Tuesday, March 10, 2009

ဟူး.........................ခက်ပါတယ်လေ။

နေရာတကာ စာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့ ဂျပန်မှာနေရတာ တစ်ခါတစ်ခါတော့လည်း စိတ်ကုန်ပါ့။ သူတို့နိုင်ငံလိုမျိုး အလွယ်တကူ စက်နဲ့ကနေထုတ်တာနဲ့ ဘယ်စာရွက်မဆို ထွက်တာကြလို့။ အားမနာ ရှာမကျိုး ၊ငါတို့တောင် လုပ်နိုင်သေးတာပဲဆိုပြီး ပြောတတ်သေးတယ်။ ဪ........................ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်။ :c သူတို့ကို ပြောပြရင်လည်း ဒီမြန်မာမလေးက လိမ်တယ်ဖြစ်ဦးမယ်။ အရင်က လိမ်ဖူးတဲ့ မြန်မာတွေကလည်း နည်းမှ မနည်းတာကိုး။ ဒီတော့ ဒီပုတ်ထဲက ဒီပဲလို့ ပြောခံရလည်း ဘာမှတတ်နိုင်ဘူးလေ။ ဟူး၊ ခက်ပါတယ်လေ။

ဟိ ဟိ၊ နည်းနည်းတော့ ကြောက်တယ်။မခံစားနိုင်လို့ ရေးချလိုက်ပြီ။ :z

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

မလိမ်နဲ့ မလိမ်နဲ့ အဟေး.......

megumi said...

ကျမက လိမ်ပါဘူး။ ဟွန်း။

ATN said...

ဖြစ်ရမယ်... ယပလက်မှာလည်ူ အဲလိုပဲလေ...း)

Dr Phyo Wai Kyaw said...

ဘာတုန်းဟ...
စက်နဲ့ထုတ်လို့ရလား
ငါမသိဘူး..။
ကုသိုလ်ကောင်းမှုလုပ်
..

Anonymous said...

အော် အမ ရယ် ..ပျော်ရာမှာ မနေ ..တော်ရာမှ နေဆိုသလိုပေါ့ ...

စီဘောက်မှာ ရေးလို့ မရလို့ ဒီမှာပဲ ကွန်မင့် လာပေးသွားပါတယ် ..လာလည်တဲ့ အတွက်လဲ ကျေးဇူးပါ ..။

ခင်မင်စွာဖြင့်

မနောသား

Unknown said...

ညီမငယ်..
မဖတ်ရသေးတဲ့ စာတွေ အကုန်ဖတ်သွားတယ်။ ညီမလေး ပိုစ့်ကို ဖတ်လိုက်တာနဲ့ ကလေးငယ်လေး လို့ထင်လိုက်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုနလို ရေးလိုက်တော့ သူလည်း ပျော်ရွှင်မိမှာပေါ့။
ညီမလည်းကျန်းမာရေး ဂရုစိုက်ပါ။ မိဘနဲ့ ဝေးတဲ့အချိန်မှာ နေမကောင်းဖြစ်ရင် ပိုပြီး အားငယ်တတ်တယ်။

စိတ်ချမ်းသာပါစေ.. ညီမလေး

 

Design By:
SkinCorner