ငှက်ကလေး ကျွန်တော်
အဖေ့ရဲ့ ကြီးမားထည်ခန့် ကျယ်ပြန့် တဲ့လက်
အမေရဲ့  ယုယနွေးထွေး အကြင်နာတွေပေးတဲ့လက်
လက်နှစ်ဖက်နဲ့ ကတ်ပြားလေးတွေ တစ်ခုချင်းဆက်
နွေးထွေးလုံခြုံမှုတွေ အဆင့်ဆင့်ထပ်တိုး
ကျွန်တော့်ကို မျိုးစေ့အပင်ပေါက် လူလားမြောက်တဲ့အထိ
လှပသေသပ်စွာ ထုပ်ပိုးပေးခဲ့တဲ့ ပင်ပျိုးလက်တွေနဲ့ 
ပန်းဘောင်ကွပ် ကတ္တီပါလမ်းကို လျှောက်လှမ်းစေခဲ့သော ဖေဖေနဲ့ မေမေ
လေသံအေးအေး အုပ်ပျိုးထူမ လမ်းပြတတ်သူ ဖေဖေ
ကြင်နာသံနှော ဖြူမနောဖြင့် ပြောဆိုဆုံးမတတ်သူ မေမေ
ငှက်ကလေးတစ်ကောင်ဖြစ်တဲ့  ကျွန်တော့်ကို
" လွတ်လပ်မှုဖြင့် မြင့်မြင့်ပျံသန်း
ထက်အာကာဆီ တောင်ဟုန်စုံဖွင့် လှမ်းစမ်းငါ့သား"
အားအင်ပြည့်ဝ မေတ္တာပြည့်အပ် လေသံနက်ဖြင့် ချီးမြှောက်တတ်သူ ဖေဖေ
ငှက်ကလေး ကျွန်တော့်ကို
" လမ်းမှန်တည့်မတ် ဖြောင့်ဖြောင့်လျှောက်လှမ်း
မကြောက်စမ်းနဲ့  ငါ့သား"
စမ်းရေလျဉ်အလား ဂရုဏာသံနှော ဆန္ဒဇောဖြင့်
ခွန်အားမြင့်တင်ပေးတတ်သူ မေမေ
ကျွန်တော့်ငယ်စဉ်က
အိပ်ရာဝင်ချိန် အဖေ့ပုံပြင်တစ်ပုဒ်
အခုချိန်ထိကြားယောင် သားလိမ္မာတယ်
ပုံပြင်ခေါင်းစဉ်က " အခုသိ၊ အခုမြင်၊ အခုပြင်ပါ" တဲ့
တစ်ခါက
ငှက်ကလေးတစ်ကောင်ရှိတယ်တဲ့
တစ်နေ့ မှာတော့
" ငှက်ကလေး အတောင်စုံလို့ ရုန်းထွက်တစ်နေရာ
ပေါင်းဖော်တမ်းတ မေ့လျော့လျက်သား
သူ့ အိမ်ကလေးကို" တဲ့
ဒီလိုနဲ့ ပဲ
တိတ်ဆိတ်တဲ့ ညခင်းတစ်ခုမှာ အိမ်တံခါးမခေါက်ရဘဲ
အသင့်စောင့်ကြို မပိုမလို ငှက်ကလေးဖေဖေ၊ မေမေရဲ့ အကြည့်များ
မျက်ဝန်းတွေရဲ့ အနက်ကို မပြောဘဲ ကျက်မိတယ်တဲ့
" ငါ့သား ဘာလို့ အိမ်ပြန်နောက်ကျတာလဲ သားလေး"
ပုံဖော်ကြားမိတယ်တဲ့...........
