Thursday, November 20, 2008

မွေးနေ့တူသူများ

မွေးနေ့တူတဲ့သူတွေကို စိတ်ဝင်စားတဲ့ကျမက အသိထဲမှာ မွေးနေ့တူတဲ့လူတွေရှိရင် အရမ်းပျော်တယ်သိလား။ :z မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ရှင်အားအတင်းတုတ်ခြင်း မှာလည်း မွေးနေ့တူတဲ့လူတွေအကြောင်း ရေးပြီးသွားပြီ။ ;) အခုလည်း အသိထဲမှာ မွေးနေ့တူသူ နှစ်ယောက် ထပ်တွေ့ပြန်ပြီရှင့်။ :z နှစ်ယောက်စလုံး Blogger ပါပဲ။ တစ်ယောက်ကတော့ ကိုအောင်ဦးပါ။ နောက်တစ်ယောက်ကတော့ မွေးနေ့လုပ်ရမှာ ရှက်လို့ ထင်ပါရဲ့။ ပြောဘူးတဲ့။ :z (ဟိ ဟိ၊ ကျမတောင် ကံကောင်းလို့ သိသွားတာ။ :p )နှစ်ယောက်စလုံးကို မွေးနေ့ဆုတောင်းပေးပြီးသွားပြီ။ :z {စကားမစပ်၊ ကျမက မွေးနေ့ဆုတောင်းပေးရတာလည်း ပျော်တယ်သိလား။ ကိုယ်နဲ့ ခင်ခင်၊ မခင်ခင် ဆုတောင်းပေးလေ့ရှိတယ်။ :p တစ်ခါတစ်လေ Blog လည်ရင်း မွေးနေ့တွေ့ရင် ဝင်ဆုတောင်းလိုက်တာပဲ။ ကိုယ့်ကိုလည်း ဖိတ်ပဲနဲ့လေ။ ဟိ ဟိ။ :z ခင်တဲ့ လူတွေကိုတော့ ပိုတာပေါ့နော်။ :p မိတ်ဆွေတွေ စိတ်ဆိုးမှာစိုးလို့ ဖားရသေးတယ်။ ;) }

:z ကိုယ်နဲ့ တစ်ရက်တည်း၊ တစ်နေ့တည်း မွေးတဲ့လူရှိတာ တစ်ခြားသူတွေ ပျော်မပျော်တော့ မသိ။ ကျမကတော့ အဲလို မွေးနေ့တူတဲ့လူတွေ့ရင် အရမ်းပျော်တာပဲ။ :z ငယ်ငယ်တုန်းကတော့ ကိုယ်နဲ့ တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်နှစ်တည်း မွေးတဲ့ ကောင်မလေး(ဖွားဖက်တော်ပေါ့နော်) :p တစ်ယောက်ရှိခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ကွဲသွားတာ အခုဆို ဘယ်ရောက်နေမှန်းတောင် မသိဘူး။ :d ဂျပန်မှာလည်း မွေးနေ့တူတဲ့လူ နောက်တစ်ယောက် ထပ်တွေ့တယ်သိလား။ မွေးနှစ်တော့တူဘူး။ ;)

ဘာပဲပြောပြော ကိုယ်နဲ့တစ်ရက်တည်း မွေးတဲ့လူရှိတာ အဖော်ရသလို ခံစားရတယ်သိလား။ အခုလည်း ကျမနဲ့ မွေးနေ့တူတဲ့လူ ထပ်ပေါ်လာရင် ကောင်းမယ်နော်။ :z

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ဟုတ်တယ် အစ်မလဲ ညီမနဲ့ မွေးနေ့တူတယ်။ :P

(နောက်တာပါ. တကယ် မထင်နဲ့ဦး)

စိုင်းစိုင်းလားရှိုး said...

မယ်ဂုမိ နှင့် မွေးနေ့တူသော ပုဂ္ဂိုလ်များ အမြန်ဆုံး အကြောင်းကြားကြပါ ဆုတော်ငွေပေးပါမည်။

Welcome said...

ကိုရှင်ရဲထွတ်၊ ဆုတော်ငွေ လာထုတ်တယ်ဗျာ၊ ကျွန်တော်လည်း အမျိုးသားနေ့ မှာမွေးတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေတယ်ဗျ...
ပျော်ရွှင်ကြည်နူးနိုင်ပါစေ...

http://winzaw-mdy.blogspot.com

puluque said...

