Saturday, October 11, 2008

ဒီလောက်တော့ ရပါတယ်

ဟိုလူကြီး ကိုရှင်ရဲထွတ်ပေါ့။ ကျမရေးတဲ့ အသဲပုံ ကြက်ဥလေးPost ကိုမြင်ပြီးကတည်းက လူကို လိုက်စနေတာ။ ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။ Post လေးလည်းတင်လိုက်ရော ပိုတောင် စလို့ ကောင်းသွားသေးတယ်။ ကျမကိုလေ ဟင်းမချက်တတ်လို့တဲ့။ ကြက်ဥပဲ စားလို့တဲ့။ တွေ့တိုင်း လာပြောနေတာ သိလား။ သူ ဟင်းချက်တတ်ကြောင်းကလည်း ကျမTAG လို့ ပြန်ဖြေထားတဲ့ ဖြစ်သလို ကြုံသလို စားသုံးခြင်း Postမှာ ကြွားလိုက်သေးတယ်။ သူ ဘယ်လောက်ဟင်းချက်ကောင်းပါတယ်ပေါ့။ ပြဖြင့် မပြပဲနဲ့။ လေနဲ့ သိလား။ :p ကျမကလည်း နားမလည်တော့ သူကြွားသမျှ၊ ပြောသမျှ အဟုတ်ကြီး အောင့်မေ့ပြီး နားထောင်နေရတာပေါ့နော်။ :d ဒါတောင်မှ အဲဒီလူဆိုးကြီးက အားမနာ လျှာမကျိုး သူများတွေကို လိုက်ပြောနေတယ်သိလား။ Dreamရေးတဲ့ Dream ရဲ့တနေ့တာ ဖြစ်သလိုစားခြင်းpost မှာ သွားပြီး
ရှင်ရဲထွတ် said...

ဥမကြိုက်လို့ မစားတော့ဘူး
မယ်ဂုမိကို ခေါ်ကျွေး သူကအရမ်းကြိုက်..................တဲ့။

Comment သွားပေးတယ်သိလား။ ဘယ်လောက်ဆိုးတဲ့လူကြီးလေ ဆိုတာ အဲဒါတာ ကြည့်ပါတော့ရှင်။ :c အဲ၊ ဒီလောက်နဲ့တင် ပြီးပြီးလားဆိုတော့ မပြီးသေးဘူးရှင့်။ မီးငယ်လေးကို ကျမက TAG ထားတဲ့ ဖြစ်သလိုကြုံသလိုစားတဲ့… Postမှာ ကျမ Comment ရေးအပြီး အဲဒီလူဆိုးကြီးကလည်း Comment သွားရေးတယ်ရှင့်။ ဘာရေးသလဲဆိုတော့ ဒီမှာ ကြည့်ပါရှင့်။

ရှင်ရဲထွတ် said...

အောင်မလေး .....
ဟင်းမချက်တတ်တာ
မိန်းကလေးမပီသပါ
တလွဲ ဆံပင်မကောင်းပါနဲ့
မယ်ဂုမိလည်းပါတယ်
မီးငယ်လည်းပါတယ်
ယောင်္ကျားရပြီးမှ
မေမေ ဒီဟင်းဘယ်လိုချက်ရလည်း
ဟိုဟင်းရောဟင်
ဟာ.... ကိုကို ဆူတော့မှာပဲ
ဒုက္ခပါပဲ.....
ငါနော်.....................
မြင်ယောင်သေး
ဟားဟားဟား


