Friday, August 29, 2008

Blog လေးရဲ့(3)လပြည့်မွေးနေ့

ဘာလိုလိုနဲ့ Blogလေးတောင် (3)လပြည့်လာခဲ့ပါပြီ။ ဒီကာလလေးအတွင်းမှာ စိတ်ညစ်စရာတွေ ၊ စိတ်ရှုပ်စရာတွေ ၊ ကြုံတွေ့ခဲ့ရပေမယ့် မောင်နှမများရဲ့ အားပေးကူညီစောင့်ရှောက်မှုကြောင့် ပြဿနာတွေကို အခက်အခဲမရှိ ကျော်လွှားလာနိုင်ခဲ့ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်နော်။ Blog လေး (3)လပြည့်လာတာနဲ့ အမျှ ကျမရဲ့ Blog အပေါ်ထားတဲ့ သံယောဇဉ်၊ Bloggerမောင်နှမများအပေါ်ထားတဲ့ သံယောဇဉ်တွေကလည်း တနေ့တခြား တိုးပွားလာပါတော့တယ်။ သူတပါးတိုင်းပြည်မှာ တယောက်တည်း အထီးကျန်ဆန်တဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့တဲ့ကျမဟာ Blog လေးတခုလုပ်မိရာကတဆင့် သူငယ်ချင်းများ ၊ (မောင်နှမများ) အများကြီး ရရှိခဲ့ပါတယ်။ သူငယ်ချင်းတွေ (မောင်နှမတွေ) ရဲ့ ကျေးဇူးကြောင့် အထီးကျန်မဆန်တော့ပါ။ ကျမမှာ အဖော်တွေအများကြီးရှိနေတယ်ဆိုတဲ့ အသိလေး နဲ့ ဘဝဟာ ပိုပြီး ပြည့်စုံလာသလိုပဲ ခံစားရပါတယ်။ မမြင်ဘူး ၊ မတွေ့ဘူးပေမယ့် သူငယ်ချင်းများ ၊ (မောင်နှမများ) ရဲ့ ဖြူစင်တဲ့မေတ္တာကြောင့် အေးချမ်းခဲ့ရပါတယ်။ ကျမရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တဲ့ စေတနာတွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ ထပ်ပြောပါရစေ။ အစစ အရာရာအတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်းများ ၊ (မောင်နှမများ)ရှင်။

ကြွရောက်လာတဲ့ ဧည့်သည်တော်များကို ဒါလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။
ဆာကေးမျိုးစုံ
ဂျုံအရက် ၊ ဆန်အရက် အစုံပါပဲ။ Cocktail မျိုးစုံ
Cheese မျိုးစုံJuice မျိုးစုံJelly မျိုးစုံ
သစ်သီးမျိုးစုံကြိုက်သလောက် အားမနာတမ်း သုံးဆောင်ကြပါရှင်။ :p ;)


စိုင်းစိုင်းရဲ့ သူငယ်ချင်းများစွာ သီချင်းလေးလည်း (3)လပြည့်ဧည့်ခံပွဲမှာ မြိုင်ဆိုင်သွားအောင် ဖွင့်ထားတယ်နော်။

မခေါ်ချင်လို့သာ နေလို့ရမည်၊ မတော်ချင်လို့မရသော မျိုးနွယ်တူ အစုတ်ပလုပ်အကောင်းစားလေး မောင်လေးကိုဝေကလည်း (3)လပြည့်အတွက် ကဗျာကို (2)လပြည့်တဲ့နေ့တုန်းက စပ်ပေးခဲ့ပါသဖြင့် ဖော်ပြပေးလိုက်ပါတယ်ရှင်။ :p
ရက်ပေါင်း ၉၀ ဖြတ်သန်းပြီးတဲ့အခါမှာ
ခရီး အတော်ပေါက်ခဲ့ပေါ့
အတောင်အလက်မစုံသေးတဲ့ငါ့မှာ
အသိအကျွမ်းတွေလဲ များလာခဲ့
မိတ်ဟောင်းဆွေဟောင်းမဟုတ်ပေမယ့်
မိတ်ကောင်းဆွေကောင်းတွေနဲ့လဲတွေခဲ့ပေါ့
ခံစားမှုတစ်ခုနဲ့ အတူ ဖြတ်သန်းခဲ့တဲ့
ငါ့ဘလောက်ကလေးမှာ
ခံစားချက်တွေစုဝေးလာတဲ့အခါ
ဒါဟာ ဒါဟာ ငါ့ကမ္ဘာငယ်လေးဖြစ်လာခဲ့ပေါ့
အဲဒီကမ္ဘာငယ်လေးလှပအောင်
ငါ့ခံစားချက်တွေနဲ့ ထာဝရ ဆေးရောင်ချယ်သွားမယ်

သူငယ်ချင်း
ခံစားမှု စုတ်ချက်တွေကို ငါတို့နှလုံးသားတွေနဲ့
ခံစားနေရင် သူမကိုယ်စား ဒီကဗျာလေးကို ဘလော့လေး ၃ လပြည့်အတွက်
လက်ဆောင်ပေးခဲ့ပါသည်။

