Tuesday, October 7, 2008

ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။

"ဆရာကြီးအိမ်က နောက်တတက်နော်" လို့ Cbox ထဲမှာ အော်သွားလို့ သွားဖတ်တာ၊ ကိုယ့်ကို TAG ထားမှန်းတောင်မသိပါဘူး။ TAG ထားတယ်လို့ လည်း ပြောသွားဘူးလေ။ မယ်ဂုလို့ တော့ တွေ့သား၊ ဟိ ဟိ သေချာအောင် Link ကို စစ်ကြည့်လိုက်သေးတယ်။ ဟုတ်မှ ဟုတ်၊ ကျမမှ ကျမအစစ်တော့။ တတ်နိုင်ဘူး။ TAGတော့လည်း ရေးရမှာပေါ့။ (2)ခုတောင် TAG ထားတာ။ တစ်ခုက အရင်က မမဝါ TAGထားတဲ့ "မသေခင် (10)ရက်အလို".......တဲ့။ အဲဒါကြီးကို မရေးချင်လို့ ဟိုရှောင်ဒီရှောင် ထွက်ပြေးနေတာ၊ :z မမမြရွက်လည်း ရေးသေးဘူးဆိုတော့ အဖော်ကလည်းရှိတယ်လေ။ ဟိ ဟိ။အခုတော့ ဆရာကြီးအိမ်က TAGထားတယ်တဲ့။ ဟင့် ဟင့်။ ရက်စက်ပါ့။ TAG တော့လည်း ရပါတယ်။ဟွန်း၊ "မကြာမှီလာမည်။ မျှော်"ပေါ့။ :p

သယ်ရင်း မိုးသောက်ကလည်း အေးဆေးနေတာ မကြည့်ရက်လို့ Tag ထားတယ်နော်...... တဲ့။ ကြုံသလိုစားခြင်း.........တဲ့။

ဆရာကြီးအိမ်နှင့် သယ်ရင်း မိုးသောက် က ဒီလောက်တောင် အထင်ကြီးစွာနဲ့ ဖြစ်သလိုစား၊ ကြုံသလိုစားခိုင်းမှတော့ ရေးရတော့မှာပေါ့ရှင်။ ဟွန်း။

ကျမက ငယ်ငယ်လေးထဲက တော်တော်ကို ဟင်းဂျီးများတာရှင့်။ အသားဟင်းကြိုက်ပါတယ်။ဒါပေမယ့် ရှိသမျှအသား အကုန်မစားဘူးရှင့်။အမဲသား၊ မြင်းသား၊ ခွေးသားမစားဘူး။ ငါးဟင်းလည်း မစားဘူး။ ( အိမ်မှာ ချက်တဲ့ ဟင်းလည်း မစားပါ။) ကြက်သားဟင်းလည်း အိမ်မှာ ချက်တဲ့ ဟင်းမှလွဲ၍ မစားဘူး။ ဝက်သားဟင်းလည်း အိမ်မှာ ချက်တဲ့ ဟင်းမှလွဲ၍ မစားဘူး။ ဒါကြောင့်၊ ဆိုင်မှာသွားစားရင် အသားကြော်ပဲ စားတာများပါတယ်။ ဆီပြန်ချက်ထားသောဟင်းဆို လုံးဝမထိပါ။( အထူးသဖြင့်၊မြန်မာဟင်း )

အရွက်လည်း စားတဲ့အရွက် လက်ချိုးရေလို့ ရလောက်အောင် တော်တော်များများ မစားဘူး။

ဟင်းရည်လည်း ကြိုက်တဲ့ဟင်းရည် သိပ်မရှိဘူး။ (ဆိုင်မှာ သွားစားရင် လုံးဝမသောက်ပါ။ အိမ်မှာလည်း ကြိုက်မှ သောက်ပါသည်။)