မျက်နှာမဖော် ခေါင်းကိုမမော့
ဆိတ်ဆိတ်နေလျက်
ငှက်ကလေးတစ်ဖန်ပြန်ကြား ကဗျာတစ်ပုဒ်ရဲ့ စာသား
"အတောင်စုံခိုက် ငှက်၊ငှက်မိုက်က
သူ့ အကြိုက်သူဆောင် အမှောင်လမ်းတွင်
ဘ၀င်ထွဋ် သူလွတ်တင်၏ "တဲ့
နောင်ကျခါမှရတတ်သည့် 'နောင်တ' အတွက်
မုန်တိုင်းဆင်ရိုက် တုန်ယင်လှိုက်သွင်
ငှက်ကလေးရင်မှ တိုးလျတောင်းပန်
သူ့ ဖေဖေ၊ မေမေထံသို့ 
" လမ်းမှားအတွက်နောင်တ သူတကယ်ရ၏"
ယခု ကျွန်တော်
အကြောင်းကြုံဆုံ အခက်ကြုံတိုင်း
အဖေရဲ့ အား
အမေ့ရဲ့ မေတ္တာများနဲ့ 
ကြားသိတတ်သင် အောင်မြင်အောင်ဆောင်ရွက်နိုင်ပါသည်
အသိခေါင်ခိုက် မှောင်အမိုက်သို့ 
ကျွန်တော့်စိတ်ကရောက်မိသော်လည်း
အဖေ့ပုံပြင် နားဝင်စွဲထင်
ဘယ်သောအခါတွင်မှ
ပျောက်ပျက်လိမ့်မည်မဟုတ်တည်း။
အမေရဲ့  ယုယနွေးထွေး အကြင်နာတွေပေးတဲ့လက်
လက်နှစ်ဖက်နဲ့ ကတ်ပြားလေးတွေ တစ်ခုချင်းဆက်
နွေးထွေးလုံခြုံမှုတွေ အဆင့်ဆင့်ထပ်တိုး
ကျွန်တော့်ကို မျိုးစေ့အပင်ပေါက် လူလားမြောက်တဲ့အထိ
လှပသေသပ်စွာ ထုပ်ပိုးပေးခဲ့တဲ့ ပင်ပျိုးလက်တွေနဲ့ 
ပန်းဘောင်ကွပ် ကတ္တီပါလမ်းကို လျှောက်လှမ်းစေခဲ့သော ဖေဖေနဲ့ မေမေ
လေသံအေးအေး အုပ်ပျိုးထူမ လမ်းပြတတ်သူ ဖေဖေ
ကြင်နာသံနှော ဖြူမနောဖြင့် ပြောဆိုဆုံးမတတ်သူ မေမေ
ငှက်ကလေးတစ်ကောင်ဖြစ်တဲ့  ကျွန်တော့်ကို
" လွတ်လပ်မှုဖြင့် မြင့်မြင့်ပျံသန်း
ထက်အာကာဆီ တောင်ဟုန်စုံဖွင့် လှမ်းစမ်းငါ့သား"
အားအင်ပြည့်ဝ မေတ္တာပြည့်အပ် လေသံနက်ဖြင့် ချီးမြှောက်တတ်သူ ဖေဖေ
ငှက်ကလေး ကျွန်တော့်ကို
" လမ်းမှန်တည့်မတ် ဖြောင့်ဖြောင့်လျှောက်လှမ်း
မကြောက်စမ်းနဲ့  ငါ့သား"
စမ်းရေလျဉ်အလား ဂရုဏာသံနှော ဆန္ဒဇောဖြင့်
ခွန်အားမြင့်တင်ပေးတတ်သူ မေမေ
ကျွန်တော့်ငယ်စဉ်က
အိပ်ရာဝင်ချိန် အဖေ့ပုံပြင်တစ်ပုဒ်
အခုချိန်ထိကြားယောင် သားလိမ္မာတယ်
ပုံပြင်ခေါင်းစဉ်က " အခုသိ၊ အခုမြင်၊ အခုပြင်ပါ" တဲ့
တစ်ခါက
ငှက်ကလေးတစ်ကောင်ရှိတယ်တဲ့
တစ်နေ့ မှာတော့
" ငှက်ကလေး အတောင်စုံလို့ ရုန်းထွက်တစ်နေရာ
ပေါင်းဖော်တမ်းတ မေ့လျော့လျက်သား
သူ့ အိမ်ကလေးကို" တဲ့
ဒီလိုနဲ့ ပဲ
တိတ်ဆိတ်တဲ့ ညခင်းတစ်ခုမှာ အိမ်တံခါးမခေါက်ရဘဲ
အသင့်စောင့်ကြို မပိုမလို ငှက်ကလေးဖေဖေ၊ မေမေရဲ့ အကြည့်များ
မျက်ဝန်းတွေရဲ့ အနက်ကို မပြောဘဲ ကျက်မိတယ်တဲ့
" ငါ့သား ဘာလို့ အိမ်ပြန်နောက်ကျတာလဲ သားလေး"
ပုံဖော်ကြားမိတယ်တဲ့...........
