Tuesday, February 3, 2009

"ချစ်သူများနေ့"နှင့် "အဖြူရောင်နေ့"

"ချစ်သူများနေ့"ရောက်ခါနီးပါပြီ။ :zနိုင်ငံတိုင်းမှာ "ချစ်သူများနေ့"အထိမ်းအမှတ်လုပ်သလိုပဲ ဂျပန်နိုင်ငံမှာလည်း လုပ်ပါတယ်။ တစ်ခြားနိုင်ငံနဲ့ မတူတဲ့ ဂျပန်နိုင်ငံရဲ့ "ချစ်သူများနေ့"မှာ လုပ်လေ့လုပ်ထရှိတာလေးကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။ :p

နိုင်ငံတော်တော်များများမှာ "ချစ်သူများနေ့"အထိမ်းအမှတ်အဖြစ် ယောင်္ကျားလေးက မိန်းကလေးကို ချောကလက်ပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် ဂျပန်မှာတော့ မိန်းကလေးက ယောင်္ကျားလေးကို ပေးတာပါတဲ့။ (ဟိ ဟိ၊ နည်းနည်းတော့ အူကြောင်ကြောင်နိုင်သလိုပဲ။ ) ဂျပန်မှာ "ချစ်သူများနေ့"ဆိုပြီး စခေတ်စားခဲ့တဲ့အချိန်တွေ(1950 ပတ်ဝန်းကျင်)တုန်းကတော့ ကောင်မလေးက သူမ ကြိုက်နေတဲ့ ကောင်လေးကို သူမရဲ့ ခံစားချက်ကို ဖော်ပြတဲ့အနေနဲ့ (ရည်စားစကားပြောတဲ့အနေနဲ့ )ပေးတာပါတဲ့။ :p အခုခေတ်မှာတော့ အဲလိုမျိုး ချောကလက်နဲ့ ရည်းစားစကားပြောတဲ့လူတွေအပြင်၊ ချစ်သူဖြစ်ပြီးတဲ့ ကိုယ့်ချစ်သူကိုလည်း ပေးကြပါတယ်။ လက်ထပ်ပြီးပေမယ့်လည်း ကိုယ့်အမျိုးသားကို အထိန်းအမှတ်အနေနဲ့ ပေးကြပါတယ်တဲ့။ :z

အဲလိုပေးတဲ့နေရာမှာ အများစုကို ကိုယ်တိုင်ကိုယ်ကျ ပုံစံမျိုးစုံလုပ်ပြီး ပေးလေ့ပေးထရှိပါတယ်။ ဇန်နဝါရီလလယ်လောက်ထဲက ချောကလက်လှလှလေးတွေ၊ ချောကလက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာလေးတွေ ရောင်းပါတယ်။

အခုနောက်ပိုင်း၊ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ယောင်္ကျားလေးကို ပေးတဲ့ ချောကလက်အပြင် တိုမိုချောကို (友チョコ)ဆိုတာလည်း ရှိလာပါတယ်။ တိုမိုချောကို (友チョコ)က မိန်းကလေးအချင်းချင်းပေးတာပါ။ သူငယ်ချင်း သံယောဇဉ်ကို ပိုမိုတိုးမြှင့်စေချင်တဲ့သဘောနဲ့ပါ။

ကလေးအချင်းချင်းလည်းပေးကြပါတယ်။ ဟော့ကိုင်းဒိုးမှာ home stayသွားနေတုန်းက အိမ်ရှင်ကောင်လေးကို အိမ်နီးနားချင်းကောင်မလေးက တိုမိုချောကို (友チョコ)လာပေးတာ တွေ့ဖူးပါတယ်။ အိမ်ရှင်ကောင်လေးရဲ့ အစ်မကလည်း သူ့သူငယ်ချင်းအတွက် လုပ်ရင်း အခုနက သူ့မောင်လေးကို တိုမိုချောကို (友チョコ)လာပေးတဲ့ ကောင်မလေးကို ပြန်လည် ပေးလိုက်သေးတယ်။ အပြန်အလှန် လဲလှယ်တဲ့ သဘောပေါ့။

ချစ်သူများနေ့မှာ မိန်းကလေးဆီက ချောကလက်ရထားတဲ့ ယောင်္ကျားလေးက မတ်လ (14)ရက်နေ့မှာတော့ မိန်းကလေးကို လက်ဆောင်ပြန်ပေးလေ့ရှိပါတယ်။ "White day"လို့ ခေါ်ပါတယ်။ (1980)ခုနှစ်မှာ ဂျပန်က စတင်တီထွင်လိုက်တဲ့ အမှတ်တရနေ့တစ်ခုပါ။ ကိုရီးယားနဲ့ ထိုင်ဝမ်မှာလည်း "White day"ကို ကျင်းပကြပါတယ်။ "White day"မှာ ကောင်လေးက ကောင်မလေးကို မုန့်လှလှလေးတွေ ၊ အဖြူရောင် ချောကလက်လေးတွေ ပေးလေ့ပေးထရှိပါတယ်တဲ့။

ဒီတွင် ရှာဖွေတင်ပြမှုပြီးပါ၏။ :z

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ကျွန်တော်ကိုလည်း ချောကလက်ပေးမယ့်လူ ရှိရင်ကောင်းမှာပဲ။

ညီအကိုများ said...

ချောကလက်စားချင်လာပြီ..
:)


မိုးကြယ်

ကေမောင်ငြိမ်း said...

တောက်စ် ၊ ဂျပန်မှာ ဘာလို့ လူမဖြစ်ရတာလဲ(၊ လူဖြစ်ရင်လည်း ယောက်ကျားလေးဖြစ်ပါစေ)
:D

Unknown said...

၎ ရက်ငယ်တဲ့ ညီမ..
အလည်ရောက်ပါတယ်။ ချစ်သူများနေ့ ပို့စ်လေး အတွက်ကျေးဇူးတင်ပါတယ်။ ရှာဖွေတင်ပြထားပုံးလေ ကောင်းတယ်။ ကျောင်းစာတွေ အဆင်ပြေလား.. ပြန်ရဖို့လဲ နီးနေပြီထင်တယ်။ အားလုံး အဆင်ပြေပါစေ ညီမလေး။

Dr Phyo Wai Kyaw said...

ရေးတာကောင်းတယ် ဒေါ်ဂုစုတ်

ကိုယ်တွေ့နဲ့တူရယ်

နာတော့ ချောကလက်ကြိုက်ဘူး

ကော်ဖီပဲကြိုက်တယ်

Anonymous said...

ချောကလက်တွေ အများကြီးပဲ မနေ့ကပဲ ၀ယ်လာတာ :P ဘာရယ်တော့ မဟုတ်ဘူး စားချင်လို့ :D
ချစ်သူများနေ့မှာ လာလတ္တံ့သော ချစ်သူ အတွက်
နှစ်ယောက်စာ ပိုစားပေးရမယ် :P
ယခုလို စုစည်းတင်ပြမှု အတွက် ရှဲ့ရှဲ့နီ ပါ ခင်ဗျ :)

မြတ်သွယ် said...

ချောကလတ်စားချင်ရယ်
မမမယ်ဂုကျွေးး)

ဂျပန်နိုင်ငံရဲ့ အလေ့အထလေးကို မှတ်သားသွားပါတယ်

 

Design By:
SkinCorner