ဖျော်ရည်လည်း မကြိုက်ဘူး။ ဖျော်ရည်သောက်လည်း ရေထပ်သောက်တယ်(ရေအရမ်းကြိုက်လို့ မေမေကဆို တစ်ခါတစ်လေ ရွဲ့ပြောတတ်တယ်သိလား။ "ကောင်းတယ်။ ရေပဲ သောက်တဲ့။အကုန်အကျ သက်သာတယ်တဲ့။" ) ;) လက်ဖက်ရည်၊ ကော်ဖီလည်း မသောက်ဘူး။ ငယ်ငယ်တုန်းကတော့ အဖွားက အတင်း ကြိမ်းမောင်းပြီး တိုက်လို့ ကော်ဖီကို ခဏ အအေးခံပြီး မြိုချတယ်သိလား။ :y ပြီးရင် ရေပြန်သောက်တယ်။ ကော်ဖီ ဘာအရသာရှိမှန်းတောင် မသိဘူး။ အသက်နည်းနည်းကြီးလာတော့ တရားဝင် ကြေငြာလိုက်တယ်။ "ရေမှလွဲပြီး လာမတိုက်ပါနဲ့လို့။ သတ်ချင်သတ်သွား သောက်ဘူးလို့။ " ;)

သစ်သီးဆိုလည်း စားတဲ့ သစ်သီးတော်တော်ရှားပါတယ်။လိမ္မော်သီးအရမ်းကြိုက်ပေမယ့် ပန်းသီးဆို ထိတောင် မထိဘူး။( တစ်စက်မှ မကြိုက်တာ။)

တော်တော်ကို ဂျီးများတာပါ။ :p ဈေးကြီးတိုင်းလည်း(ဟိုတယ်မှာ သွားစားပါစေအုန်းတော့) ကိုယ်မကြိုက်ရင် တစ်စက်လေးတောင် မထိဘူး။ စားဖို့ ဝေးလို့ ထိအောင် မထိကြည့်ပါ။

အဲလိုမျိုး အစားအသောက် ဂျီးများလွန်းတော့ တကယ်တမ်း စားတော့မယ်ဆိုရင် စားစရာက သိပ်မရှိဘူးရှင့်။ အိမ်မှာနေတုန်းကတော့ အိမ်က အလိုလိုက်ပြီး ကျမကြိုက်မယ့် ဟင်းပဲ ချက်ကျွေးတယ်လေ။ အဲ၊ အိမ်နဲ့ ခွဲပြီး အဆောင်စသွားနေကတည်းက ဒုက္ခရောက်တော့တာပဲ။ ဟိုဟာလည်း မကြိုက်၊ ဒီဟာလည်း မစားနဲ့လေ။ ဖွယ်ဖွယ်ရာရာလည်း မစားတတ်၊ သူငယ်ချင်းတွေကဆို "နင့်လို လူမျိုး မတွေ့ဖူးဘူးတဲ့။" ကောင်းချီး ထောပနာပြုပါတယ်။ :p ကြိုက်မှ စားပြီး ၊ မကြိုက်ရင် လုံးဝမစားတတ်တော့ တကယ်ကို ဖြစ်သလို စားရတာပါ။ အဆောင်မှာ လာရောင်းတဲ့ ဟင်းတွေ မစားနိုင်လို့ နေ့တိုင်း ကြက်ဥကြော်၊ တစ်ခါတစ်လေ အိပ်ရာထ နည်းနည်းစောရင် ကြက်သားကြော်(နောက်ကျရင် မရှိတော့ပါ။) စားရပါတယ်။ "တစ်နေ့လာလည်း ဒီဟင်း၊ တစ်နေ့လာလည်း ဒီဟင်း" ဖြစ်နေလို့ မြင်နေရတဲ့ ကျမ သူငယ်ချင်းတွေက ကောင်းချီး ထောပနာပြုခဲ့ကြတာပါ။ :zမေမေကတော့အမေဆိုတော့ အဲလို အစားဆင်းရဲ ဖြစ်နေတာကို သနားတာပေါ့ရှင်။ ကျမဆီ လာတိုင်း ကျမကြိုက်တဲ့ဟင်းတွေ ချက်ကျွေး၊ ဆိုင်မှာ လိုက်ကျွေးပါတယ်။(အမေ့ကျေးဇူး၊ အမေ့ကျေးဇူး ဘယ်တော့မှ မေ့ဘူး။)

