Wednesday, April 29, 2009

အားလုံးပဲ တာ့တာ ဘိုင်းဘိုင်..............................................

hi have a nice day

ရေးချင်တာတွေ အများကြီးရှိပါသေးတယ်။ ရေးလည်း ရေးချင်ပါတယ်။ writingဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ ......................................အခြေအနေအကြောင်းကြောင်းကြောင့် ဘလော့မရေးတော့ပါဘူး။ အကန့်အသတ်မရှိ ဘလော့ရေးခြင်းကို ရပ်နားလိုက်ပါတယ်။ ဘလော့တစ်နှစ်ပြည့်အထိ စောင့်မလားလို့ စဉ်းစားပေမယ့် တစ်နှစ်မပြည့်ခင် တစ်လအလိုမှာပဲ နှုတ်ဆက်လိုက်ပါတော့မယ်။ အားလုံးပဲ တာ့တာ ဘိုင်းဘိုင် bye
ကံမကုန်ရင် ပြန်ဆုံတာပေါ့နော်။ tat tarဟင့် ဟင့်၊ ဝမ်းတော့ အနည်းသား။ :c ဟင့် ဟင့်။ သူနဲ့ ခွဲချင်ဘူး။cry


အစစအရာရာအတွက် ဘလော့လောကကြီးကို ကျေးဇူးတင်ပါတယ်။ thank u

23 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ကောင်းကင်ပြာ said...

အန် ဘယ်လိုတုန်း ညီမလေးရယ်၊ ခန နားမယ်ဆိုလဲ နားပါ ၊ရေးလို့ ရတဲ့ အခါ ပြန်ရေးပေါ့၊ ထွက်တော့ မသွားပါနဲ့ ၊ ပြန်ရေးမဲ့ နေ့လေးကို စောင့်နေပရစေ

ZT said...

စိတ်ပါတဲ့အချိန် အချိန်မရွေး ပြန်ရေးပါ။ ဒါမှ မဟုတ်ရင်လည်း စိတ်ကူးပေါက်တဲ့အချိန် ပို့စ်တစ်ခု တစ်လေလောက် ရေးပေါ့။ မကြာခင် ပြန်မြင်မယ်လို့ မျှော်လင့်ပါတယ်။ Take Care.

khin oo may said...

မရပ်ပါနဲ့.
တချိန်ပြန်ဆုံကြရအောင်။

Anonymous said...

စိတ်ပါတဲ့ အချိန်လေး ပြန်ရေးပေါ့ ရပ်တော့ ရပ်မပစ်လိုက်ပါနဲ့ .... ဘလော့လောကမှ နေရာတစ်နေရာ ရဖို့ သူငယ်ချင်းတွေရဖို့ဆိုတာလည်း လွယ်တာမှ မဟုတ်တာ။ Attention ကြီးနဲ့တော့လည်း မရေးပါနဲ့လေ ... မရေးမဖြစ်တို့ဘာတို့ စိတ်ထဲမထားပါနဲ့ ... စိတ်ကူးထဲ ပေါက်လာရင် ရေး ... မပေါက်လာတော့လည်း ဒီလိုပဲ အေးအေးဆေးဆေးလေး နေလိုက်ပေါ့ .. အဓိကက ကိုယ်စိတ်ချမ်းသာဖို့ပါ။ အဆင်ပြေပါစေလို့ ဆုတောင်း ပေးခဲပါတယ်။

တားမြစ် ထားသော... said...

အချိန်အားရတဲ့အခါ၊ ရေးချင်တာလေးတွေ ရှိလာတဲ့အခါ ပြန်ရေးအုံးပေါ့။
မီဂုမိ တက်ဂ်ထားတာတစ်ခုကို ရေးဖို့ကြိုးစားနေတာ။ မရေးဖြစ်သေးလို့ နောက်များရေးဖြစ်မှ လာပြောပါအုံးမယ်။

ကျန်းမာပျော်ရွှင်ပါစေ။
သုခမိန်(E-Journal)

တောင်ပေါ်သား said...

မပြောချင်ဘူးဗျာ ဘာပြောရမှန်းမသိလို့ ကြိုပြီး သိနေသလိုလိုပဲ အမရေ ပျော်ရွှင်ပါစေဗျာ... အဆင်ပြေရင်တော့ ပြန်လာရေးပါနော့် စောင့်နေပါတယ်ဗျာ.. ဘလော့လောကကြီးမှ ထာဝရ ကြိုဆိုပါတယ် ငှဲငှဲငှဲ အဟင့်ဟင့် (ငိုခြင်းပြောင်းတာပါ)

အစစအရာအရာ အဆင်ပြေပါစေ အမရေ


လေးစားလျက်
တောင်ပေါ်သား

ဆန်းဝင်း said...

