Wednesday, March 11, 2009

ကလေးပိစိကွေးလေးသုံးယောက် :)

ကျမမှာ သူငယ်ချင်းအများကြီးရှိပေမယ့် ပြောမနာဆိုမနာသူငယ်ချင်းကတော့ သိပ်မရှိပါဘူး။ ဟုတ်တယ်လေနော်၊ အစ်ကိုကြီးတွေ၊မမတွေကို ပြောချင်သလို လျှောက်ပြောလို့မှမရတာ။ဟိ ဟိ၊ ပေါချင်တိုင်း ပေါလို့လည်း မရဘူးလေ။ ဒီတော့ အားမနာလျှာမကျိုး ပြောချင်သလို ပြော ၊ ဖောချင်သလိုဖောလို့ရတဲ့ သူငယ်ချင်းက လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲက နှစ်ယောက်အကြောင်းကို အခုရေးမယ်နော်။ တစ်ယောက်ထဲဆို အဖော်မဲ့နေမှာစိုးလို့။ :p

ကဲ၊ စရေးပြီနော်။ တစ်ယောက်က ကျမထက် (3)လကြီးများတောင် ကြီးပါတယ်။ အသက်ကြီးတာကို အကြောင်းပြပြီး ဆရာအရမ်းလုပ်တယ်သိလား။ ဟ ဟာ၊ ကျမကတော့ မကြောက်ပေါင်။ ကျမက အရင် ဆယ်တန်းအောင်တာလေ။ ပြောရရင် စီနီယာပေါ့။ ဟိ ဟိ၊ gtalk မှာ အားမရလို့ Blog မှာပါ ရန်စလိုက်ဦးမယ်။ "နာက စီနီယာနော်။" ;) သူနဲ့ ကျမနဲ့က အမြဲရန်စနေကြ။ တစ်ခါတစ်လေ တစ်ခြားတစ်ယောက်ကိုပါ စစ်ကူတောင်းပြီး ရန်စလိုက်သေးတယ်။ မနိုင်လို့လေ။ ဟုတ်တယ် ရန်စရတာ ပျော်စရာကောင်းတယ်။ (စကားချပ်၊ သူငယ်ချင်းအချင်းချင်းကို ပြောတာနော်။ မသိတဲ့လူတွေကိုတော့ ရန်လည်းမစချင်ဘူး။ ရန်လည်းမဖြစ်ချင်ဘူး။ စကားတောင် မပြောချင်ဘူး။ )

နောက်တစ်ယောက်ကတော့ ကျမထက် နာရီပဲငယ်ပြီး အစ်ကိုအရမ်းလုပ်ချင်တဲ့လူလေ။ သူက ကျမကိုတွေ့တိုင်း ညီမလေးလို့ခေါ်ချင်တယ်။ ဘယ်ရမလည်း၊ ကျမက အရင်မောင်လေးလို့ ခေါ်ထားတာပေါ့။ သူက အသက်ကြီးတယ်၊ ငါက အသက်ကြီးတယ်နဲ့ ပြဿနာမရှိ ပြဿနာရှာပြီး ရန်ဖြစ်တာလေ။ ကျမပြောတဲ့အတိုင်းလည်း လိုက်ပြောတတ်သေးတယ်။မောင်လေးဆိုတော့ စိတ်ကလေးကောက်ပါ့။ ဟိဟိ၊ ဖွပြီ။ စိတ်ဆိုးပါနဲ့ မောင်လေးရယ်။ မမက စတာပါ။ :z

နှစ်ယောက်လုံးနဲ့ ရန်ဖြစ်ရတာ ကောင်းမှကောင်း။ အကြောင်းမရှိအကြောင်းရှာ ရန်စကြတာလေ။ ဥပမာ၊ Gtalk မှာတင်ထားတဲ့ပုံကို ကြည့်ပြီး ရန်စတာမျိုးပေါ့။ ကျမက ကလေးပုံလေးတွေပဲ တင်တာလေ။ အဲဒါ နင့်ပုံက ဘာဖြစ်တယ်၊ နာ့ပုံက ဘာဖြစ်တယ်နဲ့ ရန်ဖြစ်ကြတာလေ။ ဟိ ဟိ၊ မူကြိုကလေးတွေလိုမျိုး။ ကလေးမဟုတ်၊သူငယ်မဟုတ် အဲလို ရန်ဖြစ်တာ။ တော်ပြီ၊ နင်နဲ့ ခေါ်ဘူး။ ဟွန်း ခေါ်ဘူးဟာ။ အဲလို Custom message တွေတင်ရင်းနဲ့ပေါ့။ ပျော်စရာကောင်းတယ်သိလား။ အလုပ်ထဲမှာ ၊ ကျောင်းမှာ လူကြီးလုပ်ပြီး ပင်ပန်းလာခဲ့သမျှ အိမ်ပြန်ရောက်ရင် ကလေးပိစိကွေးလေးလို စကားပြော ရန်ဖြစ်လို့ရတဲ့အဖော်နှစ်ယောက်ရှိတာ တော်တော်ပျော်ဖို့ကောင်းတယ်။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

watching said...

ပိုစ့်ဖတ်ရင်း ကြည်နူးမိပါတယ်

Dr Phyo Wai Kyaw said...

ညီမမိဂုမီရေ
ညီမတို့အကြောင်းဖတ်ရတော့ ကြည်နူးမိပါတယ်။ ခင်မင်မှုတွေ အစဉ်နုပျိုနိုင်ပါစေကွယ်။
:P :D

Anonymous said...

အသက်ကြီးတာ လေတိုက်လို့ ကြီးတာတော့ မဟုတ်ပါဘူးနော် ....
ကောင်းရာဘက်မှာ ကူလီကူမာ ဥာဏ်တွေ အများကြီး ပိုသာတယ် .. သဘောပေါက် .. ငါလည်း နင့်ထက်ကြီးတယ် ..
အရိုက်ခံရမယ် ... ငှင်း ငှင်း ငှင်း ငှင်း :D

megumi said...

ဟုတ်ကဲ့၊ကျေးဇူးပါ ကိုwatching ။


ဟ ဟား၊ လူကြားကောင်းအောင် "ညီမ"ခေါ်မနေနဲ့ ဘေဘီဒေါက်တာရေ။ သူက ပြန်ဆုတောင်းပေးသေးတယ်။ ဟွန်း၊ ပြော မပြောချင်ဘူး။

မိုးသောက် မောက်သိုး
ကူလီကူမာ ဥာဏ်တွေ အများကြီး ပိုသာမှန်း ကိုယ့်ဟာကို ဝန်ခံတာနော်။ နာ၊ ဘာမှပြောဘူးနော်။

Anonymous said...

ပြဿနာ မီးခွက်ထွန်းရှာနေကြတာပေါ့လေ ကောင်း၏

 

Design By:
SkinCorner