Saturday, July 19, 2008

လုပ်ကြံခံရခြင်း

ကျမရဲ့ BLOGကိုလာသူတိုင်း အရမ်းကို နားညီးစရာ သံစဉ်လေးတွေနဲ့သီချင်းလေးတွေကို ကြားပြီး
ပိတ်ဖို့ လိုက်ရှာကြတဲ့လူတွေလည်း မနည်းဘူးလို့ ထင်ပါတယ်။ :D
ကျမကအဲ့ဒီ အရုပ်သီချင်းပလေယာလေး ကို ကြိုက်လွန်းလို့အောက်ဆုံးမှာသီးသန့်ထားထားလို့ ချက်ချင်း​ရှာလို့မတွေ့နိုင်တာပါ။
ကျမ ဘယ်လောက်တောင် အဲ့ဒီ အရုပ်သီချင်းပလေယာလေးကိုလုပ်ခဲ့ရတယ်ဆိုတာ သိကြပါသလား???
အဲ့လိုမျိုး ကိုယ်ပိုင်သီချင်းပလေယာလေးလုပ်ချင်ပေမယ့် မလုပ်တတ်လို့ အကိုကြီးတယောက်ကို အကူအညီတောင်းပြီး အရုပ်သီချင်းပလေယာလေးကို http://www.myflashfetish.com မှာလုပ်ခဲ့ရပါတယ်။
အရုပ်သီချင်းပလေယာလေးရလာတော့ အဲ့ဒီအရုပ်သီချင်းပလေယာလေးမှာထည့်ဖို့အတွက် သီချင်းလေးတွေကို ရှာရပါတော့တယ်။
ကျမရဲ့ INTERNET က INTERNET DOWNLOAD MANAGER(IDM) သုံးလို့မရပါဘူး။Free Music Zilla လည်း သုံးလို့မရပါဘူး။အဲဒါတွေကို ဖွင့်လိုက်တာနဲ့ PCက ချက်ချင်းရပ်သွားပါတော့တယ်။
FREE SOFTWAREကို သုံးခွင့်မပေးတဲ့သဘောပါ။(ကံဆိုးပုံများ)
အဲ့ဒီတော့ သီချင်းတွေကို ဘယ်လိုရှာလည်းလို့ မေးစရာဖြစ်လာပါတယ်။
အဲ့ဒီသီချင်းတွေကို ကျမကwww.flashband.com ထဲမှာ နားထောင်ပါတယ်။ကြိုက်တဲ့ သီချင်းလေးတွေတွေ့ရင် သူငယ်ချင်းကို ပြောပြီး အဲ့ဒီ သူငယ်ချင်းက အဲ့ဒီသီချင်းလေးတွေကိုMP3 ပြောင်းပေးပါတယ်။
အဲ့ဒီ ရတဲ့MP3 ကိုhttp://www.hotlinkfiles.comမှာသွားပြီး လုပ်ရပါတယ်။
အဲ့ဒီ မှာရတဲ့ link codeကို မှာသွားပြီး http://www.myflashfetish.comလုပ်မှ ဒီအရုပ်သီချင်းပလေယာလေး ရလာတာပါ။
ဂျပန်သီချင်းဆို YOU TUBE ကနေ ယူရလို့ ပိုတောင်အချိန်ကုန်ပါသေးတယ်။
သီချင်းရပြီဆိုတော့ သီချင်းပလေယာလေးရဲ့ဒီဇိုင်းကို ရွေးတဲ့အခါမှာ အရုပ်သီချင်းပလေယာလေးကို တွေ့ခဲ့ပြီး ကျမBLOG နဲ့လိုက်မယ့် အရောင်လိုက်ရှာတာ မရှိပါဘူးရှင်။
အဲ့ဒါနဲ့ ကျမရဲ့BLOG FONT COLOUR မှာအရောင်ကိုသွားကြည့် အဲ့ဒီအရောင်အတိုင်းလေး COLOUR လေးတွေကို ပြောင်းပြီးလုပ်ရတာပါ။အဲ့လိုမျိုး မလုပ်တတ်လုပ်တတ်နဲ့ ရလာတဲ့ ကျမရဲ့ အရုပ်သီချင်းပလေယာလေးကိုမှ အလွယ်တကူယူချင်တဲ့လူက ရှိနေပါတယ်။
ကျမနဲ့ ခင်တဲ့ အစ်ကိုကြီးပါပဲ။သူက ဟိုနေ့ကအရုပ်သီချင်းပလေယာလေး အတိုင်းကို သူ့BLOG မှာတင်မယ်ပြောလို့ ကျမက ဒီလိုဒီလိုလုပ်ထားရတာပါ။အဲ့ဒီ အရုပ်ကလေးကိုမှ ကြိုက်တယ်ဆိုရင် http://www.myflashfetish.comမှာရှိပါတယ်၊သွားယူပါ။
