Thursday, July 3, 2008

ဟိုင်းကု ကဗျာ(俳句)ဆန်ဆန် ဆန်းလျူးကဗျာ(川柳)


မနေ့ကစပ်လိုက်တဲ့ ကဗျာလေးကြောင့် အရင်က
ကျောင်းမှစာသင်ရင်းနဲ့ ကဗျာစပ်တဲ့ အကြောင်းလေးကို
ပြန်သတိရလာမိတယ်...ဂျပန်ရောက်ခါစကပေါ့ ........ဂျပန်
ယဉ်ကျေးမှုဆိုတဲ့ အတန်းမှာ ဆရာစာသင်ပြီးပြီဆိုတာနဲ့ 
ကဗျာ စပ်ရပါတယ်...အဓိကအားဖြင့်တော့ ဟိုင်းကု ကဗျာဆန်ဆန် ဆန်းလျူးကဗျာ(川柳)
လေးတွေကို စပ်ရပါတယ်၊ဟိုင်းကု ကဗျာဆန်ဆန် ဆန်းလျူးကဗျာ(川柳)ဆိုတာသိကြပါရဲ့ လား????
ဟိုင်းကု ကဗျာ(俳句)ဆန်ဆန် ဆန်းလျူးကဗျာ(川柳)ဆိုတာ စကားလုံး ၅ လုံး ပြီးတော့ ၇ လုံး ပြီးတော့
နောက်ထပ် ၅ လုံးနဲ့ စပ်ရတဲ့ ကဗျာလေးကိုပြောတာပါ။
ဒီလိုမျိုးလည်းပေါ့။

အလျင်စလိုပဲ             忙しく   i so ga shi ku
တောင်ကုန်းပေါ်ကို တက်ပြီးတော့ 坂を上って  sa ka wo no bo t te
ကျောင်းတော်ကြီးဆီသို့       学校へ ga kk o u he


3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဂျပန်မလေးရေ အခုလိုဂျပန်မှာ ဘယ်လိုလုပ်ရတယ်၊စာသင်ရတယ်..စာသင်ရင်းနဲ့ ကဗျာစပ်တော့ တစ်ယောက်ယောက် သတိရမနေဘူးလား
ကျွန်တော်တို မြန်မာကတော့ ၄ ၅ ၁ အဲမှားလို့ ဘောလုံးနဲ့ ရောသွားလို့  ၄လုံးစပ် ဆိုတာလေးတွေရှိတယ်နော်...ဟဲဟဲ

XyBo said...

အရင်တုန်းကလို
ကဗျာတစ်ပုဒ်စပ်ပြီးတော့
လာလည်သွားပါတယ်

အဲဒါရော ကဗျာဖြစ်လား...:D

ကိုရင်ညိန်း said...

ကျွန်တော်ကတော့ ရင်ဘတ်ဗလာနဲ့ ခံစားတတ်တယ် ။ ကဗျာအားလုံးကိုချစ်တယ် ။ ဟိုက္ကု ဘာသာပြန်က ကာရံမိရင် ပိုဖတ်လို့ကောင်းမယ်ဗျာ ။ ဥပမာ ကမ္ဘာကျော် ဟိုက္ကုကဗျာ ' ရေသံ ' လိုမျိုးပေါ့ ။ အကြံပေးတာပါ

ရေသံ

အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ချသွား
ပလုံရေသံကြား ။ ။ အဆင်ပြေပါစေဗျာ

 

Design By:
SkinCorner