ဂျပန်လာမယ်လည်းဆိုရော၊" စိတ်မချလို့ မသွားပါနဲ့လားတဲ့။ "မေမေ ဘာကို စိတ်မချတာလို့ ထင်ပါသလဲ။ :d

အစားအသောက်တဲ့လေ။(ကျန်တဲ့ကိစ္စတွေကို အပြည့်အဝ ယုံပြီးသား) :p သားသမီးအကြောင်းကို မွေးသမိခင် အသိဆုံး မဟုတ်လားရှင်။ မေမေက ပြောပါတယ်၊" မြန်မာနိုင်ငံမှာ နေတုန်းကတောင် ဒီလောက် မစားတဲ့ အရာတွေပေါတာ၊ သူများနိုင်ငံသွားရင် ဘယ်လို လုပ်မလဲတဲ့။ ဘာနဲ့ စားမလဲတဲ့။ အစားအသောက် ကောင်းကောင်းမစားရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်တဲ့။ ဒါကြောင့်၊ မသွားပါနဲ့လားတဲ့။" :y ကျမမှာ မနည်းကတိတွေပေးပြီး ထွက်လာရပါတယ်သိလား။( ကောင်းကောင်းစားပါ့မယ်၊ကျန်းမာရေးကို ဂရုစိုက်ပါ့မယ်၊ ဘာညာသရကာပေါ့ရှင်။) :z

ဒီရောက်တော့ ကျောင်း၊ အလုပ်နဲ့ ရှုပ်လိုက်တာ အရမ်းပဲ။ အစားအသောက်အတွက် အချိန်အများကြီး ပေးရမှာ နှမြောလို့ ဗိုက်ပြည့်ရင် ပြီးရောပဲ။ အများအားဖြင့် Fast Food ပဲ စားတာ များပါတယ်။ ထမင်းလည်း သိပ်မစားဘူး။ တစ်ခါတစ်လေ ၊ သူငယ်ချင်းတွေ၊ အသိတွေနဲ့တွေ့ဖြစ်မှပဲ ဂျပန်ဆိုင်ကောင်းကောင်းမှာ သွားစားဖြစ်ပါတယ်။ ထိုင်းဆိုင်၊ တရုတ်ဆိုင်မှာလည်း တစ်ခါတလေ သွားစားပါတယ်။ နံပြားစားချင်ရင် အိန္ဒိယဆိုင်မှာ သွားစားပါတယ်။ အပေါ်မှာ ပြောတဲ့အတိုင်းပဲ ဆီပြန်ချက်ထားသောဟင်း ဆို သိပ်မစားတော့ မြန်မာဆိုင်ကို သိပ်မသွားစားဖြစ်ပါ။ ကိုယ်တိုင်လည်း မချက်တတ်တော့............။ :p

ပြောရင်း ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။ :c

{စကားမစပ်၊ ကျမရဲ့ ပေါက်ကရ အစားအသောက်တွေစိတ်ဝင်စားရင် စားချင်တယ်၊စားချင်တယ် Post မှာ ဖတ်ကြည့်လို့ရတယ်နော်။} :p ;)

မနက်တုန်းက အိပ်ချင်မူးတူးနဲ့ ထရေးထားတာ TAG ဖို့ မေ့သွားတယ်။ :p ဘယ်ရမလဲကွ။ တို့လည်း TAG မှာပေါ့။ ဟား ဟား ဟား ရေးဖို့ သာ ပြင်ထားကြပါ။ အားမနာ လျှာမကျိုး TAG လိုက်ပါပြီ။ :z

TAG ခေါင်းစဉ်က ဖြစ်သလို ၊ ကြုံသလိုစားခြင်းတဲ့။ :p TAG ခံရတဲ့ ကံထူးရှင်တွေက ;)

