Monday, February 9, 2009

အင်တာနက်ကဖေး

မြန်မာနိုင်ငံက အင်တာနက်ကို သေချာ မသုံးဖူးပါဘူး။ ဒီတော့ သေချာမသိပါဘူး။ အင်တာနက်ကဖေးတွေက ဘယ်လိုမျိုးရှိလဲတော့မသိဘူး။ အိမ်က သွားသုံးတိုင်းတော့ တစ်ခါမှ အဆင်မပြေဘူးသိလား။ ညီမရှိတုန်းက တော်သေးတယ်။ အခု သူမကလည်းမရှိဆိုတော့ ကျမမိဘတွေဆို တော်ရုံမလာဘူး။ ကျမလည်း အဆင်မပြေလို့ ဖုန်းပဲဆက်တာများတယ်။

"ဒီနေ့တော့ အရေးကြီးလို့ မေးလ်လာပို့ပေးပါ"လို့ ပြောမိတယ်။ အိမ်ကလာပြီး စကားခဏပြောပါတယ်။ တစ်လက်စတည်း ဆိုင်ကလူကို Scan ဖတ်ပြီး ကျမဆီ မေးလ်ပို့ပေးပါ................လို့ ပြောမိတယ်။ ဒီလိုနဲ့ ကျမလည်း စောင့်နေတာပေါ့။ ဘယ်တော့များ မေးလ်ဝင်လာမလဲ။ ဝင်လာမလဲဆိုပြီး။ ၁နာရီခွဲလောက်ကြာသွားတယ်။ မေးလ်ကရောက်မလာဘူး။ ကွန်နက်ရှင်ကလည်း ကျလိုက် တက်လိုက်နဲ့ စကားလည်း မပြောရ။ မေးလ်ကလည်း ရောက်မလာ။ မိဘတွေခမျာ ပြန်လည်းမပြန်ရ။ ကြာတော့ သနားတောင် သနားလာမိတယ်။ ဒါနဲ့၊ တစ်ခါ ကွန်နက်ရှင်ပြန်မိတုန်း ဆိုင်ဝန်ထမ်းကို ခေါ်ပေးပါ...........ဆိုပြီး ဆိုင်ဝန်ထမ်းနဲ့ စကားပြောလိုက်တယ်။ "လုပ်နေတာပဲ မရသေးဘူးတဲ့။ Scanဖတ်တာ ကွန်နက်ရှင်ကကောင်းမှမကောင်းတာကို..."........တဲ့။ ဟောတော့၊ Scanဖတ်တာ ကွန်နက်ရှင် နဲ့ဆိုင်လို့လား????????

ထားပါတော့၊ Scanဖတ်ပြီး မေးလ်ပို့မှာဆိုတော့လည်း သူပြောတဲ့ဆင်ခြေအတိုင်းပဲ ထားလိုက်ပါတော့။ အဲဒီမှာ သူက ဆက်ပြောပါတယ်။ "မေးလ်ပို့ဖြစ်ရင်လည်း မေးလ်အကောင့်တစ်ခုပဲ ပို့ပေးနိုင်မယ်တဲ့။ CC, BCCမထည့်ပေးနိုင်ဘူးတဲ့။ အချိန်ပိုကုန်မှာ စိုးလို့"..........တဲ့။ ဘုရားရေ၊ အဲလိုမျိုး ရှိသတဲ့လား။ မသိလို့ မေးပါရစေ။ မြန်မာနိုင်ငံမှာ မေးလ်အရေအတွက်အနည်းအများပေါ်မူတည်ပြီး ၊ CC,BCCထည့်တာနဲ့ ပတ်သတ်ပြီး အချိန်ပိုကုန်ပါသလားရှင်။ မေးလ်တစ်စောင်ကို တစ်နာရီကျော် ကြာပါသလား။တကယ်မသိလို့ပါ။

အဲဒီအပြင် ပြောသေးတယ်။ "ပိုက်ဆံလည်း ပိုပေးရမယ်ဆိုပဲ။ " ဟယ်..................................လို့ပဲ အော်မိတော့တယ် အဟုတ်။

တစ်လက်စတည်း မနေ့ကအကြောင်းလေး ပြောလိုက်အုန်းမယ်။ မနေ့က အိမ်က ကျမကို ကြည့်ချင်တယ်ဆိုလို့ Webcam ဖွင့်လိုက်တာ အိမ်က ထိုင်နေတဲ့စားပွဲရဲ့ အနောက်ဖက်တည့်တည့်က လူက စကားသံတွေ ကြားလို့ ထင်ပါရဲ့။ ထိုင်ရာကနေ ထထပြီး Webcamထဲက ကျမကို လာချောင်းကြည့်နေတယ်။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။ Webcam ပိတ်ပစ်ရအောင်လည်း ကိုယ့်မိဘက ရှိသေးတယ်။ အဖြစ်သည်းတာတော့မဟုတ်ဘူး။ ကိုယ်နဲ့မသိတဲ့လူကြီးက အဲလိုကြီးလာကြည့်တာတော့ မကြိုက်တာအမှန်။ နောက်ပြီး သူ့ကို ပြတာလည်းမဟုတ်။ ကိုယ့်မိဘနဲ့ကိုယ် စကားပြောနေတာကို။ စိတ်ကုန်ပါ့။

