Monday, January 26, 2009

အခုတော့ တာ့တာ ဘိုင်းဘိုင်..................................

အခုတလော ဘာတွေမှန်းမသိဘူး။ အရမ်းကို အလုပ်ရှုပ်တယ်။ အလုပ်ရှုပ်တော့ အချိန်မရှိ။ ဒီကြားထဲ ပြဿနာပေါင်းစုံနဲ့ စိတ်လည်းရှုပ်ပါ့။ စိတ်ရှုပ်တော့ ပို့စ်ရေးချင်စိတ်မရှိ။ ရေးတဲ့စာတွေကလည်း ဟိုရောက်ဒီပေါက်။ အရင်ကလိုလည်း တစ်နေ့တစ်ပုဒ် ရေးချင်စိတ်လည်းမရှိတော့ဘူး။ စာရေးရတာ ပျော်လည်း မပျော်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ ဘလော့ကိုလည်း သံယောဇဉ်မရှိတော့ဘူး။ ကိုယ့်ဘလော့ကို စိတ်ညစ်တာနဲ့ တစ်ခြားဘလော့တွေတောင် သွားမလည်ဖြစ်တော့ဘူး။ ဒါကြောင့်၊ အပေါင်းအသင်းတွေတောင် တစ်နေ့တစ်ခြား နည်းပါးလာပြီ။ ဟင့် ဟင့်။ ဘယ်လိုအခြေအနေချည်းမှန်းမသိဘူး။ စိတ်ညစ်စိတ်ရှုပ်စရာကြီး။

ခဏ အနားယူတာပဲ ကောင်းမယ်လို့ တွေးနေမိပြီ။ :d

နှုတ်ဆက်ခဲ့ပါတယ် ဘလော့လောကကြီးရယ်။  စိတ်မပြတ်ရင်တော့ ပြန်လာပါမယ်။

အခုတော့ တာ့တာ ဘိုင်းဘိုင်။ bye

အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။ thank u

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

စိတ်ပျော်ရင်ပြန်လာခဲ့ပေါ့မျော်နေယ်။

Anonymous said...

ဟုတ်ပါ့ဗျာ ကြာတော့ ပျင်းလာတယ်ဗျ။ခက်တာက စာရေးဖို့ ကုန်ကြမ်းတွေ မရှိတာလဲပါတာပေါ့ဗျာ။အ။အရင်လိုတော့ မရေးနိုင်တော့
တာတော့ အမှန်ပဲ။ ဒါပေမဲ့ပစ်တော့ မသွားပါနဲ့ဗျာ
လွမ်းစရာတွေဖြစ်ကုန်ပါ့မယ် ဆက်ရေးပါဗျာ။ရေးစရာမရှိရင် ဗုံးကျဲတာကအစထည့်ရေးဗျာ ကျနော်တောင် စိတ်ကူးနေတယ် ဟိဟိ

Dr Phyo Wai Kyaw said...

နင်ကလည်း
မညစ်နဲ့
ငါတောင်မညစ်ဘူး။

layaung said...

Hi Missy,
Be free, relex, Have a brake. Come back anytime you want.Please remember, RELEX!

တောင်ပေါ်သား said...

ဘယ်သူတုန်းဗျ သွားမယ်ပြောနေတာ ဟွန်းးးးး ဟွန်းးးးးးး လာအော်မှာနော့်း( အမရေ မသွားပါနဲ့ဗျာ အဆင်ပြေသလိုတာ ရေးဗျာ အားမှရေးပေါ့ အားလုံး ညီအကိုမောင်နှမတွေပဲ နားလည်ပါတယ် အခုမရေးချင်လဲ မရေးပါနဲ့ဦး ထွက်တော့ မထွက်ပါနဲ့ဗျာ


လေးစားလျက်
တောင်ပေါ်သား

မြတ်သွယ် said...

မမမယ်ဂု
ပြန်လာမယ့်နေ့ကိုစောင့်နေမယ်နော်
မျှော်နေမယ်
လာလာအားပေးမယ်နော်
ပြန်လာနော်

vanko said...

ညီမလေး မယ်ဂုရေ။ မရောက်တာကြာလို့ လာလည်ပါတယ် နုတ်ဆက်မှတ်တမ်းနဲ့ တိုးနေပါရော့လား။ အပြီးအပိုင်တော့ မနုတ်ဆက်လိုက်ပါနဲ့။ စိတ်ပြေလက်ပျောက် အနားယူပြီး ပြန်ရေးပေါ့။ မောင်နှမတွေအားလုံးက မျှော်နေမှာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Apprenticeship said...

အဆင်ပြေပါစေ ညီမလေး

စိုင်းစိုင်းလားရှိုး said...

မယ်ဂု ကိစ္စတွေ ၀ိစ္စတွေ ပြီးရင် ပြန်လာခဲ့နော် အဟီး...
စိတ်မခိုင်ဘူးဗျ။ ဂုဂုရေ ၀ါသနာဟာ လိုအပ်လာရင် မေ့ပစ်ရတာတွေလည်း ရှိပါတယ်။ အဆင်ပြေရင် ပြန်လာခဲ့နော်

Anonymous said...

ဘလော့ကို အလုပ် တစ်ခု တာဝန် တစ်ခုလို စိတ်နှစ်ပြီး မထားနဲ့ ...
ကိုယ် စိတ်ပင်ပန်းလာတဲ့ အခါမှာ ကိုယ့်ရဲ့ ရင်ဖွင့်ရာ
ခံစားမှုတို့ ဖူးပွင့်ရာ အပမ်းဖြေ ဥယျာဉ်လေး တစ်ခုလောက်ပဲ သဘောထားပေါ့ ..
ဒါဆို ဘလော့ လေးက ဘယ်တော့မှ ငြီးငွေ့စရာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး ...
ရေးချင်စိတ်တွေ ဖြစ်လာတဲ့ အခါ ပြန်ရေးပေါ့ဟာ ..
အခုတော့ အေးဆေး ဦးနှောက် ပြန်ဆေးလိုက်ဦး .. :P

 

Design By:
SkinCorner