ခုလိုဆိုတော့လဲ.. ၀မ်းနည်းမိပါတယ်။ ဘာပြောရမှန်းသိတော့ဘူး....

Sonata Cantata said...

ဂုဂုလေး စိတ်ချမ်းသာပါစေလို့ပဲ ရေးခဲ့တော့မယ်။ (နှုတ်ဆက်တာ ဟုတ်ဘူး)

Anonymous said...

နောက်နေတာမှတ်လို့ တကယ်ကိုလုပ်သွားသဟ
ကျုပ်နဲ့ မခွဲချင်ဘူးဆိုပြီး ဘာလို့ တယောက်ထဲ ထားခဲ့တာလဲ.... ဟစ်ဟစ်ဟစ်
အဲလိုတော့ သစ်စိမ်းချိုး ...ချိုးမသွားပါနဲ့ဗျာ...

Anonymous said...

မယ်ဂုမိကပေးတဲ့
ဂျပန်နဲ့ပတ်သက်တာတွေ
ရသမျိုးစုံတွေ
ဖတ်လို့ နှစ်သက်နေပါတယ်
ဆိုမှကွယ်။

ပျော်သလိုသာနေပါကွယ်။

Dr Phyo Wai Kyaw said...

မယ်ဂုရေ
ညီမလေးရေ...
အခက်အခဲတွေကြားထဲက
အမှတ်တရဖြစ်အောင် အောင်မြင်အောင် ဘလော့ဂင်နိုင်ခဲ့တဲ့
ဘလော့ဂါတစ်ယောက်အနေနဲ့ရော....
ဖွားဖက်တော်အနေနဲ့ရော
အမြဲဂုဏ်ယူလျက်..

ခင်မင်လျက်
BBDR

မိုးပြေး said...

လုပ်တော့မယ်ဗျာ...စာလေးတွေ ဖတ်လို့ ကောင်းနေတုန်းဗျာ ဘာပဲဖြစ်ဖြစ် စိတ်တော့မကောင်းဘူးဗျာ ဖြစ်နိုင်ရင်တော့ ပြန်လာပါဦး ပြောမယ်သာပြောတာပါ ကျွန်တော်စာမရေးတာ တော်တော်ကြာနေပြီ သူများရေးတာလေးတွေ လောက်လိုက်ဖတ်နေတာလေ နောက်ဆို ကျွန်တော်လည်း ဘလော့ဆိုတဲ့ အရာနဲ့ ခွဲရတော့မယ်လေ...စာဆက်မရေးတော့လည်း အရင်ကရေးထားတာတွေရယ် သီချင်းလေးတွေ နားထောင်ဖို့ ရောက်နေပါဦးမယ်..ဘလော့တွေထဲမှာတော တော်တော်လှတယ်ဗျ Template နဲ့ အရောင်လေးတွေက ...ဘာလုပ်ပေးနိုင်လည်း ဆိုတော့ ကျန်းမာအောင်နေပြီး အဆင်ပြေမှုတွေ ပိုင်ဆိုင်ပါစေ ဂျပန်မလေး .. ခဏတာခွဲခွာမှုဖြစ်ပါစေ လို့ ဆုတောင်းပါတယ်။

စိုင်းစိုင်းလားရှိုး said...

မယ်ဂုမိရေ.... ကိုယ့်အကြောင်းနဲ့ကိုယ်... ကိုယ်ကသာအသိဆုံးဆိုတော့..... ဖြတ်သန်းခဲ့ဖူးတဲ့ ဒီလောကကြီးကနေပြီးတော့ အကန့်အသတ်မရှိအနားယူမယ်ဆိုတော့လည်း.... အကန့်အသတ်မရှိတာပဲကောင်းပါတယ်... ကန့်သတ်ချက်ရှိနေရင် နေရာကျဉ်းတယ်... ဒီတော့ လွတ်လပ်စွာနဲ့ လုပ်စရာရှိတာတွေလုပ်ပါ။ ပြီးရင် ပြန်လာခဲ့ပါ... ဒီအသိုင်းအ၀ိုင်းကနေ အမြဲကြိုဆိုနေမှာပါ။

thetzaw said...