ဒါပေမယ့် ဒီအရောင်လေးကတော့ ကျမကိုယ်တိုင် ပြင်ဆင်ထားတာဖြစ်လို့ ဒီအတိုင်းကြီးတော့ ပုံတူမကူးပါနဲ့လို့ ပြောခဲ့ပါတယ်။
အဲ့ဒါနဲ့ သူကမယူတော့ဘူးလို့ ပြောလို့ ကျမလည်း ယုံကြည်ခဲ့ပါတယ်။
ဒီနေ့တော့ သူ့BLOGကို သွားလည်မိတဲ့အခါမှာ ကိုယ့်နားတောင်ကိုယ်မယုံဖြစ်သွားရပါတယ်။
အဲ့ဒီ အကိုကြီးရဲ့ သီချင်းပလေယာမှာထည့်ထားတဲ့ မြန်မာသီချင်းတွေဟာ ကျမရဲ့ BLOGမှာရှိတဲ့ သီချင်းတွေနဲ့ တပုံစံထဲမှ တပုံစံထဲပါပဲရှင်။
သူနဲ့ ကျမနဲ့လည်း ခင်နေတော့ သူအဲဒီလောက်ကြီး လုပ်ရက်လိမ့်မယ်လို့ ကျမ မထင်ခဲ့မိဘူးသိလား။
ကျမရဲ့ BLOGမှာ(နားဆင်ဖို့)ဆိုတဲ့ BLOGလေးရှိတာသတိထားမိကြလားတော့ မသိဘူး။အဲ့ဒီBLOGလေးက
ကျမဆီမှာ ရှိတဲ့ သီချင်းလေးတွေကို မျှဝေမယ်လို့ ဆုံးဖြတ်ပြီး လုပ်ထားတဲ့BLOGလေးပါ။
အခု အရုပ်သီချင်းပလေယာလေးထဲမှာပါတဲ့ သီချင်းလေးတွေကော အခြား ကောင်းနိုးရာရာ သီချင်းလေးတွေကိုပါ MediaFireနဲ့ တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ဟိုနေ့​က အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့လည်း ရှင်းပြခဲ့ပါတယ်။ခဏလေးစောင့်ပါ၊စောင့်ပါလို့လည်း ပြောခဲ့ပါသေးတယ်။ဒါတောင်မှ သူ မလို့ မပြောမဆိုနဲ့ လုပ်ရက်လိုက်တာ..............။(သိသိချည်းနဲ့)
ကျမဆို တခြားBLOGမှာကိုယ်ကြိုက်တဲ့ သီချင်းလေးတွေတွေ့ရင်
အဲ့ဒီ BLOGGERကို "ဒီသီချင်းလေးတော့ ကြိုက်ပါတယ်။ပေးလို့ ရနိုင်မလား"ဆိုပြီး သွားတောင်းယူခဲ့ပါတယ်။
သူကြတော့ ကျမနဲ့ခင်ရဲ့သားနဲ့ တခွန်းတလေလေးတောင်မပြောပဲ ဘာလို့ အဲ့လောက် လုပ်ရက်ရတာလည်း မသိဘူးနော်?????????????????။
နောက်ကြောကို ဒါးနဲ့ အထိုးခံရသလို ခံစားရပါတယ်။ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရပါတယ်။
တနည်းအား
ဖြင့် ကျမ လုပ်ကြံခံခဲ့ရပါတယ်။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဟုတ်လားဗျာ...ကိုယ်တန်ဖိုးထားတဲ့ အရာလေးကို သုများတွေက အလွယ်တကူ ယူသွားတော့ ဘယ်စိတ်ကောင်းမလဲဗျာ၊စိတ်မကောင်း မဖြစ်ပါနဲ့ ဗျာ။အခုလိုတော့ဘယ်ကောင်းမလဲ။လိုချင်ရင်တောင်းပေါ့လေ။
တောင်းရင်တော့ ပေးကြမှာပါ၊သိတဲ့ သူဆိုရင်အဲလိုပိုမလုပ်သင့်ဘူးပေါ့ဗျာ။

Anonymous said...