အင်တာနက်ကဖေးအကြောင်းများပြောရရင် ကုန်တောင်မကုန်။ ဟိုတစ်ခါလည်း အိမ်ကလာလို့ စကားပြောတယ်။ ပြီးတော့ ပြန်သွားတယ်။အဲ၊ ဘယ်နှစ်မိနစ်မှ မကြာဖူး ။ အကောင့်တွေ Add လာပါလေရော။ Acceptမပေးပါဘူး။ Add လို့လည်းမရရော အိမ်က အကောင့်နဲ့ လာခေါ်တော့တာပဲ။ အစက အိမ်က ပြန်လာတယ်ထင်လို့ကိုင်မိသွားတယ်။ နောက်မှ ကိုယ့်မိဘအသံမဟုတ်တော့မှ ချက်ချင်းချလိုက်ရတယ်။ အံမယ်၊ အဲဒါကို သူက မရရအောင် Type လိုက်သေးတယ်။ "ကိုင်တုန်းကတော့ ကိုင်ပြီးတော့"........တဲ့။ ဘာပြောလို့ ပြောရမှန်းတောင်မသိဖြစ်သွားတယ်။ (သူဝင်ထားတာ ကျမမိဘအကောင့်လေ။ ) ဆက်လည်း စကားပြောချင်စိတ်မရှိတာနဲ့ အဲဒီအကောင့်ကို Block ပြီး မိဘတွေအတွက် နောက်ထပ်အကောင့်ဖွင့်ပေးလိုက်ရတယ်။ ဟူး၊ မလွယ်ပါလားနော်။

အင်တာနက်ကဖေးက ကျမနဲ့တော့ အကျိုးကိုမပေး။

16 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဂုဂုရော ဒါတောင် အကင်းပဲရှိသေးတယ်။ ဒါကို ဘယ်သူ့အပြစ်လည်း ပြောပြဖို့တော်တော် ခက်လိမ့်မယ်။ ပေရှည်သွားလိမ့်မယ်။ ဟူး.........လို့ပဲ သက်ပြင်းချလိုက်ပါတော့။

Dr Phyo Wai Kyaw said...

ကရာတေး လက်ဝါးစောင်းပေးလိုက်ပေါ့..

khin oo may said...

ခက်တယ် ခက်တယ်

ATN said...

ကြားရတာ... အဲလေ... ဖတ်ရတာ စိတ်ပျက်စရာတွေချည်းပါပဲဗျာ...း(
လက်သည် တရားခံကတော့ အဘတို့ အုပ်စုတွေပါပဲ...

မီယာ said...

ဒွတ်ခ

layaung said...

Hi Missy,
I lost my word. Please allow me to copy from Shin Ye Htut and Aung thar Nge''ဟူး.........လို့ပဲ သက်ပြင်းချလိုက်ပါတော့။လက်သည် တရားခံကတော့ အဘတို့ အုပ်စုတွေပါပဲ'' Take Care.

Apprenticeship said...

အင်းဗျာ.. မြန်မာပြည်မယ်ဆို ပထမဆုံး အဆင်မပြေမှုတော့ အင်တာနက် ဟုတ်မယ်ထင်တယ်။ :(

Unknown said...

သည်းခံလော့နှမငယ်....
သည်းခံလော့

MANORHARY said...

ဟင်းး...........
သက်ပြင်းချတာ ..း(
လူတွေရဲ့စိတ်ဓါတ်ကတော်တော်ပြင်ယူရတော့မယ်
သူများကိုမပြင်နိုင်တော့ကိုယ့်ကိုယ်ကိုပဲပြင်ရင်းနဲ့
ပြင်တဲ့သူတွေပဲပိုကရိကထတွေများကုန်တော့တာပဲ

မြတ်သွယ် said...

ကောင်းဝူးနော်
ရန်ကုန်ရောက်ရင်တော့ ဝေါင်ဝေါင်ရှေးမယ်
စိတ်ချမ်းသာတာပေါ့လို့နော်
မမမယ်ဂုလည်း အဆင်ပြေပါစေး)

HAPPY CLOUD said...

း)....
ကြုံဖူးတယ်... စိတ်တော်တော်ညစ်ခဲ့ရတယ်... ပိုက်ဆံလဲကုန်.. လူလည်း ပင်ပန်းပဲ.. ဂုဂုရေ...


ခင်မင်လျက်..
မိုးမောင်

ကောင်းကင်ပြာ said...

မှန်မှမှန်ပဲ ညီမလေးရေ

Unknown said...