New post မရေးပဲ အပျင်းကြီးနေသော မိုးပြေး :p (ရေးပြီး)
မယ်ဂုကြီးလို့ ခေါ်တတ်သော (ကို) Repulic လေး ;)
အမကို ကလေးထိန်းခိုင်းသော မောင်စုတ်ပလုတ် ကိုဝေ :)
ဟာသဉာဏ်ရှိသော စက်မှု(ကိုဉာဏ်) :p (ရေးပြီး)
ကိုယ့်ညီမလေးကို ရေပဲတိုက်မယ်ပြောတဲ့ ကိုရှင်ရဲထွတ်ကြီး ;) (ရေးပြီး)
ငယ်ချင်ယောင်ဆောင်ထားသော (ကို)မောင်ငယ် :)  (ရေးပြီး)
ခဏခဏ ဟင်းချက်တတ်သော အကိုကြီးအောင်ဦး :p (ရေးပြီး)
ကဗျာရေးကောင်းသော ကို Idulize ;) (ရေးပြီး)
အဖော်လာညှိတတ်သော မမဆောင်း :) (ရေးပြီး)
ဟင်းချက်ကောင်းသော မမမြရွက် :p (ရေးပြီး)
"ဒီနေ့ ဒါချက်တာလေ" :p ဆိုပြီး ခဏခဏလာကြွား၊ အဲလေ၊ လာပြောပြတတ်သော မမမြတ်နိုး ;) (ရေးပြီး)
Pooh ထမင်းဘူးလာလုသော မီးငယ်လေး :) (ရေးပြီး)
အကြိုက်ချင်းတူသော မဗေဒါ :p (ရေးပြီး)
ချစ်စရာကောင်မလေး နှင်းလေး ;)  (ရေးပြီး)
အမြဲဆုတောင်းပေးတတ်သော မမပုလဲဖြူ :) (ရေးပြီး)
နာမည်လှလှလေးနဲ့ မမမေအိခင် :p (ရေးပြီး)

ဖြစ်နိုင်ရင် ရေးပေးစေချင်ပါတယ်။ မဖြစ်နိုင်ရင် အတင်းမတောင်းဆိုပါဘူး။ ကျမကို ခင်တယ်ဆိုရင်တော့ ............ :y

20 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ကျုပ်အိမ်ကို နေ့တိုင်းလာလည် လို့ရတယ်
ရေလောက်ကတော့ မနှမြောဘူးမှတ်
ကြိုက်သလောက် သောက်လို့ရတယ်.....
ဟဲဟဲ....

WWKM said...

ဒါဆိုရင် ညီမလေးကို အိမ်လာလည်ရင် ရေပဲ အဝ
တိုက်တော့မယ် ။ ဟီးဟီး
ကုန်ချင်သလောက်ကုန် ရေတစ်ဘူမှ ယန်း၁၀၀ ပဲ..
အ၀တိုက်မယ်နော် ညီမလေး ။
ကျန်းမာ ပျော်ရွှင်ပါစေ ။

Anonymous said...

ကျွတ် ကျွတ် တစ်ကယ် သနားစရာပါလား သယ်ရင်းရယ် ..
ကျနော်နဲ့များကွာပါ့ ..
ကျနော်ဆို စားစရာမြင်ရင် အကုန်စားချင်တယ် ..
ခွေးကြောင် ကြွက် မြွေ အမဲ အဲ့ဒါတွေတော့ မစားဘူး .
အဟာရတော့ မျှတအောင်စားပါလို့ အကြံပေးချင်ပါတယ်
နောက်ဆို သယ်ရင်းအိမ်လာလည်ရင် သောက်လို့ရအောင်
ရေတစ်ခွက်တင်ပေးထားမယ် :P :P
ရေးပေးလို့ ကျေးဇူးနော် သယ်ရင်း ရှဲ့ရှဲ့ :P :P

mabaydar said...

