Friday, February 27, 2009

အတွေး


လူတစ်ယောက်ကို ချစ်ရန်မှာ
အင်မတန်မှ လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း

လူတစ်ယောက်နှင့်လက်ထပ်ရန်မူ
အချက်ပေါင်းများစွာ မရှိမဖြစ်လိုအပ်လို့နေတတ်သည်။

ထို့ကြောင့် "လက်ထပ်ခြင်း"နှင့် "ချစ်ခြင်း"အား ညီမျှခြင်းချကြည့်ရန် မလွယ်ကူပေ။

"ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်း မချစ်"ဟူသောစကားပုံမှာ ထိုသို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ဟန်တူသည်။

ပုံကို Google မှရယူပါသည်။

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ဒါကြောင့်ပြောကြတယ်လေ။ ယောကျာ်းပေါတယ်။ လင်ရှားတယ် မိန်းမပေါတယ်။ ဇနီးရှားတယ်လို့။

စိုင်းစိုင်းလားရှိုး said...

အင်း... ရေးထားတဲ့စာကို ဖတ်ကြည့်ရတာ မယ်ဂုမိ တစ်ခုခုတော့ တစ်ခုခုပဲ။

Nge Naing said...

ဟုတ်တယ် ညီမလေး ချစ်တာက အကန့်အသတ်မရှိ စိတ်ကူးယဉ်လို့ ရတယ်၊ လက်ထပ်တာက လက်တွေ့ဘ၀ကို တကယ်ဖြတ်သန်းမယ် ဆိုတော့ ရင်လောက်မှန်းမှ ဒူးလောက်ကျန် ဆိုတဲ့စကားပုံအတိုင်း လက်တွေ့နဲ့မကိုက်တာတွေ အကုန်လုံးကို ဖယ်ပြီး လျှော့လျှော့ပေါ့ပေါ့လေး စိတ်ကူးထားဖို့ လိုအပ်ပါတယ်။

My Diary said...

သူပြောမှ သိတော့တယ်
မှန်လိုက်လေ

Anonymous said...

မှန်၏ မှန်၏
နင် အပျိုကြီးဖြစ်ဖို့ တော်တော် သေချာနေပြီ :D

Anonymous said...

မှန်တယ်ဗျား.. အဲလို အခက်အခဲတွေကြောင့်
ချစ်သူတိုင်းကို ၃နဲ့၎လို နီးလျက်နဲ့အနေဝေးသွားကြစေတာ ကိုယ်တွေ့ပဲဗျ။

ဘာတွေတုန်း said...

ဟုတ်တယ်နော်..ဒါကြောင့်မို့လည်း အခုခေတ်မှာ ယောက်ျားလေးတော်တော်များများက ရည်းစားထားရင် လက်ထပ်ဖို့ထိ သိပ်မစဉ်းစားကြဘူးထင်ပါ့။

ကဗျာမလေး said...

စချစ်ပြီဆိုကတည်းက လက်ထပ်ဖို့ရည်ရွယ်ကြတာ မဟုတ်ဘူးလား :(

Dr Phyo Wai Kyaw said...

ဟုတ်တာတော့ ဟုတ်တာပေါ့.. နော်

ဒါပေမဲ့ သိပ်လည်း မစဉ်းစားနဲ့လေ

လောကမှာ ဘယ်ဟာမှ အပြတ်ပြောလို့မရပါဘူး

မေတ္တာသစ္စာကိုပဲ အလေးထားရင်ကောကွယ့်

ကံကောင်းမှာပါ

ဟုတ်တယ်ဟုတ်..။

Unknown said...

တစ်နှစ်ဆိုတာ တကယ်တော့ ခဏလေးပါနော်။
ဒီနေ့ကစပြီး ဟိုးးးး မသိနိုင်တဲ့ နှစ်ပေါင်း များစွာ အထိ အတူ ရှိနေခွင့် ရချင်တယ်။
ဒီ ကဗျာလေး တစ်ပုဒ်နဲ့ ဖြတ်သန်းလာခဲ့တဲ့ နေ့ရက်တွေကို ပုံဖော်ကြည့်ချင်တယ်။

 

Design By:
SkinCorner