ရပ်ကွက်ထဲမှာ ရန်ဖြစ်လည်း အဘကြောင့်
ဦးတုတ်ကြီး ကိုပုရွက်ဆိတ် ကိုက်တာလည်းအဘကြောင့်
ဘဲမကြီး အစာမစားရလို့ အော်တာလည်း အဘကြောင့်
ဘာဖြစ်ဖြစ် အဘကြောင့် ဆိုပါလား
အင်တာနက်ဆိုတာ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး..နိုင်ငံတိုင်းမှာ အင်တာနက်တွေကျတာတွေရှိနေတာပဲ နေ့စဉ်နဲ့အမျှ...အထက်ကပြောနေတဲ့သူတွေကလည်း စွပ်စွဲခြင်တာ တစ်ခုတည်းနဲ့ စွပ်ပြောနေတော့တာပဲ...ပို့စ်ရဲ့ ပိုင်ရှင်ရေးတာက အင်တာနက်ကဖေး အကြောင်းရေးနေတာကို လာရေးတဲ့သူတွေက ဘယ်အချိန်တည်းကပြောခြင်နေကြတာလည်းမသိဘူး သူတို့ပြောတဲ့ အဘ ကို...အင်တာနက် ကဖေးက ပြည်သူတွေနော်...သူတို့လုပ်ပုံက ပုံမလာလို့ ပြောနေတာကို ဘာတွေလျှောက်ပြောနေတာလဲ...comment လာရေးနေတဲ့သူတွေက...ပို့စ်ရေးတဲ့သူရဲ့ ရည်ရွယ်ချက်က တစ်မျိုး comment ရေးတဲ့သူတွေက ရည်ရွယ်ချက်တစ်ခြား...အင်တာနက်ဆိုတာနဲ့ အော်တော့တာပဲ အဘ ဆိုပြီး...အထက်ကပြောတဲ့သူတွေထဲမှာ ပို့စ်နဲ့သက်ဆိုင်တဲ့ အင်တာနက်ကဖေးကလူတွေအကြောင်းကို ဘာလို့မပြောကြတာလဲ...စာရောဖတ်တတ်လားမသိဘူး..
ပြောခြင်ရာ စွပ်ပြောမနေနဲ့....

အောင်ဦး said...

ရေးထားပြတာလေး မှန်တယ် ညီမရေ.. လူဆိုတာက စိတ်အမျိုးမျိုးပဲ။
ဒါနဲ့ .. ညီမ ရော မြန်မာကို ပြန်ရတော့မှာလား။
စာတမ်းရေးနေရပြီလား..

အားလုံး အဆင်ပြေပါစေ..

ရွှေပြည်သူ (ShwePyiThu) said...

အိမ်မှာ ကိုယ်တတ်နိုင်တဲ့ Dial Up လေးကိုပဲ သုံးတုန်းကလည်း အဆင်ကမပြေ ဆိုင်မှာသုံးမယ်ဆိုပြန်တော့လည်း ဒီပြဿနာတွေက ရှိနေသေးဆိုတော့... “ဟင်း”လို့သာ သက်ပြင်းချမိတော့တယ် ညီမလေးရေ...

ကိုရဲ said...

အစ်မရေ ။ ခုမှလာတရ် ။ ဒါပေမဲ့ သဘောကျလို့ ကောမန့်ပေးခဲ့ပါပြီ ။ အဲဒီ့လိုမျိုးတွေရှိသတဲ့လား ။ ကျွန်တော်တို့အိမ်တွေလည်း သုံးတာပါပဲ ကြုံတော့မကြုံဖူးဘူး ။ နက်မကောင်းတာတော့သိတရ် ။ ကောင်းပါတရ်လေ ။ " "မေးလ်ပို့ဖြစ်ရင်လည်း မေးလ်အကောင့်တစ်ခုပဲ ပို့ပေးနိုင်မယ်တဲ့။ CC, BCCမထည့်ပေးနိုင်ဘူးတဲ့။ အချိန်ပိုကုန်မှာ စိုးလို့"..........တဲ့။ ဘုရားရေ၊ အဲလိုမျိုး ရှိသတဲ့လား။ မသိလို့ မေးပါရစေ။ မြန်မာနိုင်ငံမှာ မေးလ်အရေအတွက်အနည်းအများပေါ်မူတည်ပြီး ၊ CC,BCCထည့်တာနဲ့ ပတ်သတ်ပြီး အချိန်ပိုကုန်ပါသလားရှင်။ မေးလ်တစ်စောင်ကို တစ်နာရီကျော် ကြာပါသလား။တကယ်မသိလို့ပါ။ " ဟီးးးး ။ ဒါလေးကတော့ အစ်မပြောမှသိတာ ။ တစ်ခါမှ မကြားဖူးဘူး ။ ခန္တီပါရမီနဲ့ ပြည့်စုံအောင် လေ့ကျင့်ပေးတရ်လို့ပဲ သဘောထားလိုက်ပါတော့လေ ။

 

Design By:
SkinCorner