Monday, October 6, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(4)

တစ်နေ့တာ အလယ်တန်းပြဆရာမ((1) ဖတ်ချင်ပါက။) :p
တစ်နေ့တာ အလယ်တန်းပြဆရာမ((2) ဖတ်ချင်ပါက။) :p
တစ်နေ့တာ အလယ်တန်းပြဆရာမ((3) ဖတ်ချင်ပါက။) :p

တစ်ကယ်တမ်း စာသင်ရတာက တစ်ချိန်တည်းပါ။( ကြားထဲမှာ နှုတ်ဆက်တာတွေ၊ အဝတ်အစားလဲတာတွေ၊ ဆရာအချင်းချင်း မိတ်ဆက်ရတာတွေ ရှိခဲ့ပါတယ်။) စာသင်လို့ ပြီးသွားပေမယ့် ကျမတို့မှာ မပြန်ရသေးပါဘူး။ နားနေခန်းမှာ နားရင်း၊ ဝါးတီးဖွင့်ရတာပေါ့နော်။ :p စားပွဲအကြီးကြီး (2)လုံးပေါ်မှာစားသောက်စရာတွေကို ချထားပေးထားပါတယ်။ ဘူဖေးစနစ်နဲ့ ကြိုက်သလောက်ယူစားလို့ ရပါတယ်။ စားသောက်နေတုန်း၊ အခုန စာသင်ခဲ့တဲ့အခန်းက အတန်းပိုင်ဆရာက "ဒီစာလေးတွေ မြန်မာလို ရေးပေးပါ"ဆိုလို့ စာရွက်ကြီး(1)ရွက်ပေါ်မှာ ဆရာရေးခိုင်းတဲ့ စာလုံးတွေကို ရေးပေးလိုက်ရသေးတယ်။ (ဘာလုပ်ဖို့လဲကို ပြောမပြလို့ မသိလိုက်ရပါဘူး။) :d

စားသောက်ပြီးသွားတော့ အားကစားဆောင်ကို သွားရပါတယ်။ကျောင်းရဲ့ အကျယ်ဆုံးအခန်းလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။ တစ်ကျောင်းလုံးမှာ ရှိတဲ့ကျောင်းသား၊သူ တွေ စုဝေးပြီး ထိုင်ခုံမှာ နေရာယူနေကြတာကို တွေ့ရပါတယ်။ ကျောင်းအုပ်ဆရာကြီးက ကျမတို့ ဝင်လာတယ်ဆိုရင်ပဲ တလေးတစား ကြိုဆိုပါတယ်။ ဘာပဲပြောပြော၊ ဒီနေ့အတွက်တော့ ကျမတို့က ကျောင်းတော်ကြီးရဲ့ အထူးဧည့်သည်တော်တွေ မဟုတ်လား။ အထူးဧည့်သည်တော်တို့ရဲ့ ထုံးစံအတိုင်းပဲ အရှေ့ဆုံးမှာ နေရာယူ ထိုင်ကြရပါတယ်။ ကျမတို့ အားလုံး နေရာယူပြီးတာနဲ့ ဆရာကြီး က မိန့်ခွန်းဟောကြားပါတယ်။ ကျောင်းသား၊သူ လေးတွေက အပ်သံမကျ ဆရာကြီးရဲ့ မိန့်ခွန်းကို နားထောင်နေကြပါတယ်။(ကွာပနော်)။ ;)
ဆရာကြီးက ဒီလို ယဉ်ကျေးမှုဖလှယ်ပွဲကို အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာမိပါကြောင်း၊ နောက်နှစ်မှာလည်း ဒီထက်ကောင်းမွန်တဲ့ အစီအစဉ်နဲ့ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ မိန့်ခွန်းအပြီး ဒီနေ့ ကြွရောက်လာတဲ့ ကျမတို့( စုစုပေါင်း ဆရာ(12)ယောက်ရှိမည်ထင်ပါသည်။)ကို ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း ကျောင်းသား၊သူ တွေနဲ့ ထပ်မံမိတ်ဆက်ပေးပါတယ်။ တစ်ကျောင်းလုံးမှာ ရှိတဲ့ ကျောင်းသား၊သူ တွေ သေချာသိရှိသွားအောင်ပါ။

