ကိုဉာဏ်(စက်မှု)ရဲ့ ဖြစ်သလို ၊ ကြုံသလိုစားခြင်း
အစားအသောက်အကြောင်း ပြောရမယ်ဆိုရင်တော့ ပုတ်သင်ညိုက စပြီး ကျားတွေ ဆင်တွေအထိ စားခဲ့ဖူးသဗျ .. ရခိုင်မှာ တာဝန်ကျတော့ ရေသတ္တ၀ါ အကုန်လောက်နီးနီးလည်း တွယ်ခဲ့ဖူးတာပဲ .. ကြုံသလို စားခြင်းကတော့ ပြောမနေနဲ့ .. ဘ၀တစ်လျှောက်လုံး ကြုံသလိုပဲ စားခဲ့ရတာပဲ .. အခုထိ မော်စကိုမှာ အမြဲကြုံသလို စားနေရတုန်းပဲ .. တပ်မှာနေတုန်း ခဏပဲ ရဲဘော်ချက်ကျွေးတာ ကောင်းကောင်းစားဖူးတယ် .. ဒါတောင် သူ့လက်ရာက တစ်နေ့နဲ့ တစ်နေ့ တူတာ မဟုတ်ဘူး .. တစ်ရက် ဆားငန် တစ်ရက် ဆားပေါ့ပဲ .. အဲဒီလက်ရာလေးကိုပဲ နတ်သုဒ္ဒါ အလား မှတ်နေရတာပဲ .. ကြုံသလိုဆိုလို့ ဗိုလ်လောင်းဘ၀က ကျွတ်ကျွတ်အိတ်နဲ့ ရေနွေးတည်ပြီး ကော်ဖီသောက်ခဲ့တာလေးတောင် အမှတ်ရမိသေး .. အဲဒီအကြောင်း ပြောပြတော့ ညီမငယ် မီးငယ်က မျက်လုံးတောင် ပြူးလို့ .. ကျွတ်ကျွတ်အိတ်နဲ့ ရေနွေးတည်လို့ရလားတဲ့ .. ကျွတ်ကျွတ်အိတ်ထဲ ရေထည့်ပြီး အောက်က ဖယောင်းတိုင်ထွန်းထားလို့ကတော့ ခဏနေ ရေပွက်လာတာပဲ .. အဲသလို အဲသလို တွေ လျှောက်ရေးလို့ကတော့ ကုန်မှာတောင် မဟုတ် .. ဟန်းကောထဲ ပုရစ်ထည့်ပြီး ဖယောင်းတိုင်မီးနဲ့တောင် ကင်စားခဲ့ဖူးသေး .. အရသာ သိပ်ရှိ ..ကဲ မယ်ဂုရေ တော်ပြီဗျို့ . ကျေနပ်တော့
ကိုဉာဏ်(စက်မှု)ကလည်း TAG postမရေးပေးရင် ကျမက တဂျီဂျီနဲ့ ဂျီကျမှာကို ကြိုသိနေတဲ့အတိုင်း Commentမှာ လာရေးပေးသွားပါတယ်။ သူ့ Blog မှာတင်လို့ မဖြစ်ဘူးဆိုလား၊ဘာလားပဲ။ ;) တော်တော်သဘောကောင်းတဲ့ အကိုကြီးသိလား။ ရေးပေးသွားလို့(ဖားတာ။) :p Commentမှာ ရေးပေးသွားတာလို့ ကျမက Postတစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်။ အားမနာတမ်း ဝေဖန်လို့ရတယ်သိလား။ :p ကျမလည်း ဝေဖန်လိုက်အုန်းမယ်။ ;)
