ရ။


နိုင်နိုင်ရှုံးရှုံး

အားသွန်ခွန်စိုက်

ကြိုးစားလုပ်ဆောင်ပါက

အောင်မြင်မှာ မလွဲဧကန်။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

အင်းအင်း

ဖြစ်ချင်ရာဖြစ်
စိတ်မညစ်နဲ့
...
နောက်လှည့်မကြည့်ကြေး..

"ရှေ့သို့သာသွား သောကြာကြယ်အလား ဘ၀ဆိုတာများ နောက်မပြန်နဲ့လေ အလုပ်ကိုသာ မနားမနေ တိုးတက်အောင်ဆုခြွေ.. ဇွဲလုံ့လနဲ့ ၀ီရိယကိုသာလေ.."

ငယ်ငယ်က ဆိုဖူးတဲ့ လုလင်ငယ်သွေး သီချင်း.. စာသားမှားရင် လာရန်မတွေ့နဲ့.. ငါလည်း မှတ်မိသလောက် ရေးရတာ..။

ဆက်လုပ် ရောင်းရင်း..ဆက်လျှောက်ကြမယ်..

khin oo may said...

ကိုယ့်ကိုကိုယ်အားပေးနေတယ်ထင်ရဲ့
သိတ်ကောင်းတဲ့စာသားလေးတွေပ်ါ

စိုင်းစိုင်းလားရှိုး said...

ဂုဂု အားတွေမာန်တွေ ပြန်လည်လန်းသစ်စေတဲ့ စာသားတွေပဲ။ ဆက်ကြိုးစားကြမယ်နော်။ အားမလျှော့ကြေးပေါ့။

မြတ်သွယ် said...

တကယ်လုပ်ရင် တကယ်ဖြစ်တယ်
ဟုတ် ...
ကြိုးစားမယ် မမမယ်ဂု
မမမယ်ဂုလည်း အောင်မြင်ပါတယ်း)

ဂျူဝသန် said...

အင်း........ လုပ်လိုက်လေ.... ဖေးကူကြရင်းပေါ့။ ဟုတ်စ..။

Unknown said...

(၁)မိမိကိုယ်ကို မိမိကိုယ်တိုင် မညှာမတာ ဝေဖန်ပါ။

(၂)မိမိ၏ အားနည်းချက်များကို အမြန်ဆုံးပြင်ဆင်ပါ။
မိမိ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပါ။

(၃)အခက်အခဲဆိုသည်မှာရင်ဆိုင်ဖြေရှင်းပြီးအနိုင်ယူရန်ဖြစ်သည်။
ကြေက်ရွံ၊ထွက်ပြေးခြင်းဖြင့်အခက်အခဲများပျောက်ကွယ်သွားမည်မဟုတ်ပေ။

(၄)သင်အရှုံးမပေးမခြင်း၊လက်နက်မချမခြင်း၊သင်သည်ဘယ်သောအခါတွင်မှ မရှုံးနိမ့်ပေ။

(၅)သင်၏တန်ဖိုးသည် သင့်ကိုယ်ကိုသင်၏ ပြဌာန်းချက်ပေါ်တွင်သာ(လုံးဝ)မူတည်သည်။

Anonymous said...

ဖတ်မှတ်သွားပါတယ်ဗျို့

Anonymous said...

ပိုင်ဆိုင်ခြင်းရဲ့ အခြားအဓိပ္ပာယ်တစ်ခုက မပိုင်ဆိုင်ခြင်းတဲ့ ....
အဓိက နဲ့ သာမည ခွဲခြားပြီး ငါ အစစ်အမှန်အတွက်
ကြိုးစား လုပ်ကိုင်တတ်ပါစေ ..

အောင်ဦး said...

စာတွေရေားထားတာ ကောင်းတယ် ညီမရေ.. မအားလို့သာ မလာဖြစ်တာပါ။ အခု တခါတည်း လာဖတ်တာ။ ဒေါသ တွေလဲ မထွက်နဲ့တော့။း)

 

Design By:
SkinCorner