Tuesday, February 24, 2009

ဘီလိုလုပ်ရင်ကောင်းမလဲဟင်???

အခုတလော ရေးချင်တာတွေအရမ်းများပေမယ့် ဘာမှသိပ်မရေးဖြစ်ဘူး။ ဒီအကြောင်းရေးမယ် စဉ်းစားလိုက်တိုင်း တစ်ယောက်က ရေးသွားလိုက်၊ ဟိုအကြောင်းရေးမလားစဉ်းစားပြန်တော့လည်း နောက်တစ်ယောက်က ရေးသွားလိုက်နဲ့။ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။ ကျမက ဘာဖြစ်လို့များ သူများတွေနဲ့ စိတ်ကူးချင်းတူနေရတာလည်း မသိဘူး။ စိတ်ကူးများ ထူးလည်းထူးဆန်းတယ်။ တစ်ခါတစ်လေ ခေါင်းစဉ်တောင် တစ်ထပ်တည်းကျလို့။ ခက်တော့နေပါပြီ။ ဆင်တူကြီး ရေးပြန်ရင်လည်း သူ့အတိုင်း လိုက်ရေးတယ်ဖြစ်အုန်းမယ်။ ဒီကြားထဲ ဘာရေးရေး ခဏခဏ အထင်လွဲခံရတာကလည်း ဘာကြောင့်မှန်းမသိ။ အခုတော့ ကျမမှာ ရေးချင်တာကို ရေးပိုင်ခွင့်တောင် ရှိမနေပါလား။ ဟင့် ဟင့်၊ ငိုတောင်ငိုချင်လာပြီ။ ဘီလိုလုပ်ရင်ကောင်းမလဲဟင်။ စိတ်ထဲရှိတဲ့အတိုင်း ရေးခွင့်လေးတော့ ရချင်မိပါရဲ့ အဟုတ်။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဖြစ်တတ်ပါတယ်ဗျာ။ ခေါင်းစဉ်တူပေမဲ့ အကြောင်းအရာ ကွဲခြင်ကွဲမယ်၊ ခေါင်းစဉ်မတူ
ပဲ အကြောင်းအရာ တူနေရင်လဲ ခံစားချက်ခြင်း တူခြင်မှတူအမှာပါဗျ။ ဒီတော့ေ၇းသာရေးပါဗျာ။
ဘယ်သူမှ မဖတ်လဲ ကျွန်တော်ဖတ်မယ်ဗျာ။
ရေးသာရေးဗျာ အားလုံး တူနေစရာ အကြောင်းတော့ မရှိပါဘူး။

စိုင်းစိုင်းလားရှိုး said...

ဂုဂုရေ ကိုယ်ရေးတာကိုယ့်ဟာပဲ ရေးတာရေးချလိုက်။

ကိုရဲ said...

ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးတာပဲ ။ သူရေးလို့ ကိုယ်မရေးရတော့ဘူးတဲ့လား ။ ကိုယ်က ကိုယ့်အတွေးနဲ့ ကိုယ်ရေးတာလေ ။ အားလုံးက ချွပ်စွပ်ကျနိုင်ပါ့မလား ။ မဖြစ်နိုင်တာလေ ။ တစ်ယောက်နဲ့တစ်ယောက် ရေးတာချင်း ထပ်တူကျတရ်လို့ မကြားမိပါဘူးလေ ။ စိတ်ထဲရှိတာကိုသာရေးပါ ။ အားပေးတရ် ။ သူများရေးလို့ ကိုယ်မရေးရရင် ကိုယ်ပြောချင်တာနဲ့ သူဆိုလိုတာက တူပါ့မလားဆိုတာကိုလည်း စဉ်းစားကြည့်ပါဦးလေ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာရှိရင် ရေးသာရေးလိုက်ပါ ။

(ကိုရဲ)

puluque said...

ကျတော်တို့များတော့ ရေးစရာမရှိလို့ ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတာဗျ..။ ကိုအိမ်ပြောသလိုပေါ့ဗျ..ကိုအတွေး အရေးနဲ့ ကိုယ်ဖာသာကိုယ် အဆင်ပြေသလိုလေး ခံစားမိသလိုလေးသား များများရေပါနော်

khin oo may said...

ရေးချင်တာရေး.တင်ပြပုံ တွေးခေါ်ပုံ စတိုင်ကောတ့လွဲတာဘဲ။ အဲလိုသာဆိုရင် တက်ဂီမ်းတွေ ဘာလို့ခေတ်စာနေမလဲ။

နေ့အိပ်မက် said...

ရေးသာရေးပါမမရယ်... မမခင်ဦးမေပြောသလို ဘယ်လိုပဲစိတ်ကူးတူတူ အကြောင်းအရာတူတူ.... တင်ပြပုံတော့ကွဲမှာပဲလေ.... ရေးနော်မမ.. နေ့အိပ်မက်လာဖတ်မယ်.. ဂျပန်လိုရေးရင် အဘိဓာန်နဲ့ဖတ်မယ်... မြန်မာလိုရေးရင်လည်း ဒီတိုင်းလာဖတ်မယ်လေ..

Dr Phyo Wai Kyaw said...

အစ်မကွန်ကြီးပြောတာဟုတ်တယ်
ရေးသာရေး..။

 

Design By:
SkinCorner