Thursday, February 19, 2009

ညည်းချင်း

Template ပြောင်းမယ် ပြောင်းမယ်နဲ့ စဉ်းစားနေတာကြာပြီ။ အခုချိန်ထိ အကောင်အထည်မပေါ်သေးဘူးသိလား။ ဒီ Templateလေးနဲ့ ဘလော့စရေးခဲ့တာဆိုတော့ ဘာရယ်မဟုတ် ဒီTemplate လေးအတိုင်းပဲ ရှိတော့ရှိစေချင်သား။ အိုကေ၊ Template မပြောင်းချင်ရင် Banner ပြောင်းမလားလို့ စဉ်းစားကြည့်တော့လည်း မလုပ်တတ်။ :p( အရင် Bannerတွေက သူများလုပ်ပေးတာလေ။ )

သူများ ဘလော့လေးတွေ အိမ်အခွံလေးတွေပြောင်းသွားတိုင်း အားကျပြီး သွားကြည့်မိတယ်။ လှလိုက်ကြတာ။ ကိုယ့်ကျတော့ ဘီလိုလုပ်ရမှန်းကို သိဘူး။ ဂျီးကလည်း များသေးတယ်လေ။ Side barက အစ တစ်ရောင်တည်းဖြစ်ချင်တာကိုး။ နောက်ပြီး ကလေးမဟုတ်သူငယ်မဟုတ် အရုပ်ကလည်း ကြိုက်သေးတယ်။ အရုပ်Template ကလည်း ရှားမှရှား။

ဟင့် ဟင့်၊ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။
အခုနေ၊ Banner အသစ်ပဲဖြစ်ဖြစ် ၊ အရုပ်Template အသစ်လေးပဲဖြစ်ဖြစ် လက်ဆောင်လာပေးမယ့်လူရှိရင် ကောင်းမယ်နော်။ micky

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

တစ်ယောက်ယောက်က လာပေးပါလိမ့်မယ်။ :)

MANORHARY said...

ဒီလောက်ချစ်စရာကောင်းတဲ့အိမ်လေးကို..

ကိုရင်နော်ခင်လေးငယ် said...

ဒီ Template လေးရော Banner လေးရော လှနေတာပဲ.. ချစ်စရာလေး.. သပ်သပ်ရပ်ရပ်နဲ့..း)

vanko said...

ညီမလေး မယ်ဂု။ အရုပ်တွေပါတဲ့ template တွေလိုချင်ရင်တော့ ဒီလင့်လေးတွေကို သွားကြည့်ပါလား။ အစ်ကိုသိသလောက်ပါ။ သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပါ။ အဆင်ပြေပါစေ။
1. http://www.blogskins.com/tags/cartoon
2. http://www.finalsense.com/services/blog_templates/kids_cartoon_templates.htm
3. http://skincorner.com/?p=105
4. http://www.pyzam.com/bloggertemplates/category/cartoons

Anonymous said...

မပြောင်းပါနဲ့ဗျာ ဒီအတိုင်းလေးပဲ ကြည့်လို့လှပါ
တယ်။ဘလော့ကိုပြောတာနော် လူတော့ မသိဘူး။ အဆုံးအဖြတ်လေး သိခြင်ရင် ပုံပို့လိုက်
ပြောပြမယ်လေနော်။ ဟိဟိ
ညာတာပါတေးနဲ့ ပုံတောင် ကြည့်လိုက်ဦးမှ။

Anonymous said...

အခွံများ သချင်နေသေးတယ်ဟာ :P :P :P

megumi said...

ကိုရှင်ရဲထွတ်ကြီး ပြောသလိုဖြစ်ပါစေ။

ဟုတ်လားမမ မနော်ဟရီ။

ကိုရင်နော်ခင်လေးငယ် ချီးကျူးလို့ ကျေးဇူးနော်။

ကျေးဇူးပါ ကို vanko။ သွားကြည့်လိုက်ပါမယ်။

ဟဟ၊ ညာတာပါတေးနဲ့ ပြောပြပါဘူး။ ကိုအိမ်ကြီးကို ။ ဟွန်း။

ဒါပေါ့ ။ နာလည်း ပြောင်းချင်တာပေါ့ မိုးသောက်စုတ်ရဲ့။

ငှက်ငယ်လေး said...

မမဒီတန်းပလိတ်လေးလည်းလှတာပဲ...မပြောင်းနဲ့ တော်ကြာ ညလေးလို ဖြစ်နေမယ်...ဟိုပြောင်းဒီပြောင်းနဲ့ နောက်ဆုံးတခုမှမကြိုက်တော့ဘူး..ဟီးး

Dr Phyo Wai Kyaw said...

မပူနဲ့ လက်ဆောင်ပေးဖို့ ပြောပေးမယ်
အော်ငိုမနေနဲ့
နပုစုတ်လေးရဲ့..။

Smart Cookie said...

ချစ်စရာကောင်းပါတယ် မပြောင်းပါနဲ့ ပြောင်းရင်လဲ ဒီထက်လှတာလေးပြောင်း

မြတ်သွယ် said...

အရောင်ကလည်း လှတယ်
အရုပ်ကလေးကလည်း ချစ်ဖို့ကောင်းရယ်
သဘောကျတဲ့ တန်းပလိတ်လေးတွေ့ပါစေ မမမယ်ဂု :)

 

Design By:
SkinCorner