Wednesday, August 6, 2008

ဝမ်းနည်းစွာဖြင့် အကြောင်းကြားခြင်း

ဒီနေ့နဲ့ဆိုရင် ကျမရဲ့ Blogလေး (2)လနဲ့ (8)ရက် ရှိသွားပါပြီ။လာရောက် အားပေးကြတဲ့ မိတ်ဆွေ၊မောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

တကယ်တော့၊ကျမက ဂျပန်တက္ကသိုလ်တခုမှာ ပညာသင်ကြားနေတဲ့ ကောင်မလေး(1)ယောက်ပါ။ နောက်ဆုံးနှစ် (4年生)ရောက်ခဲ့ပါပြီရှင်။နောက်ဆုံးနှစ်ဆိုတော့ Thesis(卒業論文)မရေးလို့ မရပါဘူးတဲ့ရှင်။Thesis(卒業論文)မရေးချင်လို့ ပေပေတေတေနဲ့ နေလာလိုက်တာ ဟိုတနေ့က ဆရာမဆီက Warning E-mail လာပါတော့တယ်။။(9)လပိုင်း လဆန်းကို အကြမ်းဖျဉ်း အကုန်လုံး ရေးပြီး တင်ပါတဲ့။ဘုရား၊ဘုရားဆိုပြီး အခုမှ နည်းနည်း ကြောက်လာတော့တယ်ရှင့်။စာမျက်နှာ(24)မျက်နှာခန့်၊ စာလုံးရေ (20000)ကို (1)လနဲ့ အပြီးရေးရတော့မယ်။နောက်ပြီး၊အကုန်လုံး ဂျပန်လို၊ယူထားတဲ့ မေဂျာကလည်း စီးပွါးရေးနဲ့ ဆိုင်တာဆိုတော့ ကိုယ့်Thesis(卒業論文)နဲ့ဆိုင်တဲ့ ဇယားတွေကို ကိုယ့်ဘာသာကို ဆွဲရမယ်။ဘာစာအုပ်မှ လည်း အခုချိန်ထိ မဖတ်ရသေး။Internet က အချက်အလတ်လေးတွေတော့ ဆရာမက အတင်းရှာခိုင်းထားလို့ တချို့တဝက်ရှိနေပါပြီ။ ကိုယ့်Thesis(卒業論文)နဲ့ဆိုင်တဲ့ သတင်းအချက်အလတ်တွေအတွက် သတင်းစာတွေလည်း ဖတ်ရအုန်းမယ်။ အမလေး၊ စဉ်းစားလိုက်တာနဲ့တင် တော်တော်ကို ကြောက်လာပြီရှင့်။
ကယ်တော်မူကြပါအုန်း လို့ အော်လိုက်ချင်ပေမယ့် ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့လည်း ဘယ်သူမပြု မိမိမှု၊ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ရှိပါစေတော့ရှင်။
ဒီကောင်မလေး ဘာတွေလာရေးနေပါလိမ့်လို့ တွေးနေကြပါသလား။ ဒီလိုရှင့်၊ အခုချိန်ကနေစပြီး အရင်တုန်းကလို တနေ့(1)ပုဒ် Postရေးဖို့ မပြောနဲ့၊တပတ်တောင် (1)ပုဒ် မရေးနိုင်တော့တဲ့ ကျမရဲ့ အခြေအနေလေးတွေကို ကျမချစ်သော Blogလောကမှ မိတ်ဆွေ၊မောင်နှမများကို စာတတန်၊ပေတတန် နဲ့ ရှင်းပြနေတာပါရှင်။အတတ်နိုင်ဆုံးတော့ Postရေးဖို့ စဉ်းစားနေသေးပေမယ့် အချိန်ဆိုတဲ့ လူဆိုးကြီးက ကျမကို သနားငဲ့ညာမယ့်ပုံ မပေါ်လေတော့ သူတော်ကောင်းလေးများဖြစ်ကြသော Blog လောကမှ မိတ်ဆွေ၊မောင်နှမများကပဲ အရင်ကလို Postတွေ အများကြီး မရေးနိုင်တော့တဲ့ ကျမကို နားလည်ခွင့်လွှတ်ပေးကြရန်၊ ကျမBlogလေးကိုလည်း မမေ့သွားကြရန် မေတ္တာရပ်ခံလိုက်ပါတယ်။