မမရေ.........
ကိုယ်အရမ်းတန်ဖိုးထားတဲ့အရာကိုအလွဲသုံးစားလုပ်တာ
တော့မကောင်းဘူးပေါ့.......
ဒီလိုပဲ......လူဆိုတာကတော့တစ်ယောက်နဲ့တစ်ယောက်
မတူနိုင်ဘူးလေ။
သိပ်စိတ်မကောင်းမဖြစ်ပါနဲ့နော်.........

ကိုစွမ်း said...

မျှဝေပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ ညီမလေးရယ် . စိတ်ချမ်းသာပါတယ်

megumi said...

ချစ်သူ့ခေါ်သံရေ
သဘောထားကြီးစွာနဲ့ သည်းခံခွှင့်လွှတ်ခြင်းဟာ သူတပါး လုပ်ပြီးသားကို အလွယ်တကူ ကူးယူတဲ့လူတွေ(ဦးနှောက်ဖောက်စားတဲ့လူတွေ)အတွက်
မတန်ဘူးလို့ ကျမထင်ပါတယ်။ကျမလိုမျိုး အလွဲသုံးစားလုပ်ခံရတဲ့လူတွေ Blog လောကမှာ အများကြီး ရှိမယ်လို့ ထင်ပါတယ်။ကျမက အခုတလောမှ Blogလောကထဲကို ဝင်လာတာဖြစ်ပေမယ့် မတရား အလုပ်ခံရတာကြီးကို သိသိချည်းနဲ့ သည်းခံနိုင်လောက်ရအောင် ပါရမီရှင် မဟုတ်ပါ။

စိုင်းစိုင်းလားရှိုး said...

လောကကြီးမှာထပ်တူကြတဲ့
သဘောထားဆိုတာအင်မတန်မှရှားပါတယ်
နားလည်ပေးလိုက်ပါ............
ရှိရင်းစွဲရဲ့တန်ဖိုးထက် ပုံရိပ်ရဲ့
တန်ဖိုးဟာ နှိုင်းယှဉ်လို့
မရစကောင်းပါဘူး......
မယ်ကုမိ ရယ်....

Synchro 305 ~ said...

နားလည်ပေးလိုက်ပါဗျာ
တစ်ခါတစ်လေတော့လည်း
နားလည်မှူလွဲတယ်ပဲဘောထားပေးလိုက်ပါ
စိတ်သက်သာတာပေါ့
နားလည်ပါတယ်။

KO WAI said...

သီချင်းဆိုတာတော့ လူတိုင်းတင်ပိုင်ခွင့်ရှိပါတယ် ဒါပေမယ့် သူများလုပ်ထားတာတွေကို အလွယ်လှေကြုံစီးတာတော့မ ကောင်းဘူးပေါ့ဗျာ။ ခင်မင်မှု တစ်ခုကို အခွင့်ကောင်း ယူသလိုဖြစ်သွားတာဆိုတော့ ပိုခံစားရမှာပေါ့။ အကောင်း ဆုံးကတော့ ဘာဘဲဖြစ်ဖြစ်ပြောပြသင့်တာပေါ့။ တကယ် တော့မိတ်ဆွေဆိုတာ သူတန်ဖိုးထားတဲ့အရာကိုကိုယ်လဲ တန်ဖိုးထားသင့်တယ်မဟုတ်လား အခုတော့ ...

Welcome said...

ဂျပန်မလေး
ထပ်တူထပ်မျှ စိတ်မကောင်းပါဘူး။
-

Unknown said...

အမှန်တွေတကယ်ပြောတယ် song ko ပိတ်မလို့ ရှာတာ တော် တော်နဲ့ မတွေ့ဘူး...စတာ တကယ်လည်းဟုတ်တယ်

 

Design By:
SkinCorner