Monday, February 16, 2009

စိတ်

စိတ်+

စိတ်ချမ်းသာ၊
စိတ်သက်သာ၊
စိတ်ကျေနပ်၊
စိတ်ကြည်နူး၊
စိတ်ပျော်ရွှင်၊
စိတ်ထားကောင်း၊
စိတ်ကောင်းမွေး။


စိတ်-


စိတ်ဓာတ်ကျ၊
စိတ်ညီးညူ၊
စိတ်ညစ်၊
စိတ်ရှုပ်ထွေး၊
စိတ်ထွေပြား၊
စိတ်ဒုက္ခ၊
စိတ်ကောက်၊
စိတ်ပုတ်၊
စိတ်ယုတ်မာ၊


~စိတ်


မကောင်းစိတ်၊
ကြည်နူးစိတ်၊
အာရုံနောက်စိတ်


စိတ်နှင့်ဆိုင်သော~

စိတ်နဲ့လူနဲ့မကပ်။
ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့။
လူဖြောင့်စိတ်တို လူချိုစိတ်ကောက်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာ။
စိတ်ပျို ကိုယ်နု။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

HAPPY CLOUD said...

အဲဒီ... စိတ်တွေကို ခြယ်လှယ်နေတာကတော့ စေတသိတ် လို့.. ဗုဒ္ဓရဲ့ အဘိဓမ္မာစာပေမှာ ဖတ်ဖူးတယ်။

ခင်တဲ့..
မိုးမောင်

စိုင်းစိုင်းလားရှိုး said...

လေးနက်တဲ့ စိတ်အတွေးတွေပါလား မယ်ဂုမိရေ။

MANORHARY said...

စိတ်..တစ်ခုယုတ် ၉၀တဲ့
၈၉ ပါးသောစိတ်တွေကိုနိုင်အောင်ထိန်းရတာလွယ်တာ
မှတ်လို့..း)

Dr Phyo Wai Kyaw said...

စိတ်ပုပ်

Anonymous said...

အဲ့ စိတ်တွေထဲက ဘာစိတ်ပဲ ဖြစ်ဖြစ် ပင်ပန်းတယ်ဟ
ရီနေရရင်လည်း ငိုဖို့ အားယူနေသလိုပဲ ..
အဲ့ဒီတော့ အလေးအနက်တွေကို နည်းနည်းလျှော့ အဟဲ
ပေါ့ပေါ့ပါးပါးလေးသာ ပြုံး
ဝမ်းနည်းရင်လည်း နုတ်ခမ်းလေး တွန့် ရုံလောက်ပဲ တွန့်လိုက် ..
နောက်တစ်ခု ကြားဖူးတာ ပြောရဦးမယ် ..
ကိုယ့်စိတ်ကိုယ် စစ်တဲ့ ..
ကိုယ့်စိတ်ကို ကိုယ် သိပြီ ဆိုရင် တလောက လုံးက စိတ်တွေကို သိလာလိမ့်မယ်တဲ့ ပြီးတော့ နားလည်လာလိမ့်မယ်တဲ့ .. ငါပြောတာ ဟုတ်ဘူးနော် အဲ့ဒါ ဗုဒ္ဓဘုရား ပြောတာ ;)
နာ့သယ်ရင်းလေး ပျော်ရွှင်ပါစေ

Anonymous said...

မျောက်စိတ်၊ ဂရောင်ချောက်ခြားစိတ်၊ စိတ်ကူး၊
ရိုးရိုးဆိတ်နဲ့ တောင်ဆိတ် ကျန်သေးတယ်လေ
ဗျာ။

မြတ်သွယ် said...

စိတ် စိတ် စိတ်
မမမယ်ဂု ...
အာဝါးပေးချင်စိတ် ရတယ်ဟုတ်
း)
အာဝါးးးးးးးးးးးးး) ( ရှက် )း)

 

Design By:
SkinCorner