မျက်နှာမဖော် ခေါင်းကိုမမော့
ဆိတ်ဆိတ်နေလျက်
ငှက်ကလေးတစ်ဖန်ပြန်ကြား ကဗျာတစ်ပုဒ်ရဲ့ စာသား
"အတောင်စုံခိုက် ငှက်၊ငှက်မိုက်က
သူ့ အကြိုက်သူဆောင် အမှောင်လမ်းတွင်
ဘ၀င်ထွဋ် သူလွတ်တင်၏ "တဲ့
နောင်ကျခါမှရတတ်သည့် 'နောင်တ' အတွက်
မုန်တိုင်းဆင်ရိုက် တုန်ယင်လှိုက်သွင်
ငှက်ကလေးရင်မှ တိုးလျတောင်းပန်
သူ့ ဖေဖေ၊ မေမေထံသို့ 
" လမ်းမှားအတွက်နောင်တ သူတကယ်ရ၏"
ယခု ကျွန်တော်
အကြောင်းကြုံဆုံ အခက်ကြုံတိုင်း
အဖေရဲ့ အား
အမေ့ရဲ့ မေတ္တာများနဲ့ 
ကြားသိတတ်သင် အောင်မြင်အောင်ဆောင်ရွက်နိုင်ပါသည်
အသိခေါင်ခိုက် မှောင်အမိုက်သို့ 
ကျွန်တော့်စိတ်ကရောက်မိသော်လည်း
အဖေ့ပုံပြင် နားဝင်စွဲထင်
ဘယ်သောအခါတွင်မှ
ပျောက်ပျက်လိမ့်မည်မဟုတ်တည်း။
မောင်လေးရေးထားတဲ့ ကဗျာလေးပါ။ ;) "ဆယ်ကျော်သက်ရွယ်၊ ကဗျာစပ်မယ် "ကဏ္ဍမှာ ပါခဲ့ဘူးပါတယ်။ :z အခု၊ သူ့ခွင့်ပြုချက်ယူပြီး တင်ပေးလိုက်ပါတယ်။ (ဟိ ဟိ၊ မောင်နှမချင်းတောင် ကျမက ခွင့်ပြုချက်ရမှ ယူတာ။ Privacy ရှိတယ်လေနော်။ :p )
မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)
9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အမိ ၊ အဖ တွေရဲ့ ကျေးဇူးကို သိမြင်လာအောင် ရေးထားတာပဲဗျာ။
အဖရဲ့  မိသားစု အပေါ် ဘယ်လိုမေတ္တာတွေနဲ့  ပဲ့ပြင်လမ်ပြနေတဲ့ပုံ၊
အမိရဲ့ နွေးထွေးကြင်နာတဲ့  ဂရုဏာတွေကို တွေ့ လိုက်ရတယ်ဗျာ။
မိဘကျေးဇူးကို သတိရ အောင်းမေ့နေတဲ့ စိတ်လေးကလည်း မင်္ဂလာ
တစ်ပါးပါ။
ကဗျာလေး မဟုတ်ဘူး ။ ကဗျာကြီး :D ။ ကဗျာမှ မိဘ
ဂုဏ်ကျေးဇူးကို ဖော်ကြူးထားတဲ့ ကဗျာကြီး ။ ကောင်းတယ်
ဗျ။ အစ်မလက်ရာတောင် ဒီလောက်မောင်းဘူး ။ :P
နောက်တာပါ။ အားပေးစကားတွေက ခွန်အားအပြည့်ပဲ ။
အားပေးလျက်
မောင်ငယ် ။
ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝ လေး တစ်ခုကို ဖော်ကြူးသွားတာပဲ ...