ကျောင်းသူလေးတွေက ဂျပန်ဗျပ်စောင်းနဲ့ ဖျော်ဖြေဧည့်ခံပါတယ်။  :zနားဆင်ကြည့်ကြပါအုန်းရှင်။


ဖျော်ဖြေရေးပြီးသွားတော့ ကိုယ့်သင်ကြားခဲ့တဲ့အကြောင်းအရာကို အတန်းခေါင်းဆောင်တွေက ရှေ့ထွက်ပြီး အများသူငါ သိစေရန် အစီရင်ခံရပါတယ်။ တော်တော် တော်ပါတယ်လို့ ချီးကျူးချင်ပါတယ်။နားနေချိန် အချိန်(1)နာရီအတွင်းမှာ ထမင်းလည်းစားရင်း၊ အစီရင်ခံစာကို လက်တန်းချရေးနိုင်လို့ပါ။ မြန်မာအကြောင်းကို အတန်းခေါင်းဆောင်ကျောင်းသူလေးက ရှင်းပြခဲ့ပါတယ်။သူမနဲ့ အပေါင်းအပါတွေ ဆွဲထားတဲ့ ဇယားပါ။ သေသေသပ်သပ်ပါပဲ။ အခုနက ကျမတို့ကို ရေးခိုင်းခဲ့တဲ့ စာရွက်က သူမ ရှင်းပြမှပဲ သိတော့တယ်။ အဲဒါ ၊ သူမနာမည်ကို ရေးခိုင်းခဲ့တာလေ။ ဟိ ဟိ။( ဒီထဲမှာတော့ မထည့်တော့ဘူးနော်။) ;)အနောက်ကနေ ရိုက်ထားတာပါ။ သေချာမြင်ရတယ်နော်။
အတန်းတိုင်းမှ တာဝန်ခံကျောင်းသား၊သူလေးတွေ အကုန် အစီရင်ခံ ပြောကြားပြီးမှပဲ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာပါတော့တယ်။ ကျောင်းအုပ်ကြီးက ”ရောက်တုန်းရောက်ခိုက် စကားစမြည်ပြောကြရအောင်ပါ”ပြောလို့ ကျောင်းအုပ်ကြီးရုံးခန်းမှာ နာရီဝက်လောက် စကားပြောခဲ့ရပါသေးတယ်။ တစ်ကယ်တော့၊ စကားပြောရုံသက်သက် မဟုတ်ဘူးရှင့်။ ဆရာကြီးရဲ့ လက်ထောက်က ကျမတို့ကို စာအိတ်လေး(1)အိတ်စီ လာပေးပါတယ်။ သုံးယောက်သား ကြောင်တောင်တောင် ဖြစ်သွားပြီး ကျမတို့နဲ့ အတူပါလာတဲ့ ဆရာကို ကြည့်လိုက်ကြတာပေါ့။ ဆရာကိုလည်း သူတို့က ပေးပါတယ်။ ဆရာကတော့ ”မယူပါရစေနဲ့”လို့ ငြင်းလိုက်တယ်။ ကျမတို့လည်း ငြင်းဖို့ ပါးစပ်ဟမယ်ပဲ ကြံကာရှိသေး ဆရာက ”ယူလိုက်ပါတဲ့။ ဂျပန်မှာက အဲလိုပဲ ပေးတတ်တာ ယဉ်ကျေးမှုပါတဲ့။ ငြင်းလို့ မကောင်းဘူးတဲ့။” ဒါနဲ့၊ အားနာပြီး ယူလိုက်ရတယ်။ ခံရခက်စွာနဲ့ပေါ့။  ဟုတ်တယ်လေ။:( ပိုက်ဆံလိုချင်လို့ သွားခဲ့တာမှ မဟုတ်တာ။ မြန်မာအကြောင်းကို ဂျပန်ကျောင်းသူ၊သားလေးတွေ သိစေချင်လို့ သွားရောက်ရှင်းပြခဲ့တာလေ။ စိတ်ပါလက်ပါနဲ့ ရှင်းပြခဲ့တဲ့ စေတနာကို စော်ကားလိုက်သလိုပဲ။ အောင့်သက်သက်နဲ့။ :( ဒါပေမယ့်လည်း သူတို့ ယဉ်ကျေးမှုလို့ ပြောလာမှတော့ ဘယ်တတ်နိုင်မလဲတဲ့ရှင်။

မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကြောင့် တစ်ခါတစ်လေ ဒီလိုလည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်ရှုပ်ရှုပ်နဲ့ ကျောင်းအုပ်ကြီးရုံးခန်းကို ဝေ့ကြည့်လိုက်တာ ပညာရေးဆောင်ပုဒ်လေးကို သွားတွေ့မိပါတယ်။ မြင်မြင်ချင်း နှစ်သက်လို့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ်။ ဘာသာပြန်ပေးလိုက်ပါတယ်နော်။

ပညာရေးရည်ရွယ်ချက်

ကြိုးကြိုးစားစား ပညာရှာ
သဘာဝတရားနဲ့ လူသားကို ချစ်ခင်
အားအင်ပြည့်ဝစွာ နေထိုင်ကြကုန်လော့
တပည့်တို့။

ဒါက 折り紙(Origami )လို့ ခေါ်တဲ့ ဂျပန်စာရွက်ခေါက်နည်းပညာနဲ့ လုပ်ထားတဲ့ ဖားလေးတွေပါ။ ရွှေရောင်လေးနဲ့ အပြာရောင်လေးက ဘာမှန်းတော့မသိဘူး။ အထပ်ထပ်ခေါက်ထားတာတွေ့လို့ တော်တော်လက်ဝင်မယ်လို့ ထင်ပါတယ်။ ကျောင်းသူ၊သားလေးတွေက ပေးတဲ့လက်ဆောင်ပါ။ ငွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာလေးပေါ့။ ;) နှစ်ပတ်အကြာမှာ ကျောင်းသား၊သူတွေဆီက ရရှိခဲ့တဲ့ ကျေးဇူးတင်လွှာတွေကို လက်ခံရရှိခဲ့ပါတယ်။ အရွက်(20)ဆယ်ရှိပါတယ်။ ဒီစာရွက်လေးတွေထဲက စာတွေကို ဖတ်ပြီး ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ စာထဲမှာက "နောက်လည်း လာခဲ့ပါအုန်းတဲ့။ မျှော်နေပါမယ်တဲ့။ ကျမတို့ကို ဘယ်တော့မှ မမေ့ပါဘူးတဲ့။ ကျေးဇူးအများကြီးတင်ပါတယ်တဲ့။ "ကျမတို့ဆရာတွေဘက်ကလည်း သူတို့ကျောင်းသူ၊သားလေးတွေအတွက် ခံစားရတဲ့ ခံစားမှုတွေရေးထားတဲ့ စာတစ်စောင်စီ ပြန်ပို့ခဲ့ပါတယ်။ ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ် တစ်နေ့တာ တပည့်လေးတို့ရေ။
တစ်ခဏတာလေးပေမယ့် သံယောဇဉ်ရှိမိသွားတဲ့ ကျောင်းသူ၊ ကျောင်းသူလေးတွေနဲ့ ကြုံဆုံ၊ ခွဲခွာရပြန်ပါပြီ။ ဒါ၊ ဒုတိယအကြိမ်မြောက်ပါ။ 北海道(Hokkaidou )သွားခဲ့တုန်းက Homestayသွားနေတဲ့ အိမ်က ကလေးမလေးရှိတဲ့ ကျောင်းကို ဆရာရဲ့ အကူအညီတောင်းမှုကြောင့် မြန်မာ့အကြောင်းသွားရောက်ရှင်းပြရင်း 北海道(Hokkaidou ) က ကျောင်းသူ၊ ကျောင်းသူလေးတွေနဲ့ ခင်ခဲ့ပြီးမှ ခွဲခဲ့ဖူးပါသေးတယ်။ :z

မှတ်ချက်၊ အထင်မမှားကြနဲ့နော်။ :y ကျမ ဆရာမ မဟုတ်ဘူးနော်။ :p ဆရာအတတ်သင်လည်း မတတ်ဖူးပါဘူးနော်။ :) ကျမကံပဲ ပြောရမလား မသိဘူး၊ မြန်မာ့အကြောင်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကိုရီးယားသွားတုန်းကလည်း ရှင်းပြခဲ့ဖူးပါတယ်။ :z (ကျမမှ လွဲ၍ မြန်မာတစ်ယောက်မှ မရှိပါသဖြင့် အလိုအလျောက် ကိုယ်စားလှယ်ဖြစ်သွားရတာပါ။ ;) )