မဗေဒါနဲ့တူနေပြီ.. မဗေဒါလဲ အရည်ဆိုရင် ရေကလွဲလို့သောက်တာတော်တော်ရှားတယ်. ကော်ဖီတော့ နဲနဲသောက်လို့ရတယ်.. gas ပါတဲ့ coke တို့ဘာတို့လုံးဝမသောက်နိုင်ဘူး..
ရေတောင်မလွှဲသာလို့သောက်နေရတာ.. ဟင်းချိုဆိုလဲ.. ကန်စွန်းရွက်ဟင်းချိုနဲ့ ချဉ်ပေါင်ကလွဲလို့ မကြိုက်ဘူး.. ငါးလဲမကြိုက်ဘူး.. ညှီလို့.. ငါးမကြိုက်ရင် ဂျပန်မှာ စားစရာရှားသွားပြီဆိုလို့.. လာရင်ဘာစားရမှန်းတောင်မသိဘူး... မယ်ဂုမိစားတာလိုက်စားရမယ်... ဟဲ.. ဟဲ.. မဗေဒါက မယ်ဂုမီထက်စာရင်တော့ နဲနဲစားတယ်.. မဗေဒါက Fast Food တော့မကြိုက်ဘူး.. အိမ်မှာချက်တာပဲကြိုက်တယ်... ငယ်ငယ်ကပိုဂျီးများတယ်.. စလုံးရောက်ပြီးတော့ သိပ်ဂျီးမများတော့ဘူး...

မြရွက်ဝေ said...

ဟေး tagထားတာကို တို့က ကွန့်မန့်ထဲ ဖြေပြီးသွားပြီ။ ဟဲ ဟဲ
အမလဲ ဟင်းဂျီးများတယ်။ မကြိုက်တဲ့ဟင်းကို လုံးဝမစား။ ဒါပေမယ့် ညီမလိုတော့ တနေ့လာ ဒါဘဲတော့ မစားနိုင်တာ သေချာတယ်။ ဟင်းဂျီးများသလောက် အရသာတူတာကိုလည်း ခဏခဏ မစားချင်ဘူးလေ။ ဒါကြောင့် လျှောက်ချက်ရတာပေါ့။ အမြဲတမ်းစားနေတော့ အပြင်စာတွေကရော မငြီးငွေ့ဘူးလား ညီမရေ။

Anonymous said...

ဟ ဒီတယောက်ကတမျိုးပါလားဗျ
သူ့ရမဲ့ ယောကျာင်္းကတော့ အတော်ကံကောင်းတာပဲ ဟီ။
ဒါပေမဲ့သူကိုယ်တိုင်လဲ ငတ်မှာဆိုတော့(အစားအသောက်ကိုပြောတာနော်)
အရိုက်ခံရမှာတော့ မြင်သေးတယ်ဟိဟိဟိ

သက်တန့် said...

ဂုဂုရေ...
ကြိုက်မှစားပြီး မကြိုက်ရင် လုံးဝမစားတာတော့ တကယ်တူတယ်...
မကြိုက်ရင် လုံးဝမစားဘူး... စိတ်ကြီးတယ်... အဟဲ... :D

KO WAI said...

ငါ့ အမက ရေသောက်ပြီး ငါမိန်းမရလို့ ကလေးရရင် ငါ့ကလေးတွေ လာထိန်းပေးမယ်နဲ့တူတယ် တစ်နေ့ကို Ph 7 တစ်ဘုံး တိုက်မယ် နော် မမ ဟဲ ဟဲ

ဝေလေး said...

မမကတော့ ရေပဲကြိုက်တာလား ကောင်းတာပေါ့ ဟီးး
အကုန်အကျသက်သာတယ် ဝေလေးကတော့ ကော်ဖီကြိုက်တယ် ကော်ဖီဆိုပူပူလေးလဲကြိုက်တယ် ကော်ဖီအေးလည်းကြိုက်တယ်. :P
အစားအသောက်ကတော့ သိပ်ချေးမများပါဘူး စားလိုက်တာပဲ ကြက်ဟင်းခါးသီးတော့လုံးဝမစားဘူး . :P

mgngal said...