ကိုဉာဏ်(စက်မှု)ကလည်း TAG postမရေးပေးရင် ကျမက တဂျီဂျီနဲ့ ဂျီကျမှာကို ကြိုသိနေတဲ့အတိုင်း Commentမှာ လာရေးပေးသွားပါတယ်။ သူ့ Blog မှာတင်လို့ မဖြစ်ဘူးဆိုလား၊ဘာလားပဲ။ ;) တော်တော်သဘောကောင်းတဲ့ အကိုကြီးသိလား။ ရေးပေးသွားလို့(ဖားတာ။) :p Commentမှာ ရေးပေးသွားတာလို့ ကျမက Postတစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်ရှင်။ အားမနာတမ်း ဝေဖန်လို့ရတယ်သိလား။ :p ကျမလည်း ဝေဖန်လိုက်အုန်းမယ်။ ;)
6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အကောင်ပေါင်းစုံ စားဖူးပါလား။ ကြောက်တောင် ကြောက်လာပြီ။ :y
ဘယ်အကောင်အသား အကောင်းဆုံးလဲဟင်။ :p
စားကြည့်ရင် ကောင်းမလားလို့။ ;)
ကိုဥာဏ်(စက်မှု)
အတွေ့အကြုံကောင်းလေးတွေအတွက် ကျေးဇူးပါ၊ ဒီအထဲမှာ ဖယောင်းတိုင်မီးက တော်တော့်ကို အသုံးတည့် မှန်းသိရတော့တယ်။ ကျွန်တော်လည်း စမ်းသပ်ကြည့်ပါအုန်းမယ်၊ ခရီးထွက်တဲ့အချိန်မှာပေါ့
လေးစားလျက်-ဝင်းဇော်
အဟား အစ်ကိုပြောမှ ဗိုလ်လောင်းဘ၀ ကို ပြန်သတိရလာပြီ ဟီးဟီး ...
သယ်ရင်း ဂလုဂလု အဲ့လေ ဂုဂု :D အလည်လာခဲ့ဦး .. မနေ့က အသစ်မရှိလို့ ကွန်မန့် မရေးခဲ့တာ အဟီး ..
ခုလည်းသူများဆီမှာလည်းဖြစ်သလိုသွားစားနေတယ်လေ..မမရဲ့ပြောတော့ပါဘူး...ဟိ
ကိုဥာဏ် အစုံစားတာတော့ ပြောမနေနဲ့တော့။ဖြစ်သလို ကြုံသလိုအပြင်
မဖြစ်ရင် ဖြစ်အောင် မကြုံရင် ကြုံအောင်ကို လုပ်စားတာ။အနီးစပ်ဆုံး အကြောင်းပြောရရင်.. နွေရာသီတဲအိမ်များတုန်းကပေါ့။နောက်နေ့ ပြန်မှာ မလို့ နှုတ်ဆက် မီးပုံပွဲလုပ်တဲ့ညမှာ၊ ညစာကို သူဦးစီးပြီး သူ့အကြိုက် အသားကင်ရယ်၊နောက် ဘာဟင်းတွေ ပါသေးလဲ မမှတ်မိတော့ဘူး..။စားကျတာပေါ့ဗျာ။စားတုန်းကတည်းက သူက သောက်နေတာပါ။ နောက်စားပြီးတော့လည်း ထက်သောက်ဦးမယ်နဲ့ ဂျီကျရော(ကလေးဆိုးကြီးကျနေတာပဲ)။အမြည်းတွေက ဖွယ်ဖွယ်ရာရာပဲ။ ပြန်တော့မှာဆိုတော့ လက်ကျန်အကုန်ရှင်းတာ။ အာလူးကအစ ဖုတ်စားနေတာ။
အရှိန်လေးတော်တော်ရလာတော့ ဇရက်မင်းစည်းစိမ်နဲ့အာဝဇ္ဇန်း ရွှင်နေတဲ့ ကိုဥာဏ် ကိုတစ်ချက်ကြည့်မိတော့... ၊ ကိုယ့်ဆရာက...