တော်လို့ တတ်လို့ မဟုတ်ပဲ ကံကြောင့် မြန်မာ့အကြောင်းကို သူတပါးတိုင်းပြည်သိအောင် ရှင်းပြခွင့် ရခဲ့ပါတယ်။  :z

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ိဂျပန်ဗျပ်စောင်းသံလေးကတော့ နားဝင်ချိုတယ်ဗျာ။
ဆရာမလေးရေ ကျွန်တော်တို့ ကတော့ အမြဲတမ်းအားပေးနေပါတယ်။ကိုယ့်နိုင်ငံ အကြောင်းကို
အများသိအောင် ရှင်းပြပေးတဲ့အတွက်ကော..ကောင်မလေးတွေ တီးတဲ့စောင်းသံလေးကို ကြားရတဲ့အတွက် ကျေးဇူးပါဗျာ။ :D
ကြိုးကြိုးစားစား ပညာရှာ
သဘာဝတရားနဲ့ လူသားကို ချစ်ခင်
အားအင်ပြည့်ဝစွာ နေထိုင်ကြကုန်လော့
တပည့်တို့။ မှတ်သားထားလိုက်မယ်ဗျာ။

ဇင်ယော် said...

ဆရာမလေးရေ .. တစ်ဖွဲ.လုံးအတွက် ဂုဏ်ယူပါတယ်ဗျာ။ ( တကယ်ဆရာ၊ဆရာမတွေ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံ၊လူမျိုးနဲ့  ဓလေ့ထုံးစံတွေကို ဂျပန်လေးတွေ သိသင့်သလောက် သိနိုင်အောင် တစ်နေ့ တာအတွင်းမှာ သင်ပြနိုင်ခဲ့လို့  လေးလေးစားစားနဲ့  ခေါ်လိုက်တာပါ။ ဒီလိုဖြစ်လာဖို.အတွက် ကြိုတင်ပြင်ဆင် အားထုတ်ခဲ့ရတာတွေက တွေးကြည့် သိသာပါတယ်လေ။ )

Anonymous said...

သယ်ရင်း လာလည်တယ်နော် .. စာသင်တဲ့ အတွေ့ အကြုံလေး ရေးထားတာ အရမ်းမိုက်တယ် ..
ဂျပန်မရောက်ဖူးပေမယ့် လူကိုယ်တိုင်ရောက်သွားသလိုပဲ .
သယ်ရင်းက မိုက်တယ်ကွာ .... မြန်မာမှာ မွေးတာကတော့
သေချာတယ် .. အခုနေတာက ဂျပန်မှာ .. ကိုရီးယားလည်း ရောက်ဖူးတယ် ..
လန်းတယ် အဲ့လို လျှောက်သွားနေချင်တယ် ..
အခုတော့ တစ်နေရာတည်းမှာပဲ နေရတော့ နည်းနည်း ပျင်းလာသလိုပဲ ..:D
သယ်ရင်း ဂုဂု လာဂုလှဲ့ဦးနော် အရှည်ကြီး တင်ထားတယ် ဟိဟိ :P

ဝေလေး said...

မမဂုဂုရေ......
ကိုယ့်ယဉ်ကျေးမှု အကြောင်း သူတို့တွေသိအောင်သွားသင်ပေးနိုင်တဲ့အတွက် တစ်ကယ်ကောင်းပါတယ်....
တန်ဖိုးမဖြတ်နိုင်တဲ့ပီတိလေးတွေရခဲ့လိမ့်မယ်လို့ထင်တယ်မမရေ....
:)

ဟိန်းညီ said...

လာလည်ပါသည်မောင်ဟိန်းညီ :)
c-box မှာရေးလို့မရဘူးဗျ။ :(
ပြင်လေဗျ
ြ:)

စိုင်းစိုင်းလားရှိုး said...

ကဲကဲ တပည့်တို့
ဆရာမ သေချာမှာခဲ့ချင်တာက
လိမ္မာစွာ နေရစ်ကြလော့.......

Unknown said...

ဂုဏ်ယူပါတယ်ညီမရာ..။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာနေရာကနေ တစ်တပ်တစ် အားပါဝင်ခဲ့တာဟာ တစ်ကယ်ကို လေးစားလောက်ပါတယ်...။

 

Design By:
SkinCorner