ရေပဲသောက်ပြီးဒီအရွယ်ေ၇ာက်လာတာ တော်တော်ဆန်း
တာပဲ။ :P
အကုန်အကျသက်သာတာပေါ့။သနားစရာကောင်းတာတော့
တော်တော် သနားစရာကောင်းတယ်။ရေတောင် မကြိုက်တော့ရင်ဘယ်လိုလုပ်မလဲ မသိ။ :D

megumi said...

ကိုရှင်ရဲထွတ်ကြီးနော်။ ရေပဲမရဘူး။ ဟွန်း။ အုန်းနို့ခေါက်ဆွဲ ချက်ကျွေး၊ အုန်းနို့ခေါက်ဆွဲ ချက်ကျွေး။ :c

မမဝါကလည်း မြန်မာဟင်းလေးချက်ကျွေးချင်စိတ်ရှိဘူးလား။ မမချက်ကျွေးရင် စားမှာ။ :p

ဟိတ် သယ်ရင်း မိုးသောက်၊ နင်ဟင်းချက်ကောင်းမှန်း နာ(ငါ)
သိတယ်နော်။ ရဘူး။ မုန့်ပါကျွေး။ ;)

အဖော်ရပြီ မဗေဒါရေ၊ တူတူ သွားစားကြတာပေါ့။ :z

မမမြရွက်ဆီ ထမင်းလာစားဖို့ ချောင်းနေတာ။ :z

ထမင်းဟင်း ချက်တတ်တဲ့ ယောင်္ကျားလေးတွေ အများကြီးပါ ဆရာကြီးအိမ်ရယ်။ ;)

ဟေး အဖော်ရပြီ ၊ ပျော်လိုက်တာ :z မမသက်တန့်ရေ။

မောင်စုတ်ကိုဝေ၊ ငါ့ကို ကလေးထိန်းခိုင်းရင် နင့်ကလေးတွေကို ရေပဲတိုက်မယ်။ ကလေးတွေ အားမရှိရင် ငါနဲ့ဆိုင်ဘူး။ နင့်မိန်းမနဲ့ နင်နဲ့ရှင်း။ :p

မမလည်း ကြိုက်တဲ့ဟင်းဆိုရင် စားပါတယ်ဝေလေးရယ်။ အရည်ထဲမှာတော့ ရေပေါ့နော်။ ;)

မောင်ငယ်ကတော့ လုပ်ပြီ။ သေချာဖတ်ဘူး။ များပြီ။ ဟွန်း။ ရေပဲ သောက်လို့တော့ ဘယ်ရမလဲရှင့်။ အစားလေးလည်း စားတာပေါ့။ :z

မီးငယ် said...

မမရေ...စာမေးပွဲပြီးရင်ရေးပေးမယ်နော်...နည်းနည်းစောင့် (၉)ရက်နေ့ဆိုပြီးပြီနော်..ခဏနော်.. နာ့မမကချောပီးသား..ဟီး(မျက်နှာလုပ်တာ...)

Anonymous said...

ဟာ .. သူသိသွားပြီ .. လစ်တော့မယ် :P
နောက်တာပါ .. အဟဲ :D
ခေါက်ဆွဲကို ရှယ်ပြုတ်တတ်တယ် ဟဲဟဲ ( ဘာမှ မှ မခက်တာ :P )

အရုပ်ကလေး said...

ရေသောက်တဲ့သူက ၀တာတွေများတယ် ဖက်တီးပဲဖြစ်မယ်ထင်တာပဲ ညီမက လေ...
ဂျိတ်မထိုးနဲ့ ..စတာ
တက်ထားတာ နောက်ရက် ကျမှ ရေးပေးတော့မယ်နော်
မအားသေးလို့ပါ...
ရေများများသောက်တော့ ကောင်းသလို
အိပ်ရေးလည်း ခဏဏ ပျက်မယ်နဲ့တူတယ်နော်
ဟိ.. စတာ

Unknown said...

