Wednesday, March 4, 2009

ညီမလေး

ဘလော့လုပ်ကတည်းက ခင်တဲ့သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ တစ်ချို့က G-talk မှာ ပိုခင်ပါတယ်။ ဟိ ဟိ၊ ဘလော့ကိုကျ သွားပဲဖတ်ပြီး ကောမန့်မရေးလို့လေ။ G -talkမှာပဲ ဝေဖန်ရေးလေကန်ရေးလုပ်တယ်။ အဲလိုသူငယ်ချင်းတွေထဲမှာ ကောင်မလေးတစ်ယောက်လည်းပါတယ်။ ကျမထက် ဆယ်နှစ်ငယ်တဲ့ ညီမလေးပေါ့။

သူမဘလော့က ရှိရှိသမျှ အရုပ်လေးတွေနဲ့ လုပ်ထားတယ်။ အကြိုက်ဆုံးက သူမရဲ့ Cboxပဲ။ အဲဒီမှာ ကျမ သွားဆော့နေကျ။ ပျော်စရာကောင်းတယ်။ တစ်ခါသွားတစ်မျိုးပြောင်းတဲ့ အရုပ်လေးတွေက ကျမကို ခဏခဏလာလည်ချင်အောင် ဆွဲဆောင်တယ်သိလား။ လိုချင်လိုက်တာအရမ်း။ ကလေးနဲ့ အပြိုင် အရုပ်လုရအောင်လည်း လူကြားလို့မကောင်း။ ဟိ ဟိ၊ ဒါကြောင့် သွားသွားကြည့်ပြီး Cboxမှာ သွားဆော့တယ်။ ပျော်စရာကြီး။

သူမလေး ရေးထားတဲ့စာလေးတွေက တစ်ခါတစ်ရံ ကလေးဆန်ပေမယ့် တစ်ခါတစ်ရံ လူကြီးအရမ်းဆန်တယ်။ သူမရဲ့ စာတိုတိုလေးတွေက ကျမရင်ထဲကို ထိတယ်။ အရင်တစ်ခါ သူမလေး ပြဿနာဖြစ်တော့ ကျမမှာ နေလို့ထိုင်လို့မရ။ သူမလေးကို ကာကွယ်ပေးလိုက်ချင်တာ။ သူမလေးက ရပါတယ်တဲ့။ မမ အမုန်းခံရမှာစိုးတယ်တဲ့။ ကဲ၊ ကြည့် ဘယ်လောက်သိတတ်တဲ့ ကောင်မလေးလဲ။

သူမလေးက စိတ်ရင်းလေးအရမ်းဖြူတယ်သိလား။ သူများဒုက္ခရောက်ရင်တော့ သူမလေးမနေတတ်ဘူး။သူမသိသလောက်လေးနဲ့ လာအားပေးတတ်သေးတယ်။ ကျမ အဆင်မပြေတိုင်းလည်း သူမလေးက လာအားပေးတတ်တယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ညီမလေး။ မမြင်ဖူးပေမယ့် သူမကို ကျမ အရမ်းချစ်တယ်။ ညီမအရင်းတစ်ယောက်ရသလို ခံစားရတယ်သိလား။

16 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ATN said...

ဘယ်သူလဲဆိုတာတော့ ပြောခဲ့ဦးမှပေါ့...

Unknown said...

ကိုတော့ဟုတ်ဘူး ကိုက ယောက်က်ျားလေးဖြစ်နေလို့....
သူများတွေများကံကောင်းပ...
း)

Smart Cookie said...

ဟုတ်တယ် ဘယ်သူလဲ ဆိုတာလဲပြောဘူး

မမသီရိ said...

ွှရေးအသားလေးက ချစ်စရာလေး

မမသီရိ said...

ချစ်စရာ အရေး အသား လေးပါ...။

စိုင်းစိုင်းလားရှိုး said...

ဘယ်သူလည်းဆိုတာ သိနေသလိုလိုပဲ :)

Anonymous said...

ဟယ်.. မမ!
ညီမလေးအတွက် တကူးတက Post တင်ပေးတဲ့အတွက်
အရမ်းအရမ်းပျော်တယ် သိလား..
မမက အရမ်းချစ်ဖို့ ကောင်းတာပဲ.. :)
PS> (ညီမလေးအတွက်လည်း မမတစ်ယောက်ရလိုက်သလိုပါပဲ.. တကယ်ပြောတာနော်) :-*

နေ့အိပ်မက် said...

အားကျတယ်..... :) နေ့အိပ်မက်လည်း စိတ်ဝင်စားလို့ မမရဲ့ ညီမလေးအိမ်ကို သွားလည်နေတယ်.. :)

MANORHARY said...

အင်းလေ
ကိုအောင်သာငယ်ပြောသလိုပဲ
ဘယ်သူလဲဘယ်မှာလဲလို့ပြောလေ
အရုပ်ဆိုတော့ မနေသာဘူး
သွားဆော့ချင်လာတယ်း)

megumi said...

ကျမရဲ့ ညီမလေးက "ကလေးငယ်လေး"ပါရှင့်။ ဒီဘလော့ပိုင်ရှင်ပါ။ (http://simplebabygurl.blogspot.com/ )
Bloggerတော်တော်များများက "ကလေးလေး"လို့ ခေါ်ပါတယ်။ ကျမလည်း "ကလေးလေး"လို့ပဲ ခေါ်ပါတယ်။

khin oo may said...

သွားကြည့်လိုက်ပါဦးမယ်။

အရုပ်ကလေး said...

လောကမြေမှာ သောကထွေရင်း
ဆွေးရင်းချာလို ဖွေရင်းသာတွေ့လို့
ဒီစိတ်ဝယ်မှာ စင်ဖိတ်သလို
အချစ်စိတ်က တစ်ပါးသူထံ
အနားပူပန်ရင်း ချစ်မိပါတဲ့
ညီမငယ်ကို ..။။

ဘာရယ်မဟုတ် .. စပ်သွားတာ ..။

My Diary said...

ကလေးလေးဝင်ပြောမှတွေ့မယ်
သူက မဖော်ပြပေးဘူး။
ချစ်တယ်လည်းပြောသေးတယ် ကလေးနဲ့တုပီးဆော့တယ်

ညီအကိုများ said...

ကြည်နူးမိပါတယ်..

မိုးကြယ်

Dr Phyo Wai Kyaw said...

ညီအမနှစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေဗျား။

Anonymous said...

သွားကြည့်ပြီးပြီဟေ့
ချစ်စရာကောင်းတယ် ဘလော့လေးက :)

 

Design By:
SkinCorner