Saturday, January 31, 2009

”နန်းခင်းနန်းမင်း ”(年金難民)”

နန်းခင်း(年金)ဆိုတာ နှစ်စဉ် နှစ်တိုင်းပေးဆောင်ရတဲ့ အခွန်တစ်မျိုးပါ။။ ဝင်ငွေအနည်းအများပေါ် မူတည်ပြီး ”တစ်လမှာ ဘယ်လောက်”လို့ သတ်မှတ်ခံရပြီး ပေးချေရလေ့ရှိပါတယ်။  အဲဒီအခွန်ကို လစဉ်ရက်ဆက်ပေးဆောင်ခဲ့ရင် အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာ ပြန်လည်အကျိုးခံစားခွင့်ရှိပါတယ်။ ယေဘူယျအားဖြင့် အသက်(60) အရွယ်မှ စပြီး ကိုယ်ဆောင်ထားတဲ့ အခွန်နဲ့ သင့်လျော်တဲ့ပိုက်ဆံကို ပြန်လည်ရရှိပါတယ်။ အပြည့်အဝပြန်ရတာတော့မဟုတ်ပါဘူး။ အသက် (20)ကစပြီး အသက် (60)ထိ အခွန်ဆောင်ခဲ့တဲ့ သက်တမ်းထဲက တစ်ချို့တစ်ဝက်ပြန်ဝင်လာတဲ့သဘောပါ။

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အဘိုးကြီး၊ အဘွားကြီးတွေ အသက်အရွယ်ကြီးပြင်းလာလို့ သားသမီးက မပြုစု မစောင့်ရှောက်တဲ့အခါ ဒုက္ခမရောက်အောင် စီစဉ်ပေးထားတာလို့ ထင်ပါတယ်။

အသက်နှစ်ဆယ်ရောက်မှ တရားဝင်အရွယ်ရောက်တဲ့ ဂျပန်နိုင်ငံဟာ အရွယ်ရောက်တာနဲ့ ကိုယ့်လမ်းကို လျှောက်ကြတဲ့လူတွေချည်းပါပဲ။ မိဘနဲ့ အတူနေတဲ့လူဆိုတာ တော်တော်နည်းပါးပါတယ်။ မိဘကို ထောက်ပံ့တဲ့လူလည်း ရှိပေမယ့် မြန်မာနိုင်ငံမှာလို အပြည့်အဝတော့ ပြန်လည်အလုပ်အကျွေးပြုတာမျိုးတော့ နည်းပါးပါတယ်။ ဒီတော့၊ မိဘတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ရေးကို ဆက်လျှောက်ကြရပါတယ်။ အသက် (60)အရွယ်ထိတော့ အလုပ်ကောင်းကောင်းလုပ်နိုင်သေးတော့ ဘာပြဿနာမှ သိပ်မရှိပေမယ့် ခြောက်ဆယ်ကျော်သွားတဲ့ အရွယ်မှာတော့ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဝင်ငွေလည်း မရှာနိုင်တော့ပါဘူး။ အဲလိုအချိန်မှာ နန်းခင်း(年金)က ရတဲ့ဝင်ငွေတစ်ခုတည်းလေးကိုပဲ အမှီသဟဲပြုပြီး နေထိုင်သွားကြရတာပါ။

အခုလောလောဆယ် နန်းခင်း(年金)က ပြဿနာတက်နေပါတယ်။ ကိုယ်ရသင့်ရထိုက်တဲ့ ပိုက်ဆံတွေဟာ ရရှိမနေပါဘူးတဲ့။ အကြောင်းအမျိုးမျိုး ပြပြီး ရသင့်ရထိုက်တဲ့ ငွေပမာဏကို အပြည့်အဝမပေးပဲနေနေတဲ့အတွက် အသက်အရွယ်ကြီးမြင့်ပြီး နန်းခင်း(年金)တစ်ခုတည်းနဲ့ စားသောက်နေရတဲ့ လူတွေဟာ အကြီးအကျယ် ဒုက္ခရောက်နေကြပါတယ်။ တစ်ချို့ကြတော့လည်း ပြန်ရတဲ့ ပိုက်ဆံက ယန်း(5)သောင်းတောင်မပြည့်တော့ အသက်အရွယ်ကြီးမှ ကိုယ်စားဖို့အတွက် စားစရာတွေကို ခြံထဲမှာ စိုက်ပြီး စားနေရပါတယ်။ ရေ၊မီး အစရှိတာတွေကို ပိုက်ဆံမဆောင်နိုင်လို့ တစ်ပတ်မှာတစ်ခါသာ အသုံးပြုနေရတဲ့လူတွေလည်း မနည်းပါဘူး။ ဒီ့အပြင် ဂျပန်မှာ နေရင် နေစရိတ်၊ စားစရိတ် ဈေးကြီးလွန်းလို့ နေထိုင်စရိတ်သက်သာတဲ့ တစ်ခြားနိုင်ငံ(အထူးသဖြင့်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် ) စတဲ့ အာရှနိုင်ငံတွေမှာ ပြောင်းရွှေ့နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း တစ်နေ့တစ်ခြားတိုးပွါးလာနေပါသတဲ့။