ကိုရှင်ရဲထွတ်ကြီးကတော့ (3)လပြည့်မှာ ရက်(100)ပြည့်ကဗျာစပ်ပေးပြီးပြီတဲ့ရှင့်။ ;)
29 ရက်နေ့
ခိုသွေးရောင်
တောက်တော့မယ်
သိပ်မလို
ဝန်းကျင်မှာ
ရဲရဲစွေး
အားလုံးတွက်
နောက်ထပ်လို့
ဆယ်ရက်များ
ကျော်ခဲ့ရင်
တန်ဖိုးရှိ
ညီမလေး
ပတ္တမြား
ဆိုကြတဲ့
ရတုကို
မယ်ကုမိ
ရောက်တော့မယ်..............

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

သက်တန့် said...

သီချင်းနားထောင်ရင်း ဂျု့စ်ရယ် ဂျယ်လီရယ် သစ်သီးရယ် အ၀တီးသွားတယ်ဗျို့...
ကဗျာတွေကလည်း ကောင်းပ...
ဒီလို အထိမ်းအမှတ်တွေ မကြာမကြာလုပ်ပြီး မကြာမကြာကျွေးနိုင်ပါစေ... :P
မမကတော့ မကြာမကြာစားဖို့ကို တာဝန်ယူပါတယ်ကွယ်... :D

ဝေလေး said...

သီချင်းနားထောင် ဂျယ်လီစား အအေးသောက် သစ်သီးစား
ကျန်တာလေးတွေလည်း ပါဆယ်ယူသွားတယ်.. အော်
မေ့လို့.. ဆာကေးရောသောက်လို့ရလား မမ .. :P
အဆင်ပြေပါစေမမရေ... ဆက်၍ ဆက်၍ ဘလော့ဂင်းနိုင်ပါစေ မမရေ :D

RePublic said...

ဘလော့ ၃ လပြည့် ပေါ့ ၊၊ ကဲ ကောင်းဗျာ ၊၊ အပြင်း မရှိဘူးလား ၊၊ မိုးအေး တယ် မယ်ဂုမိရေ ၊၊ ကိုရင် ကြီး နဲ့ ကိုပါကြီး တို့ကို ဖိတ်လိုက်အုံး ၊၊ သမားတော်များ အဖွဲ့ဝင်တွေပါ ၊၊

နှင်းလေး said...

ဘလော့လေး ၃ လပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် မယ်ဂုမိချစ်ခင်တဲ့ ဘလော့ဂါမောင်နှမတွေနဲ့အတူ ပျော်ရွှင်တဲ့နေ့ရက်များစွာကို ဖြတ်ကျော်နိုင်ပါစေနော်

စိုင်းစိုင်းလားရှိုး said...

ကဲဗျာ သောက်တတ်သူများအားလုံး
မယ်ကုမိအတွက် ဆုတောင်းပေးရင်း
အားလုံး ချီးယားစ်..................

အရုပ်ကလေး said...

ဂျုံ ၊ ဆန် အရက်စုံသောက်လို့
ပုံမှန်မဟုတ် ငါ့စိတ်က
ကုန်ပြန်ပေါ့ ပုလင်းတွေကြည့်ရင်း
ယမကာဂုဏ် အာမှာဆောင်လို့
အေ့ ....ရှိသေးရင်ထပ်တိုက်ပါဦး

blog အစမှယနေ့ 3 လပြည့် ကျော်လွန်သည်တိုင်
နောင် တည်မြဲနေသ၍ လန်းဆန်းပျော်ရွှင်မှုတွေ
ရရှိပါစေ ညီမ 'ဂု' ရေ ..

megumi said...

ဟိ ဟိ
မိုးပြေးဆီက Blogလေး(3)လပြည့်လက်ဆောင်က Banner လှလှလေးသိလား။ သိလား။
;) ;)

khin oo may said...

happy day

WWKM said...

ညီမလေး ရေ...
ဘလော့ဂ်လေး ၃လပြည့်မှသည်
ပျော်ရွှင်မှု ၊အောင်မြင်မှု တွေနဲ့
အတူ ဆက်လက်ပျော်ရွှင်စွာ
ဘလော့ဂင်နိုင်ပါစေကြောင်း..

KO WAI said...

နောက် ၄ လပြည့်ကျရင်ရယ်ရေးပေးမယ် ဟဲ ဟ

ကိုစွမ်း said...

ဝမ်းသာပါတယ် ညီမရေ..ရှေ့ဆက်ပြီး အောင်မြင်ပါစေ။ နောက်ဆို ဆိုင်ကဟာတွေနဲ့ မဧည့်ခံနဲ့နော် ရိုက်ခံထိမယ် ဟီးဟီး

megumi said...

လခက (15)ရက်နေ့မှ ရမှာဆိုတော့ ပိုက်ပိုက်ရှိဘူးလေ။ ;)
မရှိ ရှိတာ ရှာကြံရိုက်(အဲလေ၊ ကျွေး)ရတာ။ :p

 

Design By:
SkinCorner