やめてしまうんですか。。。。。残念です
とってもいいところでした。
お疲れ様でした!!
またいつか再開してくれるのを願ってます。
お住まいは広島なので是非遊びに来てください!

ကဗျာမလေး said...

ဘာကြောင့်များပါလိမ့်နော် ..... ကဗျာကခင်မင်တတ်တယ် ..... မိတ်ဆွေတစ်ယောက်ကပြောပြထားဖူးလို့ မီဂုမိ ကို အဝေးကနေခင်မင်နေခဲ့ရပါတယ်... မရင်းနှီးလိုက်ရဘဲ ခွဲခွာသွားတော့မယ်ဆိုတော့ စိတ်မကောင်းပါဘူး.... ဘာပဲဖြစ်ဖြစ် ..... အောင်မြင်ပါစေ...စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။

thetzaw said...

すいません。
僕のメールアドはthetzawoo10@gmail.com です。
連絡待ってます!

megumi said...

29 Apr 09, 18:00
ညခင်း: ညီမငယ် ပြန်လာခဲ့နော်။ စိတ်ဓာတ်လေးပြန်တင်ထားနော်။
29 Apr 09, 18:09
ဖိုးတရုတ်: ဘာလောဂ်ရေးတာ နားတော့မယ် ဆိုလို့ စိတ်တော့ မကောင်းပါဘူး။
29 Apr 09, 18:10
ဖိုးတရုတ်: ၁ လ တကြိမ် အနည်းဆုံး ရေးနိုင်အောင် ထပ်မံ ကြိုးစားကြည့်စေချင်ပါတယ်။ လာလည်သွားပါတယ်ဗျာ.
29 Apr 09, 20:39
အိမ်: ပြန်လာခဲ့ပါ နေရာဟောင်း....ဆီ.... မျှော်နေဆဲပဲ ဘလော့ဂါသူရေ......
30 Apr 09, 00:53
ဝသန်မိုး: ထပ်ပြီးလာလည်သွားတယ်ဗျို့ 
30 Apr 09, 14:43
နေ့အိပ်မက်: nesan.. dou****e sutoppu...... myanmare kareunodesuka? myanmar demo buroguga dekiruyo.....
30 Apr 09, 14:44
နေ့အိပ်မက်: sutoppu shinaidene.....
30 Apr 09, 18:26
ဆောင်း: ညီမရေ ဘာလို့ နားမှာလဲ နားလိုက်ရေးလိုက်လုပ်ပေါ့
30 Apr 09, 19:03
ဂျေဂျူဝိုင်: နားလည်ဝူး ဒါပေမယ့် ဘိုင်
30 Apr 09, 19:03
ဂျေဂျူဝိုင်: နားလည်ဝူး ဒါပေမယ့် ဘိုင်

vanko said...

ခွဲသွားမယ်ဆိုတော့ စိတ်မကောင်းဘူး ညီမလေးရေ။ ထာဝရခွဲခွာခြင်း မဟုတ်ပါစေနဲ့ ဆုတောင်းပါတယ်။ စိတ်ပြန်လည်လာတဲ့ တစ်ချိန်ချိန်တော့ ပြန်လာခဲ့ပါ။ ဘလော့ရွာလေးထဲက ညီအစ်ကို မောင်နှမတွေက ၀မ်းသာအားရ ကြိုဆိုနေမှာပါ။ ကံမကုန်သေးပဲ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

မြစ်ကျိုးအင်း said...

တယောက်နဲ့တယောက် မမြင်တွေ့ဖူးပေမယ့် ဘလော့ မောင်နှမ ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်မိတယ်..
အဆင်ပြေရင် ပြန်ရေးပါဗျာ

Unknown said...

ညီမလေး..
အစစ..
အရာရာ....
အဆင်ပြေပါစေ...........

watching said...

မရပ်ပါနဲ့ ပြန်ရေးမယ့်အချိန်ကိုမျော်နေပါတယ်

ဖိုးဂျယ် said...

ကံ မကုန်ရင် ပြန်တွော့ကသေးတာပေါ့။

Anonymous said...

ပြန်ရေးပြီလားလို့ လာကြည့်တာ ... ရေးလည်း ရေးသေးဘူး ... ပို့စ်အသစ်တက်ရင် တံခါးလာခေါက်နော် .. ပြေးလာဖတ်လှည့်မယ် :)

 

Design By:
SkinCorner