ကဲ၊ ကြည့်ကြပါအုန်းရှင်။ သူများ Blog တွေဝင်ပြီး Comment သွားရေးတာကို ဘာမဆိုင်၊ညာမဆိုင် ကျမနာမည် ထည့်ရေးတယ်သိလား။ အဲ၊ ရေးပြီးရင် လာကြည့်ဆိုပြီး ခေါ်ပြသေးတယ်သိလား။ ဘယ်လောက်ဆိုးလည်းဆို။ :c ကျမမှာတော့ ကိုယ့်အစ်ကိုကြီး ဆိုပြီး သူကြိုက်နေတဲ့ မမက သူ့ကို မြန်မြန်ပြန်ကြိုက်အောင် ဆုတောင်းပေးလိုက်ရတာ။ :y အားပေးလိုက်ရတာ။ သူကြတော့ ကိုယ့်ညီမလေးကို လူသိရှင်ကြား အရှက်လိုက်ခွဲ၊ လိုက်စနေတယ်သိလား။ ဆုတောင်းပေးခဲ့တာလေတွေ၊ တိုက်တွန်းပေးခဲ့တာလေးတွေကို အခုမှ နောင်တရတယ်။ သူအဲလိုမျိုးတွေလျှောက်လုပ်လို့ ဟိုမမက သူ့ကိုမကြိုက်တာနေမှာ (နည်းတောင်နည်းသေး)။ ;) :p ဟွန်း။

အဲလိုမျိုး အရှက်လိုက်ခွဲ၊ လိုက်စနေတဲ့လူဆိုးကြီးကို မှတ်လောက်သားလောက်အောင် Megumi အကြောင်းပြရသေးတာပေါ့။ (ကြော်၊ ပြုတ်၊ သုပ်၊ ပေါင်း )အကုန်ရကြောင်း ကြွားရသေးတာပေါ့။
ဒီမှာ ကြည့်နော်။ ဟွန်း။ လူဆိုးကြီးပြောတဲ့အတိုင်း အမြင်ကပ်ကပ်နဲ့ ကြက်ဥနဲ့ကို ပညာစွမ်းပြပစ်လိုက်တယ်သိလား။
မိုက်တယ်မလား။ :z :z :z


ဒါက အသဲပုံ ကြက်ဥပြုတ်။ အနားတဝိုက်မှာ ခရမ်းချဉ်သီးစိတ်လေးတွေတောင် အဆစ်ပါသေး။ :z
ဒါက ကြက်ဥ ပြုတ်ကို ပါးပါးလှီးပြီး ပြန်သုပ်ထားတာ။ :z
ဒါက ကြက်ဥကြော်၊ ထုံးစံအတိုင်း ငါးပိကြော် ထည့်ကြော်ထားတာ။ :zဒါက ကြက်ဥပူတင်း။ အချိုတည်းဖို့ ။ အပေါ်မှာ M&M Chocolate လေးတွေ တင်ထားတာ။သိတယ်ဟုတ်။ :z

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Moe Cho Thinn said...

ကြက်ဥနံ့ရလို့ လိုက်လာတယ်။
နောက်လူတွေ စားဖို့ မကျန်တော့ဘူးဟေ့..ကုန်ပြီ။

mgngal said...

တော်လိုက်တာ ဘယ်သူ့ သမီးလေးပါလိမ့် ။ :P
ဘာနဲ့ ကျောင်းပြီးတာလည်း ။ BESc နဲ့ုပြီးတာလား။
BESc= bachelor of egg science . :P

Anonymous said...

ဟား သယ်ရင်း ဂလုဂလု အဲ့လေ ဂုဂုက ရှယ်ချက်တတ်တာပဲ :P
ကြက်ဥကို ဘယ်က စမ်းစမ်း ညာက စမ်းစမ်း ကြိုက်သလိုရတယ်ပေါ့လေ ..
စားချင်စရာလေးတွေ .. ဗိုက်တောင်ဆာလာပြီ ..
လိမ္မော်သီးစိတ်လေးတွေကလည်း စားလိုက်ရရင်တော့
ဂလု :P
ဟူး အခုချိန်ထိ ပန်းချစ်သူ ဇာတ်သိမ်းပိုင်း ရေးပြီးတင်နေတာနဲ့ ညစာကို မစားရသေးဘူး ..
ဗိုက်ဆာပါတယ်ဆိုမှ သူက ..
အိမ်ကိုလာခဲ့ဦး .. ပန်းချစ်သူရှိတယ် .. :P

စိုင်းစိုင်းလားရှိုး said...

