Wednesday, August 13, 2008

စခြင်း၊နောက်ခြင်းဆိုတဲ့ စကားလေး

ရေးချင်တာရေး ၊
ပြောချင်တာ ပြောပြီးမှ
စတာပါ၊ စိတ်မဆိုးရဘူးတဲ့။
ကဲ၊ ခံရတဲ့ လူက ဘယ်လို လုပ်ရပါ့မလဲ?????

စတာပါလို့ ပြောရုံနဲ့ ပြောချင်တာ ပြောခွင့်ရသွားပြီလား????
စိတ်မဆိုးရဘူးလို့ ပြောရုံနဲ့ ခွင့်လွှတ်လိုက်ရမှာလား?????
အပြောခံလိုက်ရတဲ့လူရဲ့ ပုဂ္ဂိုလိကပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုဟာ
စတာ၊နောက်တာ ဆိုတဲ့ စကားလုံးလေးနဲ့ ကျေအေးလိုက်ရမှာလား????
စတာ၊နောက်တာဟာ ပျော်ရွှင်ခြင်းရဲ့ သင်္ကေတဖြစ်ပေမယ့်
အတိုင်းအတာ တခုတော့ ရှိသင့်ပြီ ထင်ပါရဲ့။

3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

KO WAI said...

ဟုတ်တယ် စတယ်နောက်တယ် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ခံသာရုံလောက်ဘဲကောင်းတာလေ ဟုတ်တယ်မလား စိတ် အနှောက်ယှက်ဖြစ်စရာဆို ဘယ်ကောင်းမလဲ

megumi said...

ဘယ်သူ့ကိုမှ စိတ်မဆိုးပါဘူး။ :p ဘယ်သူ့ကိုရယ်လို့လည်း မဟုတ်ပါဘူး။အခုတလော၊ ပြောသင့်လား၊မပြောသင့်လား မသိပဲနဲ့ ပြောချင်တာပြောကြပြီးစတာလို့ စကားကို ပြန်လျောချတဲ့လူတွေ တွေ့တွေ့နေရလို့တွေးမိတဲ့ တွေးမိတွေးရာကွိစိကွစ လေးတခုပါ။ :) :)

စိုင်းစိုင်းလားရှိုး said...

စတယ်ဆိုတာ ပျော်ရွှင်ခြင်းရဲ့
သင်္ကေတပဲ ဖြစ်သင့်တယ်
စိတ်အနှောင့်အယှက်ဖြစ်အောင်ဆိုရင်တော့
စတယ်လို့ ဘယ်မည်တော့မလည်းနော်

 

Design By:
SkinCorner