Tuesday, March 3, 2009

"ဟိနမစုရီ(ひな祭り)"

"ဟိနမစုရီ(ひな祭り)"ဆိုတာ (မတ်လ ၃ရက်နေ့)မှာ မိန်းကလေးတွေ အနှောင့်အယှက်မရှိ ကောင်းကောင်းမွန်မွန် အရွယ်ရောက်နိုင်အောင် ဆုတောင်းပေးတဲ့ပွဲတော်တစ်ခုပါ။ ဟိနအရုပ်လေးတွေကို တန်ဆာဆင်ရင်းနဲ့ တစ်ဆက်တည်း မက်မုံတွေပါ အလှတန်ဆာဆင်တာဖြစ်လို့ ”မက်မုံပွဲတော်”လို့ အလွယ်တကူ မှတ်ထားလည်းရပါတယ်။

"ဟိနမစုရီ(ひな祭り)"ကဘယ်အချိန်ထဲက ပေါ်လာလည်းဆိုတာကတော့ ဘယ်သူမှ သေသေချာချာမသိပါဘူး။ ရာဇဝင်များစွာရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ဒီလိုပါ။

ဟေးအန်းခေတ်တုန်းက ဆွေကြီးမျိုးကြီး မင်းသမီးလေးတွေ ကစားစရာ(ဟိနအရုပ်)ပွဲတော်အဖြစ်နဲ့ ပြုလုပ်ခဲ့တာပါ။ အဲဒိုခေတ်ရောက်လာတော့ အရုပ်ပွဲတော်အပြင် ရာသီဥတုအလိုက် ရာသီရဲ့အလှကို ပုံဖော်တဲ့ပွဲတော်(မက်မုံပွင့်ချိန်မလို့ မက်မုံရဲ့အလှကို ပုံဖော်တဲ့ပွဲတော်)လို့ပါ ယူဆပြီး တစ်နိုင်ငံလုံးမှာ ကျယ်ပြန့်လာခဲ့ပါတယ်။ အပျော်ကစားပွဲကနေ တစ်နိုင်ငံလုံးဆိုင်ရာ ပွဲတော်အဖြစ်ကို ကူးပြောင်းလာခဲ့တာပေါ့။

"ဟိနမစုရီ(ひな祭り)"
မှာ မက်မုံပန်းရဲ့ အလှကို ပုံဖော်ပြီး ဟိနအရုပ်လေးတွေကို စင်ပေါ်မှာ စီတန်းထားလေ့ရှိပါတယ်။ သုံးတန်း၊ ငါးတန်း၊ ခုနှစ်တန်း စသဖြင့် စင်အဆင့်ဆင့်ရှိပါတယ်။ ချမ်းသာရင်ချမ်းသာသလို အရုပ်စင်ဟာလည်း မြင့်လာတာပေါ့။ ရှေးခေတ်တုန်းကဆို အဲဒီ အရုပ်စင်ဟာ အိမ်ရဲ့ အဖိုးတန်ရတနာထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။





အဲဒီနေ့(မတ်လ ၃ရက်နေ့)မှာ နတ်ဆိုး(မိန်းကလေးရဲ့အနာဂတ်ကို နှောင့်ယှက်နိုင်တယ်လို့ ယူဆတဲ့ နတ်ဆိုး)အရုပ်ကို ရေထဲမှာ မျှောချတဲ့အလေ့အထလည်းရှိပါတယ်။ နငရှိဟိန(အရုပ် ရေမျှောခြင်း)လို့ခေါ်ပါတယ်။ နငရှိဟိန(အရုပ် ရေမျှောခြင်း)ဓလေ့နဲ့ ဆွေကြီးမျိုးကြီး မင်းသမီးလေးတွေ ကစားစရာ(ဟိနအရုပ်)ပွဲတော်ကို ပေါင်းစပ်ပြီး "ဟိနမစုရီ(ひな祭り)"ဖြစ်ပေါ်လာတယ်လို့လည်း ယူဆကြပါတယ်။

"ဟိနမစုရီ(ひな祭り)"ကို အချိန်မီ ပြုလုပ်ရပါတယ်။ ရေမျှောစရာရှိတာမျှော၊ ဟိနအရုပ်တန်ဆာဆင်စရာရှိတာဆင်ရပါတယ်။ (မတ်လ ၃ရက်နေ့)ကျော်လို့မှ "ဟိနမစုရီ(ひな祭り)"ကိုမပြုလုပ်ခဲ့ရင် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါမှာ နှောင့်နှေးတတ်ပါတယ်တဲ့။

"ဟိနမစုရီ(ひな祭り)"ရဲ့ အဓိကအစားအစာကတော့ မက်မုံပန်းနဲ့ အရက်ချိုပါ။ မက်မုံပန်းက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိရှိပြီး အရက်ချိုကတော့ ရောဂါဗာရ တစ်ရာကို ကင်းဝေးစေပါတယ်တဲ့။ တစ်ခြားအစားအစာတွေကတော့ နေရာဒေသနဲ့လိုက်ပြီး ကွဲပြားခြားနားပါတယ်ရှင်။

ချိရရှိစုရှီနဲ့ ဟမခုရီဟင်းရည်

စကားမစပ်၊ ဂျပန်ယဉ်ကျေးမှုတော်တော်များများဟာ တရုပ်ပြည်ကနေ ဆင်းသက်လာတာဖြစ်လို့ ဒီ"ဟိနမစုရီ(ひな祭り)"ဟာလည်း တရုပ်ပြည်က ပွဲတော်ကို အခြေခံပြီး ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ တနဘတ(七夕)「(7)လပိုင်း (7)ရက်နေ့တွင် ကျင်းပသောပွဲတော်)လိုမျိုးပေါ့။

မှတ်ချက်၊ ပုံကို Google search မှ ရယူသည်။ Website မှ ဘာသာပြန်ထားခြင်းဖြစ်၍ အမှားပါခဲ့လျှင် အားမနာတမ်း လာရောက်ပြောကြားနိုင်ပါသည်။


5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

အဲဒီလိုပွဲတော်မျိုးကို ကြားတော့ ကြားဖူးတယ်..
ဒါပေမယ့် ဂျပန်မှာ ရှိတယ်လို့ တော့ မသိဘူး။
ညီမလေး ဂျပန်ကို သွားချင်လာပြီ.. :)

စိုင်းစိုင်းလားရှိုး said...

ခုလို ဗဟုသုတ ရအောင် တင်ပြပေးတာ ကျေးဇူး ဂုဂုရေ!

မသက်ဇင် said...

မယ်ဂုလေးရေ----
ဗဟုသုတတွေ မျှဝေပေးတာကျေးဇူးပါ--
ပျော်ရွှင်ပါစေ--

Dr Phyo Wai Kyaw said...

ငါ့အစ်မကဘယ်ဆိုးလို့လဲ
တော်သားပဲ
ပွဲတော်နေ့တိုင်း တင်တင်ပေးထားတဲ့ ပိုစ့်တွေက
အမှတ်တရဖြစ်စေပါတယ်
ငါတော့ သိပ်မသိဘူး
ကောင်းတယ် ဟေ့....

Anonymous said...

မယ်ဂု နင်လည်း အရုပ် ရေမျှောဦး အပျိုကြီး ဖြစ်နေဦးမယ် :P

 

Design By:
SkinCorner