ကျောင်းက ပြန်ရောက်တော့ TAG ထားပါတယ် ဆိုလို့ .. ကြည့်လိုက်တော့ စားသောက်ခြင်း အကြောင်းဖြစ်နေတယ်။ ခက်တာတာ ကျနော်ကလည်း အစားကို သေချာ ချက်မစားဖြစ်တာက များနေတယ်။ အခုတလော ပိုတောင် မချက်ဖြစ်ဘူး။ လူကြုံပေးလိုက်တဲ့ ဆက်သားခြောက်၊ ငါးခြောက်၊ လက်ဖက်နဲ့ ကြုံသလိုဘဲ စားဖြစ်နေတယ်။ ငါးသေတ္တာဗူးတွေတော့ ၀ယ်ထားတယ်။ ဒါက အမြန်ချက်လို့ရတယ်လေ။
ကျနော်က ဟင်းကောင်းလည်း သိတ် မမက်ပါဘူး။ အစားကောင်းလည်း မမတ်ပါဘူး။ အာဟာရလည်းရှိမယ်။ ဗိုက်လည်းဝ မယ်ဆိုရင်ရတယ်။ ထမင်းစားရင် အရေသောက်လေး ပါရင် ပိုစားနိုင်တယ်။ တခါတလေကျတော့ ဆီနဲ့ ဆားနဲ့ ကြက်ဥ ကြော်နဲ့ စားတာလည်း ရှိတယ်။း)
အဆီ အရွတ်တော့ မစားဘူး။ သက်သက်လွတ်လည်း မစားဘူး။း) သက်သက်လွတ်ကို တသက်လုံးရှောင်ထားတယ်။ ဘုရားရှင် သတ်မှတ်ထားတဲ့ အသား(၁၀)မျိုးတော့ ရှောင်တယ်။
အသီးအရွက်ကြော်စားရတာ ကိုလည်း ကြိုက်တယ်။ ကန်စွန်းရွက်ကြောက် ကို ပိုကြိုက်တယ်။ ကန်စွန်းဥပြုတ်လည်းကြိုက်တယ်။ အသားမှာ ဆိုရင် ၀က်သားတုတ်ထိုးကိုကြိုက်တယ်။ ကြိုက်တာတွေ မစားရတာလည်း ကြာပါပြီ။း)
မုန့်ဟင်းခါး လည်း ချက်စားဖူးတယ်။ စမူဆာ၊ ကော်ပြန့် လည်း ကြော်စာဖူးတယ်။း)
.................
ညီမလေး...အကိုလည်း စိတ်ထဲပေါ်လာရေးချလိုက်တာ။ ဒီလောက်သိရင် ကျေနပ်တော့ပေါ့။ စားချင်တာတွေ ပြောတာက များသွားမယ်ထင်တယ်။း)

ရေကြိုက်တဲ့ ညီမလေး ကို တော့ ရေသန့်ဗူးဝယ်တိုက်နိုင်ပါတယ်။း)

ကိုဥာဏ်(စက်မှု) said...

