Wednesday, October 8, 2008

ကိုအောင်ဦးရဲ့ ဖြစ်သလို ၊ ကြုံသလိုစားခြင်း

ကျောင်းက ပြန်ရောက်တော့ TAG ထားပါတယ် ဆိုလို့ .. ကြည့်လိုက်တော့ စားသောက်ခြင်း အကြောင်းဖြစ်နေတယ်။ ခက်တာတာ ကျနော်ကလည်း အစားကို သေချာ ချက်မစားဖြစ်တာက များနေတယ်။ အခုတလော ပိုတောင် မချက်ဖြစ်ဘူး။ လူကြုံပေးလိုက်တဲ့ ဆက်သားခြောက်၊ ငါးခြောက်၊ လက်ဖက်နဲ့ ကြုံသလိုဘဲ စားဖြစ်နေတယ်။ ငါးသေတ္တာဗူးတွေတော့ ၀ယ်ထားတယ်။ ဒါက အမြန်ချက်လို့ရတယ်လေ။
ကျနော်က ဟင်းကောင်းလည်း သိတ် မမက်ပါဘူး။ အစားကောင်းလည်း မမတ်ပါဘူး။ အာဟာရလည်းရှိမယ်။ ဗိုက်လည်းဝ မယ်ဆိုရင်ရတယ်။ ထမင်းစားရင် အရေသောက်လေး ပါရင် ပိုစားနိုင်တယ်။ တခါတလေကျတော့ ဆီနဲ့ ဆားနဲ့ ကြက်ဥ ကြော်နဲ့ စားတာလည်း ရှိတယ်။း)
အဆီ အရွတ်တော့ မစားဘူး။ သက်သက်လွတ်လည်း မစားဘူး။း) သက်သက်လွတ်ကို တသက်လုံးရှောင်ထားတယ်။ ဘုရားရှင် သတ်မှတ်ထားတဲ့ အသား(၁၀)မျိုးတော့ ရှောင်တယ်။
အသီးအရွက်ကြော်စားရတာ ကိုလည်း ကြိုက်တယ်။ ကန်စွန်းရွက်ကြောက် ကို ပိုကြိုက်တယ်။ ကန်စွန်းဥပြုတ်လည်းကြိုက်တယ်။ အသားမှာ ဆိုရင် ၀က်သားတုတ်ထိုးကိုကြိုက်တယ်။ ကြိုက်တာတွေ မစားရတာလည်း ကြာပါပြီ။း)
မုန့်ဟင်းခါး လည်း ချက်စားဖူးတယ်။ စမူဆာ၊ ကော်ပြန့် လည်း ကြော်စာဖူးတယ်။း)
.................
ညီမလေး...အကိုလည်း စိတ်ထဲပေါ်လာရေးချလိုက်တာ။ ဒီလောက်သိရင် ကျေနပ်တော့ပေါ့။ စားချင်တာတွေ ပြောတာက များသွားမယ်ထင်တယ်။း)

ရေကြိုက်တဲ့ ညီမလေး ကို တော့ ရေသန့်ဗူးဝယ်တိုက်နိုင်ပါတယ်။း)

အစ်ကိုအကောင်းစားလေးကိုအောင်ဦးကို နှိပ်စက်၊ အဲလေ၊ TAGလိုက်တာ သူ့ခမျာ Commentမှာ လာ ရေးပေးသွားရှာပါတယ်။ (ကျမက မခင်ဘူးပြောမှာ ကြောက်လို့လား။ မွေးနေ့တူတူ မလုပ်တော့မှာ ကြောက်လို့လားမသိ။ ) :p သူရဲ့ TAG postလေးကို အများသူငါ ဝေဖန်ရေး၊လေကန်ရေးလုပ်လို့ရအောင် Post တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်နော်။ သူ့Blogမှာ တင်လို့ အဆင်မပြေလို့ ကျမက တင်ပေးလိုက်တာပါ။ သူ့ Blog လို့ ခဏ သဘောထားပြီး ဖတ်ပါနော်။ :y ကျမလည်း သူ့ရဲ့ TAG postမှာ Commentရေးရအုန်းမယ်သိလား။ ;)

3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ကိုအောင်ဦးဘလော့ ကို လာလည်သွားပါတယ်။

megumi said...

ကံကောင်းလိုက်တာ ငါ့ညီမလေးတော့။ ;) ငါ့မှာ ကိုယ့်ညီမလေးအတွက် စိတ်ပူပေးနေရတာ၊ အခုလို "ဟင်းကောင်းလည်း သိတ် မမက်ပါဘူး။ အစားကောင်းလည်း မမက်ပါဘူး။ " လို့ပြောတော့ ညီမလေးအတွက် စိတ်အေးသွားပြီ။ ဟူး၊ :y

တော်တော်ကောင်းတဲ့အစ်ကိုပါလား။ ကိုယ့်ညီမကြတော့ ရေတိုက်မယ်တဲ့။ မရဘူး။ နင်မကျွေးလည်း ငါ့ညီမလေးတစ်ယောက်လုံးရှိတယ်။ ဟိ ဟိ။ :p ;)

Welcome said...

ကိုအောင်ဦး
အစားကြီးမှန်းသိတော့တယ်ဗျာ၊ ကြုံသလိုစားတယ် ဆိုပေမယ့် အသားကတော့ လုံးဝမရှောင်တဲ့အတွက် ကြိုက်တယ်ဗျာ...တုတ်ထိုးတောင်အဆစ်ပါလိုက်သေးတယ်။
လေးစားလျက်-ဝင်းဇော်

 

Design By:
SkinCorner