အဟင်း အဟင်း.. နောက်တယောက်က ဘယ်သူလဲ သိဘူးနော်...ကျေးဇူးတင်ပါတယ်ဗျာ..ဂူးဂူးမွေးနေ့မှာ ဘာလက်ဆောင်လိုချင်လဲဗျ

Dr Phyo Wai Kyaw said...

နိုဝင်ဘာ၂၂ တော့ဟုတ်လောက်ဘူးထင်တယ်နော်။

စိုင်းနောင့် said...

တကယ့်ကို တိုက်ဆိုင်တာပဲ ။ ဆုငွေက ဘယ်လောက်လဲ တော့မသိဘူး။ ပြောပြလိုက်ရင် မောင်ပိုင်စီးလို့ရပြီ အစ်မရေ။

Unknown said...

ဘယ်သူလဲ ပြောပါ။ ကျေးဇူးတင်ပါမယ်။ မယ်ဂုမွေးနေ့နဲ့ တူတဲ့ သူကတော့ ကံကောင်းမှာပါ။ မယ်ဂုက ပဲ မွေးနေ့အတွက် အကုန်ကျခံ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။း)

laminkhin said...

ညီမလေး မယ်ဂု မမ ညီမလေး မေး(လ်) ရှာတာမတွေ့ ဘူး လက်ဆောင်ပို့ ဖို့ အသင့်ပြင်ထားပြီ ကီမိုနို အင်္ကျီလေးတွေရယ် ပန်းလေး တွေရယ် ဂျပန်ကကိုသွားဝယ်ထားတာ --ညီမလေးကဂျပန်စာတွေကုသိုလ်ပြုနေသူဆိုတော့ မမကလည်းအခွင့်မသာလို့ ပြန်မသင်ရပေမဲ့ ဂျပန်စာ ကို သိတ်သဘောတွေ့တာ ဒါနဲ့ ညီမလေး မမ မိတ်ဆွေ အလုပ်တူထဲမှာ ၂၂ မွေးနေ့ ပိုင်ရှင် မမ စဉ်းစားလို့ ကိုမရဘူး ညီမလေးစီဘောက်ထဲ မွေးနေ့ တူတယ် လို့ ဝင်ရေးတာ မမစဉ်းစားစရာဖြစ်နေတယ် မမမသိဘူးပေါ့နော် သိတ်ခင်သူအလုပ်တူဆို မမသိကိုသိရမှာ မယ်ဂုရဲ့ ထားလိုက်ပါ မွေးနေ့ မှာ ချမ်းမြေ့ပျော်ရွင်ပါစေ ချစ်စရာကောင်းတဲ့ညီမလေးဘ၀ ဒါ့ထက်မက အထက်တန်းကျကျ မျက်နှာပန်းလှလှ နဲ့လူ့ ဘ၀ကို ကျော်ဖြတ်နိုင်ပါစေ -ဘလော့ လေးတွေကြားလူချင်းမမြင်ဖူးပေမဲ့ တင်ပြနေတဲ့စာသားတွေကစိတ်ထားလေးတွေဖေါ်ပြနေလို့  ချစ်ခင်ရပါတယ် ညီမလေးရေ --မွေးနေ့ လေး ကိုနက်ဖန်အောင်မြင်စွာကျော်ဖြတ် နော့ ညီမငယ်

laminkhin said...

ညီလေးရေ မွေးနေ့  အတွက် ကီမိုနို ၀တ်ဆုံလေးရော ပန်းလေးတွေပါအသင့်ပြင်ထားတာ ဂျပန်ကနေတောင်သွားဝယ်ထားတာ
ညီမလေး မေး(လ်) မမ၇ှာမတွေဘူး -ဘယ်လိုလုပ်ရပါ့ -- ညီမလေးမယ်ဂုရေ မမ အသိထဲ အလုပ်တူထဲ မှာ ၂၂ နိုဝင်ဘာဘွန်း မရှိဘူးထင်တယ် မမကိုယ်တိုင်စဉ်းစားတောင်မရဘူး --- ထားတော့ လေ--ညီမလေးမွေးနေ့ မှစ နောင်နှစ်ပေါင်းများစွာ လူ့ ဘ၀ကို အထက်တန်းကျကျ မျက်နှာပန်းလှလှ နဲ့  ဒီ့ထက်တိုးတက်မြင့်မားတဲ့မြန်မာအမျိုးသမီး ဘ၀ ကိုပိုင်ဆိုင်ခွင့်ရပါစေ ချစ်ညီမလေးချမ်းမြေ့ပါစေ ကွယ် မမ မေအိခင်

 

Design By:
SkinCorner