အနွေးထွေးဆုံး အလုံခြုံဆုံးက မိဘ အိမ်ပါပဲလေ ..
ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အိမ်လေးမှာ ကိုယ့် အတွက် အသက် ခန္တာ ဘ၀ စွန့်ဝံ့တဲ့ မိဘ နှစ်ပါး ရှိလို့ပါပဲ ...
ဘယ်တော့မှ ပြောင်းလဲ မသွားမယ့် အလှတရားလေးပါ ..
အခုလို တင်ပေးတာ ကျေးဇူးနော် သယ်ရင်း
အိုအသင် မယ်ကုမီ.. သင့်ဆီတွင် အင်မတန်မှ သိတတ် လိမ္မာသော မောင်ငယ်လေး တစ်ဦး ရှိနေပါတော့၊ သင့်တွင် အားအင်တစ်ရပ် တိုးမက်ခံစားခွင့် ရှိနေလေပြီ။
သူ့အရွယ်နှင့် သူ့ဟန်၊ သူ့နှလုံးသားနှင့် သူ့အတွေး သည်၊
ဟန်ချက်လှပစွာနှင့် မိဘ မေတ္တာ ဖော်ကျူး သွားသည်မှာ၊
အကျွန်ုပ် ကိုယ်တိုင် ချီးကျူးထောပနာ ပြုအပ်ပါသည်။
အို အသင် မယ်ကုမိ....
သင်ကိုယ်တိုင်လည်း မိဘ မေတ္တာကို မမေ့ မလျော့ ပါစေနှင့်
မီကုမီလေးရေ---
မောင်လေးကလည်း ကဗျာအစပ်ကောင်းသားနော်--
သူ့အစ်မနဲ့တူလို့ ထင်ပါရဲ့-- အနုပညာဇ--
ရှိတယ်---မောင်နှမတွေ --အနုပညာလက်များဖြင့် လူသားတွေကို
အကျိုးပြုနိုင်ပါစေ---
ဂျပန်မလေး
မိဘမေတ္တာဘွဲကိုဖော်ကျူးတဲ့ ကဗျာရှည်ကို မှင်သက်စွာ ဖတ်ရှုသွားကြောင်းပါ၊ အားပေးလျက်ပါ..
ဝင်းဇော်
ဟူးရား
ကောင်းတယ်ဗျို့
ကဗျာကောင်းလေးကို ဖတ်သွားတယ်။ မိဘမေတ္တာကို နားလည်တတ်သိတဲ့ ကလေးတွေ ကြီးပွားဦးမယ်။ ကိုရှင်ရဲထွတ်ပြောသလိုပဲ မယ်ဂုရေ -သင်ကိုယ်တိုင် လည်း မိဘ မေတ္တာကို မမေ့ မလျော့ ပါစေနှင့်။ ဟေဟေ. ကြုံတုန်းဝင်ပြီး သြ၀ါဒစကား မှာကြား သွားတယ်။ ရိုရိုသေသေ နာယူလော.။
ကောင်းလွန်းသော ကဗျာပါ
ဖေါ်ကျူးထားတာတွေက စကားလုံးလှသလို
သရုပ်ဖေါ်ကြည့်ရင်လည်း ပီပြင်ပါတယ်
ပို့စ်တစ်ပုဒ်လုံးကို ကြိုက်ပါ၏
Post a Comment