Thursday, February 26, 2009

花粉症(Hay fever)

花粉症(Hay fever)ဖြစ်စေတဲ့အပင်အမျိုးအစား
花粉症(Hay fever)ဖြစ်စေတဲ့ပန်းဝတ်မှုန်


花粉症(Hay fever)ဆိုတာ ပန်းဝတ်ဆံမှုန်ကနေဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဲဒါဖြစ်ပြီဆိုရင် နှာချေခြင်း၊နှာမွန်ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်စိနီခြင်း၊ မျက်စိယားယံခြင်းတွေဖြစ်တတ်ပါတယ်။
တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။ Mask အုပ်ထားရင်တောင် မရပါဘူး။ ဂျပန်မှာ လူတော်တော်များများ 花粉症(Hay fever)ဖြစ်ကြပါတယ်။ အားလုံး Maskကိုယ်စီနဲ့။ ဂျပန်ရောက်တာကြာတဲ့ ကျမသူငယ်ချင်းတွေလည်း 花粉症(Hay fever)ရှိပါတယ်။ ဒီအချိန်(နွေဦးအကူး)ကို သူတို့အကြောက်ဆုံးပဲ။ 花粉症(Hay fever)က နေရခက်တယ်လေ။ ဖျားတာလည်းမဟုတ်။ နှာခေါင်းကယား၊ မျက်လုံးက ယားနဲ့ လူရှေ့သူရှေ့မှာ ကုတ်မရကတ်မရနဲ့ ။

花粉症(Hay fever)
မဖြစ်အောင် ကာကွယ်တဲ့ဆေးတော့ရှိပေမယ့် အမြဲသုံးရအောင်လည်း အဆင်မပြေပါဘူး။ နေရာဒေသနဲ့လိုက်ပြီး Pollen အနည်းအများ ကွဲပြားလို့ပါ။ တီဗီမှာ မိုးလေဝသကြေငြာရင်းနဲ့ 花粉症(Hay fever)သတင်းလည်း ကြေငြာပါတယ်။ ဘယ်ဒေသက Pollen ပိုများနိုင်သလဲပေါ့။ Hand phone မှာလည်း ကြည့်လို့ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ Hand phoneထဲက သတင်းကိုကြည့်ပြီး အဲဒီကပါတဲ့ကာကွယ်နည်းအတိုင်းလုပ်နေပါတယ်။

ကျမတော့ ဂျပန်ရောက်တာ လေးနှစ်ရှိတော့မယ်။ 花粉症(Hay fever)မဖြစ်ဘူး၊ မဖြစ်ဘူးနဲ့ သူငယ်ချင်းတွေကို လျှောက်ကြွားနေတာ။ အခုကျမှ ၊ တိတိကျကျပြောရရင် ဒီနေ့ကျမှ 花粉症(Hay fever)ဖြစ်ပါတယ်။ ဟင့် ဟင့်၊ မျက်လုံးတွေလည်း ယားပြီး နှာခေါင်းပိတ်နေပါတယ်။ ခံရအရမ်းခက်ပါတယ်။ ဒီစာရေးနေရင်းနဲ့တောင် မျက်လုံးတွေက ယားလွန်းလို့ ။ ဆေးလည်းမသောက်ချင်၊ ရှုလည်းမရှုချင်၊ လိမ်းလည်းမလိမ်းချင်ပေမယ့် မနက်ဖြန်မှ မသက်သာရင်တော့ ပျောက်အောင် ကုပါမယ်။ ဒီနေ့တော့ ပေပေတေတေနေလိုက်ပါဦးမယ်။

စကားမစပ်၊ ဒီနေ့ Pollen များပါတယ်။ ဒါကြောင့်၊花粉症(Hay fever) ဖြစ်တဲ့လူလည်း များပါတယ်။
ပုံကို http://takeda-kenko.jp/kirakira/vol16/kahun03.html
http://ja.wikipedia.org/wiki/%E8%8A%B1%E7%B2%89%E7%97%87
www.shimajiro.co.jp/.../clinic/topics/10.htmlမှရယူပါသည်။

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ရောဂါဆိုတာ မမွေးကောင်းဘူး အခုပဲ ကုလိုက်တော့။

khin oo may said...

ဘာမီတွန်သောက်ပျောက်.။

khin oo may said...

ဟတ်ချိုး. (အစ်မက ဖြစ်တာကြာပြီ)

My Diary said...

မန့်ခဲ့တယ် ပြန်လာကြည့်တော့ တွေ့ဘူး
နေကောင်းအောင်နေနာ်

အရုပ်ကလေး said...

ရောဂါဆိုတာ ကုသပါမှ သက်သာပျောက်သလို
စိတ်ထောင်းလို့ ကြိတ်မောင်းနေတဲ့ လက်ရှိမှာ
ဆေးသောက်ဦး ..။
ကျန်းမာပါမှ ကြည်လင်ရတဲ့
စိတ်အသိကို ပေးကာသိလို့ ,
လုပ်မိမနှေး မြန်စွာကုရေး
အလေးထားကာ ဆိုးရွားမနေပါနဲ့ ...။

ကဲကဲ ဂရုစိုက်ကာ နေပေဦး ..။

Anonymous said...

ဘိုဘို ကာတွန်းထဲက အီးတီ ကို
အယားဖြေစက်ပဲ ဖြစ်ဖြစ် ကုတ်ပေးတဲ့ စက်ရုပ်ပဲ ဖြစ်ဖြစ် တီထွင်ခိုင်းလိုက်လေ အဟီး...
နောက်တာပါ ..
အင်း တစ်ခါမှတော့ မဖြစ်ဖူးဘူး ...

Dr Phyo Wai Kyaw said...

ဟိတ်ဂုစုတ်
ဘယ်လိုဖြစ်
ငါဆေးနည်းနည်း ပေးကြည့်မယ်...။
အဲဒါသေချာလိုက်လုပ်ဦး..။

Anonymous said...

ဟုတ်တယ်ဗျို့ ဒီမှာတော့ အဓိကကတော့ ထင်းရူးပင်တွေ အရမ်းများတယ်ဗျ နွေဦးပေါက်
တို့ ဆောင်းအ၀င်တို့မှာ အဲဒီ အပင်တွေက အမှုန်တွေ ဘာများသလဲမမေးနဲ့ လမ်းတွေတောင် ၀ါသွားလောက်အောင်ကို အမှုန်တွေ ပေါတာဗျ။ ကျနော်က အဲဒီအမှုန်တွေ
လာရင် အလဂျီ ဖြစ်နေကျပဲဗျ။ ရှောင်လို့လဲ မလွတ်ဘူးဗျ အဲဒီအပင်က နေရာတိုင်းမှကို ရှိတာ။

 

Design By:
SkinCorner