ဟင့် ဟင့်၊နေ့တိုင်း Blog တွေသွားလည်ချင်ပေမယ့် သွားမလည်နိုင်တော့ဘူး။ :c
Post လည်း မရေးနိုင်တော့ဘူး။ဟင့် ဟင့်။ :c
Blog လောကကို သံယောဇဉ် ရှိပါတယ်ဆိုမှ ။ဟင့် ဟင့်။ :c

14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး....
Thesis ကို အကောင်းဆုံးရေးပြီးမှ
ပြန်လာလည်း ရတာပဲ။
ကျောင်းစာကို ဦးစားပေးလိုက်ပါ။
အမှတ်ရနေပါမယ်။

မိုးပြေး said...

အင်းဗျာ...စာတွေကဖတ်လို့ ကောင်းနေတယ် ဆိုမှပဲ..Thesis ဆိုတာက လာပြီနော်.ဒါကလည်းကျောင်းသာတွေ အမြဲတမ်း ကြုံတွေ့ ရမဲ့ အကြောင်းအရာတွေပေါ့၊
'အများကြီး မရေးနိုင်တော့တဲ့ ကျမကို နားလည်ခွင့်လွှတ်ပေးကြရန်၊ ကျမBlogလေးကိုလည်း မမေ့သွားကြရန် မေတ္တာရပ်ခံလိုက်ပါတယ်။'မမေ့ပါဘူးဗျာ။Thesis
ကိုကောင်းကောင်းရေးနော်၊အစစအရာရာ အဆင်ပြေပါစေလို ဆုတောင်းနေပါ့မယ်ဗျာ။
ကံကောင်းပါစေ။ ။

စိုင်းစိုင်းလားရှိုး said...

မယ်ကုမိ က တော်ပြီးသားပါ
ကြိုးစားလိုက်နော် လိမ္မာတယ်
အောင်မြင်မှာပါ...

HAPPY CLOUD said...

ဂလိုဘဲပေါ့ဖွားလေးဂုရယ်...
လုပ်စရာရှိတာလေးလုပ်လိုက်ဘာအုံး...
နောက်ကျမှ...ပေါက်ကရရေးဂျဒါပေါ့နော....
အဟီး.... ခင်လို့စတာ... ချိတ်ချိုးဂျေးနော်...
(ဖိုးမောင်)

အောင်မျိုးဟန် said...

အားမငယ်နဲ့ အရင် ကပြောထားတဲ့ အတိုင်း တစ်နေ့တစ်ခါ ပုံမှန်လာနေမှာပဲ အားမငယ်နဲ့ သိလား

တားမြစ် ထားသော... said...

နောက်ထပ် ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နိုင်ပါစေလို့ ဆန္ဒပြုရင်း၊ Thesis လည်း အကောင်းဆုံးဖြစ်ပါစေပေါ့။

“ပြန်လာခဲ့ပါ နေရာဟောင်းဆီ...”
မှတ်ချက်။..။ နေရာဟောင်းဆိုသည်မှာ ဘလော့ဂ်လောက ဖြစ်လေသတည်း။း)

Anonymous said...

မမရေ..
ဟဲ ဟဲ..မအားတာခြင်းတူသွားပြန်ပြီ...မမကတော့စာမေးပွဲတွေနဲ့
မို့လို့မအားတာ..
ဝေလေးကတော့ဘာမှန်းမသိဘဲနဲ့ကိုမအားဘူးဖြစ်နေတာ..
အားမငယ်ပါနဲ့..
လည်လည်ရောက်နေမှာပါ..ဆီပုံးမှာအော်ပေးသွားမယ်...
အားလုံးပြီးမှအတိုးချပြီးဘလော့တွေလိုက်လည်တော့ပေါ့နော်..
အဆင်ပြေပါစေမမ :)

WWKM said...

