Sunday, August 24, 2008

အထီးကျန်ဆန်ခြင်း

အခုတလော မိုးအုံ့လိုက်၊မိုးရွာလိုက်နဲ့ စိတ်ညစ်စရာ ကောင်းလိုက်တာများ။ ကျမက မိုးအုံ့တာကြီးကို အရမ်းမုန်းတယ်သိလား။ မိုးအုံ့ရင် လွမ်းလွမ်းဆွေးဆွေးကြီးနဲ့ ဘယ်သူ့ကို ပဲ လွမ်းသလိုလို၊ ဘယ်အရာကိုပဲ လွမ်းသလိုလို နဲ့ တမျိုးကြီး ခံစားရလွန်းလို့။ :c အခုလို တယောက်တည်းရှိနေချိန်ဆို ပိုဆိုးသေး။ ပိုပြီးတော့တောင် လွမ်းနေမိတယ်(ဘာကိုမှန်းမသိပဲနဲ့ကို)။ အိမ်မှာနေတုန်းကတော့ မိသားစုနဲ့ ဆိုတော့ အဲဒီလောက်ကြီး လွမ်းသလိုလိုဒဏ်ကို မခံစားရခဲ့ရ။ ကျောင်းတက်လို့ အဆောင်မှာနေတော့လည်း သူငယ်ချင်းတွေနဲ့ ဆိုတော့ လွမ်းသလိုလိုရှိပေမယ့် လွမ်းတာလေးကို ကြာရှည်မခံစားခဲ့ရ။
ဂျပန်ရောက်တော့မှာပဲ အလွမ်းတွေကို ပီပီပြင်ပြင် ခံစားရတော့တယ်။(သူကလည်း အဝေးကြီးမှာ) ဂျပန်မှာ နေရတာ ကျမတော့ အရမ်းအထီးကျန်တာပဲ။သူငယ်ချင်းတွေ ရှိပေမယ့် သူတို့ကလည်း သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေကြတော့ ကျမအတွက်ရယ်ဆိုပြီး သီးသန့်အချိန်မပေးနိုင်ကြ။ ဖုန်းတောင် ဆက်ချင်မှ ဆက်လာကြတာ။ ကိုယ်ကဆက်တော့လည်း သူတို့က အလုပ်ထဲရောက်နေတာနဲ့၊ စာသင်ခန်းထဲ ရောက်နေတာနဲ့၊
ရထားထဲ ရောက်နေတာနဲ့ ကိုင်ချင်မှ ကိုင်ကြတာ။ ကြာလာတော့၊သူတို့ကလည်း မဆက်၊ကိုယ်ကလည်း မဆက်နဲ့ဖုန်းလေးတောင်အားနာပ။ လူချင်းတွေ့ဖို့ဆိုဝေလာဝေးပဲ။ သူအားတဲ့နေ့ကိုယ်မအား၊ ကိုယ်အားတဲ့နေ့သူမအားနဲ့တခါတွေ့ဖို့ကို တလလောက် ကြိုတင်ချိန်းရလောက်အောင် အလုပ်တွေ ရှုပ်နေကြတာများ။ ပိုက်ဆံ ရှာနိုင်ရင်ရှာနိုင်သလောက် ရတဲ့ နိုင်ငံဖြစ်နေတာကြောင့်လား မသိ၊ ဂျပန်မှာ အချိန်တွေက အရမ်းရှားပါးတယ်။လူအများစုက ပိုက်ဆံ ရမယ့်အလုပ်ကို ဦးစားပေးလုပ်ကြတာများတော့ လူမှုရေးတွေ သိပ်မလုပ်နိုင်ကြတော့။ အလုပ်၊ ကျောင်း၊ ကျောင်း၊အလုပ်နဲ့ပဲ အချိန်ပေးပြီး အလုပ်ရှုပ်နေကြတော့ (24)နာရီမှာ အေးအေးဆေးဆေးအနားယူလို့ရတဲ့ နာရီ ဆိုလို့ (8)နာရီ တောင် တခါတလေ မပြည့်ချင်ကြတော့။(ဂျပန်ရောက်ခါစကတော့ ကျမလည်း သူတို့လိုပါပဲ၊ တနေ့တနေ့ အေးအေးဆေးဆေးအနားယူချိန် (7)နာရီတောင် မရှိ။ စာမေးပွဲရှိတဲ့ လဆိုရင် စာမေးပွဲကလည်း ဖြေရသေး၊အလုပ်ကလည်း နားလို့ မရနဲ့ တနေ့ကို(3)နာရီလောက်ပဲ အိပ်ခဲ့ရတဲ့ နေ့တွေလည်း မနည်းပါဘူး။)ဒီတော့၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်လေးကို သူများကို မပေးချင်တော့ဘဲ ဖြစ်လာပါလေရော။ ကိုယ်ဟာကိုယ် သီးသန့်လေး နေချင်လာပါရော။ လူမှုရေးတွေလည်း လစ်ဟင်းလာပါလေရော။ ဒါ့အပြင်၊ ဂျပန်က Privacyတို့၊ Personalတို့ကို အရမ်းဦးစားပေးတဲ့ နိုင်ငံဖြစ်လေတော့ ပိုဆိုးပေါ့။ကိုယ်ကိုကိုယ် သီးသန့်နေကြတာများတော့ မြန်မာနိုင်ငံမှာလို [သူငယ်ချင်းပဲဟာ ]ဆိုပြီးရင်းရင်းနှီးနှီးပြောချင်တိုင်းပြောလို့မရ၊
ဆိုချင်တာဆိုလို့မရ၊ သူ့Privacy,Personal ကို ဝင်ရောက်စွက်ဖက်လို့လည်း မရ။ ရောမရောက်ရင် ရောမလိုကျင့် ဆိုသလို ဂျပန်မှာ နေနေတော့လည်း မြန်မာဖြစ်ပေမယ့် ဂျပန်အတွေးအခေါ်တွေ ဖြစ်ကုန်ကြတယ်ထင်ပါရဲ့။ ကျမ သူငယ်ချင်းတွေ က အဲဒီလို လူတွေများတယ်။ မြန်မာတောထဲမှာ မနေတော့ မြန်မာတွေနဲ့ သိပ်မတွေ့ဖြစ်ဘူးလေ၊ တွေ့လိုက်တိုင်း ဂျပန်၊ပြောတာက ဂျပန်စကားဆိုတော့ ဂျပန်အတွေးအခေါ်တွေ ဖြစ်ကုန်ကြတော့တယ်လို့ ထင်တာပဲ။
ကျမနေတဲ့ တိုက်ခန်းဆိုရင် ကျမတယောက်တည်း မြန်မာရှိတယ်။ ကျောင်းရှိလို့သာ နေရတာ၊ မြန်မာတွေနဲ့ တွေ့ကိုမတွေ့သလောက်ကိုနည်းပါးတာ။ Onlineမြန်မာသူငယ်ချင်းတွေနဲ့မှ ပိုတွေ့ဖြစ်သေးတယ်။ အလုပ်လုပ်တော့လည်း အလုပ်ထဲမှာ ကျမတယောက်တည်း မြန်မာရှိတယ်။ကျောင်းသွားတော့လည်း မြန်မာ့သူငယ်ချင်းတွေရှိတယ်ဆိုပေမယ့် အတန်းမတူ၊ မေဂျာမတူနဲ့ နောက်ဆုံးတော့ ကျမ တယောက်တည်း။ ရေးရင်းရေးရင်းနဲ့ ကိုယ်ကိုကိုယ်တောင် သနားလာပြီ။
ဂျပန်မှာ မြန်မာတွေအများကြီးရှိပေမယ့် မြန်မာတွေနေတဲ့ နေရာ(Eg: Takadanobaba(高田馬場))မှာ မနေလိုက တော့ မြန်မာဆိုတာ မမြင်သလောက်ကို ရှားပါးတာ။ အရင်တုန်းကတော့ မြန်မာအမကြီးတွေနဲ့ အတူတူနေဖူးပါတယ်။ သူတို့က အလုပ်အဓိက လာလုပ်တာ၊ ကိုယ်က ကျောင်းအဓိက လာတက်တာဆိုတော့ သိပ်အဆင်မပြေ။ ဒါနဲ့ပဲ၊ ကျောင်းနားကို အိမ်ပြောင်းလာဖြစ်တော့လည်း တယောက်တည်းနေရ။
  ဂျပန်၊ဂျပန် တော်တော်ကို စိတ်ပျက်လာပြီ။ မြန်မာနိုင်ငံကို မြန်မြန်ပြန်မှပဲ။ ဒါမှမဟုတ်၊ မမတယောက်ကို ပြောထားတဲ့ အကြံအစည်ကို မြန်မြန်အကောင်အထည်ဖော်မှ။ ;)
တခုခုတော့လုပ်မှ၊ မဟုတ်ရင် အထီးကျန်လွန်းလို့ ရူးသွားမှလားမသိ။

