Friday, February 6, 2009

"နှင်းတောထဲမှာ"

မနှစ်တုန်းက ဒီအချိန် နှင်းတောထဲရောက်နေတာသိလား။ မြင်မြင်သမျှ နှင်းတွေချည်းပဲ။ ဖြူဖွေးပြီး အရမ်းလှတယ်။ နှင်းကို မမြင်ဘူးခင်ကတည်းက အရမ်းချစ်တဲ့ ကျမက နှင်းတွေအများကြီး တွေ့လိုက်ရတာ ဘယ်လိုပျော်မှန်းကို မသိ။ တစ်သက်နဲ့တစ်ကိုယ် အဲလိုမျိုး တစ်ခါမှ မကိုင်ဘူးတဲ့ နှင်းတွေကို ကိုင်ကြည့်ရတာ အရမ်းအရသာရှိတာပါ။ အစက လက်အိတ်ချွုတ်ပြီး ကိုင်ကြည့်သေးတယ်။ ဟိ ဟိ၊ လက်က ချက်ချင်းအဖြူရောင်ဖြစ်သွားတော့မှ ကြောက်သွားတော့တယ်။

နှင်းက ရေခဲအဖွယ်စားနဲ့ တူတယ်။ မွတတနဲ့။ ကိုင်လို့ ကောင်းတယ်။ လက်ထဲမှာ နှင်းတွေကို ဆုပ်ပြီး နှင်းခဲလုပ်၊ သူငယ်ချင်းတွေနဲ့ နှင်းခဲပေါက်တမ်းဆော့ရတာလည်း ပျော်စရာကြီး။ လမ်းလျှောက်ရတာလည်း မိုက်တယ်။ အိစိအိစိနဲ့။ ခုန်ဆွခုန်ဆွ သွားလို့ ကောင်းတယ်သိလား။ ကျမတော့ လမ်းလျှောက်နည်းမျိုးစုံနဲ့ နှင်းတောထဲမှာ လမ်းလျှောက်ခဲ့တယ်။ ခြေထောက်တစ်ပြင်လုံးနဲ့ မလျှောက်ဘဲ ခြေဖနောင့်နဲ့ သူခိုးလမ်းသွားသလိုလည်း သွားကြည့်ခဲ့သေးတယ်။ ဒေသခံလူတွေကတော့ ထင်မှာဘဲ။ ”ဒီကောင်မလေး အခုမှ နှင်းမြင်ဖူးလား”。。。。。。。。。。。。လို့။ တတ်နိုင်ဘူး။  :p တိုကျိုက နှင်းမှ အဲလောက်မကျတာ။ ဒီတော့ အခုလို နှင်းတောထဲရောက်တုန်း မျိုးစုံ လုပ်ကြည့်ထားမှ တော်ကာကျမယ်ဟုတ်။ ဘယ်လောက်ဆိုးလည်းဆို နှင်းတောထဲမှာ ထိုင်တောင် ထိုင်ကြည့်လိုက်သေး။ ဆိုဖာခင်းထားသလို ဘာလိုလိုနဲ့။ အေးပေမယ့် အေးပါဘူး။ ကိုယ်လုပ်ချင်တာ လုပ်ရတာကိုး။ :z

လက်နဲ့ နှင်းရုပ်လေးလုပ်ကြည့်ခဲ့သေးတယ်။ နာရီဝက်လောက်ကြာတယ် ရုပ်လုံးပေါ်မလာဘူး။ ဟင့် ဟင့်။ ဒေသခံကလေးလေးတွေ အလွယ်တကူ လုပ်နေပေမယ့် ကျမကျ လုပ်လို့လည်းရဘူးသိလား။ "ဘယ်နေရာမဆို ပညာလိုတယ်"..................ဆိုတဲ့ စကားကို အပြည့်အဝလက်ခံတယ်။

ခြေထောက်နဲ့လည်း စာရေးခဲ့သေးတယ်။ သူငယ်ချင်း သုံးယောက်ပေါင်းပြီး စာလုံးတစ်လုံးကို ရေးတာလေ။ နင်က နှ ရေး၊ ငါက ငသက် ရေးမယ်ပေါ့။ နင်က ဝစ္စနှလုံးပေါက် ရေး။ "နှင်း"ဆိုတဲ့ စာလုံးတစ်လုံးကို အဲလို သုံးယောက်ပေါင်းပြီး ခြေထောက်နဲ့ ရေးခဲ့တယ်။ စာကို ခြေထောက်နဲ့ရေးလို့ ငရဲကြီးမလားမသိဘူးနော်။ အမိုက်အမဲလေးမလို့ ခွင့်လွှတ်ပါလို့ပဲ ဆုတောင်းရမှာပဲ။ :y

နှင်းတောထဲမှာ ပဲများပြီး ဓာတ်ပုံလည်း ရိုက်ခဲ့သေးတယ်သိလား။ ဒီလောက်အေးတဲ့နေရာမှာ အနွေးထည်ချွတ်ပြီးတော့လေ။ လှတပတလေးပေါ့။ ရိုက်တုန်းကတော့ ချမ်းဘူး။ ဘာတဲ့ စကားပုံတောင်ရှိသေး။ "လှချင်ရင် သည်းခံ"..............တဲ့။ ဟုတ်တယ်ဟုတ်။ တစ်ခါတစ်လေ သွားတာ ပုံတုံးကြီးတော့ ဘယ်လိုချင်မလဲနော်။ တိုကျိဲုမှာ ဝတ်တဲ့ပုံစံနဲ့ သိပ်မကွာအောင် ဝတ်ပစ်ခဲ့တယ်သိလား။ ဒေသခံတွေကတော့ အထူးအဆန်းဆိုပြီး ကြည့်ကြတယ်။ သူတို့ ဝတ်သလို အထူအပွကြီးတွေမဝတ်လို့လေ။

