Saturday, February 28, 2009

တွေးမိတွေးရာ



တစ်ခါတစ်လေကြတော့လည်း စဉ်းစားကြည့်သား၊

လူတွေဟာ ဘာအတွက်အသက်ရှင်နေကြသလဲလို့???????????????

ဘာအတွက် ရုန်းကန်လှုပ်ရှားနေကြသလဲလို့?????????????????

ဘာအတွက် ?????????????????????????????

ဘာအတွက်?????????????????

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

လူဖြစ်စဉ် အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို ဖြတ်သန်းချင်လို့ ရုန်းကန်ကြတာလို့ ထင်တယ်။ ဒါပေမယ့် အဓိပ္ပါယ်ရှိတယ် မရှိဘူးဆိုတာကို သတ်မှတ်တဲ့ စံကြတော့ တယောက်နဲ့ တယောက်မတူနိုင်ပါဘူး။ ညီမလေးက အရင် ပို့စ်မှာ အချစ်တို့ လက်ထပ်ခြင်းတို့ကို တွေးထားတယ်ဆိုတော့ ဘ၀အဓိပ္ပါယ်ကို သတ်မှတ်ပုံ ကွဲပြားတဲ့ သူနှစ်ယောက် လက်ထပ်ဖြစ်ရင် တယောက်နဲ့တယောက် ဘယ်လောက်ပဲ ချစ်ချစ် အိမ်ထောင်ရေးမှာ အနှေးနှင့်အမြန်၊ အနည်းနဲ့ အများပဲကွာနိုင်ပေမယ့် ပြဿနာကတော့ ရှိကိုရှိမှာဖြစ်တယ်။ တယောက်နဲ့တယောက် မတွေ့ရ၊ အသံမကြားရရင် မနေနိုင်လောက်အောင် ကိန္နရီချောင်းခြားရှုံးအောင် ချစ်ကြပြီးမှ မမြင်ချင် မကြားချင်လောက်အောင် ရွံမုန်းသွားတဲ့ အဖြစ်မျိုး မကြုံရလေအောင် လက်မထပ်ခင် ထည့်သွင်းစဉ်းစားသင့်တဲ့ အရာတွေ အများကြီးထဲမှာ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကို သတ်မှတ်တဲ့ စံဆိုတာလည်း ပါရလိမ့်မယ် ညီမလေး။

Unknown said...

ကျွန်တော်လည်း ခဏခဏစဉ်းစားကြည့်ထူးပါရဲ့...

နောက်ကျတော့လည်း ဘဝဆိုတာ အဓိပ္ပာယ်မရှိဘူးဗျ...။ ကိုယ့်အဓိပ္ပာယ်ကိုယ်မဖော်သ၍ပေါ့...

နောက်ဆုံးကျတော့လည်း အသက်ရှင်တယ်ဆိုတာ အသက်ရှင်ခြင်းအတွက်ရှင်နေတာ လို့ပဲ ထင်မိတယ်။

Anonymous said...

အတွေခြင်းတူနေပြီဗျို့ ကျနော်လဲ အဲလိုလေး တခါတလေ တွေးမိတယ်ဗျ။ အဲလိုတွေးမိတိုင်း
အဖြေ မရဘူးဗျ။ အတော် စဉ်းစားရခက်တာ အမှန်ပဲ။ တခါတလေလဲ ဘုန်းကြီးဝတ်နဲ့ တောထွက် ခြင်စိတ်တောင် ပေါက်တယ်ဗျ
မိန်းမ မရဖူးသေးလို့ အသာ ငြိမ်နေတာ ဟီးဟီး

နေ့အိပ်မက် said...

အစ်ကို့အတွက် အသက်ရှင်တယ်
မေမေ့အတွက် ရုန်းကန်လှုပ်ရှားနေတယ်...
နေ့အိပ်မက် စိတ်ထဲရှိတာပြောပါတယ်.. :)

Anonymous said...

ကိုမျိုးကျော့မြိုင်ပြောသလို လူဖြစ်ရတာ ဒုက္ခ တစ်ခုများ ဖြစ်နေမလား

 

Design By:
SkinCorner