အောင်မလေးဗျာ....
ကြက်ဥ ခုနှစ်ထွေ အကလောက်နဲ့
ဟန်ရေးပြမနေနဲ့.....
လူတိုင်း ကြက်ဥ နှစ်ပါးတော့
သွားတတ်ကြပါတယ်.......
:p :p :p

ဝေလေး said...

ဝိုးး မမ
ဗိုက်ဆာသွားပြီ... စားလို့ကောင်းမယ့်ပုံ..... စားချင်တယ်
ဂလု (တွံ့တွေးမျိုချသံ) :P :P

Dream said...

ဟားဟာ.. ကြက်ဥကိုစပယ်ရှယ် လုပ်စားနေတော့
တာပဲ... စုံပ...

ဟားဟား... သရေတောင်ကျလာပြီ.. ဟိဟိဟိ..

ဇင်ယော် said...

ဟားဟား အဲဒါကြောင့်ပြောတာ ကြက်ဥ စပယ်ရှယ်လစ်ပါဆို။ ကြက်ဥကို အမျိုးမျိုးထွင်တတ်ပါ့။ အင်း တော်တာ် သနားစရာကောင်းတာပဲ။ မယ်ဂုကို မဟုတ်ပါ။ ရမယ့် ယောက်ျားကို ပြောတာ။ သူ့ ခမျာ ကြက်ဥနဲ့ ပဲ နှစ်ပါးသွားရတော့မယ်။ တိန်..... :)

ဗေဒါရီ said...

ကြက်ဥဟင်းတွေ စားမလို့ လာကြည့်တာ ...
display လုပ်ထားတာ လှလို့ မစားရက်တော့ဘူး။
လိမ်မော်သီးလေးပဲ စားသွားတော့တယ်။
တော်လိုက်တာ ... ချက်လည်း ချက်တတ် လှအောင်လဲ ပြင်တတ်တယ်နော် ... အရသာလဲ ရှိမယ့်ပုံပဲ ...
နောက်လည်း ချက်ကျွေးအုံးနော် ...

puluque said...

ဟော ကျတော့ ရေခဲသေတ္တာထဲက ကြက်ဥတွေပျောက်သွားတာ ဒါကြောင့်ကိုး။ ဒါပေမဲ ဒီကြက်ဥ အစုံတွေပဲ ဝါးသွားတော့မယ်။ ကျတော်ကြိုက်တဲ့ m m လေးပါပါတာကိုး။

Welcome said...

ဂျပန်မလေး
ဂျပန်မလေးကြိုက်တဲ့ အသားဟင်းလည်းမပါပါလား။ ဘယ်တုန်းက အမြင်မှန်ရပြီး ဥတွေပဲ ချက်နည်း အမျိုးမျိုးအဖုံဖုံနဲ့ စားနေတာလဲ။ ဧကန်ဒ ရန်ဖစ်ဖို့ အားလိုနေပီ ဖြစ်မယ်။ ခင်မင်လျက်-ဝင်းဇော်

အရုပ်ကလေး said...

ကြက်ဥကို မျိုးစုံလုပ်
အဟုတ်ပြတဲ့ ဓါတ်ပုံတွေ
တစ်ကယ့် တစ်ကယ်အရေး
ရွံ့ကာလေမနှေးပေမို့
အမြန်ချက်ပြပါမယ့်
မယ်ဂု၏လက်စွမ်းတွေ

ညမီးအိမ် said...

ကြည့်ရင်းနဲ့တောင်စားချင်လာပြီ။ အချက်အပြုတ်တော့ရှယ်ကောင်းမယ်ထင်တယ်။
အစ်မကိုရတဲ့ယောင်္ကျားကတော့ရှယ်ကံကောင်းတာပဲ။

 

Design By:
SkinCorner