အဲလို ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ”နန်းခင်းနန်းမင်း ”(年金難民)”လို့ ခေါ်ပါတယ်။ တော်တော် သနားဖို့ကောင်းပါတယ်။ သက်ကြီးရွယ်အိုဖြစ်မှ ဆင်းရဲ ဒုက္ခ ရောက်နေကြရှာတယ်။ အိုဇာတာမကောင်းရှာဘူးလို့ ပြောရမလားပဲ။ ဒီလောက် ခေတ်မီတိုးတက်တဲ့ နိုင်ငံမှာ ဒီလိုမျိုးတွေလည်း ရှိနေသေးတာသိရတော့ တော်တော် သံဝေဂရပါတယ်။ ဒီလိုဆိုတော့ မြန်မာနိုင်ငံကမှ ကောင်းပါသေးတယ်။ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် မိဘကို မျက်နှာလွဲခဲပစ်လုပ်ရက်သူ ဘယ်နှစ်ယောက် ရှိလို့လဲနော်။

မှတ်ချက်၊ တီဗွီမှာ လာသွားသော ”နန်းခင်းနန်းမင်း ”(年金難民)”အစီအစဉ်ကို ကောက်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

စကားမစပ်၊ ဘလော့ကို စိတ်ညစ်ပေမယ့် ပြန်ရေးမိပြန်ပြီ။ ပို့စ်မရေးရရင်မနေနိုင်တာ ဘာရောဂါမှန်းမသိ။ ဟင့် ဟင့်။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

MANORHARY said...

နေရာတိုင်းမှာအဆိုးနဲ့အကောင်းတွေဒွန်တွဲနေတာပါပဲ
Australia မှာလည်းအဲလိုအသက်ကြီးသူတွေကို
ပေးတဲ့လစာရှိသလိုဒီမှာပိုစားသာတာကအလုပ်မရှိတဲ့
သူတွေပါပေးထားတာပါပဲ။အဲလိုကြောင့်ထင်ပါရဲ့..
မြန်မာပြည်မှာလိုမိဘတွေကိုသေချာဂရုတစိုက်နဲ့ရှိတဲ့
သားသမီးတွေမောင်နှမချင်းကူညီမှုတွေသိပ်မတွေ့ရ
ဘူး...ရေတွင်းထဲကဖားလို့ပဲပြောပြော မ ကတော့
ကိုယ့်တိုင်းပြည်ပဲကိုယ်ကြိုက်တယ်။း)

Unknown said...

ဂုရေ နန်းခင်းနန်းမင်း ကြောက်စရာ ကြီးနော်..
အိုလာရင် ဒုက္ခ။ ဆေးပေးမီးယူ ရှာထားဦး။

Dr Phyo Wai Kyaw said...

အဲဒါတွေတွေ့လေ မြန်မာပြည်မှာလူဖြစ်ရတာ
ကျေနပ်လေပဲ
သံသရာတစ်ဆုံးကြည့်လိုက်ရင်လည်း
ကုသိုလ်ရဖို့ အခွင့်အလမ်းပိုများတယ်။
နော်.

Anonymous said...

ဒီမှာလဲ ဒီလိုပါပဲဗျာ အတူတူပဲ ဗဟုသုတတခု
ရတာပေါ့ဗျာ။ အမိမြန်မာပြည်မှာလဲ အဲလိုလပိပေးရင် ကောင်းမယ်နော်။

Anonymous said...

အင်း ဒီမှာလည်း အဲ့လိုပဲ
အဖိုးကြီး အဖွားကြီးတွေ လမ်းဘေးမှာ သစ်ပင် လေးတွေ ရောင်းနေရတယ် .. တံမြက်စည်း လှဲနေရတယ် ...တစ်ချို့ကလည်း အသီးအရွက်လေးတွေ လမ်းဘေးမှာ ချရောင်းနေကြတယ် ...
မြန်မာနိုင်ငံလို ဘိုးဘွားရိပ်သာ မရှိ .. ဘုန်းကြီးကျောင်းကလည်း မကျွေးနိုင် ...
သားသမီးတွေဆီကလည်း မျှော်ကိုးလို့မရ ...
မျှော်ကိုးတဲ့ အစဉ်အလာကလည်း မရှိ ...
တစ်ကယ့် လောက ငရဲပါပဲ ...
မြန်မာပြည်မှာ လူဖြစ်ရတာ အစစအရာရာ တစ်ကယ် ကံကောင်းပါတယ် ... ကြုံတောင့် ကြုံခဲ ဗုဒ္ဓသာသနာနဲ့လည်း တွေ့ဆုံခွင့်ရတယ် .. တရားတွေလည်း ရှိတယ် ...တန်ဖိုးရှိတဲ့ မိရိုးဖလာ ကျင့်ဝတ်တွေလည်း ရှိတယ် .. တစ်ကယ် ကံကောင်းပါတယ်...

Walking on the wild western said...

အမေရိကား မှာတော့ လုပ်သက်ပြည့် ပင်စင်စားတွေက သူဋ္ဌေးပဲ....! ကားလှလှလေးတွေ မောင်းလာလို့ ကြည့်လိုက်ယင် အဖိုးကြီး အဖွားကြီးများပါပဲ၊ မကောင်းတာတွေ အာရှစိတ်ဓါတ်နဲ့ အကိုက်ညီတာတွေလဲ များလား များရဲ့ ပါပဲ...။

ညီအကိုများ said...

လာလည်ပါတယ်။ ကိုမိုးသောက်ပြောသလိုပဲ မှတ်ချက်လေးပေးခဲ့ပါတယ်..

ဒီမှာဆို ပိုတောင်ဆိုးသေးတယ်...

မိုးကြယ်

 

Design By:
SkinCorner