ပါးစပ်ကသာ ခရားရေလွှတ် တတွတ်တွတ် ပြောနေတာ ညာလက်က ဗော်လ်ကာထည့်ထားတဲ့ ငကြင်းခွက်လောက် ရှိတဲ့ခွက်ကြီး ကိုင်လို့၊ ဘယ်လက်က ခရမ်းချဉ်သီးနဲ့ ဝက်အူချောင်း ရောသုပ်ထားတဲ့ အမြည်း ပန်းကန်းထဲက တစ်ချောင်းထဲသော ဇွန်းကို အမြည်း အပြည့်နဲ့ ကိုင်ထားသေး၊ မျက်လုံးက မီးဖုတ်ထားတဲ့ အာလူးအခြေအနေကို တစ်ချက် ရှိုးရင်း အအေးဗူးကိုလည်း မျက်ခြေ မပျက်စေရဘူး..၊ဒီကြားထဲ နားရွက်ကြားမှာ ညှပ်ထားတဲ့ဆေးလိပ်ကိုလည်း သူများတွေ မြင်သွားမှာ စိုးရိမ်ပုံရတယ်။တစ်ဝိုင်းလုံးမှာလဲ ဆေးလိပ်ဆိုလို့ သူ့နားရွက်ကြားက တစ်လိပ်ပဲ ရှိတော့တာကိုး။ဒါတောင် ကျွန်တော်က ခုမှ မြင်လိုက်လို့၊အစက ဆေးလိပ် လုံးဝ မရှိတော့ဘူးလို့ကို ထင်ထားတာ။ဆိုတော့ကာ.. အဲဒီလိုအလုံးစုံ သရုပ်ပျက်နေတဲ့ ကိုဥာဏ်ကို.... “ကိုဥာဏ်ရာ .. ခင်ဗျားမလဲ အရက်ခွက်နဲ့ လက် ပျက်ရတယ်မရှိတဲ့ အပြင်၊အမြည်းပန်းကန်ထဲက ဇွန်းလဲ မချဘူး၊အအေးဗူးကို မျက်စောင်းထိုးပြီး အာလူးမီးဖုတ်ကို ခိုးခိုးကြည့်နေသေးတယ်။ခင်ဗျား မစားမသောက်တာများ ရှိသေးလားဗျာ” လို့ သဘောရိုးနဲ့ မေးကြည့်လိုက်တော့..၊ ကိုဥာဏ်က ဗော်လ်ကာခွက်ကို ဂွတ်ခနဲ့ မော့၊အမြည်းတစ်ဇွန်းကို ဝါးပြီး၊ မီးတောက် တဲ့ မျက်လုံးတွေနဲ့ ကျွန်တော့ကို သေချာကြည့်ရင်း .... “မှတ်ထားဗျ၊ ကျူပ်က ဝယ်မစားဘူး၊ဝယ်မသောက်ဘူး ” တဲ့။
ဖော်တာလဲ မဟုတ်၊ဖွတာလဲ မဟုတ်ရပါဘူးဗျာ။ ကိုဥာဏ်ရဲ့ အစားအသာက်နဲ့ ပတ်သက်တဲ့ ပေါ်လစီလေးကို အားလုံးသိစေရန် အလို့ငှာ တင်ပြခြင်းပါ။ အပျော်ပေါ့။:P
ဘော်ဒါကြီး အောင်မှူး
ဟယ် ဟုတ်လား၊ ကိုအောင်မှူးကြီးရေ။ အဲလောက်တောင် ကိုဉာဏ် အစားသောင်းကျန်းသလား။ :p ကြောက်တောင် ကြောက်သွားပြီ။ :y
အခုလည်း ကျမက Postတစ်ခုအနေနဲ့ တင်လိုက်လို့ စိတ်ဆိုးသွားလားမသိဘူး။ Commentမှာ မေးထားတာကို မဖြေပေးဘူးသိလား။ :p ဘယ်အသားအကောင်းဆုံးလဲဟင် ဆိုတာကိုလေ။ ;)
Post a Comment