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

လွပ်လွပ်လပ်လပ် လွမ်းတာတော့ လွမ်းပေါ့ဗျာ။အဲလိုလေးလွမ်းရတာလည်း တစ်ခါတစ်လေတော့ ကောင်းတယ်ဗျာ။သူ့အကြောင်းကိုတွေးနေရရင် ပျော်နေသလိုပေါ့။ခဏတာခွဲခွာခြင်းရဲ့  နောက်မှာ ပြန်လည်ဆုံဆည်းခြင်းဆိုတဲ့ အချိန်လေးကို ရင်ခုန်စွာနဲ့ စောင့်နေပေတော့ဗျာ။

ရွှေရောင်ကောင်းကင် said...

အထီးကျန်နေ့တွေ ၊အထီးကျန် ညတွေမြန်မြန်ကုန်ဆုံးပြီး သာယာပျော်ရွှင်သောဘ၀ ကိုအမြန်ဆုံးရရှိနိုင်ပါစေဗျား)))

တားမြစ် ထားသော... said...

အမကြီးတစ်ယောက်ပေးတဲ့ အကြံဆိုတာ ဘာလည်းဟင်။ ကျောကျ...

megumi said...

ဟိ ဟိ
ဒါက လျှို့ ဝှက်ချက်။
သတ်ချင်သတ်သွား၊ မပြောပေါင်။ ;) :p

RePublic said...

တကယ်ဆို အမကျန် တာပါ ၊၊ အထီးကျန်တာမဟုတ်ပါ
ဝူး ၊၊ ဟီး ..နောက်တာနော် မယ်ဂုမိကြီး ၊၊
ပျော်ရွှင်ပါစေဗျာ ၊၊

စိုင်းစိုင်းလားရှိုး said...

မင်းသိမှာပါငါလေ တစ်ယောက်ထဲ
အစ်မကျန် အဟဲ ........
အထီးကျန်တာလို့ မမှတ်ပဲ
တစ်ယောက်ထဲနေ တစ်စိတ်ထဲဖြစ်
လို့သာမှတ်ယူလော့

megumi said...

အားပေးမယ်လို့တော့ မစဉ်းစားပဲနဲ့ အမကျန်တယ်လေး ဘာလေးနဲ့ လာစနေကြတယ်။ :c :c

ဝေလေး said...

မမ .. တစ်ယောက်တည်းနေရခြင်းမှအမြန်ဆုံးကင်းဝေးနိုင်
ပါစေ... ဟိ ဟိ...
ဆုတောင်းပေးသွားတယ်နော်..
မမတစ်ယောက်ပေးတဲ့အကြံတဲ့ .. ဝေလေးလဲသိချင်တယ်..
:P
မဟုတ်မှလွဲရော... .. :P
မဟုတ်ဘူးဆိုမှတော့လွဲပြီပေါ့နော်..

မြရွက်ဝေ said...

ဘာတွေကြံနေတာလဲကွ။ အဟွင်းးးးးး အဟွင်းးးးးးးးးးးးး :P

WWKM said...

အဲဒီ ညီမလေးဝေ ..ကတော့ နောက်ပြီ..း)
ဂုဂု ရေ.. မမလာလည် အားပေးတယ်နော်ညီမလေး၊
အားငယ်ရင်ပြော..မမဖုန်းဆက်မယ်နော်..
ဒီနေ့ တစ်နေကုန် ပျောက်နေတယ်..း)
ဘိုင်းဘိုင် ညီမလေး..

၀ဿန်ဦး said...

တစ်ချိန်မှာ ပျော်ရွှင်မှုတွေကြုံဖို့ အခုရင်းနှီးနေတယ်လို့သာ သဘောထားလိုက်ပေါ့။ အစစ အရာရာ အဆင်ပြေပါစေ..

လသာည said...

ညီမ Megumi ရဲ့ ဒီပိုစ်လေးကို အစ်မဘလော့မှာ လင့်ခ်ထားပါတယ်။ ခွင့်ပြုပါနော်။

 

Design By:
SkinCorner