ဟား ဟ............. အပြင်ပန်းကြည့်ရင်သာ အရမ်းကြီးမထူတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်လို့ ထင်ရတာ။ တစ်ကယ်က မထူပေမယ့် နွေးတဲ့ဟာတွေ အများကြီးဝတ်ထားတာ။ အပူဓာတ်ပါတဲ့ အသားကပ်အင်္ကျီလက်ရှည်နဲ့ တော်တော်ကို ပူတဲ့(denier 120 အပူချိန်ရှိတဲ့)အသားကပ်ခြေအိတ်ကို ဝတ်ပြီးမှ အပေါ်က လှတပတ လေးတွေ ဝတ်ထားတာပါ။

အဲဒါ ဂျပန်ရဲ့ လျှို့ဝှက်ချက်လို့ ပြောရမလားဘဲ။ ဘယ်လောက်အေးအေး ဂျပန်မလေးတွေ ဘောင်းဘီတို၊ စကပ်တိုလေးတွေ ဝတ်နိုင်တာ အဲလိုမျိုး ပါးပေမယ့် နွေးတဲ့ အဝတ်တွေ အောက်ခံဝတ်ထားကြလို့ပါ။ ရောက်ခါစကတော့ နားမလည်တော့ အဲလိုမျိုး ဝတ်ကြမှန်း မသိဘူး။ တော်တော် အံ့ဩခဲ့တယ်။ ဒီဂျပန်မလေးတွေ အအေးခံပြီးတောင် လှချင်ကြသလားလို့ ။ ဘယ်ဟုတ်မလဲ။ သူတို့ က လျှို့ဝှက်ချက်နဲ့။ မှတ်ထားကြနော်။ အေးပေမယ့် အတိုလေးတွေ ဝတ်လို့ရတဲ့ နည်းလမ်း။ :z

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ဂုစုတ်


ဂလိုလား...

ခုမှ သဘောပေါက်တယ်.

ကျူးဇေး ကျေးဇူး..။

စိုင်းစိုင်းလားရှိုး said...

လျှို့ဝှက်ချက်က ဒါကိုး သိပြီ :)

Sonata Cantata said...

"နှင်းတောထဲမှာ" ဆိုတဲ့ စကားလုံးလေးကြိုက်တယ်။ တို့လည်း နှင်းတောထဲ ရောက်ဖူးတယ် (စိတ်ကူးနဲ့ပေါ့ သိတယ်မဟုတ်လား။ ကိုရီးယားကား ကြည့်ပြီးတော့လေ :P)

မြတ်သွယ် said...

နှင်းနှင်း မမမယ်ဂုပြောမှ ပထမဆုံးနှင်းတွေ့ခဲ့ရင် ကိုယ့်ကိုယ်ကိုဘယ်လိုဖြစ်နေမလဲ ပုံဖော်ကြည့်မယ်တယ်

လျှို့ဝှက်ချက်လေးလည်းတိတွားပီ
မမမယ်ဂု ကျေးဇူးး)

Unknown said...

ဂလိုကိုး...
ပြောပြလိုက်မယ်..
သူ့ကိုလေ......

Unknown said...

အင်း လှချင်တော့လည်း ခက်သားနော် ....
ငါကတော့ ဒီမှာ နေခဲ့ရတဲ့ သုံးနှစ်အတွင်း သတိထားမိတယ် ...
ဆောင်းရာသီမှာ နှင်းတွေနဲ့ တော်တော် လှပေမယ့် ...
ကောင်မလေးတွေကျ မလှကြဘူး ...
ကောင်မလေးတွေက နွေရာသီကျမှ လှကြတာဟ ..
ဘာကြောင့်ရယ် မသိနော် :P

Smart Cookie said...

ရောက်ဖြစ်ပါတယ် စာတွေလဲဖတ်သွားတယ်

khin oo may said...

လည်ဖတ်သွားသည်

မိုးပြေး said...

နှင်းတွေထဲမှာ ဆိုရင်တော့ ချစ်သူကောင်မလေး လက်ကိုတွဲပြီး လမ်းလျှောက်မယ်၊ကောင်မလေးက ချမ်းနေရင်..ဟဲဟဲ ဆိုင်တစ်ခုကို ခေါ်သွားမယ်ပေါ့လေ။
ကိုရီးယားကားတွေ ထဲကလို ကောင်မလေးကို ကုန်းပိုးပြီး လမ်းလျှောက်မယ်ဆိုရင် ကောင်မလေးက pooh လေးလို ၀ကစ်ကစ်လေး ဆိုရင် မလွယ်ဘူးနော်
ဝိတ်လျှော့ခိုင်းထားရမယ်။ တွေ့ ဘူးတဲ့ကောင်မလေး တစ်ယောက်ဆိုရင် ကလေးတွေ နှင်းတွေပေါ် လျှောစီးရင် သုံးတဲ့ ကော်ပြားကို အတင်ယူမယ် လုပ်လို့ သူ့ ကောင်လေးက
မနည်းဝယ်ပေးမယ် ဆိုပြီး ပြောနေတာကို တွေ့ ဘူးတယ်ဗျာ။ ပြီးတော့ လမ်းဘေးက နှင်တွေပုံထားတဲ့ နှင်းပုံ အမြင့်ကြီးတွေကို ခြေထောက်နဲ့ လိုက်ကန်နေတဲ့ ကောင်မလေးကိုလည်း
တွေ့ ဘူးတယ်။ ဂျပန်မလေးကတော့ ဘယ်လို ကစားလည်းမသိဘူးနော် နှင်းတွေထဲမှာ..... :D :)

 

Design By:
SkinCorner