အစားအသောက်အကြောင်း ပြောရမယ်ဆိုရင်တော့ ပုတ်သင်ညိုက စပြီး ကျားတွေ ဆင်တွေအထိ စားခဲ့ဖူးသဗျ .. ရခိုင်မှာ တာဝန်ကျတော့ ရေသတ္တ၀ါ အကုန်လောက်နီးနီးလည်း တွယ်ခဲ့ဖူးတာပဲ .. ကြုံသလို စားခြင်းကတော့ ပြောမနေနဲ့ .. ဘ၀တစ်လျှောက်လုံး ကြုံသလိုပဲ စားခဲ့ရတာပဲ .. အခုထိ မော်စကိုမှာ အမြဲကြုံသလို စားနေရတုန်းပဲ .. တပ်မှာနေတုန်း ခဏပဲ ရဲဘော်ချက်ကျွေးတာ ကောင်းကောင်းစားဖူးတယ် .. ဒါတောင် သူ့လက်ရာက တစ်နေ့နဲ့ တစ်နေ့ တူတာ မဟုတ်ဘူး .. တစ်ရက် ဆားငန် တစ်ရက် ဆားပေါ့ပဲ .. အဲဒီလက်ရာလေးကိုပဲ နတ်သုဒ္ဒါ အလား မှတ်နေရတာပဲ .. ကြုံသလိုဆိုလို့ ဗိုလ်လောင်းဘ၀က ကျွတ်ကျွတ်အိတ်နဲ့ ရေနွေးတည်ပြီး ကော်ဖီသောက်ခဲ့တာလေးတောင် အမှတ်ရမိသေး .. အဲဒီအကြောင်း ပြောပြတော့ ညီမငယ် မီးငယ်က မျက်လုံးတောင် ပြူးလို့ .. ကျွတ်ကျွတ်အိတ်နဲ့ ရေနွေးတည်လို့ရလားတဲ့ .. ကျွတ်ကျွတ်အိတ်ထဲ ရေထည့်ပြီး အောက်က ဖယောင်းတိုင်ထွန်းထားလို့ကတော့ ခဏနေ ရေပွက်လာတာပဲ .. အဲသလို အဲသလို တွေ လျှောက်ရေးလို့ကတော့ ကုန်မှာတောင် မဟုတ် .. ဟန်းကောထဲ ပုရစ်ထည့်ပြီး ဖယောင်းတိုင်မီးနဲ့တောင် ကင်စားခဲ့ဖူးသေး .. အရသာ သိပ်ရှိ ..ကဲ မယ်ဂုရေ တော်ပြီဗျို့ . ကျေနပ်တော့

ဇင်ယော် said...

ညီမရေ ဒီလောက်ဆို ဧည့်သည်ကောင်းကောင်း လုပ်လို့ ရပြီ။ ဘာမှမပူနဲ့ ။ ရေချည်းတိုက်လွှတ်မှာဗျ။ အစားအသောက်က ရွေးတော့ ဘာကျွေးရမှန်း မသိတော့ဘူး။ ဘာမှမကျွေးတာပဲ ကောင်းမယ် ထင်တယ်နော်။ ဘယ်လိုလဲ လာလည်ဦးမလား။

မိုးပြေး said...

ရေးပေးပါ့မယ်ဟာ..အလုပ်ရှုပ်နေလို့ 
ငါနေ့ တိုင်းချက်စားတဲ့ ဟင်းတွေကို နင်က
သူများသိအောင်လုပ်ပြီ၊လိမ်ပြီးရေးရင်လည်း
မကောင်းဆိုတော့ အမှန်အတိုင်းရေးပါ့မယ်ဟာ။
ငါကနင့်လို ရေမကြိုက်တာခက်တယ်၊အရက်သမား
တော့မဟုတ်ဘူး၊ယမကာ လုလင်ပေါ့ဟာ... :D

မြရွက်ဝေ said...

အထူးတလည်လည်း မရှိပါဘူး၊ ကွန့်မန့်မှာဘဲ ပြောသွားလိုက်တော့မယ်။ ဖြစ်သလို ကိုယ့်တစ်ယောက်ထဲစားတာဆိုရင်တော့ ခေါက်ဆွဲပြုတ်ဘဲ ရှိတယ်။ အိမ်ထောင်ကျပြီးတော့ ကြိုးစားပြီး ချက်ပြုတ်နေတာပါဘဲ။ အမရဲ့ ဖြစ်သလိုတွေကတော့ ထမင်းဘူးတွေမှာ ကြည့်လို့ရတယ် ညီမရေ။

Welcome said...

ဂျပန်မလေး
အစားအသောက်ကတော့ မကြိုက်ပေမယ့်လည်း အာဟာရ အတွက် မျှတအောင်တော့ စားပေးသင့်ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်ခု ဆိုပေမယ့်လည်း မျှတအောင် စားပေးမှ ကျန်းမာရေးနဲ့ညီညွတ်ပြီး အလုပ်ကို ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်တယ်လေ။ အလှအပအတွက် အစားရှောင်တယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ မညီပါဘူး ဟုတ်တယ်နော်
ခင်မင်လျက်- ၀င်းဇော်

 

Design By:
SkinCorner