ညီမလေး မယ်ဂုမိ...
ညီမလေး က လိမ္မာတယ်နော်။စာကြိုးစားတော့မယ်ဆို
လို့လေ။ ညီမလေးကို မမ က ကိုယ့်ညီမလေးလိုချစ်လို့
သတိပေးပြောပြတာပါကွယ်၊ မမမှာ ညီမလေးမရှိ ဘူး။ဂုဂု ကမမရဲ့ ညီမလေးပေါ့။ ညီမလေး မှာ ညီမလေးကိုချစ်တဲ့ မိတ်ဆွေတွေအများကြီး ရှိပြီးသားပဲ။
သူတို့တွေအားလုံး စာလေးတွေအရေးကောင်းပြီး၊ချစ်စ
ရာကောင်းတဲ့ ညီမလေး နဲ့ ညီမလေးရဲ့  ဘလော့ဂ် ကလေးကို ဘယ်တော့မှ မေ့နိုင်ကြမှာ မဟုတ်ပါဘူးကွယ်။ Thesis ကို စိတ်တိုင်းကျအောင်
ဖြောင့်ဖြောင့်လေးပြီးအောင် ရေးပြီး ရင်ပြန်ဆုံနိုင်ပါတယ်။အားလုံးက ညီမလေးကိုဆက်လက်
စောင့်မျှော်နေကြမှာပါ။ thesis ရေးနေရင်းပျင်းလာရင်
ဘလော့ဂ်လေးတွေဆီ စိတ်ပြေ လက်ပျောက် လျှောက်
လည်ပြီးmessage လေးတွေရေးပေါ့။
ချစ်တဲ့ မမ

WWKM said...

ညီမလေး..
ညီမလေးကို စာကိုဦးစားပေးလုပ်ဖို့ သတိပေးရတာက.....
မမ မိတ်ဆွေ ဆရာဝန်မလေးတစ်ယောက်ပေါ့..သူက
ကျောင်း ၄နှစ်သာပြီးသွားတယ် စာတန်းကောင်းကောင်း
မတင်နိုင်လို့ paper acceptance မရတာနဲ့ ကျောင်းကိုဆက်တက်နေရတယ်လေ၊အချိန်လည်းပိုကုန်
၊ငွေလည်းပိုရှာရ..ပိုပင်ပန်းတာပေါ့ ညီမလေးရေ..
အဲ့ဒါကြောင့် သတ်မှတ်ချိန်အတွင်းမှာ စာတန်းကိုပြီး
အောင်ပြုစုပြီးရင် ညီမလေး လုပ်ချင်တာတွေ စိတ်အေးလက်အေးပြန်လုပ်လို့ရတာပဲနော်။
ကြိုးစားလိုက်ပါညီမလေးရေ....
မမ၀ါ....

အောင်ဦး said...

ညီမလေး...

မြန်မာစာရေးတာ ခက်ခဲသောလည်း ကြိုးစားရေးခဲ့တဲ့ စာတွေအတွက် တန်ဖိုးထားမိပါတယ်။ လောကမှာ ရှိနေတဲ့ သင်္ခါရတရားကို လက်တွေ့ပြခဲ့တာပါဘဲ။ အေးချမ်းသာယာပါစေ ညီမလေး..

ADMIN said...

အဆင်ပြေပါစေ အစ်မ။
ရလဒ်ကောင်းတစ်ခုကိုတော့ အစ်မ ပိုင်ဆိုင်မှာပါ။

မြရွက်ဝေ said...

頑張ってね。卒業論文が書き終わった時ブログを続けてもいいよ。今大事な事をしてね。忘れないで待っている。

ကိုရင်နော်ခင်လေးငယ် said...

ညီမလေးရေ...
စာတွေကြိုးစားနေရင်းနဲ့ တစ်ခါတစ်လေတော့
C.box လေးတော့ဖတ်ဖြစ်နေမယ်ဟုတ်..
ဘာဘဲဖြစ်ဖြစ် မောင်နှစ်မတွေရဲ့
အားပေး Message လေးတွေက
ညီမလေးအတွက် ခွန်အားတွေ ဖြစ်စေမှာပါ..
お勉強 頑張ってね。。
誰よりも可愛い メグちゃん の事 思いながら 楽しく 帰ってくる日まで。。待っているから。。ね。。
(ခင်လေး姉さん と ကိုရင်နော်兄ちゃん より)

ရွှန်းမီ said...

ဘ၀တူပါပဲ megumi chan..
မီ့ကိုလဲ project ကြီးက စောင့်နေတယ်။
အားလုံးပြီးတော့ ပြန်တွေ့ကြမှာပေါ့..
အစစ အဆင်ပြေပါစေ..

 

Design By:
SkinCorner